BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

မော်လမြိုင်တွင် ကတ်မပါပဲ အပြင်ထွက်သူကို စတင်အရေးယူမည်

diz_admin

August 14, 2021

နေအိမ်တွင်နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေပြည်သူများ အပြင်ထွက်သွားလာခွင့်ကတ်မပါဘဲ အပြင်ထွက်သူများကို သြဂုတ်လ ၁၄ ရက်နေ့တွင် စတင်အရေးယူ‌တော့မည်ဖြစ်‌ကြောင်း သိရသည်။ ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်နေသည့် မော်လမြိုင်မြို့နယ်ကို ဇူလိုင်လ ၈ ရက်နေ့ကစပြီး Stay at Home အဖြစ် သတ်မှတ်ကြောင်းကြေညာပြီးနောက် ရပ်ကွက်အတွင်းရှိနေအိမ်များအား တစ်အိမ်လျှင် အပြင်ထွက်လာခွင့်ကတ်တစ်ခုစီ ထုတ်ပေးထားသည်။ ထိုကတ်ဖြင့် တစ်အိမ်လျှင် တစ်ယောက်သာ အပြင်ထွက်သွားလာရန် ကန့်သတ်ခဲ့သည်။ အပြင်ထွက်လာခွင်းကတ်ပြားမပါဘဲ အပြင်ထွက်သွားလာနေသည်ကို စစ်ဆေးတွေ့ရှိပါက စတင်အရေးယူသွားမည်ဟု တပ်ကောင်စီက ရပ်ကွက်အချို့တွင် လိုက်လံကြေညာထားသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။ “ဒီနေ့ (သြဂုတ် ၁၄) ကစပြီးတော့ပေါ့။ ကတ်မပါဘဲ အပြင်ထွက်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် အရေးယူမယ်လို့ မနေ့ (သြဂုတ် ၁၃) ညက လာအော်သွားတယ်” […]

ထားဝယ်တွင် ၁၂ ရက်အတွင်း ကိုဗစ်ကြောင့်ထားဝယ်သေဆုံးသူ ၁၅၀ နီးပါး

diz_admin

August 14, 2021

ထားဝယ်မြို့တွင် ၁၂ ရက်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၁၅၀ ခန့် ရှိပြီဖြစ်ကြောင်း နာရေးကူညီမှု(ထားဝယ်)ထံမှ သိရသည်။ သြဂုတ်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ စာရင်းများအရ ကိုဗစ်ကြောင့် သေဆုံးရသည့် အလောင်း ၁၄၉ လောင်းအား ထားဝယ်သုဿန်တွင် မီးသင်္ဂြိုဟ်ပေးရကြောင်း ထားဝယ်နာရေးကူညီမှုထံမှ သိရသည်။ ထားဝယ်ဒေသတွင် ကိုဗစ်ကြောင့် ဆုံးပါးရသူမှာ ယခုလတွင် ရုတ်တရက်မြင့်တက်သွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လတစ်လလုံးတွင်မူ ကိုဗစ်ကြောင့် သေဆုံးသူ ၆၁ ဦးသာ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း အထက်ပါအဖွဲ့ စာရင်းများအရ သိရသည်။ တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့်စာရင်းတွင်မူ သြဂုတ်လ ၁ ရက်မှ ၁၂ ရက်နေ့အထိ ထားဝယ်မြို့နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၃၄ ဦးရှိကြောင်း ဖော်ပြထားသည်။ သို့ရာတွင် သြဂုတ်လ […]

မွန်တွင် နှစ်လကျော်အတွင်း ကိုဗစ်လူနာ ၈၀၀ ကျော်သေဆုံး

diz_admin

August 14, 2021

ကိုဗစ်ကူးစက်မှုနှုန်းများနေသည့် မွန်ပြည်နယ်တွင် နှစ်လကျော်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈၀၀ ကျော် သေဆုံးသွားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် ကိုဗစ်အတည်ပြုလူနာသေဆုံးမှုလည်း မြင့်တက်လာခဲ့သည်။ ကျန်းမာရေးဌာန၏ ထုတ်ပြန်သည့်စာရင်းအရ ဇွန်လမှ သြဂုတ်လ ၁၂ ရက်နေ့အထိ မွန်ပြည်နယ်အတွင်း၌ ကိုဗစ် အတည်ပြုလူနာ ၈၀၀ ဦးကျော် သေဆုံးသွားခဲ့သည်။ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် သေဆုံးလူနာ အရေအတွက်သည် ဆေးရုံတွင် တက်ရောက်ဆေးကုသရင်း သေဆုံးသွားသူများစာရင်းသာဖြစ်ပြီး နေအိမ်တွင် သေဆုံးသွားသူများစာရင်းပါ ပေါင်းလိုက်ပါက သေဆုံးလူနာ ထောင်ချီရှိနိုင်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “အိမ်မှာ ဆုံးသွားတဲ့ positive လူနာတွေလည်း အများကြီးရှိပါတယ်၊ ပြီးတော့ ကိုဗစ်သံသယနဲ့ ဆုံးသွားတဲ့လူတွေလည်း ရှိတယ် ဆိုတော့ သေဆုံးမှုက ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့စာရင်းထက်တော့ […]

အလုပ်ထုတ်ပယ်ခံရသည့် တိုတယ်ကုမ္ပဏီ လုံခြုံရေးဝန်ထမ်းအား အလုပ်ပြန်ခန့်မည်ဟုဆို

diz_admin

August 14, 2021

ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသွားသည့်အပေါ် ဝေဖန်ခဲ့သဖြင့် အလုပ်ထုတ်ခံရသည့် တိုတယ်ကုမ္ပဏီ လုံခြုံရေး အရာရှိအား အလုပ်ပြန်ခန့်မည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုတယ်ကုမ္ပဏီ၏ လျှပ်စစ်ပိုင်းဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်မိုးမြင့် ကိုဗစ်ကူးစက်ခံရချိန်မှ သေဆုံးချိန်အထိ ကုမ္ပဏီဘက်မှ တာဝန်ပျက်ကွက်ခဲ့ကြောင်း လုံခြုံရေးအရာရှိဖြစ်သူ မထားရည်မွန်က ဩဂုတ်လ ၈ ရက်တွင် လူမူကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဝေဖန်ပြောဆိုခဲ့သည်။ ယင်းကဲ့သို့ ပြောဆိုမူသည် ကုမ္ပဏီ၏ ပုံရိပ်ကို ထိခိုက်ခဲ့ခြင်း၊ မထားရည်မွန်သည် ယခင်က အာဏာဖီဆန်ရေး လှုပ်ရှားမူ (CDM) တွင် ပါဝင်ခဲ့ဖူးသဖြင့် သတိပေးခံခဲ့ရဖူးခြင်း စသည်တို့ကြောင့် တိုတယ်ကုမ္ပဏီ၏ လုံခြုံရေးရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ သို့သော် ရက်အနည်းငယ်အကြာတွင်ပင် ကုမ္ပဏီတာဝန်ရှိသူတို့ဘက်က မထားရည်မွန်အား အလုပ်ပြန်ခန့်မည်ဟု ဦးကိုကိုဦးက ပြောဆိုလာသည်။ ဦးကိုကိုဦးမှာ Atalian Global Service ကုမ္ပဏီတွင် […]

မြိတ် ငှက်သိုက်ရောင်းအား စံချိန်တင်

diz_admin

August 14, 2021

မြိတ်ဒေသ ထွက်ကုန်တစ်မျိုးဖြစ်သည့် ငှက်သိုက်ရောင်းအားမှာ စံချိန်အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ လတ်တလော ကူးစက်မှုနှုန်းမြင့်မားနေသည့် ကိုဗစ်တတိယလှိုင်းတွင် ကိုယ့်ခံအားကောင်းစေရန် အားဆေးတစ်မျိုးအဖြစ် ငှက်သိုက်အား ဝယ်ယူသောက်သုံးသူများလာသဖြင့် ရောင်းအားမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ “ဈေးက နှစ်ဆလောက်တက်သွားတာ၊ ငှက်သိုက်ဈေးကွက်မှာ အရောင်းရဆုံးအချိန်ပဲ” ဟု မြစ်ငယ်ရပ်နေ ငှက်သိုက်အရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ လက်ရှိ ငှက်သိုက်တစ်ပိဿာလျှင် သိန်းလေးဆယ်ကျော်ခန့်ရှိပြီး အသင့်သောက်သုံးနိုင်သည့် ငှက်သိုက်‌ပေါင်း တစ်ဗူးလျှင် ၃၅၀၀ ကျပ်မှ ၈၀၀၀ ဝန်းကျင်ခန့်အထိ၊ သန့်စင်ပြီး ငှက်သိုက်ခြောက် တစ်ကျပ်သားလျှင် ၄၂၀၀၀ ကျပ် ဈေးပေါက်လျက်ရှိသည်။ ယင်းအပြင် ငှက်သိုက်အကြမ်း၊ သန့်စင်ပြီး၊ ပေါင်းရည် ပုံစံအမျိုးမျိုးဖြင့် ရောင်းချလေ့ရှိကြကြောင်း သိရသည်။ မြိတ်တွင် သဘာဝငှက်သိုက်နှင့် ငှက်အော်သံစနစ်ပါသည့် နည်းပညာအသုံးပြုပြီး စီးပွားဖြစ်မွေးမြူလေ့ရှိကြသည်။

ထားဝယ်တွင် အောက်ဆီဂျင်အိုး စရောင်း

diz_admin

August 14, 2021

ထားဝယ်ဈေးကွက်တွင် ထိုင်း၊ တရုတ်နှင့် ရန်ကုန်မြို့မှဝင်လာသည့် အောက်ဆီဂျင်အိုးနှင့် အောက်ဆီဂျင်ထုတ်စက် (Oxygen concentrator) များ စတင် ရောင်းချနေကြပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးတစ်လုံးလျှင် ကျပ်ငါးသိန်းကျော်၊ ၁၅ လီတာအိုးတစ်လုံးလျှင် ကျပ်သုံးသိန်းကျော် ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အောက်ဆီဂျင်ထုတ်စက် (Oxygen concentrator) ဆယ်လီတာ တစ်လုံးလျှင် ကျပ် ၁၄ သိန်းကျော်၊ ၇ လီတာ တစ်လုံးလျှင် ၁၃ သိန်းကျော် စသည်ဖြင့် ဈေးအမျိုးမျိုးရှိသည်။ ယင်းဈေးနူန်းများသည် ရောင်းသူဘက်မှ အမြတ်မယူဘဲ ရောင်းချပေးသည့် နူန်းထားများဖြစ်ကြောင်း ပြောဆိုကြသည်။ ထားဝယ်ဈေးကွက်ထဲတွင် ၄၀ လီတာအောက်ဆီဂျင်အိုး မှာယူသူပိုများကြောင်း အောက်ဆီဂျင်အိုးရောင်းချနေသူ မသီရိတိုးတိုးက ပြောသည်။ “မှာတဲ့သူတွေက တော်တော်များတယ်။ ဘယ်အိုးပေးပါဆိုပြီးတော့ မှာတာတော့မရှိဘူး။ […]

