BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

တနင်္သာရီ ကိုဗစ် ဘဲဥ မကွဲစေ ချင်ပါ

diz_admin

May 11, 2020

တစ်ကမ္ဘာလုံးတွင် ကိုဗစ်ရောဂါ ကူးခံစားထားရသူ သန်းချီရှိနေပြီဖြစ် သော်လည်း တနင်္သာရီတိုင်းကို ဘဲဥမကွဲ စေချင်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း ကိုရိုနာရောဂါပိုးကူးစက်သူ မရှိသေးပေ။ ထိုအနေအထားအတိုင်း ဆက်လက် ထိန်းထားနိုင်ရန် ကိုရိုနာရောဂါပိုး ကာကွယ်ရေးနှင့် ပတ်သက်သည့် အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်နေခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။ တနင်္သာရီတိုင်းတွင် အခြားတိုင်း နှင့် ပြည်နယ်များနည်းတူ ညမထွက်ရ အမိန့်၊ ပါဆယ်သာရောင်းချစေသည့် အမိန့်၊ လူစုလူဝေးမလုပ်ရန် တားမြစ် သည့်အမိန့် ၊ ယာဉ်လိုင်းများရပ်နားထား စေသည့်အမိန့် အစရှိသည့် အမိန့်များကို ထုတ်ပြန်ထားသည်။ ထိုသို့ထုတ်ပြန်ထားသည့် အမိန့် ကို ဖောက်ဖျက်သူများလည်း ရှိနေဆဲ ဖြစ်ပြီး အရေးယူကြပ်မတ်မှု အားနည်း သည်ဟု ပြောဆိုဝေဖန်မှုများလည်း ရှိသည်။ […]

ကိုဗစ်ကာလ မှုခင်း ထက်ဝက်လျော့

diz_admin

May 11, 2020

ကိုဗစ်အရေးကြီးကာလဖြစ်သည့် ဧပြီလတွင် တနင်္သာရီတိုင်းအတွင်း မှုခင်း ဖြစ်ပွားမှု ထက်ဝက်ခန့်ကျဆင်းလာ ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ကိုဗစ်ကာလမတိုင်မီ မတ်လတွင် တိုင်းအတွင်း အမှုပေါင်း ၁၁၂၆ မှု ဖြစ် ပွားခဲ့ပြီး ဧပြီလတွင် ၇၂၄ မှုသာ ဖြစ်ပွား ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ စာရင်းအရ သိရသည်။ ယင်းသို့ ကျဆင်းလာခြင်းမှာ ည မထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ ရဲတပ်ဖွဲ့ က နေ့ရောညပါ လှည့်ကင်း ရပ်ကင်း များဖြင့် လုံခြုံရေးဆောင်ရွက်ခြင်းတို့ ကြောင့် မှုခင်းဖြစ်ပွားမှု ကျဆင်းလာ ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးစိန်ဝင်းက ဆိုသည်။ Dawei Watch

ကိုဗစ်ကာကွယ်ရေး ဖောက်ဖျက်မှု ၇၀ ကျော်

diz_admin

May 11, 2020

တနင်္သာရီတိုင်းအတွင်း ကိုဗစ် ထိန်းချုပ်ရေးအမိန့်ကို ဖောက်ဖျက်၍ အရေးယူခဲ့သည့်အမှုပေါင်း ၇၀ ဝန်းကျင် ရှိကြောင်း တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ကိုဗစ်ကာလ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် ဖောက်ဖျက်သည့် အတွက် ဖမ်းဆီးအရေးယူခဲ့သည့်အမှု အရေအတွက် ၆၀ ကျော်ရှိကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် ထင်ရှား သည့်အမှု ၇ မှုရှိခဲ့ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ မြိတ်မင်္ဂလာဆောင်ကိစ္စ၊ ရေဖြူ ဘုန်းကြီးပျံပွဲကိစ္စ၊ ကော့သောင်း မလိဝမ်း ရှိ စောင့်ကြည့်စခန်းတွင် ခြိမ်းခြောက် ပြောဆိုပြီး စောင့်ကြည့်စခန်းမှ ထွက်သွား သည့်ကိစ္စ၊ မြိတ်တွင် ကျန်းမာရေးအစစ် ဆေးမခံသည့် လိုင်စင်မဲ့ကားကိစ္စ၊ ထိုင်း နိုင်ငံမှ ကော့သောင်းသို့ ပဲ့ချိတ်ဖြင့် ခိုးဝင်လာသည့် ကိစ္စ၊ မြိတ်ကေတီဗွီ […]

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နောက်ဆုံးအခြေအနေ

diz_admin

May 11, 2020

တနင်္သာရီတိုင်းအတွင်း ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မေလ ၇ ရက် နေ့က ပြုလုပ်ခဲ့သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ကိုဗစ်ရောဂါနှင့် ပတ်သက် ၍ တိုင်းအစိုးရက ပြင်ဆင်ထားမှုများ၊ တပ်မတော်ဘက် က ပြင်ဆင်ထားမှုများ၊ လျှပ်စစ်မီးအခမဲ့သုံးစွဲခွင့်ကိစ္စများကို ရှင်း လင်းခဲ့သည်။ ယင်းရှင်းလင်းချက် များကို ကောက်နုတ်ဖော်ပြလိုက်သည်။ စောင့်ကြည့်စခန်း အခြေအနေ တနင်္သာရီတိုင်းအတွင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၄၅၀၀ ကျော် နှင့် ပြည်တွင်းစောင့်ကြည့်/သံသယ လူနာ ၁၈၃၂ ဦး ရှိပြီး Community Based Facility Quarantine (လူထု အခြေပြု စောင့်ကြည့်စခန်း) ၄၃၉ ခုတွင် ထားရှိကြောင်း တိုင်းအစိုးရက ထုတ်ပြန် […]

Dawei Watch TV/ မြိတ် KTV ပြစ်ဒဏ် နဲ့ မကျေနပ်နိုင်ပါ၊ သို့သော် မာဆတ်ကတော့ လွတ်နေဆဲ

diz_admin

May 9, 2020

မြိတ် KTV ပြစ်ဒဏ် နဲ့ မကျေနပ်နိုင်ပါ၊ သို့သော် မာဆတ်ကတော့ လွတ်နေဆဲ မေလဆန်းက ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး အမိန့် ချိုးဖောက်ခဲ့တဲ့ KTV တစ်ခုကို မြိတ်မှာ ဖမ်းဆီး အရေးယူခဲ့ပါတယ်။ KTV ကို ဖမ်းနိုင်ပေမဲ့ မာဆတ်ကိုတော့ မဖမ်းနိုင်ဖြစ်ပါတယ်၊ ဘာကြောင့်ပါလဲ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV

Dawei Watch TV/ဆန်၊ ဆီ၊ ဆား အကြွေး မပြေသေးတဲ့ တနင်္သာရီ အစိုးရ

diz_admin

May 9, 2020

ကိုဗစ်ကပ်ဘေးကာလ ဧပြီလအတွင်းက လူထုကို ထောက်ပံ့တဲ့ ဆန်၊ ဆီ၊ ဆား အကြွေးတွေ အစိုးရက အပြေမဆပ်နိုင်သေးပါဘူး။ အဲဒီအကြောင်း အစိုးရအဖွဲ့က ပြန်ရှင်းခဲ့ပါတယ်။ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV

Dawei Watch TV/လူ့ကန့်လန့်၊ လူ့ဂွစာများ

diz_admin

May 9, 2020

ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး အမိန့်၊ ညွှန်ကြားချက်တွေကို လိုက်နာရေး ဆောင်ရွက်တဲ့ အခါမှာ တွေ့ရတဲ့ လူတွေ အကြောင်း ကို တနင်္သာရီအစိုးရအဖွဲ့က ရှင်းပြခဲ့ပါတယ်။ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV

Dawei Watch TV/ကိုဗစ်ကာလ တနင်္သာရီအစိုးရ၏ လျှပ်စစ် ရင်ဖွင့်သံ

diz_admin

May 9, 2020

ကာလကြာရှည် မြုံနေတဲ့ တနင်္သာရီတိုင်းက လျှပ်စစ်အနာဟာ ကိုဗစ်ကပ်ဘေးကြားမှာ ပိုယောင်ကိုင်းလာပြီး လူတွေလည်း အသံပိုထွက်လာပါတယ်။ ပြည်ထောင်စု အစိုးရရဲ့ လျစ်လျှူရှုမှုအကြား တနင်္သာရီတိုင်းဒေသကြီး အစိုးရက စွမ်းသလောက် ကြိုးစားနေကြောင်း ထုတ်ပြောပါတယ်။ အဲဒီအကြောင်း တနင်္သာရီအစိုးရရဲ့ ရင်ဖွင့်သံကို တင်ဆက်ထားပါတယ်။ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV