BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

မြိတ်မှ နောက်ဆုံးရ သတင်းများ (ဧပြီ ၁၂၊ ၂၀၂၀)

diz_admin

April 12, 2020

ရွာထဲသို့ အပြင်လူစိမ်းမဝင်ရ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဧပြီလ ၁၁ ရက်နေ့မှစပြီး ပြင်ပမှ လူစိမ်းဝင်ရောက်ခြင်း တားမြစ်လိုက်ပြီဖြစ်သည်။ ရွာသားများအနေနှင့် သင်္ကြန်တွင်း နေရပ်သို့ပြန်လာပါက ရွာရှိ‌ စောင့်ကြည့်ရေးစခန်းတွင် နေထိုင်ပြီးမှ နေအိမ်သို့ ပြန်ခွင့်ရှိကြောင်း အနောက်သာရဖုံကျေးရွာနေသူ တစ်ဦးက ပြောသည်။ သို့သော် ရွာချင်းဆက်နေသူများအနေနှင့် တစ်ရွာနှင့် တစ်ရွာ ဝင်ထွက်သွားလာနိုင်ကြောင်း အနောက်သာရဖုံကျေးရွာနေသူတို့ထံမှ သိရသည်။ ဖျားနာ ကုသမည့် ဆေးခန်းဖွင့်မည် COVID-19 ကာကွယ်ကုသရေးအတွက် Fever clinic ကို မြိတ်ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ဆောင် အလယ်ပေါက်နှင့် ကန်ခေါင်းရပ်ကွက် မိခင်နှင့်ကလေးဆေးကုသဆောင်ရှိ နားနေဆောင်တို့တွင် ဧပြီလ ၁၄ ရက်နေ့မှစပြီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြိတ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး၊ ရင်ကြပ်လူနာများအတွက် သတ်မှတ်ချိန်ဖြစ်သည့် နေ့စဉ် နံနက် ၉ နာရီမှ […]

တနင်္သာရီတိုင်းအတွင်း ကိုရိုနာရောဂါပိုးစစ်ထားသူ သုံးဆယ်ကျော်ရှိ၊ ယနေ့ည အဖြေသိရမည်

diz_admin

April 12, 2020

တနင်္သာရီတိုင်းအတွင်းမှ ကိုရိုနာရောဂါပိုးရှိ/မရှိ ဓာတ်ခွဲခန်းပို့ထားသူ သုံးဆယ်ကျော်ရှိပြီး ၎င်းတို့၏ ဓာတ်ခွဲအဖြေကို ယခုညတွင် သိရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ တိုင်းအတွင်း မြို့နယ် ၁၀ ခုရှိ စောင့်ကြည့်ရေးစခန်းများ (Facility Quarantine) တွင် စောင့်ကြည့်ခံနေရသူ ၃၀ ဦးနှင့် ဆေးရုံစောင့်ကြည့်လူနာ ၅ ဦး ဓာတ်ခွဲနမူနမူများကို ယခုည သိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စောင့်ကြည့်စခန်းရှိသူများတွင် ကိုရိုနာရောဂါပိုးလက္ခဏာမရှိသော်လည်း စောင့်ကြည့်သည့်ရက်ပြည့်ခါနီး ၃၀ ဦး၏ နမူနာများကို ဓာတ်ခွဲခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ရောဂါလက္ခဏာ ဘာမှတော့ မရှိဘူးပေါ့”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ယင်းအပြင် ဧပြီလ ၁၃ ရက်နေ့တွင် ထားဝယ်ဆေးရုံရှိ စောင့်ကြည့်လူနာ ၃ ဦးနှင့် တနင်္သာရီမြို့နယ်မှ […]

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ အသက် ၈၅ နှစ်အရွယ် အဖိုး ကွယ်လွန်

diz_admin

April 12, 2020

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသည့် ၃၉ ဦးမြောက်အဖြစ် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ယနေ့ည ၈ နာရီ သတင်းထုတ်ပြန်သည့် အသက် ၈၅ နှစ် အဖိုးမှာ ယနေ့ မနက်ကပင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဖိုးအိုသည် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်တွင်နေထိုင်သူဖြစ်ပြီး ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် ကျုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ၃၉ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၄ ဦး ရှိပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၁ ဦးရှီပြီ၊ ဆရာ၀န်တစ်ဦးပါလာ

diz_admin

April 11, 2020

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အပြည့်အစုံ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၁-၄-၂၀၂၀)ရက်နေ့၊ ည ဓာတ်ခွဲအဖြေမျာအရ စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများ တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံရသူများ စုစုပေါင်း (၁၆၇) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ (၃) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာများနှင့် စောင့်ကြပ်ကြည့်ရှုမှုခံရသူ (၁၆၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။ ၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-029) သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် နေထိုင်သော အသက် […]

မြိတ်တွင် လူနာအမှတ် ၂၅ နှင့်ဆက်စပ် လူနှစ်ရာနီးပါးအား စောင့်ကြည့်၊ ထပ်မံစုံစမ်း

diz_admin

April 11, 2020

မြိတ်မြို့ မင်္ဂလာဆောင်သို့ လာရောက်ခဲ့သည့် ကိုဗစ်လူနာ အမှတ် ၂၅ နှင့်ပတ်သက်ခဲ့သည့် လူနှစ်ရာနီးပါးအား အိမ်၊ ဟိုတယ်နှင့်စောင့်ကြည့်ရေး စခန်းများတွင် ကျန်းမာရေးစောင့်ကြည့်နေပြီး နောက်ထပ်ဆက်စပ်သူများကိုလည်း ဆက်လက်စုံစမ်းလျှက်ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောကြားသည်။ ရန်ကုန်မြို့နေ အသက် ၅၅ နှစ်ရှိ အမျိုးသားလူနာအမှတ် ၂၅ သည် မြိတ်မြို့ရှိ မင်္ဂလာဆောင်သို့ မတ်လ ၂၃ ရက်နေ့တွင်ရောက်ရှိလာပြီး မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်သို့ပြန်ရောက်ခဲ့သည်။ ပြီးနောက် ဧပြီလ ၂ ရက်နေ့တွင် ဖျားနာခဲ့ပြီး ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပြီး သီးခြားလူနာအဖြစ်စစ်ဆေးခဲ့ရာ ကိုဗစ်နိုင်တင်း ရောဂါတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ လူနာတည်းခိုခဲ့သည့် ဟိုတယ်ပိုင်ရှင်အပါအဝင် ဝန်ထမ်း ၃၃ […]

သင်္ကြန်ကာလ ရေမကစားရန် အမိန့်ထုတ်

diz_admin

April 11, 2020

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် သင်္ကြန်ကာလအတွင်း မည်သည့်ရေပက်ကစားခြင်းကိုမျှ မပြုလုပ်ရဟု ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဧပြီလ ၁၀ ရက်နေ့တွင် ဒေသန္တရအမိန့် ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံး၌ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်အဆုတ်ရောင်ရောဂါဖြစ်ပွားနေသဖြင့် အဆိုပါ ကူးစက်မြန်ရောဂါ ထားဝယ်မြို့နယ်တွင် ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ယင်းအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ အုန်းလက်မဏ္ဍပ်၊ ကလေးသင်္ကြန်မဏ္ဍပ်နှင့် မည်သည်ရေပက်ခံမဏ္ဍပ်ကိုမျှ ဆောက်လုပ်ရေကစားခြင်းမပြုရန်နှင့် ရေပက်ခံယာဉ်များ၊ သုံးဘီးယာဉ်များ၊ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ လှည့်လည်ရေကစားခြင်းများကို မပြုလုပ်ရဟု ထုတ်ပြန်ချက်တွင် အချက် ၁၀ ချက်ခန့် ဖော်ပြထားသည်။ မော်တော်ယာဉ်၊ ဆိုင်ကယ်များ၊ စက်တပ်ယာဉ်များတွင် ပါဝါအိတ်ဇောတပ်၍ မောင်းနှင်ခြင်း၊ ပြိုင်မောင်းခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ နံပါတ်ပြားမရှိဘဲ မောင်းနှင်ခြင်း၊ မူးယစ်သောက်စားကာ မောင်းနှင်ခြင်းနှင့် အမျိုးသမီးများအား ကာယိန္ဒြေပျက်ပြားစေနိုင်သော အပြုအမူများ မပြုလုပ်ရဟု […]

ကိုရိုနာရောဂါဂယက်ကြောင့် တိုင်းအစိုးရရုံး ဝင်ခွင့် ကန့်သတ်

diz_admin

April 9, 2020

ကိုရိုနာရောဂါပိုးဂယက်ကြေင့် တိုင်းအစိုးရရုံးအတွင်း ဝင်ခွင့်ကိုကန့်သတ်လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ မတ်လ ၃၀ ရက်မှစကာ ပြည်သူများအား တိုင်းအစိုးရဖွဲ့ရုံးအတွင်းဝန်ကြီးများနှင့် တွေ့ဆုံမှုကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကန့်သတ်ခြင်းကို အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း လုပ်ဆောင်နေပြီး တနင်္သာရီတိုင်းတွင်အကြမ်းအားဖြင့် ဧပြီလ ၃၀ ရက်အထိ ကန့်သတ်ထားကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ “စာတွေဘာတွေကိုလည်း ဂိတ်မှာပဲ ပေးရမယ်။ အကယ်၍များ တအားအရေးကြီးလို့ အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးဦးနဲ့ တွေ့မယ်ဆိုရင် ဂိတ်ကနေပြီးတော့ ဖုန်းဆက်ပေးပါလိမ့်မယ်။ အရေးကြီးလို့ ဝန်ကြီးကနေတွေ့ခွင့်ပေးမှသာလျှင် တွေ့ရမှာဖြစ်ပါတယ်”ဟု ဦးကျော်မင်းက ပြောသည်။ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လက်မှတ်ထိုးရမည့် ရုံးတွင်းစာများ၊ ကုမ္ပဏီများ၏တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီက လက်မှတ်ထိုးရမည့်စာများနှင့် အခြားစာများကို အစိုးရရုံးပေါက်ဝရှိဂိတ်တွင်လက်ခံပြီး ယင်းမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးထံ ဆောင်ယူသွားသည့်စနစ်ကို ကျင့်သုံးနေသည်။

ထားဝယ်တက္ကသိုလ်ရှိ စောင့်ကြည့်စခန်း လူ ၄၀ဝ အတွက် အသင့်ပြင်ထား ဟုဆို

diz_admin

April 9, 2020

နေရပ်ပြန်သူ ၄၀ဝ ဦးအထိ အဆင်သင့်စောင့်ကြည့်စခန်းချနိုင်ရန် ထားဝယ်တက္ကသိုလ်တွင် အဆင်သင့်ပြင်ဆင်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းကပြောသည်။ လက်ရှိတွင် လူဦးရေ ၁၂၀ အတွက် ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ အိပ်ရာ ခင်းနှင့် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ရေခွက်၊ ဆပ်ပြာ အစရှိသည့် ပစ္စည်းများကို အဆင်သင့်ပြင်ထားကြောင်း ၎င်းက ဆိုသည်။ ကျန်ရှိသည့် လူ ၂၈၀ ဦးအတွက် ပစ္စည်းများကိုအခုရက်ပိုင်းအတွင်း ဖြည့်ဆည်းမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ထားဝယ်တက္ကသိုလ်ရှိ ဗထူးဆောင်ကို စောင့်ကြည့်စခန်းအဖြစ်ပြင်ဆင်ထားပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှပြန်လာသူ ၉ ဦးနှင့် ဝန်ထမ်း ၁ ဦးကို စောင့်ကြည့်နေသည်။ လက်ရှိတွင် ကိုရိုနာရောဂါဂယက်ကြောင့် ထိုင်းနိုင်ငံမှပြန်လာမည့်သူများရှိနေသေးပြီး ၎င်းတို့ပြန်လာပါက ထိုနေရာတွင် ၁၄ ရက်ကြာ စောင့်ကြည့်မည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ […]