BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

တနင်္သာရီ နောက်ဆုံးရ သတင်းများ (ဧပြီ ၄၊ ၂၀၂၀၊ ညနေ ၇ နာရီ)

diz_admin

April 4, 2020

| Dawei Watch တင်ဆက်သည် | တိုင်းအတွင်း ဆေးရုံစောင့်ကြည့်လူနာ ၁၂ ဦးရှိ တနင်္သာရီတိုင်းအတွင်း ကိုရိုနာရောဂါပိုး ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) ၁၂ ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောကြားသည်။ ဧပြီလ ၄ ရက်နေ့စာရင်းအရ ထားဝယ်ဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၈ ဦး၊ ကော့သောင်းတွင် ၂ ဦး၊ မြိတ်တွင် ၁ ဦး (ပိုးမတွေ့သူ)နှင့် ကံပေါက်တိုက်နယ်ဆေးရုံတွင် ၁ ဦးရှိကြောင်း ၎င်းက ဆိုသည်။ “ဒီနေ့က ထားဝယ်မှာတစ်ယောက်၊ ကော့သောင်းမှာတစ်ယောက် အသစ်ပေါ့နော်”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ထားဝယ်ဆေးရုံတွင် ဧပြီလ ၃ ရက်နေ့က စောင့်ကြည့်လူနာ ၈ ဦးရှိသည်းအနက် သရက်ချောင်းမှတစ်ဦးက သက်သာသွားသည့်အတွက် […]

ထားဝယ်မှ ဓာတ်ခွဲ နမူနာနှစ်ဦး ပိုးမတွေ့

diz_admin

April 3, 2020

ထားဝယ်ဆေးရုံကြီးမှ ဓာတ်ခွဲနမူနာပို့ထားသူနှစ်ဦးစလုံးတွင် ကိုရိုနာရောဂါပိုး မတွေ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထွေးမြစိုးက ပြောကြားသည်။ ယင်းဓာတ်ခွဲ နမူနာနှစ်ခုကို ဧပြီလ ၂ ရက်နေ့က ပို့ခဲ့ခြင်း ဖြစ်သည်။ ထားဝယ်ဆေးရုံးကြီး သီးသန့်လူနာဆောင်ရှိ လူနာတစ်ဦးနှင့် သေဆုံးသွားသည့် ဘုန်းကြီးတစ်ပါး၏ ဓာတ်ခွဲနမူနာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ကော့သောင်း ဆေးရုံးကြီးတွင် သေဆုံးသွားသူ၏ ဓာတ်ခွဲနမူနာ နှင့် ၎င်း၏ ဇနီးဖြစ်သူ၏ ဓာတ်ခွဲ နမူနာနှစ်ခုကို ရန်ကုန်သို့ ပေးပို့ထားသည်။ တနင်္သာရီတိုင်းအတွင်း ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) ၁၁ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံမှ သိရသည်။ထားဝယ်ဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၈ ဦး၊ ကံပေါက်တိုက်နယ်ဆေးရုံတွင် ၁ ဦး၊ မြိတ်ဆေးရုံတွင် ၁ […]

ကိုရိုနာပိုးကအကျဉ်းသားတွေရဲ့ပြစ်ဒဏ်ကို ထပ်ပိုးသလိုဖြစ်လာနိုင်မလား။

diz_admin

April 3, 2020

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူတွေထူထပ်များပြားတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အကျဉ်းထောင်တွေမှာဆိုရင် လက်ဆေးခြင်း၊ ဂျင်းပြုတ်ရည်သောက်ခြင်းတွေနဲ့ Covid19 ရောဂါကို ကာကွယ် နေကြပါတယ်။ အဲဒါတွေက တကယ့်တကယ်မှာ အကာကွယ်ပေးရဲ့လား။ အကျဉ်းထောင်တွေမှာလူအစုလိုက်အပြုံလိုက် မဖြစ်ပွားစေဖို့အတွက် နောက်ထပ် ဘာတွေ ကာကွယ်ဖို့ လိုအပ်သလဲ။လူတချို့ကတော့ အကျဉ်းထောင်အတွင်းလူဦးရေထူထပ်မှုကိုလျော့ချဖို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။ဒီတစ်ပတ်မှာတော့ Covid19ကအကျဉ်းသားတွေအတွက် သူတို့ကျခံနေရတဲ့ အပြစ်ဒဏ်အပြင် ထပ်တိုးအပြစ်ဒဏ်သဖွယ် ဖြစ်လာနိုင်မလားဆိုတာကို ဒို့အသံက ရှာဖွေတင်ဆက်ထားပါတယ်။ https://web.facebook.com/DaweiWatch/videos/844157032662770/

တနင်္သာရီ နောက်ဆုံးရ သတင်းများ (ဧပြီ ၃၊ ၂၀၂၀၊ ညနေ ၆ နာရီခွဲ)

diz_admin

April 3, 2020

| Dawei Watch တင်ဆက်သည် | ကော့သောင်းမှ လူနှစ်ဦး၏ ဓာတ်ခွဲနမူနာပို့ ကော့သောင်းဆေးရုံ ပြင်ပလူနာဌာနတွင် သေဆုံးသွားသည့် အမျိုးသားနှင့် ဇနီးဖြစ်သူတွင် ကိုရိုနာရောဂါပိုးရှိ/မရှိ စစ်ဆေးရန် ဧပြီလ ၃ ရက်နေ့ ညနေပိုင်းတွင် ဓာတ်ခွဲနမူနာပို့ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ကော့သောင်းမြို့နေ အသက် ၄၀ နှစ်အရွယ် အမျိုးသားက လည်ပင်းနာပြီး ဖျားသည့်အတွက် ယနေ့နံနက်တွင် ကော့သောင်းဆေးရုံ ပြင်ပလူနာဌာနတွင် လာပြစဉ် ခဏအကြာ၌ သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။ သေဆုံးသူ၏ ဇနီးဖြစ်သူက ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ပြန်လာသူဖြစ်ပြီး ရပ်ရွာစောင့်ကြည့်ရေးစခန်းတွင် နေထိုင်သူ ဖြစ်ကြောင်း ဒေါက်တာထွေးမြစိုးက ပြောသည်။ လက်ရှိတွင် ဇနီးဖြစ်သူကို ကော့သောင်းဆေးရုံရှိ သီးသန့်လူနာဆောင်အတွင် ထားရှိကြောင်း […]

လူနာ အမှတ်၁၅ ၏ မိသားစု၀င် ၄ ဦး တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့

diz_admin

April 2, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁၅ ၏ အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် (၄)ဦးအား ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏နေအိမ်တွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာ ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၄၇)နှစ်၊ သားဖြစ်သူ အသက် (၁၀)နှစ်၊ သမီးဖြစ်သူ အသက် (၈)နှစ်နှင့် တူမဖြစ်သူ အသက် (၁၈)နှစ်၊ စုစုပေါင်း (၄)ဦးတို့၏ ဓာတ်ခွဲအဖြေများအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက သတင်း ထုတ်ပြန်သည်။ လူနာ အမှတ် ၁၅ သည် ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံခြားသားများကို ကျန်းမာရေး ၀န်ဆောင်မှု‌ပေးနေသည့် ပုဂ္ဂလိက‌ဆေးခန်းတွင် လုပ်ကိုင်နေသူဖြစ်သည်။

တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (ဧပြီ ၂၊ ၂၀၂၀၊ ညနေ ၆ နာရီခွဲ)

diz_admin

April 2, 2020

ရောဂါပိုး စောင့်ကြည့်ထိန်းချုပ်ရေး ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ရမည်  ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ကိုရိုနာထိန်းချုပ်ရေးလုပ်ငန်းစဉ်အားလုံးတွင် ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။  ထားဝယ်ဒေသအတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များတွင် ပြည်တော်ပြန်များကို ကိုယ်ပိုင်အစီအစဉ်ဖြင့် ရပ်ရွာ အခြေပြုစောင့်ကြည့်ရေး စခန်းများ ထားရှိ လုပ်ဆောင်နေသည်။ သို့သော် အချို့သော ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာ ထိုအစီအစဉ်ကို မဖြစ်မနေ လုပ်ဆောင်ရန် မလိုအပ်ကြောင်း ထင်မြင်ယူဆနေဆဲ ဖြစ်သည်။  လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာတွင် သံဃာတော်တစ်ပါး ဖျားခြင်း၊ အသက်ရှုကြပ်တို့ကြောင့် ပျံလွန်သွားပြီးနောက် ယင်းသံဃာတော်နှင့် ထိတွေ့ခဲ့သူများကို ၁၄ ရက် စောင့်ကြည့်ရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ကျေးရွာ တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းများထံမှ သိရသည်။  ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေနှင့် ရောဂါပိုး ထိန်းချုပ်ရေးတွင် […]

Dawei Watch TV/အစိုးရအဖွဲ့ရုံး ဝင်ထွက်ခွင့် ကန့်သတ်

diz_admin

April 2, 2020

တနင်္သာရီတိုင်းအစိုးရရုံးထဲကို ဝင်ခွင့်ကန့်သတ်လိုက်ပါပြီ။ အစိုးရအဖွဲ့ရုံးထဲပြည်သူတွေဝင်ထွက်ခွင့်ကို မတ်လ ၃၀ ရက်နေ့ကစပြီး ကန့်သတ်လိုက်တာပါ။ကိုရိုနာရောဂါဂယက်ကြောင့် ကန့်သတ်လိုက်ရတာလို့ သိရပါတယ်။ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV

ထားဝယ်မှ သံသယရှိနှင့် သေဆုံးလူနာနှစ်ဦး၏ ဓာတ်ခွဲ နမူနာ ပို့မည်

diz_admin

April 1, 2020

ထားဝယ်ဆေးရုံကြီးတွင် သီးခြား စောင့်ကြည့်နေသော သံသယရှိ လူနာတစ်ဦးနှင့် ဖျားနာပြီး အသက်ရှုကြပ်ပျံလွန်တော်မူသော သံဃာတော် တစ်ပါးတွင် ကိုရိုနာရောဂါပိုး ကူးစက်ခံထားရခြင်း ရှိမရှိ ဓာတ်ခွဲစစ်ဆေးရန် ရန်ကုန်သို့ ဓာတ်ခွဲနမူနာ ပို့ရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ သံသယရှိ စောင့်ကြည့်လူနာမှာ ထားဝယ်မြို့နယ်နေ အသက် ၃၀ နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသားဖြစ်ပြီး မတ်လ ၃၁ ရက်နေ့က ထားဝယ်ဆေးရုံကြီးသို့ တက်ရောက်ကုသနေသူဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဖျားတယ်၊ ချောင်းဆိုးတယ်၊ နောက်ပြီးတော့ သူကိုယ်တိုင်သွားတာမဟုတ်ပေမယ့် ထိုင်းဘက်က လူတွေက သူ့တို့ဆီအဝင်အထွက်ရှိတယ်ပေါ့”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ထို့အပြင် လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာမှ ဘုန်းကြီးတစ်ပါးက ဖျားပြီး အသက်ရှူကြပ်နေသည့်အတွက် လောင်းလုံးဆေးရုံမှ ထားဝယ်ဆေးရုံကြီးသို့ ဧပြီလ ၁ ရက်နေ့တွင် […]