BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

ကပ်ကြီးအတွင်း ကေသ၊ ဆံဖြတ်ခြင်း

diz_admin

April 28, 2020

လက်ငင်း ဖြစ်ပေါ်နေသည့် ကိုရိုနာအရေးတွင် သိပ်မရင်းနှီးသူ မဆို ထားနှင့်။ အမြဲတမ်း တွေ့ဆုံနေကြ မိတ်ဆွေရင်းကြီးများနှင့်ပင် လူချင်းက မနီးချင်ကြပေ။ ၆ ပေကွာမှ စိတ်ချရသည် ဆိုသကိုး။ သို့ကြောင့် မည်မျှ ရင်းနှီးရင်းနှီး မလိုအပ်လျှင် ခပ်ခွာခွာက ပြောဆိုဆက် ဆံကြ၊ ပေးစရာ ယူစရာ ရှိလျှင်လည်း ခွာနိုင်သမျှ ခွာပြီး အပေးအယူ လုပ်ကြ သည်ကို အပြစ်ဟု မမြင်ကြတော့။ သို့သော် လူတို့ အစဉ်အဆက်ပြု ကျင့်ခဲ့သည့် လုပ်ရိုးလုပ်စဉ်များထဲမှ တစ်ခု ဖြစ်သော ဆံသခြင်းကိစ္စကမူ ခပ်လှမ်း လှမ်းက၊ ခပ်ခွာခွာက လုပ်၍ရသည့်အမျိုး မဟုတ်ပါ။ ခြောက်ပေ အကွာမှ မည်သို့ ကေသာဆံဖြတ် ပြုကြမည်နည်း။ ဆိုသောအခါ ဆံပင်ငုတ်တို နားရွက် ထိုးလျှင်ပင် မနေတတ်လောက်အောင် […]

မာရသွန်အတွက် သက်လုံကောင်း လိုပါသည်

diz_admin

April 28, 2020

ကိုရိုနာရောဂါပိုးကြောင့် ဖြစ်လာသည့် ကိုဗစ်နိုင်တီး ရောဂါကပ်ဘေးသည် လက်ရှိ အလွန်လျင်မြန်စွာ လည်ပတ်နေသော ကမ္ဘာကြီးကို ဂျမ်းတုံးခုပစ်လိုက်သည်။ လူသန်းထောင်ချီ အပြင်မထွက်ရတော့။ စက်ရုံများ ရပ်ဆိုင်းထားရသည်၊ ခရီးသွားလာမှုများ ရပ်ကုန်သည်။ မူလက ဝန်အားနှင့် မမျှလည်ပတ်နေရသော ကမ္ဘာကြီးအတွက် ခေတ္တခဏ အနားယူချိန်ရသွားသည်။ သို့သော် မနိုင်မနင်း ကမ္ဘာကြီးကို အခြေပြုကာ သာသာ ယာယာ လည်ပတ်နေသော လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံးမှာ အမျိုးမျိုးသော ဆိုးကျိုးများ စတင်ခံစားရတော့သည်။ ကျန်းမာရေး ဂယက်မှသည် စီးပွားရေး ကျဆင်းမှုတို့အပြင် စိတ်ပိုင်းဆိုင်ရာ အရ ထိခိုက်လာသည်။ လူသည် အဖော်နှင့် အပေါင်းနှင့် နေတတ်သူများဖြစ်ရာ အိမ်တွင်သာ နေရသောအခါ၊ အပေါင်းအဖော်များနှင့် တွေ့ဆုံပျော်ပါးရခြင်း မရှိရသောအခါ စိတ်ပိုင်းဆိုင်ရာ အရ ထိခိုက်လာသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း […]

ကိုဗစ် အတွေး

diz_admin

April 28, 2020

နွေဟာ တိမ်းတိမ်းပွေပွေ။ ကိုဗစ် ကြောင့် အိမ်တွင်းအောင်းဖို့ အကြောင်း ဖန်လာပေမယ့် လူအများစုက ကြာကြာ တွင်းအောင်း နေဖို့ဆိုတာ သိပ်မှမလွယ် တာပဲလေ။ မလွယ်ပေမယ့်လည်း ငဗစ် ကြောက်တော့ တတ်နိုင်သမျှ အိမ်ထဲနေရ တာပဲ။ မတ်လဆန်းမှာ ခါးဆစ်အရိုးခွဲထား တော့ အလိုအလျောက်အိမ်ထဲမှာနေရမယ့် အကြောင်းက ဖန်ပြီးသားဆိုတော့ ခြေမှာ ဗွေပါသလို ခရီးတွေ သွားနေတတ်တဲ့ ကျွန်တော့်အဖို့တော့ အဆိုးထဲက အကောင်းလို့ပဲ ဆိုရမယ်။ တနင်္သာရီတိုင်းမှာ ပိုးမတွေ့သေး သော်ငြား မတ်လအလယ်လောက် ကတည်းကနေ အခြေအနေတွေက လှုပ် လှုပ်ရှားရှားမို့လား။ အထူးအားဖြင့် သင်္ကြန် ကာလ မိသားစုထံ ပြန်လာကြမယ့် ပြည်တော်ပြန်များအရေးက တိုင်းအတွင်း ရိုက်ခတ်မှုအရှိဆုံး အကြောင်းအရာ။ နိုင်ငံခြားကဆိုရင် ထိုင်းက၊ မလေးရှားက၊ စင်ကာပူက။ ပြည်တွင်းကဆိုရင် […]

ကိုဗစ် ကာကွယ်နှိမ်နင်းရေးနဲ့ ပိုးသတ်ဆေးဖျန်းခြင်း

diz_admin

April 28, 2020

ကိုယ်တွေ့ ကာကွယ်ဆေးဖြန်းခြင်း အကြောင်း ဧပြီလဆန်းစ ညနေစောင်းလေး တစ်ခုမှာ ရပ်ကွက်ထဲက အရန်မီးသတ် တပ်ဖွဲ့ဝင်အချို့ အပြေးအလွှား ဆိုသလို “အိမ်တံခါးတွေ ပိတ်ကြပိတ်ကြ၊ ဆေးဖျန်းမယ်”လို့ အော်ဟစ်ပြီး ရှေ့က ပြော ပြောဆိုဆို ပြေးသွားတယ်။ ကိုယ်တွေ ဖက်ကလည်း ဘာတွေများ ထူးခြားပါလိမ့်၊ လုယက်မှုများ ဖြစ်သလား၊ ဝေဝေ ဝါးဝါးနဲ့ အိမ်ရှေ့ဖက် ထွက်အကြည့် မီးသတ်ကားတစ်စီး လမ်းပေါ် မောင်းလာပြီး လမ်းမကြီး ဝဲယာနဲ့ အိမ်ရှေ့တွေကို မီးသတ်ပိုက်နဲ့ ဆေးရည်တွေ ပက်ဖျန်း သွားတယ်။ ကိုယ့်အိမ်ရှေ့က ပစ္စည်းတွေ၊ ဆိုင် ကယ်တွေနဲ့အတူ ကိုယ့်ခြေထောက်ပါ ဆေးရည် ထိမိတယ်၊ အရေပြားတွေ ယားယံလို့ ချက်ချင်း ရေပြန်ဆေးရတယ်။ လမ်းမတွေပေါ် လူသွားလူလာ အတော် များများ ရှိနေချိန် […]

အိမ်တွင်းအောင်းကာလ အတွေးများ

diz_admin

April 28, 2020

လွတ်လပ်စွာသွားလာနေထိုင်နေတဲ့ အနေအထားတစ်ခုကနေ ရုတ်တရက် ရပ်တန့်လိုက်ရတဲ့အခါ ဘယ်လိုများ ဖြစ်သွားနိုင်မလဲလို့ ကျွန်မ တွေးမိပါတယ်။ တွေ့နေကျ မိတ်ဆွေအပေါင်းအသင်း၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ မတွေ့ဘဲ နေရတဲ့အခါ ခံစားချက်တွေက ဘယ်လို ပြောင်းလဲသွားမှာပါလိမ့်။ ရုန်းကန် လှုပ်ရှားနေတဲ့ လူပင်လယ်လှိုင်းလုံးကြီး ကနေ ရုတ်တရက် သွေခွာပြီး ရပ်တန့် ပစ်လိုက်တဲ့အခါ စိတ်နေစိတ်ထား၊ နေပုံထိုင်ပုံ၊ မိမိကိုယ်ကိုယ်နဲ့ အခြားသူ တွေအပေါ် ရှုမြင်သုံးသပ်ပုံက ရှုထောင့် တစ်မျိုး ပြောင်းသွားနိုင်ပါသလား။ အခုလည်း အဲဒီလို ရပ်တန့်လိုက်ရတဲ့ အနေအထားကို ကျွန်မကိုယ်တိုင် ရင်ဆိုင် ဖြတ်သန်းနေရပြီ။ ဒီအချိန်မှာ ကျွန်မ ဘယ်လိုအတွေးမျိုးကို တွေးနေမိပါလိမ့်။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ အတွေး တွေကို ကောက်ယူစုသိမ်းရင်း ထပ်ပြီး အတွေးနယ်ချဲ့နေမိပြန်ပါတယ်။ “အကျယ်ချုပ်” ဆိုတဲ့စကားလုံးကို […]

အခြေခံပညာ အတန်းအောင်စာရင်း ထုတ်ပြန်မည့်ရက် ရွှေ့ဆိုင်း

diz_admin

April 28, 2020

အခြေခံပညာအတန်းများ အောင် စာရင်းထုတ်ပြန်မည့်ရက်ကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းထားသည်ဟု တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အခြေခံပညာ အတန်းများ၏ အဖြေလွှာ စစ်ဆေးမှုကို ရပ်နားထားသဖြင့် အဖြေ လွှာစစ်ဆေးမှု ပြီးစီးမှသာ အောင်စာရင်း ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ မြို့နယ်အချို့တွင် အဖြေလွှာစစ် ဆေးမှု ၃၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ် သော်လည်း အချို့မြို့နယ်များတွင် အဖြေလွှာစစ်ဆေးမှု လုံး၀မပြုလုပ်သေး ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် မည့်သည့်အချိန်တွင် အဖြေလွှာစစ်ဆေးမည်ကို မသိရသေးကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။ ယင်းသို့သော အခြေအနေများ ကြောင့် အခြေခံပညာကျောင်းဖွင့်ရက်များလည်း နောက်ကျသွားနိုင်သည်ဟု ဒေါ်မြင့်စိန်က ခန့်မှန်းသည်။ ပြီးခဲ့သည့်နှစ်က အခြေခံပညာ အတန်းများ၏ အောင်စာရင်းကို ဧပြီလ ၂၆ […]

မြိတ်ဒေသ ကိုရိုနာဗိုင်းရပ်စ် အပလီကေရှင်း

diz_admin

April 28, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ် သက်သည့် အချက်အလက်များ ကြည့် နိုင်သည့် မိုဘိုင်း အပလီကေးရှင်း (Mobile App) တစ်ခုကို မြိတ်ကွန်ပျူ တာ တက္ကသိုလ်ကျောင်းသားနှစ်ဦးက ဖန်တီးလိုက်သည်။ Myeik Corona Reportအမည် ရှိ အပလီကေးရှင်းကို မြိတ်ကွန်ပျူတာ တက္ကသိုလ်မှ ကိုအောင်သူရိန်ထွန်းနှင့် ကိုသီဟသိန်းထိုက်တို့ ပူးပေါင်းပြီး ရေးဆွဲထားခြင်း ဖြစ်သည်။ “ဒီကိုဗစ်(ကာလ)ကြီးမှာ တတ်နိုင် သမျှ ပါဝင်ကူညီပေးချင်လို့ပါ”ဟု အထက်ပါ ကျောင်းသား ကိုအောင်သူရိန်ထွန်းက ပြောသည်။ အဆိုပါ အပလီကေးရှင်းတွင် မြိတ် ခရိုင်အတွင်းရှိ အရေးကြီးဖုန်းနံပါတ်များအား တစ်စုတစ်စည်းတည်း တွေ့ရမည် ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းများ၊ သတင်းထုတ်ပြန်ချက် များကို ထည့်သွင်းထားကြောင်း သိရသည်။ မြင့်မိုရ်(မြိတ်)

ကိုဗစ် စိတ္တဇအကြား မိုးအဝင် ရာသီတုပ်ကွေးနှင့် သွေးလွန်တုပ်ကွေး

diz_admin

April 28, 2020

ဒေါက်တာထွန်းမင်းနှင့် တွေ့ဆုံ မေးမြန်းခြင်း ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် ခပ်ခွာခွာနေကြသည်။ နှာခေါင်းစည်းတပ်ကြသည်။ အပြင် သိပ်မထွက်ကြ။ ထိုအချိန်တွင် မိုးရာသီကား လာတော့မည်။ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး အတွက် ပူရပြန်တော့မည်။ ထိုအရေးတို့နှင့် ပတ်သက်ကာ တနင်္သာရီတိုင်းအတွင်း ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ လုပ်ဆောင်ထားမှုအခြေအနေများကို ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဒေါက်တာထွန်းမင်းကို တနင်္သာရီအပတ်စဉ်မှ သတင်းထောက် ကိုဇော်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ထိုမေးမြန်းချက်များအနက်မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ တနင်္သာရီအပတ်စဉ် – ဆရာတို့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ကာကွယ်ရေးလုပ်ငန်းတွေ၊ ကုသရေးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ထားတာလေး ပြောပြပေးပါခင်ဗျား။ ဒေါက်တာထွန်းမင်း – ကာကွယ်ရေးကတော့ အမျိုးသားအဆင့်ဗဟိုကော်မတီ အတိုင်ပင်ခံနဲ့လုပ် တော့ ဒီဘက်မှာလည်း ကော်မတီတွေ ပြန်ပြောင်း လိုက်တာပေါ့။ အဓိကကတော့ Quarantine (စောင့်ကြည့်တဲ့) အလုပ်တွေကို […]