BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

ထားဝယ်တွင် အောက်ဆီဂျင်မလောက်တော့သဖြင့် မြိတ်တွင် သွားဖြည့်နေရ ဟုဆို

diz_admin

July 24, 2021

အာယုဒါနအဖွဲ့၏ စက်ရုံမှထုတ်သည့် အောက်ဆီဂျင်မှာ လုံလောက်မှုမရှိဘဲ ပြတ်လပ်သွားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့၏ စက်ရုံမှ ထွက်သည့်အောက်ဆီဂျင်ကို ထားဝယ်ဒေသအတွက် လှူဒါန်းနေခြင်းဖြစ်သည်။ အဆိုပါ စက်ရုံတွင် ၂၄ နာရီ စက်လည်ပတ်ပါက အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးလေးဆယ် ထုတ်လုပ်နိုင်သည်။သို့ရာတွင် ထားဝယ်ဒေသအတွင်း အောက်ဆီဂျင်လိုအပ်ချက်မြင့်တက်လာပြီး ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြတ်လပ်သွားခဲ့ ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အာယုဒါနစက်ရုံမှထွက်သည့် အောက်ဆီဂျင်ကို ထားဝယ်ဒေသရှိ ဆေးရုံများကို နေ့စဉ်ပုံမှန်လှူဒါန်းနေကြောင်း သိရသည်။ထိုကြောင့် လိုအပ်သည့်အောက်ဆီဂျင်အတွက် မြိတ်မြို့ရှိ စက်ရုံတွင် သွားဖြည့်ပြီး ပြန်လှူနေရကြောင်း အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးမှ ဦးအောင်မြင့်က ဆိုသည်။ထားဝယ်ဒေသအတွင်းသုံးရန် အောက်ဆီဂျင်မလောက်တော့သည့်အတွက် မြိတ်တွင် သွားဖြည့်နေရသည်မှာ လက်ရှိအချိန်အထိ […]

ထားဝယ်ဆေးရုံ ကိုဗစ်လူနာလက်မခံဆိုသည့်သတင်း မမှန်ကန်ကြောင်း ဆေးရုံတာဝန်ရှိသူများ တုံ့ပြန်

diz_admin

July 24, 2021

ထားဝယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာများ လက်ခံပေးခြင်းမရှိကြောင်း သတင်းများထွက်ပေါ်နေပြီး ယင်းအချက်မှာ မှန်ကန်ခြင်းမရှိကြောင်း ဆေးရုံတာဝန်ရှိသူအချို့က တုံ့ပြန်သည်။ ထားဝယ်ဆေးရုံတွင် ဆရာဝန်နှင့် အနီးကပ်ကြပ်မတ်ကုသရမည့် အရေးကြီး ကိုဗစ်လူနာများကို လက်ခံကုသပေးနေကြောင်း ယင်းဆေးရုံ ကိုဗစ်ကုသရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ထားဝယ်မြို့တွင် သီတာဂူဆေးရုံ၊ ထားဝယ်ကွန်ပျူတာတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ ခလရ ၂၅ တပ်ရင်း မျက်နှာချင်းဆိုင်ရှိ စာသင်ကျောင်းတို့တွင် ကိုဗစ်ကုသရေးစင်တာများ ဖွင့်လှစ်ပြီး ကုသပေးနေကြောင်း သိရသည်။ အထက်ပါ ကိုဗစ်ကုသရေးစင်တာများမှ အရေးကြီးလူနာများကို ထားဝယ်ဆေးရုံကြီးတွင် လွှဲပြောင်းကုသပေးနေသည်ဟု ယင်းတာဝန်ရှိသူက ဆိုသည်။အရေးကြီးကိုဗစ်လူနာဖြစ်သည့် အောက်ဆီဂျင်ပေးပြီးကုသရမည့်လူနာ၊ ဆရာဝန်နှင့် အနီးကပ်ကြပ်မတ် ကုသရမည့်လူနာနှင့် အခြားနေရာအသီးသီးမှ ရောက်လာသည့် အရေးကြီးလူနာများအား ထားဝယ်ဆေးရုံတွင် ထားရှိကုသပေးကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။ ထားဝယ်ဆေးရုံတွင် အရေးကြီးလူနာ ၄၈ ဦး ထားရှိကုသနိုင်သည့် နေရာပြင်ဆင်ထားပြီး […]

