BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

ဂျလန်းကျွန်းဆရာတော် ကိုဗစ်ဖြင့် ပျံလွန်တော်မူ

diz_admin

July 21, 2021

ဆလုံသာသနာပြုဆရာတော်တစ်ပါးဖြစ်သည့် ဂျလန်းကျွန်းဆရာတော်သည် ကိုဗစ်ရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ ဒကာများထံမှ သိရသည်။ ဆလုံတိုင်းရင်းသားများအား သာသနာပြုတရားဟောနေသည့် အရှင်ကုသလဇောတိသည် ၎င်းဇာတိဖြစ်သည့် မန္တလေးတိုင်းရှိ သာစည်အထူးကုဆေးရုံတွင် ဇူလိူင်လ ၂၁ ရက် နံနက် ၁၁ နာရီခွဲခန့်က ပျံလွန်သွားကြောင်း ဒကာများကပြောသည်။ “ဒီမနက်ကပဲ သူ့မွေးရပ် သာစည်မှာ ပျံလွန်သွားတာပါ”ဟု မြိတ်မြို့နေ ဒကာတစ်ဦးက ဆိုသည်။ ဆရာတော်သည် ဇူလိုင်လ ၅ ရက်နေ့တွင် စတင်ဖျားနာခဲ့ရာမှ ကိုဗစ်ရောဂါပိုးကူးစက်ခံရကြောင်း သိရသည်။ ပျံလွန်ချိန်တွင် ဆရာတော်၏ သက်တော်မှာ ၄၅ နှစ်၊ ဝါတော်မှာ ၂၅ နှစ်ရှိပြီဖြစ်သည်။ ၎င်းသည် တနင်္သာရီတိုင်းအတွင်း လူအများကြည်ညိုခံရသည့် ဆရာတော်တစ်ပါးလည်း ဖြစ်သည်။

မြို့နယ်ကိုဗစ် Call စင်တာများ စဖွင့်

diz_admin

July 21, 2021

ကိုဗစ်‌ရောဂါ နှင့်ပတ်သတ်၍ ဖုန်းဆက်မေးမြန်းနိုင်သည့် ဖုန်းခေါ်ဆိုမှုစင်တာများကို ထားဝယ်ခရိုင်ရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်တွင် စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။ ယင်းဖုန်းခေါ်ဆိုမှု စင်တာတွင် မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် ထားဝယ်ခရိုင်ရှိ လောင်းလုံးနှင့် ရေဖြူမြို့နယ်တွင် ယင်း Call စင်တာများ ဖွင့်လှစ်ထားပြီး အခြားမြို့နယ်များတွင်မူ ဖွင့်ပြီး/ မပြီး မသိရသေးပေ။ တနင်္သာရီတိုင်းအတွင်းရှိ အခြားမြို့နယ်အားလုံးတွင်လည်း ဖွင့်လှစ်ရန် ညွန်ကြားထားကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ “အဓိကကတော့ ကိုဗစ်နဲ့ပတ်သတ်တဲ့ ကျန်းမာရေးကိစ္စတွေပေါ့နော်။ သံသယရှိတယ်ဆိုရင် ဘာလက္ခဏာတွေပြတယ်၊ ဘာဆေးတွေ သောက်သင့်တယ်ဆိုတာကို ဆရာဝန်ကြီးတွေကနေ ဖုန်းနဲ့ ညွန်ကြား‌ပေးမှာပေါ့” ဟု ဦးအောင်စိုးမိုးက ပြောသည်။ […]

လောင်းလုံးဆေးရုံတွင် ကိုဗစ်လူနာထားမည့်နေရာ မလောက်တော့သည့်အတွက် ထိတွေ့သူအချို့ ရွာပြန်ပြီး ကုသနေရ

diz_admin

July 20, 2021

လောင်းလုံးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာများထားမည့်နေရာ မလုံလောက်တော့သဖြင့် ကိုဗစ်လူနာအချို့ကို ရွာပြန်လာပြီး ကုသနေရကြောင်း ယင်းဆေးရုံနှင့် ဒေသခံအချို့ထံမှ သိရသည်။ အနံ့ပျောက်ခြင်း၊ နေမကောင်းဖြစ်ခြင်း စသည့် ကိုဗစ်သံသယလက္ခဏာရှိသူနှင့် ထိတွေ့မှုရှိသူအချို့ကိုလည်း ရောဂါရှာ‌ဖွေ စစ်ဆေးပေးခြင်းမရှိတော့ကြောင်း လောင်းလုံးဒေသခံအချို့က ပြောသည်။ ကိုဗစ်လူနာနှင့် ထိတွေ့မှုရှိပြီး သံသယ လက္ခဏာရှိသဖြင့် လောင်းလုံးဆေးရုံသို့ သွားရောက်ပြသခဲ့သည့် စမ်းလှမ်းကျေးရွာနှင့် စစ်ပြဲကျေးရွာသားအချို့ကို ရောဂါစစ်ဆေးပေးခြင်းမရှိဘဲ ပြန်လွှတ်လိုက်ကြောင်း ‌အဆိုပါကျေးရွာနေ ဒေသခံအချို့ကပြောသည်။ “မနေ့ကစပြီး မစစ်ပေးတော့ဘူးဗျ။ ကျွန်တော်တို့က ကိုဗစ်လူနာနဲ့ ထိတွေ့မှုရှိလို့သွားပြတာ။ အိမ်မှာပဲနေပြီးကုဖို့ပြောလိုက်တယ်” ဟု စစ်ပြဲကျေးရွာသားတစ်ဦးက ဆိုသည်။ စစ်းလှမ်းကျေးရွာမှ ကိုဗစ်လူနာသုံးဦးမှာလည်း လူနာရှင်များ၏ ဆန္ဒအရ ရွာပြန်ခေါ်လာပြီး ကုသနေကြောင်း ယင်းကျေးရွာမှ ကိုဗစ်ကာကွယ်တားဆီးရေး စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုသည်။ ‌“ဆေးရုံမှာကလဲ နေရာအခက်အခဲရှိတယ်ဗျ။ အဲဒါကြောင့်လည်း ပါမယ်။ ကျွန်တော်တို့ […]

ထားဝယ်အတွက် အောက်ဆီဂျင်မလုံလောက်၍ စက်အသစ်တစ်လုံး ထပ်ဝယ်မည်

diz_admin

July 20, 2021

ထားဝယ်ဒေသရှိ အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေး၏ လက်ရှိအောက်ဆီဂျင် ထုတ်လုပ်မှုမှာ မလုံလောက်တော့သဖြင့် နောက်ထပ်စက်တစ်လုံး ထပ်ဝယ်ရန် ပြင်ဆင်နေကြောင်း သိရသည်။ လက်ရှိတွင် အာယုဒါနအဖွဲ့က စက်တစ်လုံးဖြင့် အောက်ဆီဂျင်ထုတ်လုပ်လှူဒါန်းနေပြီး ၂၄ နာရီအပြည့် စက်လည်ပတ်ကာ ၄၀ လီတာအိုး အလုံးလေးဆယ် ထုတ်လုပ်နေသည်။ အဆိုပါ အောက်ဆီဂျင်များကို ထားဝယ်ဒေသရှိ ဆေးရုံများနှင့် နေအိမ်လူနာများကို ထောက်ပံ့လှူဒါန်းနေပြီး ထားဝယ်ဆေးရုံကြီး အတွက်ပင် တစ်ရက်လျှင် အလုံး၂၀ လိုအပ်နေကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။ ယခုချိန်တွင် ကိုဗစ်ရောဂါကူးစက်မှုများပြားလာသည့်အတွက် လက်ရှိထုတ်လုပ်နေသည့် အောက်ဆီဂျင်မှာ မလုံလောက်တော့ သဖြင့် နောက်ထပ်စက်တစ်လုံးထပ်ဝယ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အာယုဒါနအဖွဲ့မှ ဦးအောင်မြင့်က ဆိုသည်။ ထိုကြောင့် ငွေကျပ် ၇၅၀ သိန်းတန် အောက်ဆီဂျင်ထုတ်စက်တစ်လုံး ထပ်မံ ဝယ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။ […]

လူစုဝေးခွင့် ပိတ်ပင်ထားသော်လည်း ထိုင်းလူငယ်များ ဆန္ဒဆက်ပြမည်

diz_admin

July 19, 2021

ကိုဗစ်ကူးစက်ပျံ့ပွားမှုနှုန်း မြင့်တက်နေခြင်းကြောင့် ထိုင်းအစိုးရအနေနဲ့ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူတွေကို စုဝေးခွင့် ပိတ်ပင်ထားပေမဲ့လည်း ဝန်ကြီးချုပ်ပရာယွတ်ချန်-အို-ချာ နုတ်ထွက်ပေးဖို့ လူငယ်တွေက ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတစ်ဝန်းက ပြည်သူထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်နိုင်တင်း ကူးစက်မှု လှိုင်းအသစ်ဖြစ်ပွားပြီးတဲ့နောက် အစိုးရကလည်း ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲခြင်း၊ ဆန္ဒပြပွဲဦးဆောင်သူတွေကို ဖမ်းဆီးထိန်းသိမ်းခြင်းတွေ ပြုလုပ်ပြီးတဲ့နောက်မှာ လူငယ်တွေရဲ့ ဆန္ဒပြပွဲအရှိန်ဟာ ရပ်တန့်သွားခဲ့ရပါတော့တယ်။ ဘုရင်၊ မိဖုရားနဲ့ အမွေဆက်ခံသူ အနွယ်တော်တွေကို ပုတ်ခတ်စော်ကား ဝေဖန်မိရင် ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ တိုင်းပြည်ရဲ့တင်းကျပ်တဲ့ နန်းတွင်းဥပဒေကို ဆန့်ကျင်ပြီး လက်ရှိဘုရင်ကြီးကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခြင်းအားဖြင့် ရှေးရိုးစွဲအယူအဆတွေကို ဆန္ဒပြလူငယ်တွေက ချိုးဖောက်ပြခဲ့ကြပါတယ်။ အဖမ်းဆီးခံသပိတ်ခေါင်းဆောင် အများစုကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အာမခံနဲ့ […]

မြိတ်တွင် ကိုဗစ်အကြောင်းပြု ဂွေးတောက်ရွက်နှင့် ပင်စိမ်းရွက် ဈေးမြှင့်တက်

diz_admin

July 19, 2021

မြိတ်မြို့တွင် ကိုဗစ်ကူးစက်ရောဂါပိုး အကြောင်းပြုပြီး ဇူလိုင်လ ၁၈ ရက်နေ့မှစပြီး ဂွေးတောက်ရွက်နှင့် ပင်စိမ်းရွက်တို့ဈေးနှုန်းမြှင့်တက်နေကြောင်း သိရသည်။ ကိုဗစ်လူနာတို့ အရေးပေါ်အောက်ဆီဂျင်လိုအပ်လာပါက ရေ‌နွေးပူထည့်ထားသည့် ဖန်ခွက်အတွင်း ဂွေးတောက်ရွက်တစ်ချို့ ထည့်စိမ်ပြီး အငွေ့အား ရှုရှိုက်စေခြင်းဖြင့် အောက်ဆီဂျင်ရရှိစေမည်ဖြစ်ကြောင်း ရေးသားထားသည့် စာသားတို့သည် လူမှုကွန်ရက်စာမျက်နာဖြစ်သည့် Facebook ပေါ်တွင် ပြန့်နှံ့လျက်ရှိသည်။ ထို့ပြင် အောက်ဆီဂျင်ရရှိစေမည့် ဂွေးတောက်၊ ပင်စိမ်း၊ ရှားစောင်း လက်ပတ် စသည့်အပင်တို့အား နေအိမ်တွင် စိုက်ပျိုးထားသင့်ကြောင်း ဖေါ်ပြထားသည်။ အထက်ပါ အကြောင်းအရာတို့ကြောင့် ဂွေးတောက်ရွက် တစ်စည်းလျှင် တစ်ရာကျပ်မှ နှစ်ရာကျပ်နှင့် ပင်စိမ်းရွက် တစ်စည်းလျှင် တစ်ရာကျပ်မှ သုံးရာကျပ်နှုန်းခန့်အထိ ဈေးနှုန်းမြှင့်တက်နေကြောင်း မြို့ပေါ် ရပ်ကွက်အတွင်း ဘေးတွဲဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချနေကြသည့် ဈေးသည်များထံမှ သိရသည်။ “ဂွေးတောက်ရွက်ဆို ဝယ်ဖို့တောင်မရှိလို့ ပြန်မရောင်းရတော့ဘူး” ဟု […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကြောင့် တစ်ရက်တည်း သုံးဦး သေဆုံး

diz_admin

July 17, 2021

တနင်္သာရီတိုင်းတွင် ယမန်နေ့ တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ သုံးဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ တိုင်းအတွင်း ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ တစ်နေ့ထက် တစ်နေ့ ပိုပိုများပြားလာပြီး ထားဝယ်တွင် သေဆုံးသူ တစ်ဦး၊ ပုလောတွင် သေဆုံးသူ နှစ်ဦးရှိလာသည်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၁၅ ဦးရှိပြီး ရောဂါကူးစက်သူ ၁၆၅၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ ဇူလိုင်လ ၁၆ ရက် တစ်ရက်တည်းတွင် ထားဝယ်၌ ကိုဗစ်ပိုးတွေ့သူ ၈၄ ဦး၊ မြိတ်တွင် ၂၆ ဦး၊ သရက်ချောင်းတွင် […]

မောတောင်နယ်စပ်တွင် ကိုဗစ်ပိုးစတွေ့

diz_admin

July 17, 2021

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တွင် ဇူလိုင်လ ၁၄ ရက်နေ့က အမျိုးသားနှစ်ဦးတွင် ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။ မောတောင်မြို့ မြို့မရပ်ကွက်နေ အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၂၂ နှစ်ရှိ တယ်လီနောကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တယ်လီနောကုမ္ပဏီ ဝန်ထမ်းဖြစ်သူသည် သထုံမြို့မှ လာရောက်ခဲ့သည့်အတွက် ကုမ္ပဏီရုံးခန်းတွင် ၁၄ ရက်အကြာ တစ်ဦးတည်း နေထိုင်စေခဲ့ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလင်းထိုက်စိုးက ပြောပြသည်။ “အခန်းမှာ ထားထားရက်နဲ့ အနံ့မရဖြစ်လာတာ” ဟု မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလင်းထိုက်စိုးက ပြောသည်။ မြိုမရပ်ကွက်နေ အသက် ၃၀ နှစ်ရှိ အမျိုးသားသည် အနံ့မရသည့် လက္ခဏာခံစားရသဖြင့် မော‌တောင်တိုက်နယ်ဆေးရုံတွင် သွားရောက်ပြသခဲ့စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး […]