BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

ကိုရိုနာ ဗိုင်းရပ်စ်ရှိသူတစ်ဦး ထပ်တွေ့

diz_admin

March 25, 2020

ကိုရိုနာဗိုင်းရပ်စ် ရှိသူတစ်ဦးကို ထပ်တွေ့ကြောင်း မတ်လ ၂၅ ရက် နံနက် ၁နာရီတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနကသတင်း ထုတ်ပြန်သည်။ အင်္ဂလန်နိုင်ငံမှ မတ်လ ၂၁ ရက်က မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အမျိုးသားနှင့် ထိတွေ့ခဲသူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် တွေ့ရှိသူ ၃ ဦး ရှိပြီ ဖြစ်သည်။

တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၅၊ ညနေ ၆ နာရီ)

diz_admin

March 25, 2020

ကိုရိုနာစောင့်ကြည့်လူနာ ငါးဦးရှိ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ငါးဦးရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၅ ရက်နေ့အထိ ကော့သောင်းဆေးရုံတွင် ၂ ဦး၊ မြိတ်ဆေးရုံတွင် ၂ ဦးနှင့် ကံပေါက်ဆေးရုံတွင် ၁ ဦး ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ မြိတ်ဆေးရုံရှိ စောင့်ကြည့်လူနာနှစ်ဦးကို ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ ဓာတ်ခွဲစမ်းသပ်ရန် နမူနာများကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ဓာတ်ခွဲနမူနာများ ပို့ထားသည်။ ထား၀ယ်နှင့် ကော့သောင်းရှိ ဆေးရုံများတွင်မူ သီးခြားခွဲထားပြီး စောင့်ကြည့်နေကြောင်း ပြည်သူ့ကျန်းမာ/ ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းမင်းက ဆိုသည်။ ရနောင်းကမ်းမှ လာသူများ လာရာလမ်းပြန်ရမည် မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ ကော့သောင်းမြို့ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်း ထပ်ဖွင့်မည်မဟုတ်တော့ဘဲ ထိုင်းနိုင်ငံရေရာအနှံ့မှ မြန်မာပြည်ပြန်ရန် ရနောင်းသို့ရောက်လာသည့် […]

ထားဝယ် လေဆိပ်၊ အဝေးပြေးကွင်းနှင့် ဘုရားကြီးတွင် ယနေ့ည ဆေးဖြန်းမည်

diz_admin

March 25, 2020

ထားဝယ်မြို့ရှိ လေယာဉ်ကွင်း၊ အဝေးပြေးကွင်းနှင့် ဘုရားကြီးဝင်းအတွင်းတွင် မတ်လ ၂၅ ရက်(ယနေ့ညဦးပိုင်း) တွင် ကလိုရင်း ပိုးသတ်ဆေးဖြန်းမည်ဖြစ်ကြောင်း COVID-19 ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသ လူထုအခြေပြု အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။ ထားဝယ်လေဆိပ်တွင် ည ၆ နာရီဝန်းကျင်တွင်လည်းကောင်း၊ အဝေးပြေးကွင်းတွင် ည ၇ နာရီဝန်းကျင်တွင်လည်းကောင်း ဖြန်းမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ကျော်ဦးက ဆိုသည်။ ထားဝယ်မြို့ပေါ်ရှိ ရွှေတောင်စားစေတီ ဘုရားကြီးဝင်းအတွင်းတွင် ည ၉ နာရီခွဲခန့်တွင် ပိုးသတ်ဆေးဖြန်းမည်ဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာသယ်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။ “နာရေးအဖွဲ့တွေ ဇမ္ဗူသီရိအဖွဲ့အပါအဝင် ကွန်&က်အတွင်းမှာရှိနေတဲ့အဖွဲ့တွေက တာဝန်ယူပြီး ခွဲပြီးဖြန်းကြမယ်”ဟု ဦးကျော်ကျော်ဦးက ပြောသည်။ ထားဝယ်မြို့ပေါ်ရှိ မင်္ဂလာဈေး၊ စည်ပင်သာယာဈေးကြီး၊ ကမ်းနားဈေးတို့တွင် ပိုးသတ်ဆေးဖြန်းရန် သက်ဆိုင်ရာ ဈေးကော်မတီများနှင့် ယနေ့ညနေပိုင်းတွင် ဆွေးနွေးရန်ရှိကြောင်း […]

ကိုရိုနာဗိုင်းရပ်စ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နည်း

diz_admin

March 25, 2020

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ရာမှ ဖြစ်တဲ့ COVID 19 က အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခုလိုမျိုး ကူးစက်နှုန်း မြင့်မားတဲ့ ရောဂါတစ်ခု ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ပြဿနာလာ ပေးနေပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်စပ်နေကြတဲ့ ခုလို ဂလိုဘယ်လိုင်ဇေးရှင်း ခေတ် မှာ တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေက ကိုယ့်နိုင်ငံအပေါ်မှာလည်း လာပြီး သက် ရောက်တာပဲ။ ပြောရရင် ဆက်စပ်တာ တောင် မဟုတ်ဘူး။ ကျွန်တော်တို့က မှီခိုနေရတာ။ ကိုယ့်နိုင်ငံထဲ ထုတ်နိုင် တာဆိုလို့ အတော်ရှားတာလေ။ ဒီတော့ ခုချိန်ထိ ကိုယ့်နိုင်ငံထဲမှာ ကူးစက်သူ တစ်ယောက်မှ မတွေ့သေးဘူးဆိုရင် တောင် ကိုယ့်အနာဂတ်၊ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံ […]

ကိုရိုနာကို တုံ့ပြန်ရန် ပြင်ဆင်ခြင်း

diz_admin

March 25, 2020

မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး ကူးစက်ခံရသော လူနာမတွေ့ရသေး ကြောင်း အစိုးရက ထုတ်ပြန်ထားသော် လည်း ထားဝယ်ဒေသရှိ အဖွဲ့အစည်းများက ရောဂါပိုးရှိ လူနာတွေ့ရှိပါက တုံ့ပြန်ဆောင် ရွက်ရန် နည်းလမ်းများ ပြင်ဆင်လျက်ရှိ သည်။ အချို့အဖွဲ့များကလည်း ကြိုတင် ကာကွယ်ရေး လုပ်ဆောင်လျက် ရှိသည်။ ယင်းတို့အနက် အချို့ကို ကောက်နုတ် တင်ပြလိုက်ပါသည်။ လူချင်းတွေ့ အလုပ်လုပ်ခြင်း ရှောင်ရှား ထားဝယ်မြို့ရှိ အစိုးရဌာနဆိုင်ရာ အချို့၊ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့ အစည်းအချို့သည် လူချင်းတွေ့ အလုပ် လုပ်သည်ကို ရှောင်ရှားလာကြကာ အွန်လိုင်းမှတစ်ဆင့် အလုပ်ကိစ္စ ဆွေးနွေး ပြောဆိုလာကြကြောင်း ယင်းအဖွဲ့အချို့ ထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ် ရောဂါကူးစက်မှုကို ကြိုတင်ကွယ်သည့် အနေဖြင့် ယင်းကဲ့သို့ လူတွေ့ အလုပ်လုပ်ခြင်းကို […]

ထားဝယ်တွင် ဆန်ဝယ်လိုအား မြင့်တက်

diz_admin

March 24, 2020

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပို့တွေ့လူနာ နှစ်ဦးရှိကြောင်း အစိုးရက စတင်ကြေညာလိုက်သည်နှင့် တပြိုင်နက် ထားဝယ်မြို့တွင် ဆန်းဝယ်ယူစုဆောင်းသူ ရုတ်တရက်များလာနေကြောင်း ထားဝယ်ဆန်ဈေးကွက်အတွင်းမှ သိရသည်။ ဆန်ဆိုင်အချို့တွင်မူ နောက်ထပ်နှစ်ရက်ကြာပါက ပစ္စည်းပြတ်တော့မည့် အနေအထားအထိ ရောင်းချနေကြရသည်။ ရန်ကုန်မြို့ကို ဆန်မှာထားသော်လည်း ကုန်ကားများ ထားဝယ်သို့အဆင်းနည်းလားခြင်း၊ ရန်ကုန်ဈေးကွက်တွင်ပင် ဆန်ဝယ်လိုအားများနေခြင်းတို့ကြောင့် ထားဝယ်ဘက်သို့ ဆန်အရောက်နောက်ကျမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်အချို့ ပြောသည်။ တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုကမူ ဆန်အတွက် စိတ်မပူရန်နှင့် လိုအပ်လာပါက တိုင်းအစိုးရက သဘာဝဘေးအတွက် ကြိုတင်ဝယ်ယူထားသောဆန်အိတ် လေးထောင်ကျော် (၄၁၈၈) ကို အများပြည်သူထံ ဖြန့်ဝေ ရောင်းချပေးမည် ဖြစ်ကြောင်း မတ်လ ၂၄ ရက်က ပြောသည်။ ယင်းအပြင် တနင်္သာရီတိုင်းအတွင်းရှိ တောင်သူများလက်ဝယ်တွင်လည်း စပါးလက်ကျန် ရှိနေသေးသဖြင့် ဆန်အတွက် စိတ်ပူစရာမရှိကြောင်း ဒေါ်ရီရီချိုက ပြောသည်။ […]

အလေးတယူ ဂုဏ်ပြုထိုက်သူတို့ ဝူဟန်မြို့က အပြန်

diz_admin

March 24, 2020

သည်နှစ် အစောပိုင်းမှာ တရုတ်နိုင်ငံ ဟူပေခရိုင်အတွင်း ဝူဟန်ဒေသမှာ ကိုရိုနာ CoViD 19 ကပ်အသွင် ကူးစက် ပြန့်ပွားနေတာကို နှိမ်နှင်းနိုင်ဖို့အတွက် အရေးပေါ် ကူးစက်ဆေးရုံတွေ နေ့ချင်းည ချင်းအမြန် ဆောက်လုပ်ပြီး လူနာတွေကို ကုသမှုပေးနိုင်ဖို့ စီစဉ်ခဲ့ကြရတယ်။ အဲသည် ရှေ့တန်းစစ်မျက်နှာပြင်တွေလိုဖြစ်တဲ့ ယာယီ ကူးစက်ရောဂါတိုက်ဖျက်ရေး ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ တရုတ်ပြည် အရပ်ရပ်က ဆေးအဖွဲ့ဝင်တွေ ရောက်ရှိနေကြတယ်။ သည်နေ့ မှာ သည်ဒေသမှာ ကပ်အသွင် ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်ဆေး အဖွဲ့တွေအနက် ပထမဆုံး အသုတ်အဖြစ် ဆရာဝန်နဲ့ သူနာပြု စုစုပေါင်း ၃၇၈၇ ဦး ပါဝင်တဲ့ ဆေးအဖွဲ့ ၄၉ ဖွဲ့က အဖွဲ့ဝင်တွေဟာ မတ်လ ၁၇ရက်နေ့မှာ ဟူပေခရိုင် ဝူဟန်မြို့ကနေ နေရပ် ပြန်ခွင့်ရခဲ့ […]

ကိုရိုနာရောဂါပိုးနှင့် ထားဝယ်ဒေသရှိ တက္ကသိုလ်များ၏ စာမေးပွဲဖြေဆိုသည့် အခြေအနေ

diz_admin

March 24, 2020

မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး ရှိသည့် ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိရသေးသော်လည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျင်းပနေ သော စာမေးပွဲအသီးသီးကို တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအများစု၏ သဘောဆန္ဒအရ ဝင်ရောက်ဖြေဆိုနိုင်သည်ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနက မတ်လ ၁၈ ရက်နေ့က ညွှန်ကြားထားသည်။ လက်ရှိကျင်းပနေသော စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူများသည် စာမေးပွဲ ပြီးဆုံးသည်အထိ ဖြေဆိုရမည်ဖြစ်ပြီး မဖြေဆိုလိုသူများအတွက် မေလ သို့မဟုတ် ဇွန်လတွင် အစားထိုးစာမေးပွဲပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်အားလုံးကို ညွှန်ကြား ထားသည်။ စာမေးပွဲကျင်းပရာတွင်လည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် လိုက်နာဆောင်ရွက်ရန် အချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ရောဂါပိုး အခြေအနေ ပေါ်မူတည်၍ တက္ကသိုလ်ပြန်လည်ဖွင့် […]