BREAKING
January 26, 2025

ကိုဗစ်အထူး ကဏ္ဍ

ကိုဗစ်ကပ်ကာလ ကျူဝင်နေရသူများအတွက် စိတ်ပိုင်းဆိုင်ရာအတွက် ဘာတွေ သတိပြုလိုက်နာရမလဲ

diz_admin

July 1, 2020

ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနများက ကိုဗစ်ကပ်ရောဂါ ကာလလိုက်နာရမည့် အချက်များကို အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူစခန်းဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမယ့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းက ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ (၁) ကျူစခန်းဝင်နေ(အသွားအလာကန့်သတ်မှုဖြင့်နေ)သည့်အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်နဲ့ဖြစ်စေ ကိုယ့်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ (၂) ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ (၃) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲံ လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ပါ။ (၄) ပုံမှန် လေ့ကျင့်ခန်း […]

ကိုဗစ်နိုင်တင်း ကပ်ရောဂါကို ထိုင်းတို့ ဘယ်လိုအနိုင်ယူခဲ့လဲ

diz_admin

June 30, 2020

တရုတ်နိုင်ငံတွင် စတင်တွေ့ရှိသော ကပ်ရောဂါ ကမ္ဘာသို့ ခြေဆန့်ချိန် အဦးဆုံး လက်ခံရသူက ထိုင်းနိုင်ငံဖြစ်သည်။ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းက နိုင်ငံ့စီးပွားရေး ပင်မထောက်တိုင် တစ်ခုဖြစ်ရာ ကိုဗစ်နိုင်တင်း သတင်းဆိုးက ထိုင်းတို့အတွက် ချောက်ချားစရာ အတိ။ကပ်ရောဂါဘေးဆိုးမှ ထိုင်းတို့ လွတ်လမ်းမမြင်ဟူ၍လည်း အစိုးရိမ်ပိုသူများ မနည်းမနော။ ကိုဗစ်နိုင်တင်း ထိုင်းနိုင်ငံသို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာချိန်က ဇန်နဝါရီလ ၁၇ ရက်။ တရုတ်တွင် ရောဂါပိုးတွေ့ရှိပြီး တစ်လမပြည့်မီ သန်း ၇၀ သော ထိုင်းပြည်သူတို့ထံ အိပ်မက်ဆိုးများ သယ်ဆောင်လာခဲ့သည်။ အစိုးရ တာဝန်ရှိသူများက မနက်ဖြန် ဘာဆက်လုပ်ရမလဲ မသိနိုင်အောင် အခက်ကြုံနေခဲ့သလို နိုင်ငံရေးသမားများကလည်း မမြင်နိုင်သည့် ကပ်ဘေးဆိုးကို အသုံးချ၍ ပြိုင်ဘက်တို့အပေါ် နိုင်ငံရေး အမြတ်ထုတ်ရန် လုံးပန်းနေခဲ့သည်။ လူငယ်နိုင်ငံရေးသမားများက အစိုးရကို […]

ကိုဗစ်အကြောင်း ရေးမထားတဲ့ အမှန်တရားတွေ

diz_admin

June 23, 2020

Twitter မှာ ပွဲဆူသွားတဲ့ ကိုဗစ်အကြောင်း စာအုပ်ပါ။ online အရောင်း ဆိုင်ကြီး Amazon ရဲ့ စာအုပ်အရောင်းဆိုင်မှာ တင်ရောင်းတဲ့ ဒီစာအုပ်ကို Amazon က သူ့စည်းမျဉ်းစည်းကမ်းနဲ့ မညီလို့ဆိုပြီး ဖြုတ်ချလိုက်တယ်။ ဒီစာအုပ်ကို ဖြုတ်ချလိုက်တာကို Tesla နဲ့ SpaceX တည် ထောင်သူ Elon Musk ၊ လူလိုက်ပါတဲ့ အာကာသယာဉ်ကို ပုဂ္ဂလိကကုမ္ပဏီအနေနဲ့ ပထမဆုံးလွှတ်တင်နိုင်တဲ့ Elon Musk က သူ့ Twitter စာမျက်နှာကနေ ပြင်းပြင်း ထန်ထန်ကန့်ကွက်တယ်။ Amazon ပိုင်ရှင် Jeff Bezos ကိုပါ နာမည်တပ် Tagတွဲပြီး “Amazon ကုမ္ပဏီကို ခွဲပစ်ချိန်တန်ပြီ” လို့ရေးတယ်။ ဈေးကွက်ကို ကုမ္ပဏီတစ်ခုတည်းက လက်ဝါးကြီးအုပ်ထားတာဟာ ဈေးကွက်စီးပွားရေးမှာ […]

ဗီဇာသက်တမ်း ကုန်ဆုံးပြီး ဘယ်လအထိ ထိုင်းမှာနေထိုင်ခွင့် ပေးထားလဲ

diz_admin

June 23, 2020

Covid-19 ကာလအတွင်း ထိုင်းမှာ ဆက်လက်ပြီး အလုပ်လုပ်ကိုင်နိုင်ရန်နှင့် နေထိုင်ခွင့်သက်တမ်း သတ်မှတ် ဖြေလျှော့မှုများနဲ့ ပတ်သက်ပြီး ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမြန်မာအလုပ်သမားသံအရာရှိရုံးများကို ကိုးကားရေးသားထားပါတယ်။ ၄ နှစ်ပြည့် MoU(MoU စနစ်ဖြင့် ၄ နှစ်ပြည့် ဝင်ရောက် အလုပ်လုပ်ကိုင်သူ)၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်ကစပြီး ဗီဇာသက်တမ်းကုန်တဲ့ အလုပ်သမားတွေအနေနဲ့ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၀ ခုနှစ်အထိ တရားဝင်နေထိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ နေထိုင်ခွင့်ရက် မကုန်ဆုံးမီ ၁၅ ရက်အတွင်း သက်တမ်းတိုးတာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံပြင်ပရောက်သူတွေ အဲဒီအချိန်ကို အချိန်မီပြန်လာဖို့ လိုပါမယ်။ ထိုင်းနိုင်ငံအတွင်း အထူး MoU(နိုင်ငံသား စိစစ်ခြင်းနှင့် နာမည်စာရင်း […]

ထားဝယ်မှ ကိုဗစ်လူနာ၏ သားဖြစ်သူနှင့် ဆက်သွယ် မေးမြန်းခြင်း

diz_admin

May 19, 2020

ထားဝယ်မှ ကိုဗစ်လူနာ၏ သားဖြစ်သူနှင့် ဆက်သွယ် မေးမြန်းခြင်း ထားဝယ်မြို့မှ ကိုဗစ်လူနာနှင့် ပတ်သက်၍ အမျိုးမျိုးသော သတင်းများ ပျံ့နှံလျက်ရှိသည်။ စောင့်ကြည့်ရေး စခန်းဝင်နေသောလည်း အိမ်ပြန်လာသည်၊ မြို့တွင်းတွင် သွားသွားလာလ ရှိခဲ့သည် စသည့် သတင်းအမျိုးမျိုး ရေးသားပြောဆိုမှုများ ရှိသည်။ ယင်းနှင့် ပတ်သက်၍ လူနာ၏ သားဖြစ်သူနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားပါသည်။