BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

သတ်မှတ်နေရာတွင် မနေသည့် ပြည်ပပြန်များကို အရေးယူမည်

diz_admin

April 9, 2020

ပြည်ပမှ ပြန်လည်ဝင်ရောက်သူများအနေနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်သတ်မှတ်ထားသည့် သီးခြားနေရာတွင်မနေပါက အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ပြောဆို လိုက်သည်။ မတ်လ ၂၂ ရက် နောက်ပိုင်း ပြည်ပမှပြန်လည်ဝင်ရောက်လာသူများသည် မြို့နယ်အလိုက် သီးခြားသတ်မှတ် ထားသည့်နေရာ (Community Based Facility Quarantine) တွင် ၁၄ ရက်ကြာ စောင့်ကြည့်မှုခံယူရန် မွန်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၂၈ ရက်က အမိန့်ကြေညာချက်ထုတ်ပြန်ထားသည်။ “ဒီအမိန့်ညွှန်ကြားချက်ကို ပူးပေါင်းပါဝင်ခြင်းမရှိဘူး။ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့ အမိန့်ကြေညာချက်မှာပါတဲ့ ဥပဒေ ၃ ခု ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ အဲဒီဥပဒေတစ်ရပ်ရပ်နဲ့ ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမယ်”ဟု မွန် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ မတ်လ ၂၉ ရက်ထိ ကောက်ယူရရှိထားသည့်စာရင်းအရ […]

ကိုရိုနာအရေးပေါ်အတွက် တပ်မတော် အသင့်ပြင်

diz_admin

April 9, 2020

ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးအတွက် တပ်မတော်ကလည်းအဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်းတနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးအရေးပေါ်အခြေအနေအတွက် တနင်္သာရီတိုင်းအတွင်းရှိ တပ်မတော်ဆေးရုံများသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တပ်မတော်ဆေးရုံများကိုပါအသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ “အားလုံးကတော့အဆင်သင့်လုပ် ထားတာပေါ့။ အခုတို့တပ်မတော်ဆေးရုံတွေဆိုလို့ရှိရင်တကယ်လို့ဖြစ်လာခဲ့ရင်ဘယ်သူမဆိုပေါ့။ ဖြစ်လာခဲ့ရင်ထားလို့ပြုလို့ရအောင်ဆိုပြီးတော့မှအဆောင်တွေဆို ကုတင်တွေကအစအကုန်လုံး အဆင်သင့်လုပ်ထားတာ။ For Show (အပြ) လုပ်ထားတာမဟုတ်ဘူး။ ဖြစ်လာရင်ဆရာဝန်လည်းအဆင်သင့် ဆေးလည်း အဆင်သင့်။ ကုတင်၊ လူနာတွေအတွက် လည်းအဆင်သင့်ပါ”ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ တပ်ဆေးရုံများတွင် စောင့်ကြည့်လူနာ၊ အရေးပေါ်လူနာတို့အတွက် သီးခြားအခန်းခွဲကာ ကြိုတင်စီစဉ်ထားပြီးတပ်မတော်ဆေးရုံမှန်သမျှ ယင်းသို့ပြင်ထားဖြစ်ကြောင်း ၎င်းကပြောသည်။ အဖျားတိုင်းစင်တာများဖွင့်လှစ်ကာ ရောဂါပိုးလက္ခဏာများရှာဖွေရာတွင်လည်း ဆေးတပ်မတော်ကပူးပေါင်းဆောင်ရွက်နေပြီး လက်ရှိတွင်စားသောက်နေထိုင်ရေးနှင့် နယ်မြေအခြေအနေအရ ထိုင်းနိုင်ငံနှင့်ထားဝယ်ခရိုင်နယ်ခြား ထီးခီးနယ်စပ်ဂိတ်တွင်တပ်မတော်က ဆရာဝန် ၂ဦး၊ အမျိုးသားသူနာပြု ၄ဦးတို့ကို တာဝန်ချထားကာ ပူးပေါင်းဆောင်ရွက်နေ ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ “ဖြစ်လာရင်ဝိုင်းလုပ်ကြတာပေါ့။ […]

ကုန်ပစ္စည်းဈေး အဆမတန် တင်ရောင်းက ဖုန်းဆက်တိုင်ပါ

diz_admin

April 9, 2020

တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်အရေးအကြောင်းပြကာ ကုန်ပစ္စည်းဈေးနှုန်းကို အဆမတန်တင်ရောင်းပါက စားသုံးသူရေးရာဦးစီးဌာနထံ ဖုန်းဆက်တိုင်ကြားနိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ အထက်ပါဌာန၏ တိုင်းဒေသကြီးဦးစီးမှူး၏ တယ်လီဖုန်းအမှတ် ဝ၉၅၁၂၇၃၈၇၊ ဝ၅၉၂၀၂၁၀၅၆၊ ဝ၅၉၂၀၂၁၂၀၄ ထံ ဆက်သွယ်တိုင်ကြားနိုင်သည်။ လက်ရှိတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိသည့် ဈေးနှုန်းများကို စာရင်းကောက်ယူပြီး ၎င်းတို့ရုံးချုပ်ထံ နေ့စဉ်တင်ပြနေကြောင်း အထက်ပါဌာန ထံမှ သိရသည်။ ထို့အပြင်ဌာနက ဈေးကွက်စုံစမ်းစစ်ဆေးရေးမှူးကိုခန့်ထားပြီး သတင်းစုံစမ်းခြင်း၊ သတင်းပေးတိုင်ကြားလာပါက ကွင်းဆင်းစုံစမ်းခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ဆိုသည်။ ပြည်သူများအနေဖြင့် ကုန်ပစ္စည်းဈေးနှုန်း ယခင်ထက်အဆမတန် ဝယ်ယူနေရပါက ဖုန်းဆက်တိုင်ကြားလာပါက တိုင်ကြားခံရသည့်ဆိုင်ကို စုံစမ်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းကဲ့သို့ ဈေးအဆမတန်တင် ပြီးရောင်းချနေခြင်းကို စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးမယူနိုင်သော်လည်း […]

ကိုရိုနာပိုးထိ လုပ်ငန်းများကို အစိုးရငွေထုတ်ချေးမည်

diz_admin

April 8, 2020

အချို့လုပ်ငန်းများနှင့် အလုပ်လက်မဲ့ လက်လုပ်လက်စားများအတွက် အစီအစဉ် ဝေးနေဆဲ ကိုရိုနာရောဂါပိုး ဂယက်ကြောင့် ထိခိုက်သော လုပ်ငန်းများကို အစိုးရက ငွေထုတ်ချေးမည် ဆိုသော်လည်း တနင်္သာရီတိုင်းအတွင်းမှ အချို့လုပ်ငန်း များနှင့် လက်လုပ်လက်စားများအတွက် အခွင့်အလမ်း ဝေးနေဆဲ ဖြစ်သည်။ ကိုရိုနာ ရောဂါပိုးဂယက်ကြောင့် ထိခိုက်မှု၊ သက်ရောက်မှုရှိသော စီးပွား ရေးလုပ်ငန်းများအတွက် အတိုးနှုန်း သက်သာသည့် ချေးငွေထုတ်ချေးရန် အစိုးရနှင့် ကုန်သည် စက်မှုအသင်းတို့ ပူးပေါင်းပြင်ဆင်လျက်သည်။ “COVID-19 နဲ့ ပတ်သက်ပြီး ထိခိုက်အများဆုံး ဖြစ်နိုင်မှာ ဖြစ်တဲ့ SME လုပ်ငန်းနဲ့ ပတ်သက်ပြီး ချေးငွေ ကို ထုတ်ချေးပေးသွားဖို့ဆိုတဲ့ကိစ္စက နိုင်ငံတော်က မူဝါဒတစ်ရပ်အနေနဲ့ ချမှတ် ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါပြီ”ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက […]

