BREAKING
January 27, 2025

ကိုဗစ်အထူး ကဏ္ဍ

ကမြောကင်းတံတားဂိတ်တွင် ကိုဗစ်ဆေးလက်မှတ်စစ်၊ ဆေးမထိုးဖူးသူများကို မဖြစ်မနေထိုးခိုင်း

diz_admin

December 8, 2021

လောင်းလုံးမြို့နယ် ကမြောကင်းတံတားမြို့ဝင် စစ်‌ဆေးရေးဂိတ်တွင် ယနေ့နံနက်မှ စတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပါမပါ စစ်ဆေးနေပြီး ဆေးမထိုးဖူးသူများကို ယင်းဂိတ်တွင် ဆေးထိုးခိုင်းကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူအချို့ကို မေးမြန်းချက်အရ သိရသည်။ ဆေးထိုးပြီးကြောင်း လက်မှတ် ပါမပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးပြီး လက်မှတ်ပါရှိသူများကိုသာ ဖြတ်သန်းခွင့်ပြုကာ လက်မှတ် မပါသူများကို ဂိတ်ဘေးတွင် ဖွင့်လှစ်ထားသည့် ယာယီဆေးခန်းတွင် ဆေးထိုးခိုင်းကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဆေးထိုးပြီးကြောင်း လက်မှတ် စစ်တယ်။ လက်မှတ် မပါရင် မထိုးမနေရ ထိုးရတယ်” ဟု လောင်းလုံး မြို့နယ်က ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ ဆေးထိုးပြီးသူများ လက်မှတ် မပါလာဟုဆိုလျှင် နေအိမ်သို့ ပြန်စေပြီး လက်မှတ်ပြန်ယူခိုင်းကြောင်း ၎င်းက ဆိုသည်။ ကာကွယ်ဆေး လုံးဝ မထိုးရသေးသူများနှင့် ပထမအကြိမ်ထိုးပြီး ဒုတိယအကြိမ် […]

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီး ပြန်လာသည့် မြန်မာ ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

December 8, 2021

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသဖြင့် ကော့သောင်းမြို့သို့ ရောက်ရှိလာသည့် မြန်မာ ၁၄၀ ကျော်အနက် ၁၀ဦးတွင် ကိုဗစ်ပိုးတွေ့ကြောင်း ၎င်းတို့ကို ကူညီပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄၀ ဦးကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကော့သောင်းဘက်သို့ ပြန်လည် လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြန်မာနိုင်ငံသားများကို ကွာရန်တင်းစင်တာတွင်ထားရှိပြီး ကိုဗစ်ပိုး စစ်ဆေးရာ အမျိုးသား ၁၀ ဦးတွင် ပိုးတွေ့ကြောင်း ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်စိုးက ဆိုသည်။ ၎င်းတို့၏ ဓာတ်ခွဲ နမူနာများကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် မော်လမြိုင်မြို့သို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။ ဒီဇင်ဘာလ ၇ […]

“မြန်မာပြည်မှာ မငတ်နိုင်ဘူးဆိုတာ မမှန်တော့ဘူး”

diz_admin

December 2, 2021

အမိမြေစွန့် မြန်မာ အလုပ်သမား ကိုဗစ်ဘေးထိ ထိုင်းအတွက် အသက် | Aljazeera ပါ ဆောင်းပါးကို ပြန်ဆိုသည်| စည်သူ့အတွက်ကတော့ ညစဉ်ရွေးချယ်မှုမှာ ရိုးစင်းလှသည်ပင်။ ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ကိုင်မှုအတွက်အဖမ်းခံရမည့် အန္တရာယ်ရှိနေသည့်အခြေအနေမျိုးတွင်စွန့်စားမည်လော၊ သို့မဟုတ် စိတ်ဆင်းရဲစရာများနှင့် ပြည့်နေသည့်မြန်မာကို ပြန်မည်လော ဟုရွေးချယ်ရခြင်း။ သူသည် ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများဖြစ်သော ဟိုတယ် ခရီးသွားလုပ်ငန်းကဲ့သို့ ဧည့်ဝတ်ပြုရသောလုပ်ငန်းမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စိုက်ပျိုးရေးခြံများနှင့် စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအနက် တစ်ဦးဖြစ်သည်။ ကိုဗစ်ဒဏ်ခံထိုလုပ်ငန်းများသည် ယခုတော့ တရားဝင်လုပ်သားများကို လိုအပ်လျက်ရှိသည်။ ထိုင်းဘုရင့်နိုင်ငံတော်ကြီးမှာ ပြီးခဲ့သည့်နှစ်အတွင်းက ၁၉၉၇ ခုနှစ်နောက်ပိုင်းတွင် အဆိုးဆုံးသော စီးပွားရေးကျဆင်းမှုကို ခံစားခဲ့ရသော်လည်း အရှေ့တောင်အာရှတွင် စီးပွားရေးအရ ဒုတိယ အင်အားအကြီးဆုံး နိုင်ငံဖြစ်နေဆဲဖြစ်သည်။ အဖိတ်အစင်များရှိသော ကိုဗစ်ထိန်းချုပ်ရေးတိုက်ပွဲအပြီး စီးပွားရေးကို ပြန်လည် […]

ကိုဗစ်မျိုးသစ် အိုမိုက်ခရွန်၏ လက္ခဏာများ

diz_admin

December 1, 2021

|The Independent ပါ ဆောင်းပါးကို ဘာသာပြန်ဆိုထားသည်| ဒယ်လ်ထာဗိုင်းရပ်စ်နှင့်လုံးဝမတူသည့်ဗိုင်းရပ်စ်မျိုးကွဲအသစ်အကြောင်းဆရာဝန်များပြောပြသည့်သတိပြုရန်အချက်များလူနာများမှာမပြင်းထန်သောကြွက်သားနာကျင်ကိုက်ခဲမှု၊လည်ချောင်းယားခြင်းနှင့်ချောင်းခြောက်ဆိုးခြင်းကိုအများဆုံးခံစားရသည်။ ဗိုင်းရပ်စ်မျိုးကွဲအသစ်နှင့်ပတ်သက်၍စိုးရိမ်မှုများမြင့်တက်နေသည့်အချိန်တွင်ဗိုင်းရပ်စ်အသစ်တစ်မျိုးထွက်ပေါ်လာနေကြောင်းကိုပထမဆုံးသံသယရှိခဲ့သူများအနက်တစ်ဦးဖြစ်သူတောင်အာဖရိကမှဆရာဝန်တစ်ဦးကအိုမိုက်ခရွန်မှာမပြင်းထန်ဟုအခိုင်အမာပြောဆိုသည်။ သူမ၏ဆေးခန်းရှိလူနာ၇ဦးမှာဒယ်လ်ထာမျိုးကွဲနှင့်မတူထူးခြားသည့်ရောဂါလက္ခဏာမျိုးတွေ့ခဲ့ရသည်ဟုတောင်အာဖရိကဆေးပညာအသင်း၏ဥက္ကဋ္ဌဖြစ်သူဒေါက်တာအိန်ဂျယ်လင့်ကဆိုသည်။ “တော်တော်တော့နွမ်းနေပုံရလို့ဒီ(ဆေးခန်း)ကိုရောက်လာတာ”ဟုသူက ဆိုသည်။ လူနာများမှာမပြင်းထန်သည့်ကြွက်သားနာကျင်ကိုက်ခဲမှုမျိုးခံစားရသလိုလည်ချောင်းယားခြင်းနှင့်ချောင်းခြောက်ဆိုးခြင်းလည်းရှိသည်ဟုလည်းသူမကထပ်လောင်းပြောသည်။ ပြီးခဲ့သည့်နိုဝင်ဘာလ၁၈ရက်ကလူနာ၇ဦး၌မတူခြားနားသည့်ရောဂါလက္ခဏာများပြလာသောအခါထိုလက္ခဏာများသည်ဒယ်လ်ထာကူးစက်ခံရသူများ၏ဆေးမှတ်တမ်းနှင့်မကိုက်ကြောင်းကျန်းမာရေးဝန်ထမ်းများကိုသူမကသတိပေးခဲ့သည်ဟုဆိုသည်။ “ဒီအခြေအနေမှာတော့ရောဂါလက္ခဏာတွေကပုံမှန်ဗိုင်းရပ်စ်အကူးခံရတာနဲ့အများကြီးဆက်စပ်နေတယ်။ပြီးတော့ဘာလို့ဆိုကျွန်မတို့ကိုဗစ်ကိုမတွေ့ရတာပြီးခဲ့တဲ့၁၀ပတ်လောက်ရှိပြီ၊ဒါနဲ့ကျွန်မတို့စစ်ဖို့ဆုံးဖြတ်လိုက်တာ”ဟုသူမကရိုက်တာသတင်းဌာနကိုပြောခဲ့သည်။ ကျွန်မတို့တတိယလှိုင်းတုန်းကဒယ်လ်ထာလူနာတွေအများကြီးတွေ့ခဲ့ရတယ်။အခုလူနာတွေရဲ့ရောဂါလက္ခဏာကအရင်ဒယ်လ်ထာဖြစ်သူတွေရဲ့ဆေးမှတ်တမ်းထဲကနဲ့မတူဘူး။အခုကသူတို့အများစုမှာကတွေ့ရတာတော်တော်လေးမပြင်းထန်တဲ့ရောဂါလက္ခဏာမျိုးတွေ့ရပြီးတော့သူတို့တစ်ယောက်မှကိုဆေးရုံကြပ်မတ်ဆောင်ကိုမပို့ရသေးဘူးဟုဆိုသည်။သူမကထိုလူနာများသည်အိမ်တွင်ပင်သမားရိုးကျကုသမှုခံယူနိုင်ခဲ့ကြောင်းထောက်ပြပြောဆိုခဲ့သည်။ ဒေါက်တာအိန်ဂျယ်လင့်၏ပြောကြားချက်အရဆိုလျှင်မျိုးကွဲအသစ်သည်အသက်၄၀နှင့်အောက်အရွယ်များကိုကူးစက်နေပြီးသူမကုသမှုပေးခဲ့သည့်အိုမိုက်ခရွန်ရောဂါလက္ခဏာရှိသည့်လူနာများ၏ငါးဆယ်ရာခိုင်နှုန်းမှာကိုဗစ်ကာကွယ်ဆေးထိုးမထားသူများဖြစ်သည်ဟုဆိုသည်။ စနေနေ့တွင်ဗြိတိန်နိုင်ငံတွင်အိုမိုက်ခရွန်မျိုးကွဲကိုဗစ်ကူးစက်ခံရသူနှစ်ဦးရှိသည်ဟုကြေညာချက်ထွက်ခဲ့ပြီးနောက်တနင်္ဂနွေနေ့တွင်မူအကူးခံရသူသုံးဦးအထိမြင့်တက်လာခဲ့ကာထိုသူများအားလုံးမှာတောင်အာဖရိကသို့ခရီးသွားခဲ့ခြင်းနှင့်ဆက်စပ်နေသည်။တနင်္လာနေ့တွင်မူအိုမိုက်ခရွန်ကူးခံရသူအပါအဝင်လူနာသစ်ခြောက်ဦးစကော့တလန်တွင်စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက်တနင်္လာနေ့တွင်မူကိုးဦးအထိတိုးလာသည်ဟုကျန်းမာရေးအတွင်းဝန်ယူဆက်ဖ်ကအတည်ပြုထားသည်။ ဗြိတိန်တွင်စုစုပေါင်းလူနာ၁၄ ဦးရှိနေပြီးနော့တင်ဂမ်၊အက်ဆက်နှင့်ဝက်မင်စတာတို့ကဖြစ်သည်ဟုဆိုထားသည်။ တနင်္ဂနွေနေ့ကမူအင်္ဂလန်တွင်ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲအသစ်ကူးခံရသူနှစ်ယောက်တွေ့ရှိရပြီးနောက်ဗြိတိန်ကမလိုအပ်ဘဲနဲ့ကြောက်လန့်နေသည်ဟုဘီဘီစီကိုသူမကဆိုသည်။သူမတွေ့ရှိခဲ့ရသောလူနာများသည်မပြင်းထန်သောရောဂါလက္ခဏာမျိုးသာတွေ့ရသည့်အတွက်လွန်စွာစိုးရိမ်ထိတ်လန့်နေစရာမလိုကြောင်းသူမကဆိုလိုခြင်းဖြစ်ကာလူနာများ၏အခြေအနေကိုဆက်လက်စောင့်ကြည့်ရဦးမည်၍နောက်နှစ်ပတ်ခန့်အကြာတွင်ဗိုင်းရပ်စ်အသစ်၏ရောဂါလက္ခဏာအကြောင်းပိုပြောနိုင်မည်ဟုဆိုထားသည်။ သူမ၏မှတ်ချက်ချပြောဆိုမှုများနောက်တော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်းမျိုးကွဲအသစ်ကိုစိုးရိမ်ဖွယ်မျိုးကွဲဟုသတ်မှတ်ခေါ်တွင်ခဲ့ကာသတိပြုကြရန်တိုက်တွန်းခဲ့သည်။ တနင်္ဂနွေကထုတ်ပြန်သောကမ္ဘာကျန်းမာရေးအဖွဲ့ကြီး၏ထုတ်ပြန်ချက်တွင်မူကနဦးအစီရင်ခံစာအရကူးစက်ခံရသူတက္ကသိုလ်ကျောင်းသူ/သားများအကြားတွင်ငယ်ရွယ်သူများကပို၍မပြင်းထန်သောရောဂါမျိုးခံစားရချေရှိကြောင်းနှင့်အိုမိုက်ခရွန်ကိုဗစ်မျိုးကွဲ၏ရောဂါပြင်းထန်မှုအဆင့်များမှာနေ့ရက်များ၊ရက်သတ္တပတ်အတော်များများအထိအချိန်ယူလိမ့်မည်ကိုနားလည်ပါကြောင်းပြောထားသည်။ လတ်တလောတွင်မူအိုမိုက်ခရွန်ဆက်စပ်သောရောဂါလက္ခဏာများနှင့်အခြားသောကိုဗစ်မျိုးကွဲများ၏ရောဂါလက္ခဏာများကွာခြားမှုကိုညွှန်းဆိုအကြံပြုနိုင်ရန်သတင်းအချက်အလက်များမရှိသေးဟူ၍လည်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကထပ်လောင်းပြောဆိုထားသည်။ B.1.1.529 မျိုးကွဲဗိုင်းရပ်စ်ကိုတောင်အာဖရိက၏အမျိုးသားအဆင့်ကူးစက်ရောဂါများဌာနကပြီးခဲ့သောနိုဝင်ဘာလ၂၅ရက်တွင်စတင်တွေ့ရှိရကြောင်းကြေညာထားခဲ့သည်။ ဗိုင်းရပ်စ်မျိုးကွဲအသစ်ပေါ်ထွက်လာပြီးနောက်အမေရိကန်ပြည်ထောင်စု၊ဩစတေးလျ၊ဥရောပနှင့်အာရှနိုင်ငံများတွင်နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုများကိုတင်းကျပ်လိုက်ပြီးတောင်အာဖရိကမှလေကြောင်းခရီးသွားလာရေးကိုလည်းပိတ်ပင်လိုက်သည်။အင်္ဂလန်တွင်မူဗိုင်းရပ်စ်ပျံ့နှံ့နေမှုကိုလျှော့ချရန်အများပြည်သူသုံးယာဉ်များစီးနင်းစဉ်နှင့်ဈေးဆိုင်များတွင်မျက်နှာဖုံးနှာခေါင်းပိတ်မဖြစ်မနေတပ်ဆင်ရန်ပြန်လည်သတ်မှတ်ခဲ့သည်။ Ref: https://www.independent.co.uk/news/world/africa/omicron-variant-symptoms-covid-what-new-b1966751.html

ကာကွယ်ဆေး အမျိုးသားရေး ဝါဒ

diz_admin

November 30, 2021

ဗြိတိန်နှင့် ချမ်းသာသော ဥရောပနိုင်ငံများသည် ပျာယာခတ်နေကြသည်။ အံ့ဩစရာတော့ မဟုတ်။ ချမ်းသာသောနိုင်ငံများတွင် ယင်းတို့၏ပြည်သူများအတွက်ဟု ကာကွယ်ဆေးများ သိမ်းဆည်းထားခြင်း၏ ( တနည်းဆိုရလျှင် ကိုဗစ်ကာကွယ်ဆေး မရသေးသော နိုင်ငံများသို့ ထိုဆေးများအချိန်မီပံ့ပိုးမှုမရှိခြင်းကြောင့်) အကျိုးဆက်အဖြစ် အန္တရာယ်ရှိသော ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲ အိုမိုက်ခရွန်ပေါ်ထွက်လာခဲ့သည်။ ဖွံ့ဖြိုးမှုနိမ့်ကျ၍ ငွေကြေးမတတ်နိုင်ခြင်းကြောင့် ကိုဗစ်ကာကွယ်ဆေး လုံလောက်စွာမရသော နိုင်ငံများသည် အန္တရာယ်ရှိသော ကိုဗစ် ဗိုင်းရပ်စ်မျိုးကွဲ များစွာ ထွက်ပေါ်လာနိုင်သည့် နေရာများဖြစ်နေသည်။ ကာကွယ်ဆေးမလုံလောက်၍ ကိုဗစ်ဒဏ်ကို ဆိုးရွားစွာ ခံနေရရှာသော နိုင်ငံမျိုး ယခုအခါ အာဖရိကတောင်ပိုင်းနိုင်ငံများသို့ ခရီးသွားလာခြင်းကို ချမ်းသာသော နိုင်ငံကြီးအချို့က တားမြစ်လိုက်ကြပြီဖြစ်သည်။ အိုမိုက်ခရွန် ကိုဗစ်မျိုးကွဲကို တောင်အာဖရိကတစ်နေရာတည်းတွင်မက ကိုဗစ်ကာကွယ်ဆေးများ အလျှံအပယ်ရှိသော ဗြိတိန်နိုင်ငံအပါအဝင် ဥရောပနှင့် အာရှတွင်တွေ့ရှိရပြီဖြစ်သော်လည်း ဖွံ့ဖြိုးမှုနိမ့်၍ ကိုဗစ်ကာကွယ် တိုက်ဖျက်ရေးအတွက် လုံလောက်သော ဆေးဝါး […]

မြိတ် Stay at Home အသက်ဝင်နေဆဲဖြစ်ကြောင်း ထပ်ကြေညာ

diz_admin

October 6, 2021

မြိတ်မြို့အား ကိုဗစ်ပိုးတွေ့ရှိမှုများနေသဖြင့် Stay at home မြို့နယ်ဖြစ်ကြောင်း သက်ဆိုင်ရာ ကိုဗစ်ကာကွယ်ရေး ကော်မတီက လိုက်လံ ကြေညာလျက်ရှိသည်။ မြိတ်တွင် လူအသွားအလာ များပြားလာခြင်း၊ ဆိုင်များ ဖွင့်လှစ်ရောင်းချနေခြင်းတို့ကြောင့် မြို့နယ် ကိုဗစ်နိုင်တီးကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီက အမိန့်ထုတ်ပြန်ခြင်းနှင့် မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေးခြင်းတို့ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့မှစပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်နှင့် မြိတ်မြို့တို့အား Stay at home မြို့နယ်တို့အဖြစ်ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန် ကြေငြာထားပြီးဖြစ်သည်။ အဆိုပါ အမိန့်ထုတ်ပြန်ပြီး တစ်လကျော်အကြာ စက်တင်ဘာလ နောက်ဆုံးပတ်မှစပြီး ပြင်ပသို့ သွားလာမှုများလာခြင်းနှင့် စားသောက်ဆိုင်တစ်ချို့ ဖွင့်လှစ်ရောင်းချခြင်းတို့ ပြုလုပ်‌မှုများရှိနေကြောင်း သိရသည်။ Stay at home စတင်သက်ဝင်စဉ်က နေအိမ်ပြင်ပသို့ သွားလာရာခွင့်ကတ်ပြားများ ထုတ်ပေးသည့်ခဲ့ရာ […]

မွန်တွင် စားသောက်ကုန် ဝယ်ယူမှု မြင့်တက်

diz_admin

September 7, 2021

မွန်ပြည်နယ်အတွင်း၌လည်း အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ဆီအစရှိသည့် စားသောက်ကုန်များ စက်တင်ဘာ ၇ ရက်နေ့တွင် ဝယ်ယူမှု သိသိသာသာ မြင့်တက်နေသည်ဟု ဈေးရောင်သူတို့ထံမှ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးနောက် စိုးရိမ်မှုများဖြင့် ပြည်သူလူထုတို့က အခြေခံစားသောက်ကုန်များကို ပုံမှန်ထက် ပိုမိုဝယ်ယူလာကြသည်။ “ခါတိုင်းနေ့တွေထက် ဒီနေ့ကတော့ ပိုရောင်းကောင်းနေတယ်၊ နိုင်ငံရေးအခြေအနေကြောင့်လား၊  ဘာလား တော့မသိဘူး၊ ဒါပေမယ့် အာဏာစသိမ်းတုန်းကလို လူတွေ ကြိတ်ကြိတ်တိုး လုဝယ်နေကြတာတော့ မဟုတ်ဘူး” ဟု စားသောက်ကုန်ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။ အခြေခံစားသောက်ကုန်များ အဝယ်များလာသည့်အတွက် စားသောက်ကုန်များကို ပုံမှန်ဈေးဖြင့် ဆက်လက်ရောင်းချနေသူများရှိသလို တချို့ကလည်း ဈေးနှုန်တင် ရောင်းချလာနေသည်လည်းရှိနေသည်။ “ဆန်ကတော့ မရှိမဖြစ်ဆိုတော့ ဝယ်ထားတယ် ဈေးထပ်တက်မှာကြောက်လို့ပါ တခြားတော့မဟုတ်ဘူး၊ ဈေးကတော့ […]

မနိုင်ဝန်ဖြစ်လာတဲ့ ထားဝယ်မီးသင်္ဂြိုဟ်စက်

diz_admin

August 9, 2021

ထားဝယ်မှာ ကိုဗစ်နဲ့ သေဆုံးသူအပြင် ရိုးရိုးရောဂါတွေနဲ့ ပါ သေဆုံးသူတွေ များလာတဲ့အတွက် မီးသင်္ဂြိုဟ်ဖို့ အခက်အခဲဖြစ်လာတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မီးသင်္ဂြိုဟ်ဖို့ ဝန်နဲ့အား မမျှတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါအပြင် သင်္ဂြိုဟ်ရတဲ့ အလောင်းတွေများလာလို့ မီးသင်္ဂြိုဟ်စက်တွေရဲ့ ကြံ့ခိုင်မှုအခြေအနေတွေကလည်း စိုးရိမ်လာရတယ်လို့ ဆိုပါတယ်။