BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

Dawei Watch TV/ထားဝယ်တက္ကသိုလ်ထဲက ဗထူးအဆောင်မှာ ပြန်တော်ပြန်တွေကို စခန်းသွင်းစောင့်ကြည့်မယ်

diz_admin

April 1, 2020

ထားဝယ်တက္ကသိုလ်ထဲက ဗထူးအဆောင်ကို နိုင်ငံခြားက ပြန်လာတဲ့သူ ၁၄ ရက်ကြာနေရမဲ့ နေရာအဖြစ် ပြောင်းလိုက်တာပါ။ အဲဒီ နေရာမှာ ထိုင်းနိုင်ငံက ပြန်လာမယ့် ပြန်တော်ပြန်တွေကို စခန်းသွင်းစောင့်ကြည့် မယ်လို့ သိရပါတယ်။လက်ရှိမှာတော့ အဲဒီနေရာမှာ ထိုင်းနိုင်ငံက ပြန်လာသူ ၉ ဦးနဲ့ ဝန်ထမ်းတစ်ဦး နေထိုင်နေပါပြီ။ သတင်းနှင့်ရိုက်ကူး – ကိုဇော် Dawei Watch TV

မွန်၊ တနင်္သာရီ နောက်ဆုံးရ သတင်းများ (ဧပြီ ၁၊ ၂၀၂၀၊ ညနေ ၆ နာရီ)

diz_admin

April 1, 2020

ဘုရားထီးပင့် လူစုလူဝေးလုပ်သူကို စတင်အရေးယူ ဘုရားထီးပင့်၍ လူစုလူဝေး ဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဒေသခံတစ်ဦးကို စတင် တရားစွဲဆိုလိုက်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး မပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည့် အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ကျိုက်မရောမြို့ နယ်အုပ်ချုပ်ရေးမှူးမှ ဧပြီလ ၁ ရက်နေ့က တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ ဘုရားထီးတော်တင်ပင့်ဆောင်သည့်ကိစ္စကို ကျေးရွာခံအချို့တို့မှ မတ်လ ၂၉ ရက်နေ့က ရပ်ကျေးအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့မှုအပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်ရုံးမှ လူစုလူဝေးဖြင့် ဆောင်ရွက်သည့်ကိစ္စများ မပြုလုပ်ရန် ညွှန်ကြားထားသည့်အတွက် လူစုလူဝေးဖြင့် ဆောင်ရွက်၍မရကြောင်း တားမြစ်ခဲ့သည်။ သို့သော် မတ်လ ၃၀ […]

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၃၁ ရက်၊ ညနေ ၆ နာရီခွဲ)

diz_admin

March 31, 2020

ဆေးရုံစောင့်ကြည့်လူနာ နှစ်ဦးတိုး တနင်္သာရီတိုင်းအတွင်း မတ်လ ၃၁ ရက်နေ့စာရင်းအရ ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) နှစ်ဦးတိုးလာကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ရေဖြူဆေးရုံတွင် အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ကံပေါက်ဆေးရုံတွင် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးတို့ ဖြစ်ပြီး နှစ်ဦးစလုံးမှာ ထိုင်းနိုင်ငံမှ ပြန်လာသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဖျားတယ်၊ ချောင်းနည်းနည်းဆိုးတယ်ပေါ့၊ ဒါပေမယ့် serious (စိုးရိမ်ရတာ) မဟုတ်ဘူး”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ မတ်လ ၃၁ ရက်နေ့တွင် ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) အဖြစ် ထားဝယ်ဆေးရုံကြီးတွင် ၃ ဦး၊ မြိတ်ဆေးရုံတွင် ၁ ဦး၊ ကော့သောင်းဆေးရုံတွင် ၁ ဦးနှင့် ကံပေါက်တိုက်နယ်ဆေးရုံနှင့် […]

ကင်ဆာရောဂါသည် ကိုဗစ်လူနာ သေဆုံး

diz_admin

March 31, 2020

ကိုရိုနာရောဂါပိုး ကူးစက်ခံထားရသော ကင်ဆာရောဂါသည် လူနာမှာ ယနေ့ နံနက်ပိုင်းက ဆုံးပါးသွားပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားသည်။ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန်မြို့နယ်နေ အသက် ၆၉ နှစ်အရွယ်ရှိ အမျိုးသားမှာ မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိသည့် ငါးဦးမြောက် လူနာဖြစ်သည်။ ယင်းမှာ ကိုဗစ်ရောဂါဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးသေဆုံးသည့် လူနာဖြစ်သည်။ ဩစတေးလျနိုင်ငံတွင် ကင်ဆာရောဂါ သွားရောက်ကုသပြီး အပြန် စင်ကာပူသို့ ခဏဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအရောက်တွင် ကိုရိုနာရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိရခြင်းဖြစ်သည်။ ထိုအမျိုးသားနှင့် အနီးကပ်တွေ့ထိဆက်ဆံခဲ့သူတွင်လည်း ကိုရိုနာရောဂါပိုးတွေ့ရသဖြင့် ဆေးရုံသို့ တင်ပို့ထားရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးထပ်တိုး၊ စုစုပေါင်း ၁၅ ဦး ရှိပြီ

diz_admin

March 31, 2020

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အပြည့်အစုံ ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၃၁-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၄) ဦး ရှိပါသည်။ ၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၁-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် […]

ကော့သောင်းစားသောက်ဆိုင်များ၌ ပါဆယ်သာ ဝယ်ရမည်

diz_admin

March 30, 2020

နယ်စပ်မြို့တစ်မြို့ဖြစ်သော ကော့သောင်းမြို့တွင် KTV၊ အနှိပ်ခန်းများ ယာယီပိတ်ထားရန်နှင့် စားသောက်ဆိုင်များတွင် ထိုင်စားခွင့်မပြုတော့ဘဲ ပါဆယ်သာရောင်းရန် ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်လိုက်သည်။ မတ်လ၂၆ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော ယင်းဒေသန္တရအမိန့်အရ ကော့သောင်းမြို့နယ် အတွင်းရှိ KTV၊ အနှိပ်ခန်းများယာယီပိတ်ထားရန်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ အရက်ဆိုင်များ ဖွင့်ထားနိုင်သော်လည်း ဆိုင်အတွင်းစားသုံး၊ သောက်စားခြင်းမပြုရန် တားမြစ်လိုက်သည်။ ယင်းအမိန့်မှာ ဧပြီ ၃၀ရက်နေ့ အထိဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ယင်းအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။ “စားသောက်ဆိုင်တို့၊ ဘီယာဆိုင်တို့၊ အရက်ဆိုင်တို့ လက်ဖက်ရည်ဆိုင်တို့ ကျွန်တော့်ဆိုင်တွေကို ပိတ်ခိုင်းတာ မဟုတ်ပါဘူး။ အဓိကကတော့ ပါဆယ်ဝယ်သွားဖို့ပေါ့နော်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီအမိန့်ကိုထုတ်ထားတာပါ” ဟု ဦးဇော်လင်းထွန်းက ပြောသည်။ နိုင်ငံခြားမှ ပြန်ရောက်လာသောလူပုဂ္ဂိုလ်များအားလည်း နေအိမ်တွင် ၁၄ရက် ရောဂါစောင့်ကြည့်နေစဉ်ကာလအတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ မိသားစုဝင်များနှင့်အတူ […]

ထိုင်းနိုင်ငံမှ မြိတ်မြို့သို့ ရောက်လာသူ ၃၄ဦး စောင့်ကြည့်ရေးစခန်းတွင် ထားရှိ

diz_admin

March 30, 2020

ထိုင်းနိုင်ငံမှ မြိတ်မြို့သို့ရောက်ရှိ လာသူအမျိုးသားအမျိုးသမီး ၃၄ ဦးအား စောင့်ကြည့်ရေးစခန်းတွင်ထားကာ စောင့်ကြည့်လျက်ရှိကြောင်းမြိတ်ခရိုင် COVID ၁၉ ကာကွယ်ရေးပူးပေါင်း ကော်မတီနှင့်ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ထိုင်းနိုင်ငံမှတစ်ဆင့် ကော့သောင်းမြို့မှတစ်ဆင့် မတ်လ၂၆ရက် နံနက်ပိုင်းတွင် မြိတ်မြို့သို့ရောက်ရှိလာသည့် ၎င်းတို့ကို စောင့်ကြည့်ရေးစခန်းအဖြစ်ပြုလုပ်ထားသည့် ကလွင်ကျေးရွာအုပ်စု၊ အေးရိပ်ချောင် သာသနာ့ရိပ်သာဘုန်းတော်ကြီးကျောင်းတွင် ထားရှိကြောင်း ကလွင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောကြားသည်။ ရောက်ရှိလာသည့်ခရီးသည် ၃၄ဦးအနက်၂၄ဦးသည် မြိတ်မြို့နေသူများဖြစ်ပြီး ကျန်၁၀ဦးသည်ကျွန်းစုမြို့နယ်အတွင်း နေထိုင်သူများဖြစ်ကာလက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်လျှက်ရှိနေသည်ဟု ၎င်းက ဆိုသည်။ “ဘယ်နှရက်လောက်ထားမလဲဆိုတာကတော့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဆေးရုံအုပ်ကြီးတို့ အစီအမံနဲ့ သူတို့ကျန်းမာရေးအပေါ်မူတည်ပြီးတော့ ဆောင်ရွက်သွားမယ်”ဟုဦးရန်နိုင်စိုးက ပြောသည်။ စောင့်ကြည့်ခရီးသည်များအနေဖြင့် ကျန်းမာရေးစိတ်ချရသည့်အနေအထား တစ်ခုရောက်လျှင်သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ ပြန်လည်အပ်နှံသွားရန်စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ မြိတ်မြို့အဝင်အထွက် လမ်းကြောင်းများ၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်များထားရှိပြီးလက်ရှိအချိန်တွင် စောင့်ကြည့်ရေးစခန်းအဖြစ် ကလွင်ကျေးရွာအုပ်စုရှိ အေးရိပ်ချောင်သာသနာ့ရိပ်သာတစ်ခုသာရှိသေးပြီး […]

စေတနာ့ဝန်ထမ်းတစ်ရာဖြင့် ကိုရိုနာကာကွယ်ရေး ကဏ္ဍငါးခု ဆောင်ရွက်

diz_admin

March 30, 2020

ထားဝယ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် စေတနာ့ဝန်ထမ်းတစ်ရာဖြင့် ကဏ္ဍငါးခုကို ဆောင်ရွက်မည်ဖြစ်ကြောင်း Covid-၁၉ ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ (ထားဝယ်)အဖွဲ့ထံမှ သိရသည်။ ယင်းကဏ္ဍငါးခုမှာ ပိုးသတ်ဆေးဖျန်းမည့်အဖွဲ့၊ PPE ဟုခေါ်သော ရောဂါကာကွယ်ရေးဝတ်စုံသရုပ်ပြအဖွဲ့၊ ထားဝယ်အဝင်ဂိတ်များကို ဖြတ်ကျော်ဝင်ရောက်လာသူတို့၏ ခရီးသွားမှတ်တမ်း အချက်အလက်ကောက်ယူမည့်အဖွဲ့၊ ကောက်ယူရရှိသည့်အချက် အလက်များကို စုဆောင်းမည့်အဖွဲ့ တို့ဖြစ်သည်။ ယင်းအပြင် ၁၄ ရက်စောင့်ကြည့် ခံရသူ(Quarantine) တို့ကို နှစ်သိမ့်ဆွေးနွေး၊ ပညာပေးမည့်အဖွဲ့၊ အသံချဲ့စက်များဖြင့် နယ်လှည့်အသိပညာပေးအဖွဲ့ တို့ဖြစ်ကြောင်း အထက်ပါအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးလည်းဖြစ် စေတနာ့ဝန်ထမ်းကြီးကြပ်ရေး ကော်မတီ တာဝန်ခံတစ်ဦးလည်းဖြစ်သူ ဦးဇော်ညွှန့်က ပြောသည်။ ယင်းအဖွဲ့များတွင် ဇမ္ဗူသီရိအရေးပေါ်လူနာတင်အဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ ထားဝယ်မြို့ရှိ ကွန်ပျုတာပညာရှင်များအသင်းနှင့် စေတနာ့ဝန်ထမ်းလူငယ်များလည်း ပါဝင်သည်။ “ဒီလုပ်ငန်းစဉ်မှာ လူတွေဘက်ကနေပြီး ပူးပေါင်းပါဝင်ပေးမယ်ဆိုရင် ရောဂါထိန်းချုပ်ရေးအပိုင်းမှာ ပိုထိရောက်မယ်လို့ ထင်တယ်”ဟု ဦးဇော်ညွှန့်က […]