BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

ဗြိတိန်မှာ ကိုရိုနာကို ရင်ဆိုင်ကြပုံ

diz_admin

March 30, 2020

ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ သားတွေ နိုင်ငံရပ်ခြားကနေ မြန်မာ ပြည်ကို အသီးသီး ပြန်လာနေကြတာ တွေ့ရတယ်။ အဓိကအားဖြင့် ထိုင်း နိုင်ငံမှာ အလုပ်တွေ ရပ်ကုန်လို့၊ သင်္ကြန် နားနီးလို့စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ပြန်လာကြတာပါ။ အရေးပေါ် အခြေ အနေမှာ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံသား တွေကို ပြန်ဖို့ ခေါ်ကြတာလည်း တွေ့ရ ပါတယ်။ ကနဦးတုန်းက မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ ဗိုင်းရပ်ပိုးကူးစက်တဲ့သူကို မတွေ့ရလို့ ရင်အေးနေရာက အခုပိုးကူးစက်သူ ၅ ဦးအထိ စတွေ့လာလို့ အကုန်ဗျာများရတဲ့ အခြေအနေပါ။ မြန်မာနိုင်ငံမှာ မတ် ၂၆ ရက်နေ့ည အထိ ပိုးတွေ့သူ ငါးဦးပဲ ရှိသေးပြီး သေဆုံး သူ မရှိသေးပါဘူး။ ဗြိတိန်မှာတော့ ပိုးတွေ့သူ ၁၁၆၅၈ […]

ရေထွက်ပစ္စည်း ဈေးနှုန်းကျဆင်း

diz_admin

March 30, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရေထွက်ပစ္စည်းဈေးနှုန်း ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသ ဖြစ်သည့် မောတောင်နှင့် ထီးခီးနယ်စပ်ဂိတ် ဝင်ပေါက်ထွက်ပေါက်များကို ပိတ်လိုက် သဖြင့် ကော့သောင်း-ရနောင်းလမ်းမှ လှေဖြင့်ဝင်ကာ ထိုင်းဘက်သို့ ရေထွက် ပစ္စည်းတင်ပို့ ရောင်းချနေရသည်ဟု ယင်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးကျော်ကျော် သက်က ပြောသည်။ “ကမ်းဝေး ငါးလုပ်ငန်းရှင်များကတော့ ယိုးဒယားက ပိတ်ချလိုက်မှာကို ကြောက် နေတယ်။ ရေလမ်းကတော့ ရနေသေးတယ်။ ဝယ်နေသေးတယ်၊ ဈေးကတော့ကျတာ ပေါ့။ ဝယ်လိုအားက စင်ထက်ကို ရောက် သွားတယ်။ ရောင်းသမားက ရတဲ့ဈေးနဲ့ ရောင်းရတယ်ဆိုတော့ ရောင်းသမားက ဒုက္ခရောက်တယ်ပေါ့နော်”ဟု ဦးကျော် ကျော်သက်က ဆိုသည်။ ရေထွက်ပစ္စည်းဈေးနှုန်းများမှာ ယခု မတ်လမှ စတင်ကျဆင်းလာပြီး ကားလမ်းပိတ်ထားသဖြင့် […]

တနင်္သာရီတိုင်းအတွင်း လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့

diz_admin

March 30, 2020

တနင်္သာရီတိုင်းအတွင်းတွင် မတ် လ ၂၈ ရက်က ဆေးရုံသို့ တင်ပို့ထား သော လူနာအသစ်နှစ်ဦး ကိုရိုနာရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ သိရှိနိုင်ရန် ဓာတ်ခွဲ နမူနာကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ထားဝယ်ဆေးရုံကြီးရှိ အမျိုးသား လူနာတစ်ဦးနှင့် မြိတ်ဆေးရုံရှိ အမျိုးသမီး လူနာတစ်ဦးတို့၏ ဓာတ်ခွဲနမူနာများ ပို့ထားခြင်းဖြစ်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။ ထိုကြောင့် တနင်္သာရီတိုင်းအတွင်း မှ ဓာတ်ခွဲနမူနာပို့ထားသူ စုစုပေါင်း လေးဦးရှိပြီဖြစ်သည်။ ယခင်နေ့များက ဓာတ်ခွဲခန်း နမူနာပေးပို့ထားသူ နှစ်ဦး အနက် တစ်ဦးတွင် ပိုးမရှိကြောင်း အစိုးရ က ထုတ်ပြန်ထားပြီး ဖြစ်သည်။ အခြား တစ်ဦးမှာ အဖြေစောင့်နေဆဲ ဖြစ်သည်။ ထိုကြောင့် […]

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ ၃ ဦးထပ်တိုး ၊ စုစုပေါင်း ၈ ဦး ရှိလာ

diz_admin

March 28, 2020

မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၃ ဦး ထပ်တိုးလာကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက မတ်လ ၂၈ တွင် သတင်း ထုတ်ပြန်သည်။ အဆိုပါ ရောဂါပိုးတွေ့ရှိသူများအနက် ၂ ဦးမှာ အင်းစိန်မြို့နယ်နှင့် ဗဟန်းမြို့နယ်မှ ဖြစ်ပြီး နောက်တစ်ဦးမှာ နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ ၎င်းတို့အား သက်ဆိုင်ရာဆေးရုံများတွင် သီးခြားထား ကုသမှုပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း အထက်ပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၈၊ ညနေ ၆ နာရီခွဲ)

diz_admin

March 28, 2020

လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ သိနိုင်ရန် လူနာအသစ်နှစ်ဦး၏ ဓာတ်ခွဲနမူနာကို မတ်လ ၂၈ ရက်နေ့(ယနေ့)က ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ထားဝယ်ဆေးရုံကြီးရှိ အမျိုးသားလူနာတစ်ဦးနှင့် မြိတ်ဆေးရုံရှိ အမျိုးသမီးလူနာတစ်ဦးတို့၏ ဓာတ်ခွဲနမူနာများ ပို့ထားခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ ထိုကြောင့် တနင်္သာရီတိုင်းအတွင်းမှ ဓာတ်ခွဲနမူနာပို့ထားသူ စုစုပေါင်း လေးဦးရှိပြီဖြစ်သည်။ အထက်ပါ ဓာတ်ခွဲနမူနာပို့ထားသူမျာအနက် တစ်ဦးတွင် ပိုးမတွေ့ကြောင်း အစိုးရက ထုတ်ပြန်ထားပြီး ဖြစ်သည်။ ယခင်က ဓာတ်ခွဲနမူနာ ပို့ထားသူ တစ်ဦးမှာ အဖြေစောင့်နေဆဲ ဖြစ်သည်။ လက်ရှိတွင် တိုင်းအတွင်း ဆေးရုံများတွင် စောင့်ကြည့်လူနာ ၇ ဦးရှိပြီး ထားဝယ်တွင် ၄ ဦး၊ မြိတ်တွင် ၂ ဦးနှင့် ကော့သောင်းတွင် […]

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ နှစ်ဦး ထပ်တွေ့

diz_admin

March 27, 2020

မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ နှစ်ဦး ထပ်တွေ့ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ယနေ့ နံနက် ၂ နာရီ၀န်းကျင်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ပိုးတွေ့သူနှစ်ဦးအနက် တစ်ဦးမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူ ထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားဖြစ်သည်။ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) မတ်လ ၁၉ ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲံ့သူ ဖြစ်သည်။ နောက်တစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ […]