BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

မိုးစပါးချေးငွေ အတိုးနှုန်း ထပ်လျှော့

diz_admin

May 11, 2020

ယခုနှစ် မိုးရာသီတွင် လယ်သမားများအားထုတ်ချေးမည့် စိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ် အတိုးနှုန်းကို ၃ ရာခိုင်နှုန်းလျှော့ချထားကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ယခင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ်အတိုးနှုန်းကို ၈ ရာခိုင်နှုန်းသတ်မှတ်ထားရာ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုလျော့နည်းစေရန် ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ အတိုးနှုန်း ၁ ရာခိုင်နှုန်း လျှော့ချခဲ့သည်။ ထို့နောက် မေလ ၁ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ၂ ရာခိုင်နှုန်း ထပ်မံလျှော့ချခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဘဏ်မှမန်နေဂျာ ဒေါ်မိုးမိုးလွင်က ပြောသည်။ ထို့ကြောင့် ယခုနှစ်ချေးငွေအတွက် တစ်နှစ်အတိုးနှုန်း ၅ ရာခိုင်နှုန်းသာ ဖြစ်မည်ဖြစ်သည်။“ဗဟိုဘဏ်ကနေလည်း အတိုးနှုန်းက တစ်ဆင့်ချင်း တစ်ဆင့်ချင်း လျှော့လျှော့ပေးတာကိုး၊ အစ်မတို့ ဘဏ်တွေကလည်း တဖြည်းဖြည်းနဲ့ လျှော့လျှော့ပေးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ အခုဆို […]

မြိတ်ကေတီဗွီဆိုင်ကိစ္စ ပြစ်ဒဏ်နည်း၍ ပြင်ဆင်မှုတက်ရန် ပြင်

diz_admin

May 11, 2020

မြိတ်တွင် ဒေသန္တရအမိန့် ချိုးဖောက် ခဲ့သည့် ကေတီဗွီဆိုင် သုံးဆိုင်အား ဒဏ်ငွေ ကျပ်ငါးသောင်းစီ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ပြင်ဆင်မှု တက်ရန် ဆွေးနွေးရန်ရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က ပြောသည်။ အမိန့်ထုတ်ပြန်ပြီးနောက် ယင်း ကဲ့သို့ဖောက်ဖျက်ခြင်းမှာ အမိန့်ကို တမင် ဖီဆန်သည့်သဘောဖြစ်နေသည့် အတွက် ပြစ်ဒဏ်တိုးမြှင့်နိုင်ရေး ပြင်ဆင် မှုတက်သင့်^ မသင့် ဆွေးနွေးရန်ရှိကြောင်း ၎င်းက ဆိုသည်။ စည်းကမ်းဖောက်ဖျက်သည့် ကေတီဗီ ဆိုင် ၃ ဆိုင်ကို ရာဇသတ်ကြီးပုဒ်မ-၁၈၈ အရ ဒဏ်ငွေငါးသောင်းပေးဆောင်စေရန် မြိတ်မြို့နယ်တရားရုံးက အမိန့်ချခဲ့ကြောင်း ဦးစိုးမြင့်က ပြောသည်။ “မင်္ဂလာဆောင်တို့၊ ဘုန်းကြီးပျံတို့ ဆိုတာ ဒါကတကယ့် လူမှုရေးကိစ္စပါ။ ကေတီဗွီလိုဟာမျိုးကျတော့ ဒါက သက်သက်မဲ့ အမိန့်ဖီဆန်တဲ့သဘော မျိုးဖြစ်တာ။ ဒီကာလကြီးမှာ […]

ကိုဗစ်အမိန့်ဖောက် မာဆတ် အရေးယူရန် ခက်နေသည်

diz_admin

May 11, 2020

ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေး အတွက် ချမှတ်ထားသော စည်းကမ်းချိုး ဖောက်သည့် မြိတ်မြို့မှ မာဆတ် (အနှိပ်ခန်း) ကို အရေးယူရန် အခက်တွေ့ နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က ပြောကြားသည်။ မြိတ်တွင် ချမှတ်ထားသည့် အမိန့် ကို ဖောက်ဖျက်သည့် ကေတီဗွီ (ကာရာ အိုကေလုပ်ငန်း) ၃ ခုကို အရေးယူခဲ့ပြီး ဖြစ်သော်လည်း အနှိပ်ခန်းလုပ်ငန်းကိုမူ အရေးယူရန် ဥပဒေအကြံတောင်းထား ဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ တားမြစ်ထားသည့်အမိန့်တွင် အနှိပ်ခန်းလုပ်ငန်း မပါဝင်သည့်အတွက် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေးဥပဒေဖြင့် အရေးယူရန် ဆွေးနွေး နေကြောင်း တိုင်းဒေသကြီး ဥပဒေချုပ်က ဆိုသည်။ “အမိန့်ထုတ်ထားတဲ့အထဲမှာ မာဆတ် မပါဘူး။ မာဆတ်မပါတော့ ဘယ်လို လုပ်ရင်ကောင်းမလဲ၊ ကူးစက်(ဥပဒေ) […]

ကိုဗစ်အတွက် ပြန်အပ်ရသည့် အခြေခံပညာ ရန်ပုံငွေ ကျပ်သန်းငါးထောင်ကျော်

diz_admin

May 11, 2020

တနင်္သာရီတိုင်း အခြေခံပညာ ဦးစီးဌာန ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် အသုံးပြုမည့် ရန်ပုံငွေထဲမှ ပြည်ထောင်စုကို ကျပ်သန်းငါးထောင် ကျော် (ကျပ် ၅၅၀၅ သန်းကျော်) ပြန်အပ် လိုက်ရကြောင်း တိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။ တနင်္သာရီတိုင်းမှ ပြန်အပ်လိုက်သည့် ရန်ပုံငွေများမှာ တင်ဒါပိုလျှံငွေမှ ကျပ်သန်း သုံးရာကျော် (ကျပ် ၃၈၂ သန်း ကျော်)၊ ငွေလုံးငွေရင်း အသုံးစရိတ်မှ ကျပ်သန်းနှစ်ရာနီးပါး (ကျပ် ၁၉၅ သန်း ကျော်)၊ သာမန်အသုံးစာရိတ်မှ သန်း ငါးထောင်နီးပါး (ကျပ် ၄၉၂၇ သန်း ကျော်) ပြန်အပ်လိုက်ရခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး စီမံ^ဘဏ္ဍာဌာန ထံမှ သိရသည်။ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် အသုံးပြုမည့် ရန်ပုံငွေထဲမှ ကိုဗစ်-၁၉ ကပ်ရောဂါအတွက် အသုံးပြုရန် […]

ကိုဗစ်အလွန် အခြေခံပညာကျောင်း များ ပြန်ဖွင့်ရန် စဉ်းစားထားချက်များ

diz_admin

May 11, 2020

ကိုဗစ်အလွန် အခြေခံပညာကျောင်း များ ပြန်ဖွင့်မည့်ကိစ္စနှင့် ပတ်သက်ပြီး အခြေခံပညာဦးစီးဌာနတွင် စဉ်းစားထား ချက် ရှိနေကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေ အနေရှိပါ အခြေခံပညာကျောင်းအချို့ကို နှစ်သုတ်ခွဲပြီး တက်စေသည့်စနစ်၊ ကျောင်း အချို့ကို တစ်ရက်ခြား တက်စေသည့် စနစ်ကို ကျင့်သုံးနိုင်ခြေရှိကြောင်း တိုင်း ပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ကျောင်းသားဦးရေများသော ကျောင်းကြီးများကို တစ်ရက်လျှင် နှစ်သုတ်ခွဲ ကျောင်းတက်စေသည့်စနစ်၊ ကျောင်းသားဦးရေ နည်းသည့်ကျောင်းများကို တစ်ရက်ခြားစီ ကျောင်းတက်စေသည့် စနစ်တို့ကို ကျင့်သုံးနိုင်ခြေရှိကြောင်း ဒေါ်မြင့်စိန်က ပြောသည်။ ယင်းသည် အခြေခံပညာ ဦးစီးဌာန က ကိုဗစ်အလွန် ကျောင်းပြန်ဖွင့်မည့် အခြေအနေအတွက် စဉ်စားချက် အဆင့် တွင်သာ ရှိသေးကြောင်း […]

ကြိုမြင်ခဲ့တဲ့ ကပ်ဘေး

diz_admin

May 11, 2020

အခန်း ( ၂ ) “နောင်ကြုံရမယ့် ကပ်ရောဂါဘေး ဖြစ်လာမှာလား မေးစရာမလိုပါ။ ဘယ် အချိန်ဖြစ်မှာလဲ ဆိုတာသာ မေးရမှာ (The Next Pandemic: Not if, but when)”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ၂၀၁၃ ခု မေ ၉ ရက်နေ့ထုတ် နယူးယောက် တိုင်းမ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ရေးသူက အမေရိကန်သိပ္ပံစာရေးဆရာ ဒေးဗစ်ကွာမန်း (David Quammen) ဖြစ်ပါတယ်။ သူ့ကို အတော်ဆုံးစာရေး ဆရာထဲက တစ်ယောက်လို့ နယူးယောက် တိုင်းမ်သတင်းစာက ရည်ညွှန်းပါတယ်။ ၂၀၁၃ မှာပဲ သူ့ရဲ့လွင့်စင်ရောက်ရှိလာခြင်း (Sစငူသလနမ)ဆိုတဲ့ စာအုပ်ထွက်လာပါ တယ်။ ပညာရှင်တွေရဲ့ သုတေသနအမြင် တွေကို မူတည်ပြီး အချက်အလက် အထောက်အထားနဲ့ သတိပေးချက်တွေ […]

ကိုရိုနာညောင်ရေ

diz_admin

May 11, 2020

“ကဆုန်လ ညောင်ရေသွန်းပွဲ”ကဆုန်လပြည့်နေ့တိုင်း ဘုရားနှင့် ညောင်ပင်အား ရေသွန်းကြသည်က ရာစု နှစ်ချီခဲ့ပြီ။ ဗုဒ္ဓဘုရားရှင်၏ အသုံးအဆောင် ပရိဘောဂစေတီ ဗောဓိညောင်ပင် ရေသွန်း လောင်းပွဲက အရပ်ဒေသအသီးသီးတွင် ဆင်နွှဲသည့်ပွဲတော် ဖြစ်သည်။ အချို့က သူ့အရပ်နှင့်သူ့ဇာတ် ပျော်ပွဲ၊ ရွှင်ပွဲများထည့်သွင်းကျင်းပကြသည်။ အချို့ရပ်ရွာများတွင်ကား မိမိတို့ ရပ်ရွာ၏ ရာဇဝင်များ၊ ရိုးရာဓလေ့များကို ပုံဖော်ကြ၊ ကပြဖျော်ဖြေကြသည်။ ယခုတော့ အဖြစ်က မနှစ်ကနှင့်ပင် မတူတော့ပါ။ ကိုရိုနာရောဂါပိုးက ဖြစ်နေ၊ ရှိနေကျ ထုံးတမ်းအစဉ်အလာ အားလုံးကို ယူသွားပြီ။ သင်္ကြန်ကိုလည်း အလွတ်မပေးသကဲ့သို့ ကဆုန်ညောင်ရေ သွန်းပွဲလည်း မချန်ပါ။ တစ်နှစ်တစ်ခါ လည်သာ ရှိသေးသော်လည်း မှတ်မှတ် ရရ ပြန်ပြောင်းပြောစရာများပင် ဖြစ်နေ တော့သည်။ တနင်္သာရီတိုင်း၏ အချို့ဒေသ ညောင်ရေသွန်းပွဲတော်များ၏ စည်ချက် ကား […]

ကိုဗစ် ကုစားချေးငွေတနင်္သာရီတိုင်းမှ ဟိုတယ်တစ်လုံး ဈေးဦးပေါက်ရရှိ

diz_admin

May 11, 2020

ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေး ထိခိုက်မှုကိုကုစားရန်အစိုးရက ငွေထုတ် ချေးလျက်ရှိရာ ချေးငွေရစာရင်းတွင် ထားဝယ်မြို့မှဟိုတယ်တစ်လုံးက တနင်္သာရီ တိုင်း၏ပထမဆုံး ချေးငွေရစာရင်းတွင် ပါဝင်လာသည်။ ယင်းဟိုတယ်မှာထားဝယ်မြို့ရှမ္မလည်ဆွဲရပ်မှNew Light ဟိုတယ် ဖြစ် သည်။ ချေးငွေရသူများ စာရင်းကို ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်မှထုတ်ပြန်လျက်ရှိရာ မေလ၄ရက် နေ့က တတိယအသုတ်အဖြစ်ထုတ်ပြန် သည့်စာရင်းတွင်New Light ဟိုတယ် ပါဝင်လာခြင်းဖြစ်သည်။ New Lightဟိုတယ်ပိုင်ရှင်ကမူ အစိုးရထံမှ ငွေသိန်း၂၅၀ ချေးယူရန် လျှောက်ထားပြီးအစိုးရမှ ချေးငွေမည်မျှ ခွင့်ပြုရရှိမည်ဖြစ်ကြောင်းကိုယခုထိ မည်သည့်ဌာနကမှအကြောင်းကြားလား ခြင်းမရှိသေးဟု မေလ၈ရက်ညနေပိုင်း တွင် ပြောကြားသည်။ ယင်းသည်အွန်လိုင်းမှတစ်ဆင့် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်သို့ တိုက်ရိုက် လျှောက်ထားခဲ့ကြောင်း New Light ဟိုတယ်ပိုင်ရှင် ဒေါက်တာဇေယျာအောင် က ပြောသည်။ ချေးငွေ၂၅၀ […]