အရှုံးခံ ဈေးသည်

diz_admin

August 11, 2021

‘မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ’ ဆိုသလို ပြည်သူတွေ အဖက်ဖက်က အကြပ်အတည်း အခက်အခဲဖြစ်နေတဲ့အချိန် ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းချသူတွေရှိသလို အရှုံးခံပြီး ရောင်းပေးလာသူတွေလည်း ထားဝယ်ဒေသမှာ ရှိလာပါတယ်။ အဲဒီလို အရှုံးခံရောင်းချတဲ့ လူအနည်းစုထဲမှာ ထားဝယ်မြို့က ကိုဖြိုးနဲ့ ကိုမျိုးမင်းခန့်တို့လို လူငယ်တွေလည်း ပါဝင်ပါတယ်။ သူတို့ဟာ ကိုဗစ်ကပ်ရောဂါကို အကြောင်းပြုပြီး ဈေးမြင့်တက်နေတဲ့ ကြက်ဥနဲ့ နှာခါင်းစည်းတွေကို ဝယ်ရင်းဈေးနှုန်းအတိုင်း ရောင်းချနေတာ ဖြစ်ပါတယ်။ ဒီလိုအရှုံးခံရောင်းချတာဟာ အမြင်အားဖြင့် လွယ်တယ်လို့ ထင်ရပေမယ့် တစ်ဖက်မှာတော့ ဈေးကွက်ဖျက်ဆီးတဲ့သူတွေလို့ ကင်ပွန်းတပ်ခံရတဲ့အပြင် အခြားအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။ ထားဝယ်ဈေးကွက်ထဲမှာ အခုရေငါးဆယ်ပါ နှာခေါင်းစည်းတစ်ထုတ်ကို ငွေကျပ် ၂၀၀၀ ကျော် အထိရောင်းချနေတဲ့အချိန်မှာ သူတို့က ၁၅၀၀ ကျပ်နဲ့ ရောင်းချတာကြောင့် ဈေးကွက်မှာ ဈေးနှုန်းဖျက်သူတွေလို့ အပြောခံနေရတာဖြစ်ပါတယ်။ “သူများတွေက […]

ကိုဗစ်ကြောင့် တိုတယ်ကုမ္ပဏီဝန်ထမ်း ဆုံးပါးမှု ဝေဖန်သဖြင့် အလုပ်ထုတ်ခံရ

diz_admin

August 11, 2021

တိုတယ် ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါဖြင့် သေဆုံးရာတွင် ကုမ္ပဏီ အနေနှင့် တာဝန်ယူမှု ပျက်ကွက်သည်ဟု ဝေဖန်ခဲ့သော လုံခြုံရေးအရာရှိ ဝန်ထမ်းကို အလုပ်မှ ထုတ်ပယ်လိုက်သည်။ ကုမ္ပဏီ၏ ပုံရိပ်ကျဆင်းအောင် လုပ်ဆောင်သည်ဟုဆိုကာ တနင်္သာရီတိုင်း ကံပေါက်ဒေသတွင် အခြေစိုက်ပြီး ကမ်းလွန်ပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့ထုတ်ယူနေသည့် တိုတယ်ကုမ္ပဏီတွင် လုံခြုံရေးအရာရှိ တာဝန်ထမ်းဆောင်နေသူ မထားရည်မွန်အား အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။ တိုတယ်ကုမ္ပဏီ၏ လျှပ်စစ်ပိုင်းဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုအောင်မိုးမြင့်မှာ ကိုဗစ်ရောဂါဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်နှင့်ပတ်သတ်ပြီး မထားရည်မွန်က ဩဂုတ်လ ၈ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ပြောဆိုခဲ့သည်။ တိုတယ်ဝန်ထမ်းဖြစ်သူ ကိုအောင်မိုးမြင့် ကိုဗစ်ရောဂါကူးစက်ခံရပြီး လူနာစင်တာတွင်ရှိနေချိန်မှ သေဆုံးချိန်အထိ ကုမ္ပဏီအနေဖြင့် တာဝန်ယူမှုပျက်ကွက်ခဲ့သည်ဟု မထားရည်မွန်က လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့်ပြောဆိုခဲ့ခြင်းဖြစ်သည်။ “တိုတယ်(ကုမ္ပဏီ)ဘက်က အမြဲတမ်းပြောနေတဲ့စကားက Safety […]