BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

မိုးစပါးချေးငွေ ထုတ်ချေးမည်၊ သို့သော် လူစုလူဝေး မဖြစ်ရ

diz_admin

May 4, 2020

မေလဆန်းပိုင်းတွင် စတင်ထုတ် ချေးပေးရတော့မည့် မိုးစပါးချေးငွေများ အတွက် တနင်္သာရီတိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများနှင့် လယ်သမားတို့သည် စိုးရိမ်စိတ်များရှိနေကြ သည်။ ယခုနှစ်မိုးစပါးချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးများတွင် ထုတ်ချေးပေးမည်မဟုတ်ဘဲ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် မြို့နယ်များရှိ အားကစားခန်းမများ၊ ဘာသာရေး အဆောက်အဦများတွင် ထုတ်ချေးပေး နိုင်ရန် စီစဉ်နေကြောင်း အထက်ပါဘဏ် တိုင်းမန်နေဂျာ ဒေါ်မိုးမိုးလွင်က ပြော သည်။ ယင်းသို့ထုတ်ချေးရန်အတွက် ငွေ ချေးလုပ်ငန်းစဉ်ကို လုပ်ဆောင်မည့် သူများအပြင် လူစုလူဝေးမဖြစ်စေရန် စီမံပေးရမည့် သူများလည်းလိုအပ်လာသည် ဖြစ်ရာ ရှိသည့်ဘဏ်ဝန်ထမ်းနှင့် မလုံ လောက်မည်ကို ၎င်းက စိုးရိမ်လျက် ရှိသည်။ ယင်းအပြင် ငွေကြေးလုံခြုံမှုကိစ္စ၊ မိုးစပါးချေးငွေကိစ္စကြောင့် ဘဏ်ဝန် ထမ်းများနှင့် လယ်သမားများထံ ဗိုင်းရပ်စ် ကူးစက်မှု ရှိလာမည်တို့ကိုလည်း စိုးရိမ် […]

“ဈေးကွက်ပြန်ရှာဖို့အတွက် တော်ရုံနဲ့ နာလန်ထူဖို့ မနည်းကြိုးစားရဦးမယ်”

diz_admin

May 4, 2020

ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့်တွေ့ဆုံခြင်း တနင်္သာရီတိုင်းရှိ ရေမြေအနေအထားကြောင့် ခရီးသွားလုပ်ငန်းအတွက် မျှော်လင့်ချက်များ ရှိလာသည့်အခြေအနေတွင် ကမ္ဘာအနှံ့ ကိုရိုနာရောဂါကူးစက်ပြန့်ပွားမှုကြောင့် လုပ်ငန်းလုံး၀ ရပ်ဆိုင်းသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည့် ဧပြီလမှာ သင်္ကြန်ကာလဖြစ်ပြီး ယင်းကာလတွင် တနင်္သာရီတိုင်းအတွင်းသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု အမြင့်ဆုံးအချိန်လည်းဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ ၂၀၁၉ ခုနှစ်တွင် ပြည်တွင်းခရီးသွား တစ်သိန်းကျော်နှင့် ပြည်ပခရီးသွား ခုနစ်သောင်းဝန်းကျင်က တိုင်းအတွင်းရှိ တည်းခိုခန်း၊ ဟိုတယ်များတွင် တည်းခိုခဲ့ကြောင်း ဖော်ပြထားသည်။ သင်္ကြန်ကာလတွင် ထားဝယ်ဒေသအတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း၊ ဘုန်းကြီးကျောင်းများ ပြည့်လျှံသည်အထိ ခရီးသွား လာရောက်မှု များလေ့ရှိသည်။ ထိုကြောင့် ခရီးသွားကုမ္ပဏီများက လည်း သင်္ကြန်ကာလ အချိန်ကို မျှော်လင့်တကြီးဖြင့် […]

ကွမ်းယာဆိုင်များ ကိုဗစ်ကာကွယ်ရေး လိုက်နာမှု အားနည်း

diz_admin

May 4, 2020

ထားဝယ်ဒေသတွင် ရောင်းချနေသည့် ကွမ်းယာ ဆိုင် အများစုမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှု အားနည်းနေဆဲဖြစ်သည်။ ကိုဗစ်ရောဂါကို ကာကွယ်သည့်အနေဖြင့် ဈေးရောင်းချသူများနှင့် ဝယ်ယူသူများ နှာခေါင်းစည်း တပ်ရန်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များတွင် ပါဆယ်သာရောင်းချရန် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များက ညွှန်ကြားထားသည်။ သို့ရာတွင် ကွမ်းယာရောင်းချသူ အများစုက နှာခေါင်းစည်းတပ်ဆင်ထား ခြင်းမရှိသကဲ့သို့ ဝယ်ယူ သူများကလည်း စုပြုံပြီး ဝယ်ယူစားသောက်နေကြဆဲ ဖြစ်သည်။ ကွမ်းယာရောင်းသူများက လက်အိတ် ဝတ်ဆင်ပြီး ရောင်းချနေသော်လည်း အဆိုပါလက်ဖြင့်ပင် ပိုက်ဆံ ကိုင်တွယ်ခြင်း၊ နှာခေါင်းစည်း မတပ်ထားခြင်း ကြောင့် ရောဂါကူးမည်ကို စိုးရိမ်စိတ်ဖြင့်ပင် ဝယ်စား နေရကြောင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်နေ အသက် ၄၀ နှစ်အရွယ် ကွမ်းစားသူ […]

တနင်္သာရီမြို့နယ်ဆေးရုံတွင် ဖျားနာဆေးကုခန်းဖွင့်

diz_admin

May 4, 2020

ကိုယ်ပူ၊ ဖျားနာသူများ တနင်္သာရီမြို့နယ်ဆေးရုံဝင်းအတွင်းရှိ ဖျားနာဆေးကုခန်းတွင် ဧပြီလ ၂၆ ရက်မှစပြီး ဆေးဝါးကုသနိုင်ပြီဖြစ်ကြောင်း ယင်းဆေးရုံထံမှ သိရသည်။ ဖျားနာဆေးကုခန်းဖွင့်ချိန်ကို နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သတ်မှတ်ထားသည်။ ကိုဗစ်ရောဂါဖြစ်နေသည့် ကာလတွင် ဖျားနာလူနာများနှင့် အခြားလူနာများကို ခွဲထားနိုင်ရန် ယင်းသို့ သီးသန့် ဆေးကုခန်းဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေအနေ ပုံမှန်ဖြစ်သည့်အချိန်အထိ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သိုက်ထွန်းက ပြောသည်။ သံဃာတော်များအတွက် တနင်္သာရီ မြို့နယ်ဆေးရုံရှိ သံဃာဆောင်တွင် ဖွင့်လှစ်ထားသည့် ကိုယ်ပူ၊ ဖျားနာဆေးကုခန်းတွင် လာရောက်ပြသနိုင်ကြောင်း သိရသည်။ မြိတ်ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ လူနာဆောင်နှင့် ကန်ခေါင်းရပ် မိခင်နှင့်ကလေး ဆေးကုသဆောင်ရှိ နားနေဆောင်တို့တွင်လည်း ဧပြီလ ၁၄ ရက်နေ့ မှစပြီး […]

ကိုဗစ်-၁၉ နှင့် အသက်ရှုကျပ်လာသည့် ကျေးလက် လူနေမှုဟန်ပန်

diz_admin

May 4, 2020

အိမ်နီးနားချင်း အချင်းချင်း အကူး အလူး အဆက်အဆံပြု၍ မရသည့် အခြေအနေအောက်သို့ ရောက်ရှိနေသည့် အခါ ဘ၀တို့သည် အသက်ရှူကျပ်လာ ပေတော့သည်။ အထူးသဖြင့် အစိုးရဆိုသည်တို့နှင့် အဝေးဆုံးတွင် တည်ဆောက်ထားသည့် ရပ်ရွာအခြေပြု လူမှုအသိုင်းအဝိုင်းတို့ အနေနှင့် ၎င်းတို့ နှစ်ရာထောင်ချီ ထမ်းပိုး သယ်ရွက်လာခဲ့ကြသော အစဉ်အလာ လူနေမှုစနစ်သည် ကိုဗစ်-၁၉ ဟူသည့် တစ္ဆေ၏ ခြောက်လှန့်မှုကို ကြုံနေရ၏။ လက်ဆေးခြင်း၊ အိမ်ပြင် မထွက်ဘဲ သီးခြားနေထိုင်ခြင်း စသည့်နေထိုင်မှု ပုံစံသစ်သည် ယခုရက်များ အတွင်းတွင် ရုပ်မြင်သံကြားတို့မှ တစ်မျိုး၊ ရေဒီယိုတို့မှ တစ်နည်း၊ လူငယ်လူရွယ်တို့၏ လက်ကိုင် ဖုန်းများမှ တစ်ဖုံ၊ ရပ်ရွာလူကြီးတို့၏ လော်စပီကာမှထံမှ ဗလုံးဗထွေး ထွက် လာသည့် “စီအိုဗွီအိုင်ဒီနိုင်တီး သတိပေး ကြေညာခြင်း”ဆိုသည့် အော်သံမှ […]

ကျွန်ုပ်တို့ အမှတ်ရနေမှာပါ

diz_admin

May 4, 2020

နိုင်ငံတော် သမ္မတရုံးက ဧပြီလ ၂၇ ရက်နေ့က ထုတ်သည့် စာတစ်စောင်တွင် အလွန်လှပ အဓိပ္ပာယ်ရှိသော မူဝါဒ စကားရပ်တစ်ခု ပါရှိသည်။ “လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာ ဒေသခွဲခြားခြင်း အလျဉ်းမရှိဘဲ နိုင်ငံတော်၏ ပိုင်နက် နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေး မူဝါဒ (No one left behind Policy) ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်”ဟု ဖော်ပြထားပါသည်။ ကိုဗစ်နိုင်တီး ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်သည့် နိုင်ငံတော်၏ မူဝါဒကို ယင်းစာတွင် ဖော်ပြထားခြင်း ဖြစ်ပါသည်။ သို့သော် ထားဝယ်ခရိုင် အပါအဝင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများ ချန်လှပ်ခံ နေရသော အရေးကိစ္စတစ်ခုက ထိုမူဝါဒကို လှောင်ပြောင်သရော်နေသလိုပင်။ (က) မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း […]

ကပ်ဆိုးအကြောင်းပြု ပေါင်းစုကြသည်၊ သို့သော် အချိန်ကြာလာသောအခါ

diz_admin

May 4, 2020

(“ကပ်ဆိုးအကြောင်းပြု ပေါင်းစုခွင့်”ဘ၀ဟန်ဆောင်းပါးကို မတ်လ ၃၀ ရက်ထုတ် တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည်။ အချိန်ကြာကြာ အိမ်တွင် အတူတူနေလာရသောအခါ ထိုပေါင်းစု ခွင့်ကား မည်သို့ အဓိပ္ပာယ်ဆောင်လာပြီ နည်း။ ယခု အချိန်တစ်လ ကြာပြီးနောက် ထိုဆောင်းပါးတွင် မေးမြန်းထားသူများ ကို ပြန်လည်မေးမြန်းကာ ရေးသားဖော်ပြ ထားပါသည်။) ပြီးခဲ့သည့်လကလိုပင် မြိတ်မြို့၊ မြိတ်တောင်ရပ်နေ ဒေါ်မြင့်ကြည်တို့အိမ်တွင် သား/သမီး ကလေးလူကြီးအကုန် လူစုံနေဆဲ ဖြစ်သည်။ ထမင်းဟင်း ချက်လျှင် အိမ်သား အားလုံးက သူတစ်လက်ငါတစ်လက် ပျော်ပျော်ရွှင်ရွှင် ဝိုင်းချက်ကူကြ၊ အိမ်သား အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အရင်ကထက် ပိုပြီးဂရုစိုက်လာကြ ဖြင့် ယခုတစ်ကြိမ်သာ စုစုလုံးလုံးနေဖူးသဖြင့် ကိုရိုနာရောဂါကာလအဆိုးထဲမှ မိသားစု လူစုံ ဆုံနေခွင့်ရသည်မှာ အဆိုးထဲက အကောင်းပင် ဖြစ်ကြောင်း ဒေါ်မြင့်ကြည်က […]

မြိတ်မင်္ဂလာဆောင်ပွဲ ငွေဒဏ်ချ မှတ်ခံရ၊ ရေဖြူဘုန်းကြီးပျံကိစ္စ တရားရုံးလျှောက်ထားဆဲ

diz_admin

May 4, 2020

ကိုဗစ်ကပ်ဘေးကာလအတွင်း မြိတ် မြို့တွင် မင်္ဂလာပွဲကျင်းပသူ သုံးဦးကို တစ်ဦးလျှင် ဒဏ်ငွေကျပ်ငါးသောင်းစီချမှတ် လိုက်ပြီး ရေဖြူဘုန်းကြီးပျံကိစ္စမှာ တရားရုံးကို ဦးတိုက်လျှောက်ထားဆဲ ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ မင်္ဂလာဆောင်ကိစ္စတွင် မြစည်းစိမ် ဟိုတယ်မန်နေဂျာ၊ သတို့သားနှင့်သတို့ သမီးတို့ကို မြိတ်မြို့နယ်တရားရုံးက ဧပြီလ ၂၄ ရက်နေ့တွင် ဒဏ်ငွေကျပ် ငါးသောင်းစီ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း အထက်ပါဌာနမှသိရသည်။ ယင်းမင်္ဂလာဆောင်ကို မင်္ဂလာဆောင်၊ အလှူပွဲနှင့် ပွဲလမ်းသဘင် မကျင်းပရဟု တိုင်းအစိုးရမှ အမိန့် ထုတ်ပြန်ပြီး သုံးရက်အကြာတွင် ပြုလုပ်ခဲ့သည်။ “တရားစွဲတဲ့နေ့မှာပဲ အမိန့်ချလိုက် တာပါ”ဟု မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ ရေဖြူဘုန်းကြီးပျံကိစ္စကိုမူ ဧပြီလ ၂၀ ရက်နေ့တွင် မြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထားခဲ့ ကြောင်း ရေဖြူ […]