BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ ၂ ဦးထပ်တိုး၊ စုစုပေါင်း ၉၆ ဦး ရှိပြီ

diz_admin

April 18, 2020

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အပြည့်အစုံ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၈-၄-၂၀၂၀) ရက်နေ့၊ ပထမအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၉၁) ခုအနက် (၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၈၉) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ)ပါ။ ၂။ ယခုအထိ ဓာတ်ခွဲအတည်ပြုလူနာ (၉၆) ဦးအနက် (၅) ဦးမှာသေဆုံးခဲ့ပြီး၊ (၂) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ပါသည်။ ၃။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၄)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ဝေဘာဂီအထူးကုဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်တွင် လူနာ (၃) ဦးအား ကုသမှုပေးလျက်ရှိပြီး […]

ဘောလုံးကွင်းကို ဈေးအဖြစ် ပြောင်းလိုက်တဲ့ရွာ

diz_admin

April 15, 2020

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ ဘောလုံးကွင်းကို ဈေးအဖြစ် ပြောင်းဖွင့်လိုက်ပါတယ်။ ဘောလုံးကွင်းဈေးအသစ်ကို ဧပြီလ ၁၅ ရက်မှစပြီး ပြောင်းလိုက်တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဈေးရောင်းသူ တစ်ဦးနှင့် တစ်ဦး ကိုးပေစီခွာပြီး ရောင်းချနိုင်ရန်ဖို့ ဒီလိုစီစဉ်တာဖြစ်တယ်လို့ဆိုပါတယ်။ လူထောင်ချီစုဝေး နေကြတဲ့ မြို့ပေါ်က‌ဈေးမှာ ‌ရောင်းသူ၊ ဝယ်သူ နှာခေါင်းစည်းတပ်ကြဖို့ ပြောဆိုနေချိန်မှာ လူရာဂဏန်းမပြည့်တဲ့ ကျေးလက်ဈေးတစ်ခုကတော့ အခုလို ကိုးပေခွာ ဈေးရောင်းတာကို စတင်လိုက်တာပါ။ ဘောလုံးကွင်းဈေးလုပ်ဖို့အတွက် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကိုလည်း အသိပေးထားဖြစ်တယ်လို့ ညင်းမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးထိုက်က ပြောပါတယ်။ ညင်းမော်ဈေးကိုတော့ နံနက် ၄ နာရီဝန်းကျင်မှ ၈ နာရီဝန်းကျင်အထိ ဖွင့်လှစ်ပါတယ်။ ကျော်သူစိုး

ပြည်တွင်းခရီးမှ တနင်္သာရီတိုင်းအတွင်းသို့ လာသူအားလုံး စောင့်ကြည့်စခန်းတွင် ၂၁ ရက် နေရမည်

diz_admin

April 15, 2020

ပြည်တွင်း အခြားဒေသမှ တနင်္သာရီတိုင်းအတွင်းသို့ ဝင်ရောက်လာသူအားလုံး စောင့်ကြည့်စခန်းများတွင် (Quarantine) ၂၁ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ မလွှဲတောင်ဂိတ်နှင့် လေကြောင်းမှလာသည့် ခရီးသည်များ မိမိသွားလာမည့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရှိ စောင့်ကြည့်စခန်းများတွင် စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေးကိစ္စ သွားလာသူများ မပါဘဲ အိမ်စီးကား၊ ခရီးသည်တင်ကားဖြင့် လာရောက်သူ မည်သူမဆို စောင့်ကြည့်စခန်းတွင် နေရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် သင်္ကြန်တွင်းကာလဖြစ်သည့်အတွက် လေကြောင်းလိုင်းများ ခေတ္တရပ်နားထားသည်။ “အိမ်စီးကာတွေလာမယ်ဆိုရင် ပါလာတဲ့လူမှန်သမျှအကုန်လုံး ရောက်ရှိတဲ့ကျေးရွာ/ရပ်ကွက်မှာတော့ ၂၁ ရက် Quarantine (စောင့်ကြည့်စခန်း)ဝင်ရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ထိုသို့ လုပ်ဆောင်ရန် လာရောက်သူ သွားမည့် ရပ်ကွက်/ကျေးရွာတာဝန်ရှိသူနှင့် […]

ရေဖြူဘုန်းကြီးပျံနှင့် မြိတ်မင်္ဂလာဆောင်ကိစ္စ တရားစွဲမည်

diz_admin

April 14, 2020

ကိုရိုနာရောဂါပိုး ကူးစက်ပြန့်ပွားနေသည့် ကာလတွင် ဘုန်းကြီးပျံပွဲကျင်းပသည့် ရေဖြူမြို့နယ်ကိစ္စနှင့် မြိတ်မြို့တွင် လုပ်ဆောင်သွားသည့် မင်္ဂလာဆောင်ကိစ္စကို တရားစွဲဆိုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူမြို့တွင် သက်တော် ၈၃ နှစ်အရွယ် ဆရာတော်ပျံလွန်တော်မူသွားသည့်အတွက် ဈာပန အခမ်းအနားကို ဧပြီလ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ မြိတ်မြို့တွင် ကိုရိုနာရောဂါအတည်ပြုလူနာအမှတ် ၂၅ လာရောက်ခဲ့သည့် မင်္ဂလာဆောင်အခမ်းအနားကို မတ်လ ၂၄ ရက်တွင် ကျင်းပခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးနိုင်ရေးအတွက် မင်္ဂလာဆောင်၊ အလှူနှင့် ဘာသာရေးအခမ်းအနားများ လုံးဝမလုပ်ရန် မတ် ၂၁ ရက်နေ့က ညွှန်ကြားထားပြီး ပြုလုပ်က အရေးယူရန် မတ်လ ၂၈ ရက်တွင် ညွှန်ကြားထားသည်။ ယင်းအတွက်ကြောင့် ရေဖြူဘုန်းကြီးပျံနှင့် မြိတ်မင်္ဂလာဆောင် ဦးဆောင်သူများကို […]

အပြင်ထွက်က Mask တပ်ရမည်

diz_admin

April 14, 2020

မြိတ်တွင် Face mask တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်ပါက အရေးယူမည့် ဒေသန္တရ အမိန့်တစ်ရပ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု အေးရိပ်ချောင် မဟာစည်သာသနာ့ရိပ်သာရှိ Facility Quarantine Center သို့ လာရောက်သူများအနေဖြင့် ဧပြီလ ၁၂ ရက်နေ့မှ စပြီး Face Mask များတပ်ဆင်ထားရမည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် လက်ဆေးခြင်း၊ လက်အိတ်ဝတ်ဆင်ခြင်းနှင့် Face Mask တပ်ဆင်ရမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စည်ပင်ကော်မတီမှ သိရသည်။ ထို့ပြင် ဈေးပတ်ဝန်းကျင်တွင် သံသယရှိလူနာများတွေ့ရှိပါက သက်ဆိုင်ရာဈေးတာဝန်ခံ၊ ဈေးကော်မတီတို့အား အကြောင်းကြားရမည်ဖြစ်ပြီး စည်းကမ်းချက်များအား ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။ မြင့်မိုရ် (မြိတ်)

မြိတ်နှင့် ထားဝယ်မှ စောင့်ကြည့်လူနာ ၃၀ နီးပါး ဓာတ်ခွဲ နမူနာပို့

diz_admin

April 14, 2020

ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်မှ ကိုရိုနာရောဂါပိုးရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးထားသူ သုံးဆယ်နီးပါး၏ အဖြေကို ယနေ့ည သိရဖွယ်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ဧပြီလ ၁၃ ရက်နေ့က ထားဝယ်ဆေးရုံကြီးနှင့် တနင်္သာရီဆေးရုံတို့မှ စောင့်ကြည့်လူနာ ၆ ဦး၏ ဓာတ်ခွဲနမူနာပေးပို့ထားသည်။ ဧပြီလ ၁၄ ရက်နေ့တွင် အတည်ပြုလူနာအမှတ် ၂၅ နှင့် ဆက်နွယ်ထိတွေ့ခဲ့သူ ၂၀ ဦးနှင့် မြိတ်နှင့် တနင်္သာရီဆေးရုံမှ တစ်ဦးစီ၏ ဓာတ်ခွဲနမူနာများ ပေးပို့ထားသည်။ ဧပြီလ ၁၃ ရက်နေ့က နမူနာပေးပို့ထားသူ ၆ ဦး၏ အဖြေကို ယနေ့ညသိနိုင်မည်ဖြစ်ပြီး ယနေ့ပို့ထားသူများ၏ အဖြေလည်း ပါလာနိုင်ဖွယ်ရှိကြောင်း ဒေါက်တာထွေးမြစိုးက ဆိုသည်။ “အဖြေထွက်နိုင်တယ်ပေါ့နော်” ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ဧပြီလ […]

ဧပြီလ ၁၃ ရက်နေ့ မြိတ်နောက်ဆုံးရ သတင်း

diz_admin

April 13, 2020

မြိတ်ဆေးရုံကြီးတွင် ဧည့်တွေ့ချိန်ပိတ် ကိုရိုနာဗိုင်းရပ်စ်‌ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် မြိတ်ပြည်သူ့ဆေးရုံကြီးတွင်ဧည့်တွေ့ချိန် ယာယီ ပိတ်လိုက်ပြီဖြစ်သည်။ ဧည့်တွေ့ချိန်အား ဧပြီလ ၄ ရက်နေ့မှစပြီး နေ့စဉ် ညနေ ၄ နာရီမှ ၅ နာရီအထိသတ်မှတ်ထားသည်။ သို့သော် ဧပြီလ ၁၃ ရက်နေ့မှစပြီး ဧည့်တွေ့ချိန်ကို ခေတ္တပိတ်ထားလိုက်ပြီဖြစ်သည်။ ဧည့်တွေ့ချိန် ခေတ္တပိတ်ထားလိုက်ပြီဖြစ်သော်လည်း လူနာ ထမင်းချိုင့်ပို့ချိန်ကိုနံနက်ပိုင်းတွင် နံနက် ၇ နာရီမှ ၈ နာရီအထိ၊ နေ့လယ်တွင် ၁၁ နာရီမှ ၁၂ နာရီအထိ၊ ညနေတွင် ၄ နာရီမှ ၅ နာရီအထိ သတ်မှတ်ထားဆဲဖြစ်သည်။ ဈေးရောင်းချိန်ကန့်သတ် မြိတ်မြို့ပေါ်ရှိ စည်ပင်ပိုင်ဈေးတို့တွင် ဧပြီလ ၁၄ ရက်နေ့မှစပြီး ဧပြီလ ၃၀ ရက်နေ့အထိဈေးနှင့်ဈေးနယ်နိမိတ်အတွင်း ဆေးဝါး၊ အစားအသောက်များနှင့် […]

တလောကလုံးရဲ့ဆုတောင်း

diz_admin

April 12, 2020

COVID-19 ကပ်ရောဂါဘေးအား ရှေ့တန်းမှ ကြံ့ကြံ့ခံ ရင်ဆိုင်၍ ကာကွယ်၊ ကုသပေးနေသောကျန်းမာရေး သူရဲကောင်းများအားလုံးကို ဂုဏ်ပြုသောတေးသီချင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ COVID-19 ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ (ထားဝယ်ဒေသ)