ကိုဗစ်ဂယက်ကြောင့် မြိတ်-ကျွန်းစု အမြန်ရေယာဉ် ယာယီရပ်နား

diz_admin

July 24, 2021

ကိုဗစ်နိုင်တီးကူးစက်ရောဂါပိုး မြင့်မား‌နေသည့်အတွက် ဇူလိုင်လ ၂၁ ရက်နေ့မှစပြီး မြိတ်-ကျွန်းစု အမြန်ရေယာဉ် ယာယီရပ်နားလိုက်ပြီဖြစ်သည်။ အမြန်ရေယာဉ်တို့အား ဇူလိုင်လ ၂၅ ရက်နေ့အထိယာယီရပ်နားခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ကိုဗစ်နိုင်တီးရောဂါကာကွယ်ရေးနှင့်အညီလူဦးရေအကန့်အသတ်ဖြင့် ပြန်လည်ပြေးဆွဲဖြစ်ကြောင်း အမြန်ရေယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။ “အမြန်ရေယာဉ်က နားထားတယ်။ စက်လှေက ပုံမှန်အတိုင်းသွားနေရတယ်” ဟု ကျွန်းစုမြို့ အမှတ် ၁ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ အမြန်ရေယာဉ်တို့ရပ်နားသော်လည်း မြိတ်မှ ကျွန်းစုမြို့သို့ လူဆယ်ဦးခန့် တင်ဆောင်သည့် ကုန်တင်သစ်သားစက်လှေမှာနေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ယခင်က မြိတ်မှ ကျွန်းစုမြို့သို့ အမြန်ရေယာဉ် သုံးစီးကို အလှည့်ကျစနစ်ဖြင့် နေ့စဉ် အသွားအပြန် နှစ်ခေါက် ပြေးဆွဲလျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၂ ရက်နေ့တွင် ကျွန်းစု၌ ကိုဗစ်ပိုးတွေ့သူ ၁၁ ဦးနှင့် […]

ထားဝယ်ခရိုင်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ခြောက်ဦးသေဆုံး

diz_admin

July 24, 2021

ထားဝယ်ခရိုင်တွင် ဇူလိုင်လ ၂၃ ရက် တစ်ရက်အတွင်း ကိုဗစ်လူနာ ခြောက်ဦးသေဆုံးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းနေ့ တစ်ရက်တည်းတွင် ထားဝယ်မြို့နယ်၌ ကိုဗစ်လူနာ ငါးဦး သေဆုံးခဲ့ပြီး သရက်ချောင်းမြို့နယ်တွင် ၁ ဦးသေဆုံးခဲ့သည်ဟု အထက်ပါဌာနက ထုတ်ပြန်ချက်အရ သိရသည်။ ဇူလိုင်လ ၁ ရက်မှ ၂၃ ရက်နေ့အထိ(၁၈-၁၉-၂၀ ရက်များမပါဘဲ) ရက် ၂၀ အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၆၅၄ ဦးရှိပြီး သေဆုံးသူမှာ ၁၃ ဦးရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။ ရပ်ကွက်၊ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြင့် (ရောဂါပိုးမစစ်ဘဲ) သေဆုံးမှုများလည်း ရှိနေနိုင်သဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ ရောဂါဖြစ်ပွားမှု ဦးရေနှင့် […]

မွန်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ၃၂ ဦး သေဆုံး

diz_admin

July 23, 2021

ကိုဗစ်ကူးစက်မှုနှုန်းများနေသည့် မွန်ပြည်နယ်တွင် ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၂ ဦး သေဆုံးသွားကြောင်း ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ သေဆုံးသူ ၃၂ ဦးတွင် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသ ခံယူနေသည့် အတည်ပြုလူနာ ၂၇ ဦးနှင့် နေအိမ်တွင် သေဆုံးသည့် သံသယလူနာ ၅ ဦးတို့ဖြစ်သည်ဟု သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြုလူနာ သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ “လူနာသေဆုံးမှုကတော့ နေ့တိုင်းတိုးလာနေတယ်၊ ကိုဗစ်သံသယနဲ့ သေတဲ့လူတွေလည်း နေ့တိုင်းရှိတယ်” ဟု ကိုဗစ်နှင့် ပတ်သက်ပြီး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် မွန်ပြည်နယ် ၁၀ […]

သံဖြူဇရပ်တွင် လိုအပ်သည့် ဆေးဝါးများ အိမ်အရောက် အခမဲ့ကူညီ

diz_admin

July 23, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဖျားနာသူများ၊ ဆေးရုံ ဆေးခန်းသွားရန် အဆင်မပြေသူများအတွက် Safe for Sick အစီအစဉ်ဖြင့် လိုအပ်သည့် ဆေးဝါးများကိုလည်း အိမ်အရောက် အခမဲ့ပို့ဆောင် ကူညီပေးလျက်ရှိသည်။ Safe for Sick အစီအစဉ်ကို စေတနာ့ဝန်ထမ်း ဆရာဝန်များ စုပေါင်း ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ Safe for Sick အစီအစဉ်သည် ကိုဗစ်ကာလ ဖျားနာသူများနှင့် ဆေးရုံ ဆေးခန်းသွားရန် အခက်အခဲကြုံတွေ့နေရသူများအတွက် ရည်ရွယ် ကူညီပေးနေခြင်းလည်းဖြစ်သည်။ Safe for Sick မှ ဆရာဝန်များနှင့် Volunteers များက ဖုန်းဖြင့်ဆက်သွယ်လာသူများကို ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးပေးပြီး လိုအပ်သည့် ဆေးဝါးများကိုလည်း အိမ်အရောက် အခမဲ့ပို့ဆောင် ကူညီပေးနေသည်။ “ဖုန်းနံပါတ်တွေ ပေးထားပါတယ်၊ ဖျားတာပဲဖြစ်ဖြစ် နေမကောင်း တစ်ခုခုဖြစ်ရင် […]

အိန္ဒိယမှာ ကိုဗစ်နောက်ဆက်တွဲ မှိုနက်ရောဂါခံစားရသူ လေးသောင်းခွဲကျော်

diz_admin

July 23, 2021

ပြီးခဲ့တဲ့ နှစ်လကျော်အတွင်း ကိုဗစ်နိုင်တင်းကူးစက်ခံခဲ့ရပြီးသူတွေမှာ မှိုနက်ရောဂါကို နောက်ဆက်တွဲအနေနဲ့ ထပ်မံခံစားကြရတဲ့သူတွေ ရှိလာတယ်လို့ သိရပါတယ်။ ယခုအချိန်ထိ ရောဂါဖြစ်ပွားသူပေါင်း ၄၅၀၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း မှတ်တမ်းများကဖော်ပြနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ သိပ္ပံအမည် mucormycosis လို့ခေါ်တဲ့ မှိုနက်ရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း ၄၂၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက က ပါလီမန်ကို ဇူလိုင် ၂၀ရက်နေ့က ပြောကြားခဲ့ ပါတယ်။ မှိုနက်ရောဂါဟာ အရင်တုန်းက ဖြစ်ပွားမှု အလွန်နည်းပါးခဲ့ပေမယ့် ကိုဗစ်ကပ်ဘေးကာလအတွင်းမှာတော့ ဖြစ်ပွားမှုနှုန်းမြင့်တက်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကိုဗစ်ကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာတဲ့သူတွေမှာ အဖြစ်များတာကို တွေ့နေရပါတယ်။ ဒါဟာ အလွန်အန္တရာယ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်အထိ ပျံ့ပွားမှုမရှိအောင် ထိန်းချုပ်နိုင်ဖို့အတွက် ခွဲစိတ်ဆရာဝန်တွေက မျက်စိ၊ နှာခေါင်းနဲ့ မေးရိုးတွေကို မဖြစ်မနေ ဖယ်ရှားပစ် […]

အိမ်အရောက်ပို့ဈေးကား ထားဝယ်တွင် စတင်

diz_admin

July 23, 2021

ထားဝယ်မြို့အတွင်း အိမ်အရောက်ပို့ဆောင်သည့် ဈေးကား ဝန်ဆောင်မှုကို ဇူလိုင်လ ၁၈ ရက်နေ့က စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ D-Mark အမည်ရှိ အဆိုပါဈေးကားကို လက်ရှိတွင် ဟိုက်ဂျက်ကား ၃ စီးဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ၆ စီးအထိ တိုးချဲ့လုပ်ကိုင်ရန် စီစဉ်နေကြောင်း ယင်းလုပ်ငန်း တည်ထောင်သူက ဆိုသည်။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဘုရားပန်း စသည့် ပစ္စည်းမျိုးစုံကို ဖုန်းဆက်ဝယ်ယူနိုင်ပြီး ဈေးအတွင်းရောင်းချနေသည့် ဈေးနှုန်းထက် ပိုသက်သာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်း အိမ်တိုင်ရာရောက် ဈေးကားကို နံနက် ၆ နာရီခွဲမှ ၁၀ နာရီခွဲအထိနှင့် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီ အထိ အချိန်နှစ်ပိုင်းခွဲကာ ဖုန်းဆက်ခေါ်ယူနိုင်ကြောင်း ယင်းလုပ်ငန်းထံမှ […]