BREAKING
January 27, 2025

ကိုဗစ်အထူး ကဏ္ဍ

ဆေးဝယ်သူများပြီး ဆေးအချို့ပစ္စည်းပြတ်လပ်

diz_admin

July 30, 2021

ကိုဗစ်ကပ်‌ဘေးကာလမှာ ဆေးဝါးကြိုတင်ဝယ်ယူစုဆောင်းသူတွေကြောင့် ဈေးကွက်ထဲ ‌အိမ်သုံးဆေးဝါး‌တွေ ထားဝယ်မြို့က ဆေးဆိုင်တွေမှာပြတ်လပ်လာပါတယ်။

ကိုဗစ်ကာလ အိမ်အရောက်ပို့ဈေးကား

diz_admin

July 26, 2021

ကိုဗစ်ကူးစက်မှုပြင်းထန်လာချိန်မှာ အိမ်အရောက်ပို့ ဈေးကားဝန်ဆောင်မှုကို ထားဝယ်မြို့မှာ စလုပ်လာပါတယ်။ ဘယ်လောက်ဖိုးပဲဝယ်ဝယ် ဖုန်းဆက်လိုက်တာနဲ့ အိမ်ရှေ့အရောက် လာရောင်းပေးမယ်လို့လည်း ဆိုပါတယ်။ အိမ်အရောက်ပို့ ဈေးကားဝန်ဆောင်မှုအကြောင်းကို Dawei Watch က တင်ဆက်ထားပါတယ်။

ကိုဗစ်အရေးသက်သာဖို့ မြို့မှာ အပင်စိုက်စို့

diz_admin

March 4, 2021

အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါတစ်မျိုး ဖြစ်တဲ့ ကိုဗစ်ကပ်ဘေးကြောင့် လေထုသန့်ရှင်းဖို့လိုတယ်ဆိုတာ ပိုပြီး လက်ခံလာကြပါတယ်။ အထူးသဖြင့် မြို့တွေမှာ စိမ်းရောင်စုံတော Urban Green Space ရှိခြင်းဟာ အဓိပ္ပါယ်ရှိတဲ့ မြို့နေလူ့ဘဝ ဆောင်ကြဉ်းလာတယ်လို့ သတ်မှတ်လာကြပါပြီ။ Green Space လို့ ပြောလိုက်ရင် သစ်ပင်တွေက အသက်ပါ။ မြို့လယ်က သစ်ပင်တွေက လူတွေအတွက် ဘာကြောင့် အရေးကြီးတာပါလဲ။ ၁။ ဝန်းကျင်ကောင်းဇီဝမျိုးစုံမျိုးကွဲတွေကို ကာကွယ်တယ်။ သစ်ပင်တွေ ရှိခြင်းဟာ မိုးများရင် ရုတ်တရက် ရေကြီးရေလျှံတာကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် မြို့ထဲမှာ ရေဆိုးရေညစ်တွေ လျှံတက်လာတာမျိုးတွေကို ထိန်းထားပေးပါတယ်။ နောက်ပြီး အခုလိုမျိုး ရေရှားပါး လာချိန်မှာ သစ်ပင်တွေ၊ အစိမ်းရောင်နေရာတွေဟာ မြေအောက်ရေထိန်းနေရာတွေ ဖြစ်ပါတယ်။ ၂။ ကျန်းမာရေးသစ်ပင်တွေ အနီးအနားမှာ ရှိခြင်းဟာ […]

ကိုဗစ်ကပ်ဘေးအကြား ဒေသထွက်ခေတ်ပြန်စား

diz_admin

February 11, 2021

ကိုဗစ်ကပ်ဘေးဟာ လူတွေကို ဒုက္ခပေးတယ်ဆိုပေမဲ့ အတွေးသစ်၊ အမြင်သစ်ကိုလည်း ပေးပါတယ်။ အဲဒီမှာ အစားအသောက်နဲ့ ဆိုင်တဲ့ အယူအဆတွေလည်း ပါပါတယ်။ အစားအသောက်ဆိုရင် နာမည်ကြီး ကမ္ဘာကျော် အမှတ်တံဆိပ်မှ ဆိုပြီးဖြစ်ခဲ့တာတွေ ကိုဗစ်ကပ်ဘေးမှာ တဖြည်းဖြည်း ပြောင်းလာပါတယ်။ ဒေသထွက်ကုန်တွေ ဦးစားပေးရမယ်ဆိုတာ ဖြစ်လာပါတယ်။ ဘာကြောင့် ဘာလဲ ၁။ ပိုကျန်းမာစေတယ်၊ အာဟာရပြည့်တယ် ဒေသထွက် စားသောက်ကုန်တွေဟာ အကောင်းဆုံး အချိန်မှ ခူးဆွတ်တာများတယ်၊ ဒီဒေသမှာပဲ ခူး၊ ဒီမှာပဲ ရောင်းတယ်၊ ဒီတော့ ခူးတဲ့ အချိန်နဲ့ စားတဲ့ အချိန်အကြာကြီး မထားဘူး။ ဒါကြောင့် ပိုလတ်ဆတ်တယ်၊ ပိုအာဟာရပြည့်တယ်။ ၂။ သဘာဝပတ်ဝန်းကျင် အတွက် ပိုကောင်းတယ် ဒေသထွက်တွေကို ဒီဒေသမှာပဲ ထုတ်၊ ဒီမှာပဲ ရောင်းတယ်။ အဲဒီတော့ […]

မြို့ ပြ သယ်ယူပို့ဆောင်ရေးအတွက် ကိုဗစ်ပြောင်းပစ်လိုက်သော ရိုက်ချက်

diz_admin

February 4, 2021

တကယ်တော့ မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် အရင်ကတည်းက မေးခွန်းတွေ၊ ပြဿနာတွေ ရှိနှင့်ပြီးသားပါ။ မြို့တွေဟာ ကားတွေ၊ စက်တပ်ယာဉ်အတွက်ကိုပဲ စဉ်းစားလုပ်ဆောင်ခဲ့တာ၊ ဘတ်စ်ကားလိုင်းတွေ၊ ရထားလိုင်းတွေ ကျပ်သိပ်နေတတ်တာ၊ မြို့ပြမှာ တစ်နေရာနဲ့ တစ်နေရာ သွားလာဖို့ အချိန်ကုန်၊ ငွေကုန်တာ အဲဒီ ပြဿနာတွေ ရှိနှင့်နေပြီးသားပါ။ ကိုဗစ်ကပ်ဘေးဖြစ်လာတော့ ကျပ်သိပ်နေတဲ့ ဘတ်စ်ကားတွေ၊ ရထားတွေဟာ ရောဂါပိုဆိုးစေဖို့ ဖြစ်လာပါတယ်။ သွားလာကူးသန်းဖို့ သက်သက် လမ်းပေါ်မှာ အချိန်ဖြုန်းနေရတာတွေဟာ ရောဂါပို ပြန့်စေဖို့ ဖြစ်လာပါတယ်။ ဒီလိုနဲ့ ကိုဗစ်ကပ်ဘေးဖြစ်လာတော့ အပြောင်းအလဲတွေ ပိုမြန်မြန်လုပ်ဖို့ ဖြစ်လာပါတယ်။ အဓိက ဖြစ်နိုင်ခြေ အပြောင်းအလဲတွေက ဘာတွေလဲ။ မြို့ဟာလူတွေ အတွက်ပါ မြို့ကြီးတွေမှာ ကားတွေ၊ စက်တပ်ယာဉ်တွေ ပိုများလာတာနဲ့အမျှ ယာဉ်ကြော ကျပ်လာတယ်။ ယာဉ်ကြော ကျပ်တာကို ဖြေရှင်းဖို့ […]

ကိုဗစ်ကြားက အလုပ်အကိုင်

diz_admin

January 30, 2021

ကမ္ဘာအနှံ့အပြားက အလုပ်အကိုင် ၈၀ ရာခိုင်နှုန်းလောက်ကို ကိုဗစ်ကပ်ဘေးက ရိုက်ခါပစ်လိုက်ပါတယ်။ လူ သန်းပေါင်း ၃၃၀ဝ ရဲ့ အလုပ်အကိုင်တွေ တစ်နည်းမဟုတ်၊ တစ်နည်းထိခိုက်မှု ရှိခဲ့ပါတယ်။ ပုံမှန်အားဖြင့် ရုံးတွေ ပိတ်လိုက်ရတယ်။ အိမ်ကနေ အလုပ်လုပ်ရတာတွေ များတယ်။ ဒီတော့ ကိုဗစ်ကြီးက လူသားတွေရဲ့ အလုပ်အကိုင်ကို ဘယ်လို ထိခိုက်မှု ရှိစေနိုင်ပါသလဲ။ ၁။ ဖွံ့ ဖြိုးဆဲနိုင်ငံတွေကို ဘယ်လို ထိနိုင်သလဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အတည်တကျမဟုတ်တဲ့ အလုပ်အကိုင်တွေ အများကြီးရှိပါတယ်။ ကိုဗစ် စဖြစ်ဖြစ်ချင်းမှာ အဲဒီလိုမျိုး အလုပ်အကိုင် သန်း ၁၆၀ဝ လောက်ကို ထိခိုက်စေပါတယ်။ သူတို့ဟာ အိမ်ကနေ ကွန်ပျူတာ တစ်လုံးနဲ့ အလုပ်လုပ်ကိုင်နိုင်တဲ့သူတွေ မဟုတ်ပါဘူး။ ကိုဗစ်ကာလနဲ့ ကိုဗစ် အလွန်ကာလမှာ ဆက်သွယ်ရေး နည်းပညာ […]

ကိုဗစ်ကာလ မိသားစု သဟဇာတ ဖြစ်ရေး

diz_admin

January 24, 2021

ကိုဗစ်ကာလမှာ မိသားစုတွေဟာ မတူခြားနားတဲ့ ပုံစံနဲ့ ဖြတ်သန်းကြပါတယ်။ ကလေးတွေ ကျောင်းသွားလို့ မရတာ၊ လူကြီးတွေ အလုပ်မသွားရတာ၊ အချို့က အိမ်ကနေ အလုပ်လုပ်ရတာ၊ အဲဒါတွေကြောင့် လူကြီးကလေး တစ်ချိန်လုံး အိမ်မှာ ရှိနေကြပါတယ်။ ဒါကြောင့် အိမ်ကနေ အလုပ်လုပ်နေရတဲ့ လူကြီးတွေ၊ အိမ်မှာ တစ်ချိန်လုံးပြေးလွှား ဆော့ကစားလို နေတဲ့ ကလေးတွေ၊ အဲဒီလို ဖြတ်သန်းမှုတွေအကြား မိသားစုသဟဇာတဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ။ ၁။ ဆက်သွယ်ပြောဆိုမှု အိမ်က လူကြီးတွေက ကလေးတွေရဲ့ စံပြပါ။ လူကြီးအချင်းချင်းပြောဆိုပုံတွေကို ကလေးတွေက နမူနာယူပါတယ်။ လူကြီးအချင်းချင်း ကောင်းကောင်းမွန်မွန် ပြောဆိုရင် သူတို့လေးတွေလည်း အဲဒီအတိုင်း လိုက်နေပါတယ်။ လူကြီးအချင်းချင်း နွေးနွေးထွေးထွေး ပြောဆိုဆက်ဆံနေတာ၊ ကလေးတွေနဲ့လည်း နွေးနွေးထွေးထွေး ပြောဆို ဆက်ဆံနေတာတွေဟာ ကလေးတွေအတွက် စိတ်လုံခြုံမှု၊ […]