BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

နေ့ပြန်တိုးသမားများ ကိုဗစ်ဂယက် ရိုက်ချက် ထိ

diz_admin

April 28, 2020

ကိုဗစ် ကပ်ဘေး ဂယက်ကြောင့် နေ့ပြန်တိုး (ဒေသအခေါ် နေ့ပေး) ငွေထုတ် ချေးသူများနှင့် ချေးယူထားသူများ အခက် အခဲကြုံနေရကြောင်း ငွေချေးသူများနှင့် ငွေရှင်များထံမှ သိရသည်။ လက်ရှိကာလတွင် ဒေသတွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်းများ ပိတ်ထားခြင်း၊ ဈေးဝယ်သူနည်းပါးခြင်းများကြောင့် နေ့ပေးငွေကို နေ့စဉ်မပေးနိုင်သည့်အတွက် ငွေရှင်၏ အငြိုအငြင် ခံနေရကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး တွင် ဆိုင်ရောင်းချနေသည့် အမျိုးသမီး တစ်ဦးက ဆိုသည်။ သူမက ငွေကျပ် နှစ်သိန်းကို တစ်နေ့လျှင် ကျပ် ၆၀၀၀ ပြန်ဆပ်သည့် စနစ်ဖြင့် ချေးယူထားခြင်းဖြစ်သည်။ ဆိုင်ရောင်းအားကျလာသည့် အတွက် စားသောက်ရန်အတွက်ပင် ရုန်းကန်နေရပြီး နေ့ပေးအကြွေး ခေတ္တ ရပ်နားပေးရန် ပြောဆိုသော်လည်း ငွေရှင်က နေ့စဉ်လာတောင်းနေသည်ကို ကြုံရကြောင်းသူမက ဆိုသည်။ “ဘယ်လိုမှ ပြောလို့မရဘူး။ သူတို့ […]

တစ်ခါသုံးနှာခေါင်းစည်းများ လျှော်ဖွပ်ပြီး ပြန်သုံးနေရ

diz_admin

April 28, 2020

ထားဝယ်ခရိုင်တွင် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် ပြည်သူအချို့ သည် တစ်ခါသုံးနှာခေါင်းစည်များကို လျှော်ဖွပ်ပြီး ပြန်အသုံးပြုနေကြရသည်။ ပုံမှန်အတိုင်းဆိုလျှင် ခွဲစိတ်ခန်း တွင်သုံးသည့် နှာခေါင်းစည်း၊ N 95 ဟု ခေါ်သော နှာခေါင်းစည်းများသည် တစ်ခါသာ အသုံးပြုပြီး စနစ်တကျ စွန့်ပစ်ရမည် ဖြစ်သည်။ သို့သော်ဈေးကွက်ထဲတွင် လို သလောက် ဝယ်ယူမရခြင်းကြောင့် တစ်ခါ သုံးနှာခေါင်းစည်းတို့ကို လျှော်ဖွပ်၊ နေလှန်းပြီး ပြန်အသုံးပြုနေရခြင်း ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ဂယက် စတင် ရိုက်ခတ်လာချိန်မှစပြီး ဈေးကွက်တွင် ပစ္စည်း ပြတ်လပ်ကာ ဈေးနှုန်းလည်း ကြီးမြင့်လျက် ရှိသည်။ နေအိမ်အပြင်ထွက်သူတိုင်း နှာခေါင်း စည်းတပ်ရမည်ဆိုသည့် အမိန့်ထွက်လာ သောအချိန်တွင် ယခင်ထက် နှာခေါင်းစည်း လိုအပ်ချက် ပိုမြင့်လာခဲ့သည်။ “ရုံးက ပေးလိုက်တဲ့ နှာခေါင်းစည်း ကို အိမ်ကိုယူလာပြီး […]

မြိတ်မြို့ စက်ရုံတစ်ခု တစ်နေ့နှာခေါင်းစည်း ၇၀ဝ ခန့်ထုတ်လုပ်နေ

diz_admin

April 27, 2020

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်အတွင်းရှိ အသေးစားစက်ရုံတစ်ခုမှ တစ်နေ့လျှင်နှာခေါင်းစည်း ခုနစ်ရာခန့်ထုတ်လုပ်နေကြောင်း ယင်းစက်ရုံမှ သိရသည်။ ယခင်ကအမျိုးသမီး ၄၀ ဦးဖြင့် အထည်ချုပ်သည့် ယင်းစက်ရုံတွင် ယခုအခါ အဝတ်အထည်ချုပ်လုပ်သည့်လုပ်ငန်း ခေတ္တရပ်နား၍ အမျိုးသမီး ၂၀ ဦးခန့် နှင့်နှာခေါင်းစည်းများ ချုပ်လုပ်နေခြင်းဖြစ်သည်။ နှာခေါင်းစည်းများကိုအဝတ်ပိတ်စတို့ဖြင့် သုံးထပ်ချုပ်ထားပြီး တစ်ခုလျှင် ကျပ် ၄၅၀ခန့် ကုန်ကျစရိတ်ရှိကာ ကိုဗစ်အန္တရာယ်ထိန်းချုပ်ရေး ပြုလုပ်နေသည့် ဌာနများနှင့်ပရဟိတအဖွဲ့များအတွက် သီးသန့်ထုတ်လုပ်နေရခြင်းဖြစ်ကြောင်း စက်ရုံပိုင်ရှင်ဦးသန်းလွင်ကပြောသည်။ ပြည်သူလူထုကိုပြန်ဖြန့်ဝေနေတဲ့ ပရဟိတအဖွဲ့တွေအတွက်ပဲ သီးသန့် အမြတ်အစွန်းမယူဘဲ သူတို့ယူလာတဲ့ ပိတ်စတွေနဲ့ဒီက ချုပ်ပေးနေပါတယ်”ဟု ၎င်းကပြောသည်။ တစ်ခုလျှင် ကျပ် ၄၅၀ ကုန်ကျသည့် နှာခေါင်းစီးနှင့် ကျပ် ၃၀ဝကျော်ခန့်ကုန်ကျသည့် နှာခေါင်းစည်းနှစ်မျိုး ထုတ်လုပ်နေပြီး အွန်လိုင်းပေါ်မှလေ့လာကာ မျက်နှာနှင့် အကိုက်ညီဆုံးချုပ်လုပ်နည်းများကို အသုံးပြုထားကြောင်း ယင်းစက်ရုံမှဒီဇိုင်နာ ဒေါ်ဖူးဟန်နီကိုက ရှင်းပြသည်။ […]

ရပ်ကျေးများ ဝါးတားဂိတ်ဖြင့် ပိတ်ဆို့ကန့်သတ်ခွင့်မရှိ ဟုဆို

diz_admin

April 27, 2020

ကိုဗစ် ၁၉ ရောဂါကာလတွင် ရပ်ကွက်ကျေးရွာများတွင် ရပ်ရွာအစီအစဉ်ဖြင့် ဝါးတားဂိတ်များလုပ်ကာ ပိတ်ဆို့ကန့်သတ်ခြင်း (LockDown) ပုံစံကဲ့သို့ လုပ်ခွင့်မရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါကူးစက်မှုများလာချိန်တွင် တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာအချို့တွင် ရပ်ရွာအစီအစဉ်ဖြင့် ဝါးတားဂိတ်များလုပ်ကာ ရွာခံမှလွဲ၍ အခြားသူများကို ပေးမဝင်သည့် ရပ်ရွာအချို့ရှိလာသည်။ မိမိရပ်ရွာအတွင်း ကိုရိုနာရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် စေတနာထားလုပ်ဆောင်ကြသည်ကို နားလည်သော်လည်း ယင်းကဲ့သို့ လုပ်ဆောင်ခွင့်မရှိကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ “ဒီလိုမျိုးအနေအထား ဖြစ်လို့တော့ မရဘူး”ဟု ၎င်းက ပြောသည်။ ယင်းကဲ့သို့ အခြေအနေတွင် တိုင်းအစိုးရအဖွဲ့ သို့မဟုတ် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်ကိုသာ တိတိကျကျလိုက်နာကြရန် မေတ္တာရပ်ခံလိုကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ထိုကဲ့သို့ ရွာအတွင်းအဝင်မခံခြင်းမျိုးမဟုတ်ဘဲ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးစေခြင်းများသာ ပြုလုပ်ခွင့်ရှိကြောင်း ၎င်းက ပြောသည်။ […]

‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’ အခန်း (၅)

diz_admin

April 27, 2020

‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’ဒေါက်တာမြင့်ဇော် ရေးသည်၊အခန်း (၅) လမ်းများ၊ ခရီးများအကြောင်း(အသံသွင်း တင်ဆက်မှု) ဒေါက်တာမြင့်ဇော် ရေးသားသော ‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’ စာအုပ်ကို အပိုင်း တစ်ပိုင်းချင်းစီအလိုက် အသံသွင်းယူထားခြင်းဖြစ်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော် (ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားပါသည်။ စာအုပ်ပါအကြောင်းအရာများကို တစ်ပိုင်းချင်းစီ တင်ဆက်လျက်ရှိပါသည်။ယခုအပိုင်းမှာ အခန်း (၅) “လမ်းများ၊ ခရီးများအကြောင်း” ဖြစ်သည်။ လာမည့် ရက်ပိုင်းအတွင်း အပိုင်း (၆) နှင့် အပိုင်း (၇)ကို ဆက်လက် တင်ဆက်သွားပါမည်။အိမ်တွင်နေရင်း ကိုဗစ်ကပ်ရောဂါနှင့် ဂေဟ စနစ်အကြောင်း လေ့လာဆင်ခြင်နိုင်ကြပါစေ။ Dawei Watch

ကိုဗစ်ဂယက်ကြောင့် ကင်းမွန်ဈေး ထက်ဝက်ပြုတ်ကျ

diz_admin

April 27, 2020

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်ရောဂါဂယက်ကြောင့် ဒေသထွက်ကင်းမွန် ဈေးနှုန်းများ ထက်ဝက်ပြုတ်ကျသွားခဲ့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။ ကပ်ဘေးမဖြစ်မီ ကင်းမွန်တစ်ဘန်းလျှင် ကျပ်ကိုးသောင်းမှ ကျပ်တစ်သိန်းအထိဈေးပေါက်ခဲ့သော်လည်း ယခုအခါ တစ်ဘန်းလျှင် ကျပ်လေးသောင်းခွဲမှ ကျပ်ငါးသောင်းခန့်သာ ဈေးရှိတော့ကြောင်း ကင်းမွန်လုပ်ငန်းရှင်များထံမှ သိရသည်။ မြိတ်ဒေသမှထွက်သည့်ကင်းမွန်ကို ယခင်ကထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့ရောင်းချကြပြီး ဈေးကောင်းရခဲ့သည်။သို့သော် ကိုဗစ်ကပ်ဘေးစတင်ဖြစ်ပွားပြီးနောက် တဖြည်းဖြည်းဈေးကျလာခဲ့ကြောင်း ကင်းမွန်လုပ်ငန်းရှင်များက ပြောပြသည်။ “ပြည်ပကဝယ်လိုအားမရှိတော့ ဈေးကောင်းမရတော့ဘူး။ ဒီနစ်အရှုံးပေါ် တယ်ပေါ့”ဟု ကင်းမွန်လှေပိုင်ရှင် ဦးမင်းလွင်က ပြောသည်။ ကင်းမွန်များကိုပင်လယ်အတွင်း ဝယ်ယူပြီး မြိတ်တွင်ရောင်းချသည့် ဒေါ်တင်လေးကလည်း ကင်းမွန်ဈေးနှုန်း တည်ငြိမ်မှုမရှိခြင်းကြောင့် ယခုနှစ်ကင်းမွန်ရာသီတွင် များစွာအရှုံးပေါ်ခဲ့ကြောင်း ဆိုသည်။ “ပင်လယ်က ဝယ်လာတာက တစ်ဈေး၊ ဒီမှာလာရောင်းတော့ မယူကြဘူး။ ဈေးတွေထိုးကျလို့ ရတဲ့ဈေးနဲ့ရောင်းရတော့ အများကြီးထိခိုက်ရတယ်”ဟု ၎င်းက ပြောသည်။ ကင်းမွန်များကိုနှစ်စဉ် စက်တင်ဘာလမှ […]

မြိတ်တွင်ညမထွက်ရ ဖောက်ဖျက်မှု လူ ၂၀ နီးပါးကို အရေးယူ

diz_admin

April 27, 2020

မြိတ်တွင်ညမထွက်ရအမိန့်ဖောက်ဖျက်မှုဖြင့် အရေးယူထားသူနှစ်ဆယ် နီးပါးရှိလာနေပြီဖြစ်ကြောင်း မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်နိုင်တင်းရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ရက် နေ့စွဲဖြင့်ထုတ်ပြန်ပြီးတစ်ပတ်အကြ ာအမျိုးသား ၁၇ ဦးအားအရေး ယူထားပြီးဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။ ည ၁၀နာရီနောက်ပိုင်း လမ်းပေါ် တွင်တွေ့ရှိသူ ကလွင်ကျေးရွာအုပ်စုမှ လူ ၁၂ဦးနှင့် မြိတ်တောင်ကျေးရွာအုပ်စုမှ ၅ ဦး စုစုပေါင်း ၁၇ဦးကို စစ်ဆေးအရေးယူပြီး တစ်ဦးလျှင်ဒဏ်ငွေကျပ်ငါးသောင်း စီပေးဆောင်စေခဲ့ကြောင်း အုပ်ချုပ်ရေး မှူးက ပြောပြသည်။ “မနေ့က (ဧပြီ၂၄ည) အထိအရေး ယူထားသူအားလုံးပေါင်းပေါ့”ဟု ဦးဝင်း သူအောင်က ပြောသည်။ ဥပဒေအရအမိန့်ချိုးဖောက်သူများအား ထောင်ဒဏ်ခုနစ်ရက်မှ ခြောက်လအထိချနိုင်ပြီး တစ်ဦးလျှင် ဒဏ်ငွေတစ်သိန်းအထိနှင့် ထောင်ဒဏ်နှင့်ငွေဒဏ်ပါ နှစ်ခုစလုံးချမှတ်နိုင်သည်ဟု အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။ ဧပြီလ […]

သူတို့၏ ကိုဗစ် သောက

diz_admin

April 27, 2020

ရုန်းကန်ခြင်းများနှင့် များစွာ မစိမ်းလှသော လူသားတို့တွင် နောက်ထပ် သောကဖိစီးမှုတို့က လာပြန်သည်။ ကိုဗစ်ကပ်ဘေးက လူကြီး လူငယ် ငါသူတစ်ပါး ယောက်ျား၊ မိန်းမ မရွေး သောကတို့ ထပ်ပေးပြန် သည်။ ယင်းတို့ အနက်မှ တကသိုလ်ကျောင်းသား၊ အစိုးရဝန်ထမ်း၊ ဈေးရောင်းသူနှင့် အိမ်ရှင်မတို့၏ သောကတို့ကို စုစည်းဖော်ပြလိုက်ပါသည်။ ဖြစ်နေတဲ့ ကပ်ရောဂါက ကျွန်တော်တို့နိုင်ငံမှာ ပဲ သီးသန့်ဖြစ်နေတာမဟုတ်တော့ ကမ္ဘာနဲ့ချီပြီးဖြစ် နေတဲ့ ကိစ္စဆိုတော့လေ။ အဲဒီရောဂါက မြန်မာကို လည်းရောက်လာတော့ နောက်ထပ်လုပ်ရမယ့်အလုပ် တွေ၊ ရှေ့ဆက်လုပ်မယ့်အလုပ်တွေသည် အပြောင်း အလဲတွေရှိလာမှာ။ အခုဘွဲ့ရတာသည် အချိန် နည်းနည်း ကြာသွားမှာဖြစ်လို့ နောက်လျှောက်မယ့် လမ်းမှာလဲ အကုန်ကိုးလိုးကန့်လန့်ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ လေးနှစ်ကျော်ကျောင်းတက်လာပြီး အခုနောက် ဆုံးနှစ် ပထမနှစ်ဝက်ပြီးရင် ရန်ကုန်ကို အလုပ်သင် […]