BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

ကော့သောင်း ဓာတ်ခွဲပို့လူနာ ၂ ဦးစလုံး ကိုရိုနာပိုး မတွေ့

diz_admin

April 9, 2020

ကော့သောင်းမြို့ပြည်သူ့ဆေးရုံမှ ဓာတ်ခွဲပို့စစ်ဆေးခဲ့သော လူနာနှစ်ဦးစလုံးတွင် ကိုရိုနာရောဂါပိုးမတွေ့ကြောင်း ကော့သောင်းဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်က ပြောကြားသည်။ ယင်းနှစ်ဦးမှာလင်မယားဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ ဓာတ်ခွဲနမူနာကိုယူကာ ဧပြီ ၃ ရက်နေ့က ရန်ကုန်သို့ပို့ကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၄ ရက် ညတွင်ပိုးမတွေ့ဟု အဖြေရရှိကြောင်း ဒေါက်တာခင်ဇော်က ပြောသည်။ အမျိုးသမီးမှာ ထိုင်းနိုင်ငံမှ ပြန်လာသူဖြစ်ပြီး ရောဂါအခံရှိသည့် အရက်ကြောင်အသဲကျွတ်ရောဂါသည့် ခင်ပွန်းနှင့် တစ်ရက်နေထိုင်ပြီးနောက် စောင့်ကြည့်ရေးစခန်းသို့ ပြောင်းရွှေ့စောင့်ကြည့်ခံနေစဉ် ခင်ပွန်းကနောက်တစ်ရက်တွင် ဆေးရုံသို့ရောက်လာပြီး နာရီပိုင်းအတွင်း သေဆုံးသွားကြောင်း ဒေါက်တာခင်ဇော်က ပြောသည်။ သို့ကြောင့် ၎င်းအမျိုးသမီးအား ကိုရိုနာရောဂါလက္ခဏာမပြသော်လည်း စောင့်ကြည့်ရေးစခန်းမှပြန်ခေါ် ကာ ဓာတ်ခွဲနမူနာယူပြီး လင်မယားနှစ်ဦးစလုံး၏ ဓာတ်ခွဲနမူနာကို ရန်ကုန်ပို့ကာ အမျိုးသမီးအား သံသယလူနာအဖြစ်ဆေးရုံတွင် စောင့်ကြည့်ခဲ့ကြောင်း ၎င်းကပြောသည်။ “ပိုး မတွေ့ပါဘူး။ နှစ်ဦးစလုံး ပိုးမရှိအဖြေထွက်ပါတယ်” ဟု […]

မြိတ်ရှိ စောင့်ကြည့်ရေးစခန်းများတွင် တေးဂီတဖြင့် လိုက်လံဖျော်ဖြေ

diz_admin

April 9, 2020

ကိုရိုနာရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေး မြိတ်မြို့တွင် စခန်းသွင်း စောင့်ကြည့်ခံထားရသော ပြည်တော်ပြန်များအား တေးဂီတဖြင့် လိုက်လံဖျော်ဖြေနေကြောင်း သိရသည်။ မြိတ်မြို့ရှိ အပျော်တမ်းတေးဝိုင်းများဖြစ်ကြသည့် G 2 Music အဖွဲ့၊ Golden Hill တေးဂီတအဖွဲ့ နှင့် လုပ်ငန်းရှင်တစ်ဦးတို့ ဦးဆောင်ကာ ယင်းစခန်းများသို့ ည ၇ နာရီမှ ည ၁၀ နာရီအထိ တေးဂီတများ သီဆိုကာ လိုက်လံဖျော်ဖြေ နေခြင်းဖြစ်သည်။ “အားငယ်နေသူတွေကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ လာရောက်ဖျော်ဖြေနေတာပါ”ဟု တီးဝိုင်းခေါင်းဆောင် တစ်ဦးကပြောသည်။ မြိတ်မြို့နယ်အတွင်း အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်း၊ မြိတ်တက္ကသိုလ်၊ ကျောက်ဖျာကျေးရွာနှင့် မဇောကျေးရွာတို့တွင် စောင့်ကြည့်ရေးစခန်းများရှိပြီး ယင်းအဖွဲ့အနေဖြင့် အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်းတွင် နှစ်ညဆက်တိုက် ဖျော်ဖြေခဲ့ပြီးဖြစ်သည်။ ဧပြီလ ၉ ရက်နေ့ ညတွင် မြိတ်တက္ကသိုလ်စောင့်ကြည့်ရေးစခန်းတွင် ဖျော်ဖြေခဲ့ကြခြင်း ဖြစ်သည်။ ဓာတ်ပုံ_ကိုဆန်း

စည်းကမ်းမလိုက်နာသည့်ခရီးသည်ယာဉ်အား အရေးယူရေးတင်ပြမည်

diz_admin

April 9, 2020

ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းအားလိုက်နာခြင်းမရှိသည့် ခရီးသည်ယာဉ်လိုင်းအား အရေးယူရေးတနင်္သာရီတိုင်းအစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ သိရသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုးရှိနေပြီဖြစ်ကြောင်း အစိုးရကထုတ်ပြန်ပြီးနောက်ပိုင်း ကြိုတင်ကာကွယ်သည့်အနေဖြင့် မြိတ်သို့လာရောက်ပြေးဆွဲနေကြသည့် ယာဉ်လိုင်းများအား ယာဉ်ပေါ် ပါခရီးသည်အားလုံးကို နေရပ်လိပ်စာအပြည့်အစုံရေးသွင်းတင်ပြရန် ယာဉ် လိုင်းများကို ယင်းကော်မတီမှ ညွန်ကြားထားသည်။ သို့သော် ရန်ကုန်မှမြိတ်မြို့သို့ မတ်လ ၃၀ရက်က ဝင်ရောက်လာသည့် မန္တလာမင်းယာဉ်သည် နိုင်ငံခြားသား ၃ ဦးကိုတင်ဆောင်လာပြီး “တိုးရစ်” (နိုင်ငံခြားခရီးသွား) ဟုသာ ရေးသားထားပြီး အမည်နေရပ်လိပ်စာထည့်သွင်းရေးမထားသဖြင့် စည်းကမ်းဖောက်ဖျက် မှုကို အရေးယူရေးတင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီဥက္ကဋ္ဌ ဦးအောင်သင်းမောင်က ပြောသည်။ “ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိတဲ့အတွက် အရေးယူနိုင်ဖို့ တိုင်းဒေသကြီးအစိုးရကိုတင်ပြသွားမယ်”ဟု ၎င်းက ပြောသည်။ မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီသို့ ပေးခဲ့သည့်ခရီးသည်စာရင်းတွင် နိုင်ငံခြားသား ၃ ဦး၏အမည်၊ […]

မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပိတ်ရက် ထပ်မံတိုးမြှင့်

diz_admin

April 9, 2020

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ယာယီပိတ်ထားသည့် မြန်မာ-ထိုင်း နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ်၊ မောတောင်ဂိတ်နှင့် ထိုင်းနိုင်ငံစင်ခွန်းအထူး ယာယီနယ်စပ်ဂိတ် (မောတောင်-စင်ခွန်းဂိတ်)မှ ဝင်/ထွက်သွားလာမှုပိတ်ခြင်းကို ဧပြီလ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်၊ နှိမ်နင်း၊ တားဆီးရေးအတွက် မတ်လ ၂၁ ရက် မှစပြီး ဧပြီလ ၃ ရက်အထိ မောတောင် – စင်ခွန်းနယ်စပ်ဂိတ်ကို ယာယီပိတ်ထားခဲ့ရာမှ ယခုကဲ့သို့ ထပ်တိုးလိုက်ခြင်း ဖြစ်သည်။ စင်ခွန်းအထူးယာယီနယ်စပ်ဂိတ်မှ လူ၊ ယာဉ်များနှင့် ပစ္စည်းများ ဝင်/ထွက် သွားလာမှုအား ဧပြီလ ၃၀ ရက်အထိ ရက်ထပ်တိုးမြှင့်ပိတ်ထားကြောင်းကို ထိုင်းနိုင်ငံကလည်း ဧပြီလ ၃ ရက်က စာထုတ်ပြန်ထားကြောင်းသိရသည်။ ယင်းကဲ့သို့ နယ်စပ်ဂိတ်ပိတ်ထားသဖြင့် မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ […]

ထားဝယ်ခရိုင်အတွင်း ဧပြီ ၁ မှစ၍ ဆိုင်ထိုင်ခွင့်မပြုတော့ ပါဆယ်သာ ရမည်

diz_admin

April 9, 2020

ထားဝယ်ခရိုင်အတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသည့်စနစ်ဖြင့် ရောင်းချပါကအရေးယူမည်ဖြစ်ကြောင်း ခရိုင် Covid-19 ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ထုတ်ပြန်လိုက်သည်။ အဆိုပါဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာရောင်းချရမည်ဖြစ်ပြီး ဖောက်ဖျက်ပါက ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း မတ်လ ၃၀ ရက်က သက်ဆိုင်ရာမြို့နယ်များကို စာထုတ်ညွှန်ကြားခဲ့သည်။ ထိုသို့ အရေးယူမည့်အကြောင်းကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ကျယ်ကျယ်ပြန့်ပြန့် အသိပေးသွားရန်လည်း ဆော်ဩထားသည်။ လူစုလူဝေးနှင့် လူထူထပ်သည့် နေရာများဖြစ်နိုင်သည့် စားသောက်ဆိုင်၊ ထမင်းဆိုင်၊ အရက်ဆိုင်၊ ဘီယာဆိုင် လက်ဖက်ရည်ဆိုင်များအပြင် ဒေသတွင်းကျယ်ပြန့်စွာရောင်းချနေသည့် ထားဝယ်မုန့်လက်သုပ်ဆိုင်အပါအဝင် ဆိုင်အားလုံးအကျုံးဝင်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “စည်ပင်ကိုကြီးကြပ်ခိုင်းထားတယ်။ ဆိုင်တွေက သူတို့ဆီမှာမှတ်ပုံတင်ရတာကိုး”ဟု ၎င်းက ဆိုသည်။ တနင်္သာရီတိုင်းအတွင်း အလှူ၊ မင်္ဂလာဆောင်၊ ဘာသာရေးပွဲတော်/ အခမ်းအနားများ မလုပ်ရန်နှင့် ဖောက်ဖျက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း […]

ကိုဗစ်ဂယက်ကြောင့် ဆံသလုပ်ငန်း ဝင်ငွေ ထက်ဝက်ကျဆင်း

diz_admin

April 9, 2020

ကိုရိုနာရောဂါဂယက်ကြောင့် အခြားစီးပွားရေးလုပ်ငန်းများ ထိခိုက်နေချိန်တွင် ထားဝယ်ဒေသရှိ ဆံသဆိုင်လုပ်ငန်းများလည်း ပါဝင်သည်။ ကိုရိုနာဂယက်မတိုင်မီကတစ်ရက်လျှင် ဆံပင်လာညှပ်သူဦးရေ ၃၀ ခန့်ရှိရာမှ လက်ရှိတွင် ၁၀ ဦးကျော်သာရှိတော့ကြောင်း ထားဝယ်မြို့ဝဲကျွန်းရပ်ကွက် ဇမ္ဗူဆံသဆိုင်မှ ကိုမျိုးမင်းလွင်က ဆိုသည်။ “တကယ်က ဒီလိုချိန်ဆို အရမ်းစည်နေတာ။ သင်္ကြန်နားနီးနေတာကို”ဟု ကိုမျိုးမင်းလွင်က ပြောသည်။ ဇမ္ဗူဆံသဆိုင်နည်းတူ အခြားဆံသဆိုင်များတွင်လည်း ဆံပင်လာညှပ်သူဦးရေ ထက်ဝက်ကျော်ကျဆင်းလာကြောင်း ပြောကြသည်။ ထားဝယ်မြို့၊ မီးသတ်လမ်းဆုံရှိ ဆန်းK ဆံသဆိုင်ပိုင်ရှင်ဖြစ်သူ ကိုဆန်းကိုကလည်း လက်ရှိတွင် ပုံမှန်ဖောက်သည်အနည်းငယ်သာ လာညှပ်ကြတော့သည်ဟု ဆိုသည်။ ဆံပင်ညှပ်ပေးရာတွင်လည်း စိတ်မလုံခြုံမှုများခံစားရပြီး ဖောက်သည်မဟုတ်ပါက ပိုမိုထိတ်လန့်နေရသည်ဟု ၎င်းက ပြောသည်။ “အလုပ်များတာကိုလည်း မကြိုက်ဘူး။ ဆိုင်ခန်းခတွေနဲ့ မဖြစ်မနေလုပ်နေရတဲ့ ပုံစံမျိုးပေါ့ခင်ဗျား။ စိတ်ကတော့ မရှိတော့ဘူး”ဟု ကိုဆန်းကိုက ဆိုသည်။ ထားဝယ်မြို့ရှိ အမျိုးသားဆံသဆိုင်များ ဝင်ငွေကျလာသည့်နည်းတူ […]

