BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

နှာခေါင်းပိတ်မတပ်က ထိထိရောက်ရောက် အရေးယူတော့မည်ဟုဆို

diz_admin

May 7, 2020

လမ်းထွက်ချိန် နှာခေါင်းပိတ်မတပ်ပါက ထိထိရောက်ရောက် အရေးယူတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ နှာခေါင်းပိတ်မတပ်သူများကို မေလ ၈ ရက်နေ့က စတင်ကာ မြို့နယ်အလိုက် ထိထိရောက်ရောက် အရေးယူတော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ နှာခေါင်းပိတ်မတပ်ပါက ဖမ်းဆီးပြီး ကျပ်ငါးထောင်နှင့် ညီမျှသည့် Mask (နှာခေါင်းပိတ်) များ ပြန်ပေးမည့်ပုံစံဖြင့် အရေးယူမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ အပြင်ထွက်ချိန် နှာခေါင်းပိတ်မတပ်ပါက အရေးယူမည့်အကြောင်းကို ဧပြီလအစောပိုင်းတွင် စာထုတ်ညွှန်ကြားခဲ့သည်။ထိုသို့ စာထုတ်ပြီးအချိန်က လိုက်နာသူများခဲ့သော်လည်း နောက်ပိုင်းတွင် အများစုက လိုက်နာမှုမရှိကြတော့ပေ။ ထိုအချိန်က ဖမ်းဆီးကြပ်မတ်ခြင်းကို ရက်ပိုင်းသာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ နှာခေါင်းစည်းမတပ်သူများကို စတင်အရေးယူ ယင်းသို့သောအခြေအနေတွင် နှာခေါင်းပိတ်မတပ်ဘဲ အပြင်ထွက်က ထိထိရောက်ရောက်အရေးယူတော့မည့်အကြောင်း မေလ ၇ […]

Dawei Watch TV/ကိုယ့်ကမ်းခြေ ကိုယ်ပြန်ရတဲ့ အခိုက်အတန့်

diz_admin

May 7, 2020

ခါတိုင်းဆိုရင် မောင်းမကန်ကမ်းခြေမှာ ထားဝယ်ဒေသခံတွေ သာမက မြန်မာပြည်တစ်နံ တလျားက ဧည့်သည်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ကိုဗစ်ဂယက်ကြောင့် ကမ်းခြေတွေကို သွားလာလည်ပတ်ခွင့်ပိတ်ထားတဲ့အတွက် အခုဆိုရင် မောင်းမကန်ကမ်းခြေမှာ လူရှင်းနေပါတယ်။ ကမ်းခြေကို ရွာသားတွေပဲ လာကြပါတော့တယ်။ Dawei Watch TV

Dawei Watch TV/ကိုဗစ်ကပ်အကြား ထားဝယ် မုန့်လက်သုပ် ဆိုင်များ

diz_admin

May 6, 2020

ထားဝယ်မှာ မုန့်လက်သုပ်ဆိုတာ လူတိုင်းစားကြ၊ ကြိုက်ကြတဲ့ အစားအစာ တစ်မျိုးပါ။ အချို့ဆိုရင် ညနေတိုင်းစားကြတဲ့ အထိ စွဲစွဲလမ်းလမ်း ရှိကြပါတယ်။ မုန့်လက်သုပ်ဆိုင်အားလုံး နီးပါးက အမျိုးသမီးတွေ ဦးဆောင်ကြပါတယ်။ အခု ကိုဗစ်ကပ်ဘေးဖြစ်လာတော့ ဆိုင်ထိုင်စားလို့ မရတော့ အချိန်၊ ပါဆယ်သာ ဆွဲကြတော့တဲ့ အချိန် မုန့်လက်သုပ်ဆိုင်တွေရဲ့ ရောင်းအားက ဘယ်လိုပါလဲ။

ကိုဗစ်ကာလ ထောက်ပံ့မည့် ကြက်သွန်နီနှင့် ဆီပုံးများ ပျောက်ဆုံး

diz_admin

May 5, 2020

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်ကပ်ဘေးကာလအတွင်း ပြည်သူကိုဝေမည့် ကြက်သွန်နီအိတ်နှင့် ဆီပုံးများ ဧပြီလ ၂၇ ရက်နေ့က ပျောက်ဆုံးသွားကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖြစ်စဉ်မှာ ဘုတ်ပြင်းမြို့နယ် အားကစားခန်းမအတွင်း သိုလှောင်ထားသည့် ဆန်၊ ကြက်သွန်၊ ပဲ၊ ဆီ စသည့် ပစ္စည်းများအနက် ၁၀ ပိဿာဆံ့ စားအုန်းဆီ ပုံး ၂ လုံးနှင့် ပိဿာ ၃၀ ဆံ့ ကြက်သွန်နီ နှစ်အိတ်ပျောက်ဆုံးနေကြောင်း မြို့နယ်အား/ကာမှူးက ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ သိုလှောင်ထားသည့် အဆိုပါပစ္စည်းများမှာ ကိုဗစ်နိုင်တီးထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အများပြည်သူသို့ ဝေငှမည့်ပစ္စည်းများဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ အဆိုပါ ပစ္စည်းများခိုးယူသွားသူကို ဖော်ထုတ်အရေးယူပေးရန်တိုင်ကြားသဖြင့် ရာဇသတ်ကြီးပုဒ်မ- ၃၈၀ ဖြင့် ဘုတ်ပြင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ […]

ကော့သောင်း KDDPC အရပ်သုံး မီတာများဆယ်ယူနစ် အခမဲ့

diz_admin

May 5, 2020

ကော့သောင်းမြို့တွင် KDDPC ကုမ္ပဏီမှ လျှပ်စစ်မီးပေးနေသည့် အိမ်သုံးမီတာများတွင် ဧပြီလအတွက်မီတာခ ဆယ်ယူနစ်စာလျှော့ပေးသွားမည်ဖြစ်ကြောင်း KDDPC ၏အတွင်းရေးမှူး ဦးမင်းလွင်က ပြောသည်။ KDDPC (ပါချန်ကော့သောင်း ဒေသလုံးဆိုင်ရာ လျှပ်စစ်ထုတ်လုပ်ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်) သည် ကော့သောင်းမြို့၏သုံးပုံ နှစ်ပုံခန့်ကို လျှပ်စစ်မီးဖြန့်ဖြူးလျက်ရှိသည်။ ကိုဗစ်ရောဂါကပ်ဆိုက်နေသည့် ကာလတွင် အခြေခံလူတန်းစားအရပ်သားများသက်သာချောင်ချိရေးအတွက်ရည်ရွယ်ကာ ယင်းသို့ဆယ်ယူနစ်စာအခမဲ့ သုံးစွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဦးမင်းလွင်က ပြောသည်။ ထိုသို့ဆယ်ယူနစ်စာ လျှော့ပေးသည့်အပြင် ယခင်မတ်လအတွက် တစ်ယူနစ်ကို ၃၈၀ ကျပ်နှုန်းကောက်ခံနေရာမှ ယခုဧပြီလအတွက် ၃၃၀ ကျပ်နှုန်းသာ ကောက်ခံသွားမည်ဟု ခရိုင် စီမံခန့်ခွဲရေးကော်မတီသို့တင်ပြထားပြီးဖြစ်ကြောင်း ဦးမင်းလွင်က ပြောသည်။ ကော့သောင်းမြို့ခံတစ်ဦးကမူ ယင်းသို့ဆယ်ယူနစ်စာ လျှော့ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း ယခုကဲ့သို့ဆီဈေးကျနေသည့် ကာလအတွင်း တစ်ယူနစ်နှုန်းထားကို ၃၃၀ အစား ၃၀ဝကျပ်ခန့်သာကောက်ခံသင့်ကြောင်း ပြောသည်။ ကော့သောင်းမြို့၏ ၃ […]

ထီ ရောင်းအားထက်ဝက်ကျ

diz_admin

May 5, 2020

ကိုဗစ်နိုင်တင်းဂယက်ကြောင့် ယခုလအတွင်းထီရောင်းအား ထက်ဝက်ကျဆင်းခဲ့ကြောင်း မြိတ်မြို့ရှိထီဆိုင်များထံမှ သိရသည်။ မြိတ်မင်္ဂလာပွဲသို့ လာရောက်ခဲ့သည့် ပိုးတွေ့လူနာအမှတ် ၂၅ ဧပြီလ ၁၀ ရက်တွင် ပိုးတွေ့သည်ဟု ကြေညာပြီးနောက် ရောင်းအားထက်ဝက်ခန့်ကျဆင်းခဲ့ရကြောင်း ထီဆိုင်ရောင်းချသူ တချို့ကဆိုသည်။ သင်္ကြန်တွင်း ရုံးများပိတ်လိုက်ခြင်း၊ မြို့အဝင်အထွက်ခရီးသွားလာမှု ကန့်သတ်လိုက်ခြင်း၊ ညမထွက်ရအမိန့်များ ပြုလုပ်လိုက်ခြင်း၊ ဈေးများအား တစ်နပ်ဈေးအဖြစ် ပြုလုပ်လိုက်ခြင်း စသည်ကြောင့်လည်း ထီရောင်းအားကျဆင်းရခြင်းဖြစ်ကြောင်း ထီရောင်းချသူများက ဆိုသည်။ “ကားတစ်စီး တစ်နေ့ကို ငါးသိန်း ခြောက်သိန်းရနေရာက ခုဆိုရင် တစ်နေ့ သုံးသိန်းတောင် မရတော့ဘူး”ဟု မြိတ်မြို့တွင် ထီကားများပိုင်ဆိုင်သည့် ငွေထပ်တိုးထီဆိုင်မှ ဒေါ်ချိုဇင်မာက ပြောသည်။ လစဉ်အနည်းဆုံး ငါးစောင်တွဲထီတစ်စောင် အမြဲတမ်းထိုးနေသည့် မြိတ်သူတစ်ဦးဖြစ်သူ မခိုင်ကလည်း ယခုလတွင် မထိုးဖြစ်တော့ဟု ဆိုသည်။ “ထီထက် ကျန်းမာရေး၊ စားဝတ်နေရေးပိုအရေးကြီးတယ်။ အခုချိန်မှာ […]

တပ်ပြင် နာရေးဝန်ဆောင်မှုတွင် အသုဘများအား တစ်ညသာ လက်ခံ

diz_admin

May 5, 2020

မြိတ်မြို့၊ တပ်ပြင်ရပ်ကွက်ရှိ နာရေးဝန်ဆောင်မှုတွင် အသုဘများအား တစ်ညသာလက်ခံကြောင်း တပ်ပြင်နာရေးဝန်ဆောင်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမောင်ထံမှ သိရသည်။ ပုံမှန်အားဖြင့် အသုဘများအား သုံးရက်၊ ငါးရက်စသဖြင့် လက်ခံလေ့ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်နေသည့် ကာလတွင်တစ်ညသာ လက်ခံဆောင်ရွက်ခြင်းဖြစ်ကြောင်း အထက်ပါဥက္ကဋ္ဌ ဦးဝင်မောင်က ပြောသည်။ “ချက်ချင်းချမယ့် အလောင်းကို ချက်ချင်းချပေးလိုက်တယ်”ဟု ဦးဝင်းမောင် က ပြောသည်။အဆိုပါ တပ်ပြင်နာရေးဝန်ဆောင်မှုတွင် မြိတ်မြို့ပြင်ပ အခြားမြို့နယ်နှင့် ကျေးရွာများမှ မြိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသရာမှ သေဆုံးသူအများစုအား ထားလေ့ရှိသည်။ “ဒီလိုကာလမှာ တစ်ညလက်ခံပေးတာကိုပဲ အဆင်ပြေပါတယ်” ဟု နာရေးမိသားစုဝင်တစ်ဦးဖြစ်သူ ကျွန်းစုမြို့နယ် ပဲ့တိုင်ကျေးရွာ‌မှ ဦးဝင်းစိုးက ပြောသည်။ ၎င်း၏ အဒေါ်ဖြစ်သူမှာ မြိတ်ဆေးရုံကြီးတွင် ဆေးဝါးကုသရာမှ သေဆုံးခဲ့သဖြင့် တပ်ပြင်နာရေးဝန်ဆောင်မှုတွင် ဧပြီလ ၂၇ ရက်က ထားရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နာရေးတွင် […]

ကွင်းထဲမှ ကျူအခက်အခဲ

diz_admin

May 5, 2020

တစ်ရွာနှင့်တစ်ရွာ အခက်အခဲကား မတူကြပါ။ ကျူခြင်းဟု လူအများအလွယ်ခေါ်လာကြသော အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် တစ်ရွာနှင့်တစ်ရွာ မတူညီသော အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရသည်။ ကျောင်းအဆောက်အအုံ တစ်ခုသာရှိသော မူလတန်းအဆင့်ကျောင်းသာရှိသော ကျေးရွာများတွင် အမျိုးသား၊ အမျိုးသမီးများကို တစ်ဆောင်တည်းတွင်ထားရှိနေရခြင်း၊ စောင့်ကြည့်ခံနေရသူများသည် မိသာစုများနှင့်ပင် စကားပြောခွင့်မရခြင်းစသည်တို့ ဖြစ်နေကြသည်။ ထမင်းလာပို့ချိန် သတ်မှတ်ထားသော ခြောက်ပေအကွာအဝေးမှ မိသားစုနှင့် စကားပြောခွင့်ကိုပင် စောင့်ကြည့်ရေးစခန်း တာဝန်ရှိသူတို့ကခွင့်မပြုကြောင်း လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာတွင် စောင့်ကြည့်ရေးစခန်းဝင်နေသူ ကိုသံလုံးက ပြောသည်။ “ကျွန်တော်တို့မှာ အိမ်က စားစရာတွေလာပို့အချိန်မှပဲ မိသားစုနဲ့ စကားပြောခွင့်ရတာလေ။ အဲတာကိုမှ သူတို့ကစကားပြောလို့မရဘူးတဲ့။ အဲတာက လူတစ်ယောက်ရဲ့အခွင့်အရေးကို လိုက်ပြီး ပိတ်ပင်သလိုဖြစ်နေတယ်”ဟု ကိုသံလုံးက ဆိုသည်။ အမျိုးသမီးများ ကိုယ်၊ စိတ်လုံခြုံမှုရှိစေရန်အတွက် စောင့်ကြည့်ရေးစခန်း အဆောင်တစ်ခုတည်းတွင် အမျိုးသား၊ အမျိုးသမီးအတူထားခြင်း မပြုလုပ်သင့်ကြောင်း […]