BREAKING
January 26, 2025

ကိုဗစ်အထူး ကဏ္ဍ

ကိုဗစ်အလွန် ကမ္ဘာကြီး

diz_admin

June 15, 2022

ကမ္ဘာကြီးမှာ ကိုဗစ်ကပ်ဘေး ၂၇ လ ကျော်လာပါပြီ။ ကပ်ဘေးကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်တာတွေ ပြီးတော့မယ်ဆိုပြီး သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ ကပ်ဘေး အလွန် လူမှု စီးပွား အနေအထား ဘယ်လို ရှိနိုင်ပါသလဲ။ အဲဒီအကြောင်းကို Dawei Watch က စုစည်းဖော်ပြထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

ဗြိတိန်တွင် အိုမီခရွန်မျိုးကွဲသစ် ကူးစက်ခံရသူ တစ်ထောင်ကျော်အထိရောက်ရှိ

diz_admin

April 24, 2022

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများစွာနှင့် ရုန်းကန်ရင်ဆိုင်နေရသည့် ဗြိတိန်နိုင်ငံတွင် အိုမီခရွန်မျိုးစိတ်ကွဲ အသစ်တစ်ခုကို တွေ့ရှိထားပြီ ကူးစက်ခံရသူ တစ်ထောင်ကျော်အထိ ရောက်ရှိလာပြီဖြစ်သည်။ ရောဂါကူးစက်ပျံ့နှံ့မှုမှာ ယခင်ကာလများက ကျဆင်းနေခဲ့ပြီး ကိုဗစ်ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ပေးခဲ့ခြင်းကြောင့်လည်း လူများစွာမှာ လွတ်လပ်စွာပင် သွားလာလှုပ်ရှားနေခဲ့သည်။ ယခုမူ ပို၍ပျံ့နှံ့ကူးစက်လွယ်နိုင်သော မျိုးရိုးဗီဇပြောင်းလဲလာသည့် ကိုဗစ်ဗိုင်းရပ်စ်မျိုးစိတ်ကွဲကို တွေ့ရှိထားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း သတိပေးလာသည်။ အမျိုးသား စာရင်းအင်းဌာန၏ အဆိုအရ ဗြိတိန်တွင် ပြီးခဲ့သော ရက်သတ္တပတ်စာရင်းအရ လူပေါင်း ၄ ဒသမ ၉ သန်းအထိ ကိုဗစ်ကပ်ကာလအတွင်း စံချိန်တင် ကူးစက်ခံခဲ့ရသည်ဟု သိရသည်။ မျိုးစိတ်ကွဲအသစ်အကြောင်း သိထားသမျှ XE မျိုးစိတ်ကွဲမှာ အိုမီခရွန်မျိုးစိတ်ကွဲ နှစ်ခုဖြစ်သည့် BA.1 နှင့် BA.2 တို့ မျိုးရိုးဗီဇ ပေါင်းစပ်ပါဝင်သော မျိုးစိတ်ကွဲဟု ဆိုနိုင်သည်။ ပြီးခဲ့သည့် အပတ်က ထုတ်ပြန်သော အစီရင်ခံစာတစ်ခုတွင် အိုမီခရွန်မျိုးစိတ်ကွဲနှစ်ခု ပြန်လည်ပေါင်းစပ်ကာ ထွက်ပေါ်လာသော […]

အိုမီခရွန်မျိုးစိတ်ကွဲအသစ်နှစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးစစ်ဆေးနေ

diz_admin

April 16, 2022

ဗြိတိန်နိုင်ငံတွင် စစ်ဆေးတွေ့ရှိရသည့် အိုမီခရွန်မျိုးစိတ်ကွဲနှစ်မျိုးဖြစ်သော ဘီအေဖှော (BA.4) နှင့် ဘီအေဖွှိုက် (BA.5)တို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စောင့်ကြည့်စစ်ဆေးမည့် စာရင်းတွင်ထည့်သွင်းလိုက်ပြီဖြစ်သည်။ အိုမီခရွန်မျိုးစိတ်ကွဲအသစ်နှစ်မျိုးသည် ယခင်အိုမီခရွန်မျိုးစိတ်ကွဲများထက် ပို၍ ကူးစက်မှုမြန်သလော၊ ပို၍ အန္တရာယ်ပြုနိုင်သလောဆိုသည်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က စစ်ဆေးနေပြီဖြစ်သည်။  ယင်းကိုဗစ်ဗိုင်းရပ်စ်နှစ်မျိုးစလုံးကို ဗြိတိန်နိုင်ငံ စကော့တလန် နှင့် အင်္ဂလန်တို့တွင် စစ်ဆေးတွေ့ရှိထားပြီးဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ လုံခြုံရေးအေဂျင်စီက အစီရင်ခံစာများကဆိုသည်။  ထိုကျန်းမာရေးအေဂျင်စီ၏ ဗိုင်းရပ်စ်မျိုးစိတ်ကွဲကြောင်း ပြီးခဲ့သည်အပတ်က ထွက်ရှိသော အစီရင်ခံစာအရမူ ကျန်းမာရေးအရာရှိများက ထိုမျိုးစိတ်ကွဲများသည် ဇီဝဖြစ်စဉ်အရ ထင်ရှားစွာမျိုးရိုးဗီဇပြောင်းနိုင်ချေ ရှိကြောင်း ဆိုထားသည်။  ကမ္ဘာတစ်ဝန်းကိုဗစ်မျိုးကွဲများ ပျံ့နှံ့မှုများကို စောင့်ကြည့်နေကာ မှတ်တမ်းပြုစုနေသည့် GISAID အဖွဲ့ကမူ ကမ္ဘာတစ်ဝန်းတွင် BA.4 နှင့် BA.5 တို့ကူးစက်မှု ဒါဇင်အနည်းငယ်သာရှိသေးကြောင်း ယင်းတို့ထံရောက်လာသည့် အစီအရင်ခံစာများအရသိရသည်ဟုဆိုထားသည်။ […]

ကပ်ဘေးအကြားမှ ပညာရေး

diz_admin

April 8, 2022

ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်း ဂယက်အကြား ကျောင်းသားလူငယ်တွေ များစွာ ထိခိုက်နေရပါတယ်။ အဲဒီအကြောင်းကို Dawei Watch က စုစည်းဖော်ပြထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

ကုဗစ်ကပ်ဘေး အမျိုးသမီးတွေ အပေါ်သက်ရောက်မှု

diz_admin

March 31, 2022

ကိုဗစ်ကပ်ဘေး (Covid) နဲ့ အာဏာသိမ်း ဂယက် (Coup) နှစ်ခုပေါင်း ဘေးဒဏ် ကိုဗစ် ကပ်ဘေး (Coup-vid) ကို မြန်မာပြည်မှာ ခံစားနေရပါတယ်။ အဲဒီရဲ့ ဒဏ်ကို အမျိုးသမီးတွေ ဘယ်လို ခံစားနေရပါသလဲ။ အဲဒီအကြောင်းကို Dawei Watch က စုစည်းဖော်ပြထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

လူ့သွေးအတွင်း အဏုပလပ်စတစ်အမှုန် ပထမဆုံးတွေ့ရှိ

diz_admin

March 26, 2022

အဏုပလပ်စတစ်အမှုန်ဆိုသည်မှာ အလွန့်အလွန်သေးငယ်သော ပလတ်စတစ်အမှုန်များကို ဆိုလိုသည်။ ယင်းအမှုန်များသည် ရေထဲတွင်လည်းကောင်း၊ လေထဲတွင်လည်းကောင်း၊ လူတို့စားသုံးနေသော တိရစ္ဆာန်များ၏ ကိုယ်ထဲ၌လည်းကောင်း ပျံ့နှံ့တည်ရှိနိုင်သည်။ လူတို့၏ ကိုယ်ခန္ဓာအတွင်းသို့လည်း ထိုအမှုန်များ နေ့စဉ်လိုလို အသက်ရှူလမ်းကြောင်း၊ သောက်ရေ နှင့် အစားအသောက်များက တစ်ဆင့် ဝင်နေကြောင်း ပြီးခဲ့သောနှစ်များကတွေ့ရှိထားပြီးဖြစ်သည်။ ယခုအခါထိုအမှုန်မျိုးကို လူ့သွေးအတွင်း ပထမဆုံး တွေ့ရကြောင်း လေ့လာမှုတစ်ခုအရသိရှိရသည်။ သောက်ရေဘူးများထုတ်ရန်၊ အစားအသောက်ထုတ်ပိုးရန်နှင့် အဝတ်အထည်များတွင်သုံးရန် ကျယ်ပြန့်စွာသုံးကြသည့် ဖီအီးထီ ပလပ်စတစ် (PET Plastic) ဟု ခေါ်သည့် ပလပ်စတစ်မျိုးသည် လူ့သွေးအတွင်း ပျံ့နှံ့နေမှု အများဆုံးဖြစ်သည်။ ဂေဟအဆိပ်အတောက်ဗေဒ၊ ရေအရည်အသွေးနှင့် ကျန်းမာရေးဆိုင်ရာပညာရပ်များ ကျွမ်းကျင်သူ၊ နယ်သာလန်နိုင်ငံ၏ ဗရိဂျ် အမ်စတာဒမ် တက္ကသိုလ်မှ ပါမောက္ခ ဒစ်ခ်ဗက်သာ့ခ် ကမူ “ဒီတွေ့ရှိချက်က လူတွေဟာ အခုသွေးထဲမှာ […]

ကိုဗစ် ကပ်ဘေးအကြား အာဆီယံ ခရီးသွား

diz_admin

March 25, 2022

ကိုဗစ်ကပ်ဘေး ကြောင့် လူအသေအပျောက် နည်းလာတာနဲ့ အမျှ နိုင်ငံအသီးသီးက နိုင်ငံခြား ခရီးသည်တွေ အလည်အပတ် ဝင်ရောက်ခွင့်ပြုရာမှာ အကန့်အသတ်တွေ လျှော့ချနေပါပြီ။ ခရီးသွားလုပ်ငန်း ပြန်အားကောင်းလာပြီး တိုင်းပြည်စီးပွားရေး မြှင့်တင်ဖို့ ကြိုးပမ်းနေကြတာပါ။ အာဆီယံ ဆယ်နိုင်ငံမှာ ကိုဗစ် ကန့်သတ်ချက်တွေ ဘယ်လို လျှော့ချ လုပ်ဆောင်နေလဲ ဆိုတာကို ဖော်ပြလိုက်ပါတယ်။ အဲဒီနိုင်ငံတွေ အတွင်း ဝင်ရောက်ဖို့ ဆိုရင် ကာကွယ်ဆေး အပြည့်ထိုးနှံထားရမှာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကို Dawei Watch က စုစည်းဖော်ပြထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။