သင်္ကြန်ရေမပက်ရန် အစိုးရ မေတ္တာရပ်ခံ

diz_admin

April 9, 2020

သင်္ကြန်ကာလအတွင်း ရေလောင်း၊ ရေပက်ခြင်းမပြုရန် တနင်္သာရီတိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံလိုက်သည်။ လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေသဖြင့် ကလေးသင်္ကြန်အပါအဝင် သင်္ကြန်ပွဲတော်ကာလတွင် ရေလောင်း၊ ရေပက်ခြင်းမပြုရန် မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ တိုင်းအစိုးရအဖွဲ့၏ မေတ္တာရပ်ခံချက်စာကိုလည်း မကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သင်္ကြန်ပွဲတော်တွင် ရေပက်ခြင်းမှာ ယဉ်ကျေးမှုအပေါ် အခြေခံပြုလုပ်သည့်အတွက် အရေးယူမှုမလုပ်ဆောင်ဘဲ မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ “ယဉ်ကျေးမှုပွဲဖြစ်နေလို့ မေတ္တာရပ်ခံတာပါ”ဟု ၎င်းက ဆိုသည်။ သင်္ကြန်ပွဲတော်ကာလအတွင်း မဏ္ဍပ်ကြီးများ၊ အုန်းလက်မဏ္ဍပ်များ မဆောက်ရန်၊ ရေပက်ခံကားများဖြင့် မလည်ပတ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ ယင်းအပြင် ထိုသို့မလုပ်ဆောင်စေရေးကြပ်မတ်ရန် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများကလည်း ရပ်ကွက်/ကျေးရွာများကို ညွှန်ကြားထားသည်။ သင်္ကြန်ကာလအတွင်း အုန်းလက်မဏ္ဍပ်အပါအဝင် မည်သည့် ရေကစားမဏ္ဍပ် ဆောက်လုပ်ရေကစားခြင်းနှင့် ရေပက်ခံယာဉ်ဖြင့် လူစုလည်ပတ်ခြင်းခွင့်မပြုကြောင်း မြိတ်မြို့တွင် သက်ဆိုင်ရာ […]

မွန်တွင် လူစုလူဝေးလုပ်သူကို စတင် အရေးယူ

diz_admin

April 9, 2020

လူစုလူဝေးဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းကို စတင်တရားစွဲဆိုလိုက်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဧပြီလ ၁ ရက်က တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ “မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ကျွန်တော်က ဒီဟာနဲ့ ပတ်သက်ပြီး ဥပဒေအရာရှိနဲ့ ညှိနှိုင်းပြီးတော့မှ ဘယ်ဥပဒေနဲ့ငြိလဲပေါ့။ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က) နဲ့ ငြိစွန်းမှုရှိတဲ့အတွက် ဒါကို ၃၀(က)နဲ့ တရားစွဲဆိုဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်”ဟု ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကပြောသည်။ ဘုရားထီးတော်တင်ပင့်ဆောင်သည့်ကိစ္စကို ကျေးရွာခံအချို့တို့မှ မတ် လ ၂၉ ရက်က ရပ်ကျေးအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့မှုအပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မဖြစ်ပွားစေရေးအတွက် […]