BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

ထားဝယ်တက္ကသိုလ်ရှိ စောင့်ကြည့်စခန်း လူ ၄၀၀ အတွက် အသင့်ပြင်ထား ဟုဆို

diz_admin

April 7, 2020

နေရပ်ပြန်သူ ၄၀၀ ဦးအထိ အဆင် သင့် စောင့်ကြည့်စခန်းချနိုင်ရန် ထားဝယ် တက္ကသိုလ်တွင် အဆင်သင့်ပြင်ဆင်ထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ လက်ရှိတွင် လူဦးရေ ၁၂၀ အတွက် ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ အိပ်ရာခင်းနှင့် တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်းများဖြစ်သည့် ရေခွက်၊ ဆပ်ပြာ အစရှိသည့် ပစ္စည်းများကို အဆင်သင့် ပြင်ထားကြောင်း ၎င်းက ဆိုသည်။ ကျန်ရှိသည့် လူ ၂၈၀ ဦးအတွက် ပစ္စည်းများကိုအခုရက်ပိုင်းအတွင်း ဖြည့်ဆည်းမည်ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ ထားဝယ်တက္ကသိုလ်ရှိ ဗထူးဆောင် ကို စောင့်ကြည့်စခန်းအဖြစ် ပြင်ဆင်ထား ပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ ပြန်လာသူ ၉ ဦးနှင့် […]

ကိုရိုနာ သင်္ကြန်

diz_admin

April 7, 2020

မြန်မာ့အစည်ကား အခမ်းနားဆုံး ပွဲတော်တစ်ခုပြပါဆိုလျှင် သင်္ကြန်ပွဲတော် ကိုသာ ပြကြလိမ့်မည်။ သို့သော် ယင်းဝိသေသကို ယခုနှစ်တွေ့ရန် မလွယ်တော့ပါ။ မြန်မာနိုင်ငံအတွင်းရှိ ကလေးမှအစ သက်ကြီးရွယ်အိုအဆုံး၊ သူတောင်းစားမှ ရှင်ဘုရင်အဆုံး၊ လူမျိုး/ဘာသာမရွေး အလွှာအသီးသီးတို့ အတူတကွ ခေတ် အဆက်ဆက် ဆင်နွှဲလာသည့် နိုင်ငံ့ ပွဲတော်ကြီး မဟုတ်ပါလော။ နိုင်ငံအဝန်း လမ်းမဘေးဝဲယာ မဏ္ဍပ်ကြီးငယ်တို့ အပြိုင်အဆိုင်ဆောက်ကာ၊ လူတိုင်း လမ်းပေါ်ထွက်ကာ နှစ်တိုင်း ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည့် ပွဲတော်ကြီးဖြစ်သည်။အကြီးမြတ်ဆုံးသော ရေသဘင်ပွဲ တော် ဖြစ်သည်။ သို့သော် ယခုနှစ်သင်္ကြန်ကား အထူး ခြားဆုံး ဖြစ်လာတော့မည်လော။ အိမ်တွင်း အောင်းသင်္ကြန် ဖြစ်လာတော့မည်လော။ “ဒီနှစ်မှာတော့ အိမ်တွင်းပုန်းရဖို့ အနေအထားမှာရှိတယ်။ မောင်းမကန် ကမ်းခြေလည်း ပိတ်ထားတယ်။ လူတွေ လည်း စိတ်ရှုပ်နေကြတယ်ဆိုတော့ ဒီနှစ် […]

ပြည်တွင်းခရီးမှ ပြန်လာသူများအား စောင့်ကြည့်စခန်းသွင်းရန်မလိုဟု တိုင်းအစိုးရဆို

diz_admin

April 7, 2020

မြန်မာနိုင်ငံအတွင်း အခြားတိုင်း နှင့် ပြည်နယ်များမှ တနင်္သာရီတိုင်းသို့ ပြန်လာသူများအား ၁၄ ရက် စခန်းသွင်း စောင့်ကြည့်ရန် မလိုအပ်သေးကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ လက်ရှိ တိုင်းအစိုးရ၏ ထုတ်ပြန် ချက်များအရ ပြည်ပမှ ပြန်လာသူများကို သာ ၁၄ ရက်ကြာ စခန်းသွင်းစောင့်ကြည့်ရန် (Facility Quarantine) လုပ်ရန် ညွှန်ကြားထားပြီး ပြည်တွင်းမှလာသူများ ကို စခန်းသွင်းရန် ညွှန်ကြားထားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။ ကိုရိုနာရောဂါပိုးကာကွယ်ရေး အတွက်ဟုဆိုကာ လက်ရှိတွင် ရပ်ရွာ အခြေပြု စခန်းသွင်းစောင့်ကြည့်ခြင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် လုပ်ဆောင်နေကြပြီး ရပ်ကျေးတစ်ခုနှင့် တစ်ခု စံသတ်မှတ်ချက် မတူကြပေ။ အချို့ရပ်ကျေးများတွင် ပြည်ပမှ ပြန်လာသူများကိုသာ စခန်းသွင်းစောင့် […]

ဆယ့်တစ်ရက်အတွင်း ဆေးရုံ စောင့်ကြည့်လူနာ ၃၁ ဦးရှိ

diz_admin

April 7, 2020

တနင်္သာရီတိုင်းတွင် ၁၁ ရက်တာ ကာလအတွင်း ကိုရိုနာရောဂါပိုး ဆေးရုံ စောင့်ကြည့်လူနာ ၃၁ ဦးရှိခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထွေးမြစိုးက ပြောသည်။ မတ်လ ၂၅ ရက်မှ ဧပြီလ ၄ ရက် အထိ စာရင်းအရ ဆေးရုံစောင့်ကြည့်လူနာ(Patient under investigation) ၇ ဦးနှင့် ဆေးရုံတွင် အသွားအလာကန့် သတ်ပြီး စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူ (Hospital Quarantine) ၂၄ ဦးရှိ ကြောင်း ယင်းဌာနထံမှ သိရသည်။ အထက်ပါကာလအတွင်း ဆေးရုံ အသီးသီးရှိ သီးသန့်လူနာဆောင်တွင် ထားရှိကုသသူ ၆ ဦးရှိပြီး ယင်းလူနာ အားလုံးကို ကိုရိုနာရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခဲသည်။ အထက်ပါ စောင့်ကြည့်လူနာ […]

လက်ဖက်ရည် မှောင်ခိုသောက်ရသော ခေတ်

diz_admin

April 7, 2020

တကယ်တော့ ထိုမျှ အထိဖြစ်လာ မည်ကို ပြီးခဲ့သည့် တစ်လကျော်နှစ်လ လောက်က မည်သူမျှ ခန့်မှန်းခဲ့မည် မဟုတ်ပါ။ သို့သော် ယခုတော့ အမှန်တကယ်ပင် လက်ဖက်ရည်မှောင်ခို ထိုင်သောက်၊ ထမင်းမှောင်ခို ထိုင်စားရသည့် ခေတ်ကာလကို ဖြတ်သန်းနေရပြီဖြစ်သည်။ လက်ဖက်ရည်ဆိုင်ထိုင်က ပြစ်မှုမြောက် သည်။ ထမင်းနှင့် စားသောက်ဆိုင် ထိုင်စားက ပြစ်မှုမြောက်သည့် ခေတ် ရောက်နေပေပြီ။ ကိုရိုနာရောဂါပိုးဂယက်ကြောင့် ထားဝယ်ခရိုင်တွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အအေးဆိုင်၊ ထမင်းဆိုင် များတွင် ပါဆယ်သာရောင်းချရတော့ ခြင်းမှ ဇာတ်လမ်းက စသည်။ လက်ဖက်ရည်ကို ဆိုင်တွင်ထိုင်ပြီး သောက်ရမှ စိတ်ကျေနပ်သူများ၊ လက်ဖက်ရည်သောက်ရင်း ထွေရာလေးပါး စကားပြောချင်သူများအတွက်မူ ယင်း အချက်က ကြီးမားသည့် စိန်ခေါ်မှုကြီး ပင်ဖြစ်သည်။ ထိုသူများက ပါဆယ်ဆွဲသောက်ရ ခြင်းထက် ဆိုင်တွင်ထိုင်ပြီး […]

ထားဝယ်-ရန်ကုန်နှင့် ဒေသတွင်း ခရီးသည်တင်ယာဉ် အများစုရပ်နား

diz_admin

April 7, 2020

ထားဝယ်မြို့မှ ရန်ကုန်၊ မော်လမြိုင်၊ မြိတ်၊ ကော့သောင်းမြို့များသို့ နေ့စဉ် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပြေးဆွဲမှု ရပ်နား ထားကြောင်း ထားဝယ်မြို့နယ် ပုဂ္ဂလိက ယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ (ယကက)မှ ထားဝယ်အဝေးပြေးကွင်းတွင် ယာဉ်အဝင် အထွက် မှတ်တမ်းယူရန် ခန့်အပ်ထား သည့် တာဝန်ကျဝန်ထမ်းထံမှ သိရသည်။ ပုံမှန်အားဖြင့် ယင်းမြို့များသို့ နေ့စဉ်ပြေးဆွဲနေသော ခရီးသည်ယာဉ် တစ်နေ့လျှင် အစီးတစ်ရာကျော်ရှိသော် လည်း ဧပြီလ ၄ ရက် ညနေသုံးနာရီ ဝန်းကျင်အထိ ၁၉ စီးသာ ပြေးဆွဲ နေကြောင်း ထားဝယ်အဝေးပြေးကား ကွင်း တာဝန်ကျ ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးစိုးသန်းက ပြောသည်။ “တစ်ချိန်တုန်းက တစ်နေ့ကို လေးငါးခြောက်စင်းထွက်နေတဲ့ ဂိတ်တွေက မထွက်ကြတော့ဘူးလေ။ […]

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၂ဦး ရှိပြီ

diz_admin

April 6, 2020

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါကဆေးရုံတက်ရောက် ကုသမှုခံယူနိုင်စေရေးဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေး အတွက်နေ့စဉ် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၅-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီမှ (၆-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီအထိ စောင့်ကြည့်လူနာအသစ် (၃၁) ဦး ရှိပါသည်။ ၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၆-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောသူ (၄၆) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသောသူ […]

ပြည်တွင်းခရီးက ပြန်လာသူများ ကျန်းမာရေး အစစ်ခံရမည်

diz_admin

April 5, 2020

ပြည်တွင်းခရီးမှ တနင်္သာရီတိုင်းသို့ ပြန်လာသူများမှာ စောင့်ကြည့်စခန်းတွင် ၁၄ ရက်နေထိုင်ရန် မလိုအပ်သော်လည်း ကျန်းမာရေးစစ်ခံရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးရွာအချို့တွင် ပြည်တွင်းခရီးမှ ပြန်လာသူများကို စောင့်ကြည့်စခန်းတွင် ၁၄ ရက်နေထိုင်ရန် ရွာတာဝန်ရှိသူများက ဖိအားပေးမှုနှင့် ပတ်သက်ပြီး ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “တကယ်တမ်းကျတော့ ကျွန်တော်တို့ နိုင်ငံတော်အစိုးရကရော၊ တိုင်းဒေသကြီးအစိုးရရော၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရော Local Quarantine ၁၄ ရက်တာ လုပ်ရမယ်ဆိုတာ ညွှန်ကြားထားခြင်း၊ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး”ဟု ဝန်ကြီး ဦးကျော်မင်းကဆိုသည်။ ထိုကြောင့် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တို့၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် ၎င်းကဆိုသည်။ သို့သော် ကိုယ်အပူချိန်မြင့်တက်နေခြင်း၊ […]