ကိုရိုနာ ကာကွယ်ထိန်းချုပ်ရေး အစိုးရနှင့်လူထု မည်သို့တုံ့ပြန်သင့်ပုံ

diz_admin

April 8, 2020

ကိုရိုနာရောဂါပိုး ကာကွယ်၊ ထိန်းချုပ် ရေး တစ်ကမ္ဘာလုံးက ကြိုးစားနေရသည်။ ရောဂါပိုးပျံ့နှံ့မှု အလွန်လျင်မြန်ခြင်း ကြောင့် ကူးစက်ခံ နိုင်ငံအများစုတွင် ခက်ခဲစွာ ထိန်းချုပ်နေရသည်။ သို့သော် ကူးစက်ခံရမှုနှင့် သေဆုံးမှု ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။ ယင်း ရောဂါပိုးပျံ့နှံ့မှုကို မည်သို့ ထိန်းချုပ်သင့်ကြောင်းကို ဟားဗတ် တက္ကသိုလ် ကနေဒီမူဝါဒရေးရာကျောင်း မှ ကျွမ်းကျင်သူများကို တက္ကသိုလ် အင်တာနက်စာမျက်နှာတွင် မေးမြန်း တင်ဆက်ထားမှု အချို့ကို စုစည်းဖော်ပြ လိုက်ပါသည်။ သတင်းအချက်အလက် အထူးအရေးကြီး ကိုဗစ်နိုင်တင်းကြောင့် ဖြစ်လာမည့် အကျိုးဆက်များကို လျှော့ချနိုင်ရန်၊ ထိန်းချုပ်ထားနိုင်ရန် သတင်းအချက် အလက်မှာ အထူးအရေးကြီးကြောင်း ဟားဗတ်တက္ကသိုလ် ကနေဒီမူဝါဒရေးရာ ကျောင်းမှာ ပါမောက္ခ မက်သူးဘွမ်က ထောက်ပြပြောဆိုသည်။ သတင်းအချက်အလက်များကို နိုင်ငံရေးကြောင့် ထိမ်ချန်ခြင်း မပြုဖို့၊ […]

စခန်းသွင်းစောင့်ကြည့်ရေးစင်တာ အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း တစ်ရာစီ အစိုးရထောက်ပံ့မည်

diz_admin

April 8, 2020

ကိုရိုနာရောဂါ ကာကွယ်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အလိုက်ဖွင့်လှစ်ထား သည့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် စခန်းသွင်းစောင့် ကြည့်ရေးစင်တာများအတွက် တစ်မြို့ နယ်လျှင် ငွေကျပ်သိန်းတစ်ရာနှုန်း ထောက်ပံ့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရသည်။ ပြည်သူလူထုပူးပေါင်း ပါဝင်သည့် စခန်းသွင်းစောင့်ကြည့်ရေးစင်တာများ (Community Based Facility Quarantine) အတွက် ထောက်ပံ့ငွေများ ကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး များထံ မကြာမီ ခွဲဝေထောက်ပံ့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးကျော်မင်းက ဆိုသည်။ “မြို့နယ်ထဲမှာရှိတဲ ရပ်ကျေးတွေ အဆင့်ဆင့်ကို ခွဲဝေပြီးတော့ ပေးလိုက် ဖို့ဆိုတဲ့ကိစ္စက မြို့နယ်အုပ်ချုပ်ရေးမှူး မှတစ်ဆင့် ဒါကို လှူဒါန်းပေးသွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးဦးကျော်မင်း က ပြောသည်။ တိုင်းအစိုးရ၏ အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး […]

ကိုရိုနာရောဂါဂယက်ကြောင့် တိုင်းအစိုးရရုံး ဝင်ခွင့် ကန့်သတ်

diz_admin

April 8, 2020

ကိုရိုနာရောဂါပိုး ဂယက်ကြေင့် တိုင်းအစိုးရရုံးအတွင်း ဝင်ခွင့်ကို ကန့်သတ် လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ မတ်လ ၃၀ ရက်မှစကာ ပြည်သူများအား တိုင်းအစိုးရဖွဲ့ရုံးအတွင်း ဝန်ကြီး များနှင့် တွေ့ဆုံမှုကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကန့်သတ်ခြင်းကို အခြား တိုင်းနှင့် ပြည်နယ်များတွင်လည်း လုပ် ဆောင်နေပြီး တနင်္သာရီတိုင်းတွင် အကြမ်း အားဖြင့် ဧပြီလ ၃၀ ရက်အထိ ကန့်သတ် ထားကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ “စာတွေဘာတွေကိုလည်း ဂိတ် မှာပဲ ပေးရမယ်။ အကယ်၍များ တအား အရေးကြီးလို့ အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦး ဦးနဲ့ တွေ့မယ်ဆိုရင် ဂိတ်ကနေပြီးတော့ ဖုန်းဆက်ပေးပါလိမ့်မယ်။ အရေးကြီးလို့ ဝန်ကြီးကနေ တွေ့ခွင့်ပေးမှသာလျှင် […]

အဝတ်ဖြင့် ပြုလုပ်သော နှာခေါင်းစည်း (Cloth Face Covering) နှင့် ပတ်သက်၍ သိကောင်းစရာများ

diz_admin

April 7, 2020

Download link: https://mohs.gov.mm/Main/content/publication/2019-ncov ရင်းမြစ် _ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန