BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

ထီးခီးနယ်စပ်မှ တစ်ပတ်တစ်ရက် ဂက်စ်တင်သွင်းခွင့်ပြန်ရ

diz_admin

May 11, 2020

အိမ်သုံးဂက်စ်ကို ထီးခီးနယ်စပ်ဂိတ်မှ တင်သွင်းခွင့်ပြန်ရပြီဖြစ်ကြောင်း ဂက်စ်တင်သွင်းနေသည့် ကုမ္ပဏီထံမှ သိရသည်။ ထီးခီးနယ်စပ်ဂိတ်မှ ဂက်စ်တင်သွင်းခွင့်ကို ပြီးခဲ့သည့်အပတ်က စတင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး တစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း တင်သွင်းခွင့်ပြန်ရပြီဖြစ်ကြောင်း ဂက်စ်တင်သွင်းနေသည့် ကစယ်ဒိုထူးကုမ္ပဏီ၏ အရောင်းမန်နေဂျာဒေါ်ခင်မူက ဆိုသည်။ ကိုရိုနာရောဂါပိုးဂယက်ကြောင့် ထီးခီးနယ်စပ်ဂိတ်ပိတ်ထားသည့်အတွက် ထားဝယ်ဒေသနှင့် မြိတ်ဒေသတွင်သုံးစွဲမည့် မီးဖိုချောင်သုံးဂက်စ်ကို တင်သွင်းခွင့်မရဖြစ်နေခဲ့သည်။ ယင်းသို့အခြေအနေတွင် ဂက်စ်တင်သွင်းခွင့်ရရန် အထက်ပါကုမ္ပဏီက တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကို ဧပြီလ ၁ ရက်တွင် တောင်းဆိုထားသည်။ ကုမ္ပဏီဘက်က အကူအညီတောင်းခံလာသည့်အပေါ် တိုင်းကုန်သည်/ စက်မှု အသင်းက ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းအစိုးရထံ စာဖြင့်တင်ပြခဲ့ပြီးနောက် ယခုကဲ့သို့ တင်သွင်းခွင့်ရခဲ့ကြောင်း ကစယ်ဒိုထူးကုမ္ပဏီ၏ အရောင်းမန်နေဂျာ ဒေါ်ခင်မူက ဆိုသည်။ လက်ရှိတွင် တစ်ပတ်လျှင် တစ်ရက်တည်းသာ တင်သွင်းခွင့်ရသည့်အတွက် ဒေသသုံးအတွက် မလုံလောက်သေးသဖြင့် ရန်ကုန်နှင့် […]

ကိုဗစ်နိဗ္ဗာန်ယာဉ်အတွက် အလှူငွေလိုအပ်

diz_admin

May 11, 2020

ကိုဗစ်ရောဂါကြောင့် သေဆုံးသူများကို သုသာန်သို့ပို့ဆောင်မည့် နိဗ္ဗာန်ယာဉ်အတွက် အလှူငွေလိုအပ်နေကြောင်း နာရေးကူညီမှု (ထားဝယ်) အဖွဲ့ထံမှ သိရသည်။ ကိုဗစ်ကြောင့် သေဆုံးသူရှိလာပါက အလောင်းသယ်ဆောင်နိုင်ရန် ကွန်တင်နာပုံးပါသည့် နိဗ္ဗာန်ယာဉ်ကို အလှူရှင်များ၏ လှူဒါန်းငွေဖြင့်ဝယ်ယူထားပြီး လက်ရှိတွင် ကားတန်ဖိုးအပြေ အကြေမပေးရသေးဘဲ ငွေကျပ်သိန်း နှစ်ဆယ်ကျော်လိုနေသေးကြောင်း နာရေးကူညီမှု(ထားဝယ်)အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။ ကိုဗစ်လူနာသေဆုံးခြင်း သို့မဟုတ် သံသယလူနာသေဆုံးပါက သယ်ဆောင်သည့် နိဗ္ဗာန်ယာဉ်ကို ပိုးသတ်ဆေးဖြန်းရာတွင် သတ္တုပစ္စည်းများဆုံးရှုံးခြင်း၊ သန့်ရှင်းရေးလုပ်ရန် ခက်ခဲခြင်းများကြောင့် ကွန်တင်နာပုံးပါသည့် နိဗ္ဗာန်ယာဉ်ဖြင့် သယ်ဆောင်ရန်စီစဉ်ခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။ အဆိုပါကားကို ငွေကျပ် ၄၈ သိန်း ဖြင့်ဝယ်ယူခဲ့ပြီး လက်ရှိတွင် ယာဉ်တန်ဖိုးကျန်ငွေနှင့် ယာဉ်ထားမည့် အမိုးဆောက်ရန် ငွေကျပ် ၂၅ သိန်းခန့် လိုအပ်နေသေးကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ […]

ကိုဗစ်ဂယက်ကြားမှ သီလရှင်များ

diz_admin

May 11, 2020

ကိုဗစ်ဂယက်၏ အကျိုးဆက်ကို ဆန်အလှူခံထွက်နေသည့် သီလရှင်များလည်း ခံစားရသည်။ဆန်အလှူခံထွက်ရာတွင် လှူနေကျ ဒကာ၊ ဒကာမအိမ်အချို့ပိတ်ထားခြင်း၊ ဆန်အရနည်းခြင်း၊ သီလရှင်တွင် ရောဂါပိုးရှိနိုင်သည်ဟု ပြောဆိုခြင်းများလည်း ကြုံတွေ့ရကြောင်း သီလရှင်အချို့က မိန့်သည်။ သီလရှင်များက ဥပုပ်နေ့မတိုင်မီ နှစ်ရက် (အဖိတ်နေ့အကြို၊ အဖိတ်နေ့)တို့တွင် ဆန်အလှူခံထွက်လေ့ရှိပြီး တစ်လလျှင် ရှစ်ရက်ဆန်အလှူခံထွက် လေ့ရှိသည်။ သီလရှင်အများစုက ကိုဗစ်ဂယက်ကြောင့် သင်္ကြန်မတိုင်မီကပင် ဆန်အလှူခံမထွက်တော့ဘဲ သီလရှင်အနည်းစုက ကဆုန်လပြည့်မတိုင်မီ အဖိတ်နေ့တွင်မှ အလှူခံစထွက်ကြသည်။ သို့သော် သီလရှင်အများစုကမူ အလှူခံမထွက်ကြသေးကြောင်း သီလရှင်အချို့က မိန့်သည်။ထိုသို့အလှူခံထွက်ရာတွင် အလှူခံသူရော ဆန်လှူသူများရော နှာခေါင်းပိတ်တပ်ပြီး လှူလေ့ရှိသည်ဟု သီလရှင်များက မိန့်သည်။ ဆန်လှူရာတွင်လည်း ကိုဗစ်ကာလမတိုင်မီက ဇွန်းဖြင့်ခပ်ကာ လှူလေ့ရှိသည်။ သို့သော် လက်ရှိတွင် နို့ဆီဘူးတစ်ဘူးစာ ဆန်ထုပ်လှူဒါန်းသူများလည်းရှိလာကြောင်း ထားဝယ်မြို့၊ ဘုန်းကြီးပျံကုန်းရှိ သီလရှင်ကျောင်းမှ ဆရာလေးဒေါ်ယုစန္ဒာက […]

မွန်ပြည်နယ်မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ

diz_admin

May 11, 2020

မွန်ပြည်နယ်မှ တစ်ဦးတည်းသော ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (လူနာ အမှတ် ၂၇)သည် ယခုအခါ စစ်ဆေးမှုရလဒ်အရ ရောဂါပိုးမတွေ့ရှိတော့သည့်အတွက် ဧပြီလ ၇ ရက်နေ့က ဆေးရုံမှဆင်းခွင့်ရသည်။ လူနာအမှတ် ၂၇ သည် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာဖြစ်ကြောင်း ဧပြီလ ၁၀ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သည်။ ဆေးရုံမှ ဆင်းပြီးနောက် နေအိမ်ခြေချုပ်အနေဖြင့် နှစ်ပတ်ဆက်လက်နေ ထိုင်ရမည်ဖြစ်ပြီး ၎င်းနောက် လိုအပ်ပါက စစ်ဆေးမှုထပ်မံပြုလုပ်သွားမည်ဟု မော်လမြိုင်ဆေးရုံအုပ်က ပြောသည်။“လူနာကလည်း ငယ်တဲ့အတွက် ကိုယ်ခံအားကောင်းတာပေါ့နော်။ အခြားရောဂါ ဥပမာ နှလုံးတို့၊ အဆုတ်တို့ အဲလိုမျိုး ရောဂါမရှိတော့ ကုရတာ ထိရောက်တာပေါ့နော်” မော်လမြိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောသည်။ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် […]

တနင်္သာရီတိုင်းတွင် မီတာတစ်လုံး ကျပ်ငါးထောင် ဧပြီလမီတာခ ပေးဆောင်ချိန်တွင် ခုနှိမ်ပေးမည်

diz_admin

May 11, 2020

ဧပြီလအတွက် လျှပ်စစ်မီတာခပေးသွင်းချိန်တွင် လျှပ်စစ်မီတာတစ်လုံးလျှင် ကျပ်ငါးထောင်ကို စတင်ခုနှိမ်ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ တိုင်းအတွင်း Loyalty Fee (ခိုင် ကြေး) ပေးဆောင်ထားသည့် လျှပ်စစ်မီးပေးရေးလုပ်ငန်းများ၏ မီတာတစ်လုံးလျှင် ငွေကျပ်ငါးထောင် ထောက်ပံ့ပေးမည်ဖြစ်ပြီး ယင်းထောက်ပံ့ငွေကို ဧပြီလအတွက် ကျသင့်မီတာခပေးသွင်းချိန်တွင် ခုနှိမ်ပေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ တနင်္သာရီတိုင်းအတွင်းရှိ လျှပ်စစ်မီတာအလုံးရေ တစ်သိန်းလေးသောင်းကျော်အတွက် ငွေကျပ်သိန်းခုနစ်ထောင်ကျော်ကို ကျခံသုံးစွဲမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။“များများသုံးတဲ့သူပဲဖြစ်ဖြစ် နည်းနည်းသုံးတဲ့သူပဲဖြစ်ဖြစ် တစ်လုံးကို ငါးထောင်ကျပ် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ ထို့အတွက် တိုင်းဒေသကြီးအစိုးရဘဏ္ဍာငွေဖြင့် ကျခံသုံးစွဲခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ယင်းအပြင် လျှပ်စစ်မီတာခ ကျပ်ငါးထောင်ပင်မကျသင့်ပါက ပိုငွေကို မီတာပိုင်ရှင်အား ပြန်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးစီးဖွဲ့စည်းထားသော ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏အစီအစဉ်အရ […]

ကိုဗစ်ကာလထောက်ပံ့သည့် အခြေခံစားကုန်အကြွေး တိုင်းအစိုးရမပေးသေး

diz_admin

May 11, 2020

ကိုဗစ်ကပ်ဘေးသင့်ကာလ သင်္ကြန်ရုံးပိတ်ရက်ရှည်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကိုထောက်ပံ့သည့် အခြေခံစားသောက်ကုန်ပစ္စည်း ဝယ်ယူစဉ်က အကြွေးကို တိုင်းအစိုးရကလက်ရှိအချိန်ထိ မပေးသေးကြောင်း ကုန်သည်အချို့ထံမှ သိရသည်။ ထိုအချိန်က ပေးဝေခဲ့သည့် ဆန်၊ ကြက်သွန်၊ ပဲ စသည့် ပစ္စည်းများကို တိုင်းအစိုးရကကုန်သည်များထံမှ အကြွေးဖြင့်ဝယ်ယူခဲ့ပြီး လက်ရှိအချိန်တွင် ကျသင့်ငွေ၏ တစ်ဝက် သို့မဟုတ် တစ်ဝက်ကျော်သာ ပေးသေးကြောင်း ကုန်သည်အချို့က ဆိုသည်။ သင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာနှုန်း ထောက်ပံ့ပေး ခြင်းဖြစ်သည်။ ယင်းပစ္စည်းများကို ဧပြီလ ၁၀ ရက် တွင် စတင်ပေးဝေခဲ့ပြီးနောက် […]

အဖြေလေးတော့ ပြန်ပေးသင့် ပါသည်

diz_admin

May 11, 2020

မသီတာထံမှ ဓာတ်ခွဲနမူနာ ယူသွားသည်မှာ ဆယ်ရက်ကျော်ပြီဖြစ်သည်။ သို့သော် သူ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိ၊ မရှိ မည်သူမျှလာရောက် အကြောင်းကြားခြင်း မရှိပေ။ သူမတွင် ထိုရောဂါပိုးကူးစက်ခံထားရခြင်း ရှိ/မရှိသိရှိရန် ပါးစပ်၊ နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာကို ဧပြီလ ၂၅ ရက်တွင် ရန်ကုန်ဓာတ်ခွဲခန်းသို့ပို့ကာ စစ်ဆေးခဲ့သည်။ ဧပြီလ ၂၉ ရက်တွင်တော့ သူမတွင် ရောဂါပိုးမတွေ့ကြောင်း ဓာတ်ခွဲအတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် မသီတာ (အမည်လွှဲ) မှာ သူမတွင် ထိုရောဂါပိုးမရှိကြောင်း မသိရသေးပေ။“လာစစ်ပြီးကတည်းက ဘာမှမပြောတော့ဘူး။ သူ (ကျန်းမာရေးဝန်ထမ်း) ပြောတာက နှစ်ရက်၊ သုံးရက်ကြာရင် သိရပြီလို့ပြောတယ်။ အခုထိ အဖြေမသိ ရသေးဘူး” ဟု မသီတာက မေလ ၅ ရက်တွင်ပြောသည်။ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်နေထိုင်သော အသက် ၂၅ […]

ပုလောမြို့ရှိ ပျံကျဈေးသည်များအား နေရာသစ်သို့ ထပ်ပြောင်း

diz_admin

May 11, 2020

မြိတ်ခရိုင် ပုလောမြို့ပေါ်ရှိ ပျံကျဈေးသည်များအား မေလ ၆ ရက်နေ့မှစပြီး နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယရင်ပြင်တော်ပေါ်သို့ ရွှေ့ပြောင်းနေရာချထားကြောင်း ပုလောမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမပြုလုပ်ရန် ထုတ်ပြန်ထားသည့် အခြေအနေတွင် ပုလောမြို့မဈေးကြီး အပြင်ဘက်တွင်ရောင်းချနေကြသည့် ပျံကျဈေးသည်များအား ရပ်ကွက်သုံးခုတွင် သုံးနေရာခွဲပြီးရောင်းချနိုင်ရန် ဆောင်ရွက်ပေးထားပြီးဖြစ်သော်လည်း အဆင်မပြေသောကြောင့် ယခုကဲ့သို့ ထပ်ပြောင်းခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးက ပြောပြသည်။ “ခွဲပေးတဲ့‌ နေရာမှလည်း အဆင်မပြေဘူး။ လူစုလူဝေး ထပ်ဖြစ်နေတာ” ဟု စည်ပင်ကော်မတီ ဥက္ကဋ္ဌဦးတင်စိုးက ပြောသည်။ ထို့ကြောင့် မြို့နယ်သံဃနာယက ဆရာတော်များနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား ကျင်းပရေး ကော်မတီတို့၏ ခွင့်ပြုချက်တို့ဖြင့် ပြောင်းရွှေ့ရောင်းချစေခဲ့ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပြသည်။ ရွှေ့ပြောင်းပေးထားသည့် နေရာတွင် လမ်းအကျယ် ပေ ၃၀ နှင့် […]