BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

အစိုးရ၏ ကိုဗစ်ကာကွယ်ရေး ထုတ်ပြန်ချက်များ မေ ၁၅ ထိ သက်တမ်းတိုး

diz_admin

May 4, 2020

COVID – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ပြည်ထောင်စုနှင့် တနင်္သာရီတိုင်းဒေသကြီး COVID – 19 ကာကွယ်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော် ငြာစာ၊ ညွှန်ကြားချက်အားလုံးကို မေလ ၁၅ ရက်အထိ ရက်တိုးမြှင့် သတ်မှတ် လိုက်သည်။ ၎င်းအမိန့်ကြော်ငြာစာနှင့် ညွှန်ကြား ချက်များသည် မူလက ဧပြီလ ၃၀ ရက် ထိသာ သတ်မှတ်ထားရာမှ မေလ ၁၅ ရက်ထိ ရက်တိုးမြှင့် သတ်မှတ်လိုက် ကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ “အရင်ထုတ်ပြန်ထားတဲ့ အမိန့် ကြော်ငြာစာတွေ အကုန်လုံးက မေ ၁၅ ရက်နေ့အထိ အတည် ဖြစ်သွားပါတယ်။ ရောဂါပိုး ကာကွယ်ရေး အခြေအနေ အရပါ”ဟု […]

ကိုဗစ်ကပ်ဘေးအကြား တိုင်းလွှတ်တော် မေ ၁၈ တွင် ပြန်စမည်

diz_admin

May 4, 2020

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတစ်ရပ်ကို မေလ ၁၈ ရက်နေ့တွင် ကျင်းပရန်ရှိကြောင်း တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ အစည်းအဝေးတွင်တနင်္သာရီတိုင်း ဒေသကြီးအသေးစားနှင့်လက်လုပ်လက်စား သတ္တုတွင်းဥပဒေသစ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဥပဒေသစ်တို့ကို ဆွေးနွေးအတည်ပြုရန်ရှိကြောင်းဦးခင်မောင်အေးက ပြောသည်။ လက်ရှိဖြစ်ပွားနေသည့်ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့်အစည်းအဝေးခန်းမ အတွင်းခုံများကို ၆ ပေစီခွာနေရာချထားကာ ကျင်းပမည်ဟု ၎င်းက ပြောသည်။ “မီဒီယာတစ်ယောက် နှစ်ယောက်ပဲ ဖိတ်မယ်။ ဧည့်သည်တော်တွေ၊ လေ့လာ သူတွေ မဖိတ်တော့ဘူး”ဟု ဦးခင်မောင်အေးက ပြောသည်။ ယခုအစည်းအဝေးမှာ ဒုတိယ အကြိမ်တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၏၁၆ ကြိမ်မြောက် ပုံမှန်အစည်း အဝေးဖြစ်ပြီး ၁၅ ကြိမ်မြောက်လွှတ်တော်ပုံ မှန်အစည်းအဝေးကို၂၀၂၀ ခုနှစ်ဇန်နဝါရီ လကုန်ကကျင်းပခဲ့သည်။ လွှတ်တော် အစည်းအဝေးကိုဧပြီ ၁ တွင်ကျင်းပရန် ကြေညာခဲ့ဖူးပြီး ကိုဗစ် ဂယက်ကြောင့် ရက်အကန့်အသတ်မဲ့ ရွှေ့ဆိုင်းလိုက်ပြီးနောက် […]

“တန်းတူအခွင့်အရေးဆိုတာ ဘာလဲ”

diz_admin

May 4, 2020

ကိုဗစ် လျှပ်စစ်ယူနစ် ခံစားခွင့် ထားဝယ်မပါ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ်ဈေးနှုန်း သို့မဟုတ် ယူနစ်လျှော့ပေါ့ပေးရေး အစီအစဉ်တွင် ထားဝယ်ခရိုင်အတွင်းရှိ မီးသုံးသူများ မပါကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ မြိတ်တွင် လျှပ်စစ်တစ်ယူနစ်နှုန်းထား ၁၀၀ ကျပ် လျှော့ချပေးခြင်း၊ ကော့သောင်းမြို့ပေါ်တွင် တစ်ယူနစ် ၅၀ ကျပ်လျှော့ချပေးပြီး ၁၀ ယူနစ် အခမဲ့ ပေးခြင်းတို့ ရှိသော်လည်း ထားဝယ်တွင် လျှပ်စစ်မီတာခ လျှော့ချခြင်း၊ အခမဲ့ ယူနစ်သတ်မှတ်ခြင်း နှစ်မျိုး စလုံးတွင် မပါရှိပေ။ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Tran ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်ယူနစ်လျှင် ၂၃၈ ကျပ် ကောက်ခံနေသည်။ အဆိုပါကုမ္ပဏီက ဒီဇယ်စက်ဖြင့် […]

တနင်္သာရီတိုင်းတွင် လျှပ်စစ်မီတာ တစ်လုံး ကျပ် ၅၀၀၀ ထောက်ပံ့ရေး တွက်ချက်

diz_admin

May 3, 2020

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်သုံးစွဲသူများကို မီတာ တစ်လုံး ၅၀၀၀ ကျပ် ထောက်ပံ့နိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆွေးနွေးလျက်ရှိသည်။ မေလ ၃ ရက်နေ့က ကျင်းပသော တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ သင့်တင့်သောဓာတ်အားခနှုန်းထားရရှိရေး ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ဆွေးနွေးခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးစီးဖွဲ့စည်းထားသော ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏ အစီအစဉ်အရ မြန်မာနိုင်ငံအတွင်းရှိ လျှပ်စစ်မီး သုံးစွဲသူများမှာ ဧပြီလအတွက် ယူနစ် ၁၅၀ အခမဲ့ ရရှိမည်ဖြစ်သည်။ သို့သော် တနင်္သာရီတိုင်းဒေသကြီးမှာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားခြင်း မရှိသေးသဖြင့် ထိုခံစားခွင့် မရရှိပေ။ ယင်းကြောင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများကို ထောက်ပံ့နိုင်ရေး မီတာ တစ်လုံး ကျပ် […]

ဧပြီလ လျှပ်စစ်ယူနစ် လျှော့ပေါ့ခံစားခွင့် ထားဝယ်မပါ

diz_admin

April 30, 2020

ကိုရိုနာရောဂါပိုး ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ်ဈေးနှုန်း သို့မဟုတ် ယူနစ်လျော့ပေါ့ပေးရေး အစီအစဉ်တွင် ထားဝယ်ခရိုင်အတွင်းရှိ မီးသုံးသူများ မပါကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ မြိတ်တွင် လျှပ်စစ်တစ်ယူနစ် နှုန်းထား ၁၀၀ ကျပ် လျော့ချပေးခြင်း၊ ကော့သောင်းမြို့ပေါ်တွင် တစ်ယူနစ် ၅၀ ကျပ် လျှော့ချပေးပြီး ၁၀ ယူနစ် အခမဲ့ပေးခြင်းတို့ ရှိသော်လည်း ထားဝယ်တွင် လျှပ်စစ်မီတာခ လျှော့ချခြင်း၊ အခမဲ့ ယူနစ်သတ်မှတ်ခြင်း နှစ်မျိုး စလုံးတွင် မပါရှိပေ။ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Tran ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်ယူနစ်လျှင် ၂၃၈ ကျပ် ကောက်ခံနေသည်။ အဆိုပါကုမ္ပဏီက ဒီဇယ်စက်ဖြင့် လျှပ်စစ်ထုတ်လုပ်နေသည့်အတွက် လက်ရှိတွင် အရှုံးပေါ်နေပြီး လျှပ်စစ်ယူနစ် […]

‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’အခန်း (၆) နှင့် အခန်း (၇)

diz_admin

April 28, 2020

‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’ဒေါက်တာမြင့်ဇော် ရေးသည်၊အခန်း (၆) ကျန်းမာရေးပြိုလဲခြင်း နှင့် အခန်း (၇)နိဂုံစကား(အသံသွင်း တင်ဆက်မှု) ဒေါက်တာမြင့်ဇော် ရေးသားသော ‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’ စာအုပ်ကို အပိုင်း တစ်ပိုင်းချင်းစီအလိုက် အသံသွင်းယူထားခြင်းဖြစ်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော် (ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားပါသည်။ စာအုပ်ပါအကြောင်းအရာများကို တစ်ပိုင်းချင်းစီ တင်ဆက်လျက်ရှိပါသည်။ယခုအပိုင်းမှာ “အခန်း (၆) ကျန်းမာရေးပြိုလဲခြင်း” နှင့် “အခန်း (၇)နိဂုံစကား” ဖြစ်သည်။အိမ်တွင်နေရင်း ကိုဗစ်ကပ်ရောဂါနှင့် ဂေဟ စနစ်အကြောင်း လေ့လာဆင်ခြင်နိုင်ကြပါစေ။ Dawei Watch

ကော့သောင်းတွင် ညမထွက်ရ အမိန့် အပြစ်ပေးခံရသူမရှိသေး

diz_admin

April 28, 2020

ကော့သောင်းမြို့နယ်အတွင်းညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်မှုကြောင့် အရေးယူအပြစ်ပေးခံရသူမရှိသေးကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။ Covid ၁၉ ရောဂါသည်အများ ပြည်သူတို့၏ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကိုထိခိုက်စေသည့်အပြင် အသက်အန္တရာယ်သေဆုံးသည်အထိဖြစ်ပွားနိုင်သဖြင့် ကော့သောင်းမြို့နယ် သတ်မှတ်နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ စုဝေးခြင်းများကိုည ၁၀နာရီမှ နံနက် ၄ နာရီအတွင်း မပြုလုပ်ကြရန် အမိန့်ထုတ်ပြန်ထားသည်။ မြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်းများ၊စိုးရိမ်ဖွယ်ရာကျန်းမာရေးကိစ္စဖြင့်သွားလာရခြင်းများမှအပ ပြည်သူများမှတိကျစွာလိုက်နာကြရန်နှင့်လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရအရေးယူခံရမည်ဟု ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ဧပြီလ၂၁ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့အမိန့်ထုတ်ပြီး နောက်တစ်ရက်နှစ်ရက်အတွင်း ၎င်းအမိန့်ထုတ်ထားသည်ကိုမသိရှိဘဲ ည၁၀နာရီကျော်ပြီးမှ ဥယျာဉ်ခြံများမှပြန်လာသူ အနည်းငယ်ကိုသာပညာပေးခြင်း၊ အသိပေးခြင်းတို့ပြုခဲ့ရပြီး နောက်ပိုင်းတွင် အမိန့်ဖောက်ဖျက်ကျူးလွန်၍ အရေးယူခံရသူမရှိသေးကြောင်း ဦးဇော်လင်းထွန်းက ဧပြီ ၂၄ ရက်တွင် ပြောသည်။ “နောက်ပိုင်းမှာအချိန်ကျော်ပြီးမှ ထွက်တဲ့သူတွေမရှိသေးပါဘူး။ ကျယ်ကျယ်ပြန့်ပြန့်လည်း ကြော်ငြာထားပြီးပြီဆိုတော့သိသွားကြပြီဆိုတော့ အခုညဘက်ထွက်တာမရှိပါဘူး” ဟု ဦးဇော်လင်းထွန်းက ပြောသည်။ ယင်းသို့ […]

ကိုဗစ်ကြောင့် တိုင်းအတွင်း ဟိုတယ် ထက်ဝက်ကျော် ယာယီပိတ်

diz_admin

April 28, 2020

ကိုဗစ်-၁၉ ကပ်ဘေးကာလတွင် ခရီးသွားလာမှု မရှိသလောက်ရပ်ဆိုင်းသွားခဲ့သည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ်ထက်ဝက်ကျော် ယာယီရပ်နားထားကြကြောင်း တိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်း ဟိုတယ်ခရီးဌာန လိုင်စင်ရှိ ဟိုတယ်/တည်းခိုရိပ်သာ ၄၆ လုံးရှိပြီး လက်ရှိတွင် ၂၂ လုံးသာ ဖွင့်တော့ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။ ဟိုတယ်အများစုက ယခုလအစောပိုင်းတွင် စတင်ပိတ်ကြခြင်းဖြစ်သည်။ ယခင်နှစ်များက ဧပြီလတွင် ခရီးသွားဝင်ရောက်မှု အများဆုံးလဖြစ်သော်လည်း လက်ရှိတွင် ကိုဗစ်-၁၉ ကြောင့် ခရီးသွားမရှိသလောက်နည်းသွားကြောင်း ဟိုတယ်ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။ “အဓိကအားဖြင့်ကတော့ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကဏ္ဍကတော့ ကိုဗစ်ကြောင့် အထိနာဆုံးကဏ္ဍလို့ပြောရင်တော့ ပြောလို့ရပါတယ်”ဟု ဦးညိုအေးက ပြောသည်။ အထက်ပါ ယာယီပိတ်ထားသည့် ဟိုတယ်အရေအတွက်မှာ ဟိုတယ်ခရီးဌာနထံ စာဖြင့် တရားဝင်အကြောင်းကြားထားသည့် အရေအတွက်ဖြစ်ပြီး […]