BREAKING
September 19, 2024

ကိုဗစ်အထူး ကဏ္ဍ

ကပ်ဘေးအကြားမှ ပညာရေး

diz_admin

April 8, 2022

ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်း ဂယက်အကြား ကျောင်းသားလူငယ်တွေ များစွာ ထိခိုက်နေရပါတယ်။ အဲဒီအကြောင်းကို Dawei Watch က စုစည်းဖော်ပြထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

ကုဗစ်ကပ်ဘေး အမျိုးသမီးတွေ အပေါ်သက်ရောက်မှု

diz_admin

March 31, 2022

ကိုဗစ်ကပ်ဘေး (Covid) နဲ့ အာဏာသိမ်း ဂယက် (Coup) နှစ်ခုပေါင်း ဘေးဒဏ် ကိုဗစ် ကပ်ဘေး (Coup-vid) ကို မြန်မာပြည်မှာ ခံစားနေရပါတယ်။ အဲဒီရဲ့ ဒဏ်ကို အမျိုးသမီးတွေ ဘယ်လို ခံစားနေရပါသလဲ။ အဲဒီအကြောင်းကို Dawei Watch က စုစည်းဖော်ပြထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

လူ့သွေးအတွင်း အဏုပလပ်စတစ်အမှုန် ပထမဆုံးတွေ့ရှိ

diz_admin

March 26, 2022

အဏုပလပ်စတစ်အမှုန်ဆိုသည်မှာ အလွန့်အလွန်သေးငယ်သော ပလတ်စတစ်အမှုန်များကို ဆိုလိုသည်။ ယင်းအမှုန်များသည် ရေထဲတွင်လည်းကောင်း၊ လေထဲတွင်လည်းကောင်း၊ လူတို့စားသုံးနေသော တိရစ္ဆာန်များ၏ ကိုယ်ထဲ၌လည်းကောင်း ပျံ့နှံ့တည်ရှိနိုင်သည်။ လူတို့၏ ကိုယ်ခန္ဓာအတွင်းသို့လည်း ထိုအမှုန်များ နေ့စဉ်လိုလို အသက်ရှူလမ်းကြောင်း၊ သောက်ရေ နှင့် အစားအသောက်များက တစ်ဆင့် ဝင်နေကြောင်း ပြီးခဲ့သောနှစ်များကတွေ့ရှိထားပြီးဖြစ်သည်။ ယခုအခါထိုအမှုန်မျိုးကို လူ့သွေးအတွင်း ပထမဆုံး တွေ့ရကြောင်း လေ့လာမှုတစ်ခုအရသိရှိရသည်။ သောက်ရေဘူးများထုတ်ရန်၊ အစားအသောက်ထုတ်ပိုးရန်နှင့် အဝတ်အထည်များတွင်သုံးရန် ကျယ်ပြန့်စွာသုံးကြသည့် ဖီအီးထီ ပလပ်စတစ် (PET Plastic) ဟု ခေါ်သည့် ပလပ်စတစ်မျိုးသည် လူ့သွေးအတွင်း ပျံ့နှံ့နေမှု အများဆုံးဖြစ်သည်။ ဂေဟအဆိပ်အတောက်ဗေဒ၊ ရေအရည်အသွေးနှင့် ကျန်းမာရေးဆိုင်ရာပညာရပ်များ ကျွမ်းကျင်သူ၊ နယ်သာလန်နိုင်ငံ၏ ဗရိဂျ် အမ်စတာဒမ် တက္ကသိုလ်မှ ပါမောက္ခ ဒစ်ခ်ဗက်သာ့ခ် ကမူ “ဒီတွေ့ရှိချက်က လူတွေဟာ အခုသွေးထဲမှာ […]

ကိုဗစ် ကပ်ဘေးအကြား အာဆီယံ ခရီးသွား

diz_admin

March 25, 2022

ကိုဗစ်ကပ်ဘေး ကြောင့် လူအသေအပျောက် နည်းလာတာနဲ့ အမျှ နိုင်ငံအသီးသီးက နိုင်ငံခြား ခရီးသည်တွေ အလည်အပတ် ဝင်ရောက်ခွင့်ပြုရာမှာ အကန့်အသတ်တွေ လျှော့ချနေပါပြီ။ ခရီးသွားလုပ်ငန်း ပြန်အားကောင်းလာပြီး တိုင်းပြည်စီးပွားရေး မြှင့်တင်ဖို့ ကြိုးပမ်းနေကြတာပါ။ အာဆီယံ ဆယ်နိုင်ငံမှာ ကိုဗစ် ကန့်သတ်ချက်တွေ ဘယ်လို လျှော့ချ လုပ်ဆောင်နေလဲ ဆိုတာကို ဖော်ပြလိုက်ပါတယ်။ အဲဒီနိုင်ငံတွေ အတွင်း ဝင်ရောက်ဖို့ ဆိုရင် ကာကွယ်ဆေး အပြည့်ထိုးနှံထားရမှာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကို Dawei Watch က စုစည်းဖော်ပြထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

ခက်ခဲတဲ့ အချိန်မှာ စီးပွားရေးလုပ်ကြမယ်ဆိုရင်

diz_admin

March 24, 2022

မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံး ခံစားနေရတဲ့ ကိုဗစ်ကပ်ဘေး သာမက စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ပဋိပက္ခတွေရဲ့ ဒဏ်ကိုလည်း ခံစားနေရပါတယ်။ အဲဒီလို အချိန်မှာ တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်သူတွေ ဘယ်လို ရှေ့ဆက်ကြမလဲ။ အချက် ရှစ်ချက်ကို တင်ပြထားပါတယ်။ အကြံပြုချက်တွေမှာ ကိုယ်နဲ့ မကိုက်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ စဉ်းစားတွေးတော စရာ အခြေခံလေး တွေ ရမယ် ထင်ပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

မြန်မာပြည် ရောက်နေပြီဖြစ်သည့် အိုမီခရွန် မျိုးကွဲ ဘီအေထူး

diz_admin

March 19, 2022

ဘီအေထူး ခေါ် ကိုဗစ်ဗိုင်းရပ်စ် အိုမီခရွန်မျိုးစိတ်ကွဲသည် လျင်မြန်စွာပင် ကမ္ဘာအနှံ့ပျံ့နေပြီဖြစ်သည်။ ဘီအေထူး ကူးစက်ခံရသူ မြန်မာနိုင်ငံတွင် ယခု ရက်ပိုင်းအတွင်း တွေ့ရှိနေပြီ ဖြစ်သည်။ ဘီအေဝမ်း (B.A1)၊ ဘီအေထူး (B.A2)အစရှိသဖြင့် အိုမီခရွန်မျိုးကွဲ၏ မျိုးစိတ်ကွဲများစွာရှိရာ ဘီအေထူးမှာ ယခုအခါ ကူးစက်ခံရသူများအကြား ခပ်စိပ်စိပ်ပိုတွေ့လာရသော အိုမီခရွန်၏ မျိုးစိတ်ကွဲတစ်ခုဖြစ်သည်။ လူအများစုက အိုမီခရွန်ဟု သိကြသည်မှာ အိုမီခရွန် ဘီအေဝမ်းဖြစ်ပြီး ယခုအခါ အိုမီခရွန် မျိုးစိတ်ကွဲ ဘီအေထူး၏ ခေတ်သို့ရောက်လာနေပြီဖြစ်သည်။ အိုမီခရွန် ဘီအေဝမ်း နှင့် ဘီအေထူးတို့သည် အမီနိုအက်ဆစ်နှင့် ပရိုတင်းစသည့် ဗိုင်းရပ်စ်မျိုးဗီဇဖွဲ့စည်းပုံခြားနားချက်များရှိသည် ဟုဆိုပါသည်။ ဘီအေထူးကို လွန်ခဲ့သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်စတင်တွေ့ရှိခဲ့ပြီး ယင်းအချိန်သည် ကမ္ဘာအနှံ့ ဘီအေထူး အိုမီခရွန် ခရီးဆန့်နေချိန်လည်းဖြစ်သည်။ သို့ရာတွင် ယခု […]