BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

အစိုးချေးငွေအတွက် ဌာနများနှင့် လုပ်ငန်းများထံမှ အချက်အလက် စုဆောင်း

diz_admin

May 18, 2020

ကိုဗစ်ကပ်ရောဂါကာလနှင့် ကိုဗစ် ကာလအလွန်တွင် အစိုးရမှထုတ်ချေးမည့် ချေးငွေများအတွက်ဆက်စပ်ဌာနများနှင့်အသေးစား/အလတ်စား/အကြီးစား လုပ်ငန်းများထံမှ အချက်အလက် များတောင်းယူစုဆောင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ လက်ရှိတွင် ချေးငွေနှင့်စပ်ဆိုင် ဆက်စပ်သည့်ဌာနများ၊ ဘဏ်များကို ခေါ်ယူတွေ့ဆုံဆွေးနွေးကာ အချက် အလက်များ တောင်းခံနေပြီးထိုနောက်တွင်မှ တိုင်းအတွင်းရှိအကြီးစား၊ အလတ်စား၊ အသေးစား၊ စီးပွားရေးလုပ် ငန်းများနှင့်စပ်ဆိုင်သည့် အသင်းအဖွဲ့ဦး ဆောင်သူများကို ဖိတ်ကြား ဆွေးနွေးသွား မည် ဖြစ်ကြောင်းဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ ယင်းသို့ အချက်အလက်ကောက်ယူပြုစုထားခြင်းဖြင့်အစိုးရချေးငွေများ လုပ်ငန်းရှင်များ လက်ဝယ်သို့ ထိရောက် မှန်ကန်စွာ ရောက်ရှိစေရေးနှင့် အစိုး ချေးငွေအလုံအလောက်ရနိုင်/မရနိုင်၊ မည်သည့်အချက်များကို ဖြေလျှော့သင့်သည် စသည့်အချက်များကို သိရှိနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ “ဒီလို အချက်အလက်စုဆောင်း ဒီလူတွေနဲ့ ဆွေးနွေးထားရမယ်ဆိုရင် နောက်ကိုဗစ်အလွန်လည်းပဲ […]

ကိုဗစ်ကာလ ကားမှောင်ခို

diz_admin

May 18, 2020

တိုင်းတွင်း၊ တိုင်းပြင် ခရီးသည် တင်ယာဉ်များ ပြေးဆွဲခွင့်ကို ဧပြီလ ၂၄ မှ စတင် ပိတ်လိုက်ပြီး နောက်ပိုင်း ထားဝယ်ခရိုင်အတွင်း မှောင်ခိုပြေးဆွဲ သည့် ခရီသည်တင်ယာဉ်အချို့ ရှိလာခဲ့သည်။ မှောင်ခိုပြေးဆွဲသူများသည် ခရီးသည် များကို ထားဝယ်မြို့ထဲအထိ တင်ဆောင် လာခြင်း မရှိဘဲ မြို့ပြင် တစ်နေရာရာတွင် ချထားခဲ့သည်။ ယင်းနောက် မြို့ထဲသို့ဝင်ကာ ကုန်ပစ္စည်များတင်ဆောင်ပြီး နယ်ပြန် ဆင်းမည့် ခရီးသည်များကို မြို့ပြင်တစ် နေရာတွင် တင်ဆောင်ကြသည်။ ထားဝယ်မြို့နယ် ပုဂ္ဂလိကယာဉ် များပြေးဆွဲရေး လုပ်ငန်း ထိန်းသိမ်းကြီး ကြပ်ရေးကော်မတီ(ယကက)ဝင် ဦးချိုသိဏ်း ကလည်း မှောင်ခိုပြေးဆွဲနေသည့် ယာဉ် များရှိနေကြောင်း ပြောဆိုသည်။ “(မှောင်ခို) ပြေးဆွဲနေတဲ့ဟာတွေ ဆိုရင် လိုက်ပြီး ထိန်သိမ်းနေရတာပေါ့။ အရေးယူသင့်ရင်လည်း အရေးယူလိုက်တယ်။ ဒဏ်ရိုက်သင့်တဲ့သူလည်း […]

အခြေခံလူတန်းစားအိမ်ထောင်စုများကို ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့မည်

diz_admin

May 18, 2020

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူ တန်းစားအိမ်ထောင်စုများကို ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ယင်းအိမ်ထောင်စုများကို မေလ ၁၅ ရက်နေ့မှ ရက် ၃၀ အထိ တစ်ကြိမ်နှင့် ဇွန်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်းတစ်ကြိမ် စုစုပေါင်းနှစ် ကြိမ်ထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိုသို့ထောက်ပံ့ရန်အတွက် အခြေခံ လူတန်းစားအိမ်ထောင်စုစာရင်းကောက် နေပြီး ယင်းစာရင်းကို ပြည်ထောင်စု အစိုးရထံ မကြာမီတင်ပြမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ထိုသို့ ထောက်ပံ့ရန် စီစဉ်ခြင်းဖြစ်သည်။ “အခြေခံလူတန်းစားတွေ စာရင်းကို အခုယူနေပါပြီ”ဟု ဝန်ကြီးဦးကျော်မင်း က ပြောသည်။ […]

မြိတ်တွင် နှာခေါင်းစည်း မတပ်၍ အရေးယူမှု နှစ်ရာကျော်

diz_admin

May 18, 2020

မြိတ်တွင် မေလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ လေးရက်အတွင်း နှာခေါင်းစည်း မတပ်၍ အရေးယူခံရသူ ဦးရေ ၂၀၀ ကျော်ပြီ ဖြစ်ကြောင်း ကရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးဦးထံမှ သိရသည်။ ကရုဏာ နာရေးကူညီမှုအသင်းနှင့် နယ်မြေအုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြိတ်တောင်နယ်မြေ အောင်ဆန်းလမ်းမကြီးတွင် လမ်းသွားလာသူများနှင့် ယာဉ်မောင်းနှင် သွားလာသူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိသည်။ အဆိုပါ အရေးယူခံရသူဦးရေ ၂၀၀ ကျော်သည် အောင်ဆန်းလမ်းမကြီး နေရာရာ တစ်နေရာတည်းတွင် စစ်ဆေးချိန် အရေးယူခံရသူများ ဖြစ်သည်။ နှာခေါင်းစည်းမတပ်ထားသူများ ကို ငွေကျပ်ငါးထောင်နှင့် ညီမျှသည့် နှာခေါင်းစည်း ဆယ်ခု ဝယ်ယူစေကြောင်း ကရုဏာ နာရေးကူညီမှုအသင်းမှ […]

ကိုဗစ်ကာလ ညထွက်မိ အပြစ်ရှိသူများ

diz_admin

May 16, 2020

ညမထွက်ရဘူးဆိုပေမဲ့ အချို့ကတော့ ထွက်မိနေကြတုန်းပါပဲ။ တနင်္သာရီတိုင်းထဲမှာ ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၁၀ဝ ကျော်ကို အရေးယူခဲ့ပါတယ်။ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်တွေကို တိုင်းထဲမှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဧပြီလ တတိယအပတ်လောက်မှာ ထုတ်ပြန်ထားကြတာပါ။ အမိန့်ထုတ်ပြန်ပြီးချိန်ကနေ မေလ ၁၃ ရက်နေ့အထိ အမှုပေါင်း ၁၀၄ မှုကို အရေးယူခဲ့ပါတယ်။

ထိုင်းမှလာမည့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို အပြစ်ပေးမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

diz_admin

May 12, 2020

ကိုဗစ်ရောဂါ ကပ်ဘေးဆိုက်ကာလအတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင်နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အပြစ်ဒဏ်ပေးမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ မေလ ၅ ရက်ကပြုလုပ်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်၊ မွန်၊ တနင်္သာရီ ဝန်ကြီးချုပ်တို့၏ COVID-၁၉ ဆိုင်ရာအပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ “အမေတို့မူကတော့ တရားဝင်သွားတာပဲဖြစ်ဖြစ် တရားမဝင်သွားတာပဲဖြစ်ဖြစ် အားလုံးပြန်လက်ခံမှာပဲ။ ကိုယ့်နိုင်ငံသားတွေဆိုရင် အားလုံးပြန်လက်ခံမှာပဲ။ နောက်ပြီးတော့ ဒီဟာနဲ့ပတ်သက်လို့လည်း ဒဏ်ပေးတာတို့၊ အပြစ်ပေးတာတို့ လုပ်မှာမဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ပြန်လာကြသူများက သက်ဆိုင်ရာသို့ ယုံယုံကြည်ကြည်အသိပေးရန်အရေးကြီးပြီးအရေးယူမည်ကိုကြောက်ကာ အိမ်တွင်ခိုးမနေကြရန်နှင့် တရားဝင်ဝင်ရောက်များနှင့်တန်းတူ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ “အရေးယူမှာစိုးရိမ်ပြီးတော့ အသိမပေးဘူးဆိုရင် အဲဒါကတော့အန္တရာယ် ရှိနိုင်တယ်။ ဒါ စောင့်ကြည့်ပေးလို့လည်း မရဘူး။ ကျန်းမာရေးအရ စည်းမျဉ်းစည်းကမ်းတွေ […]

ကော့သောင်းတွင် မေလအတွက် လျှပ်စစ်တစ်ယူနစ် ကျပ် ၃၀ဝ ထက်မပို

diz_admin

May 12, 2020

ကော့သောင်းမြို့တွင် မေလအတွက် လျှပ်စစ်ဓာတ်အားခတစ်ယူနစ် ကျပ် ၃၀ဝမှ ကျပ်၃၀ဝ အောက်ကောက်ခံရန် သဘောတူညီချက်ရရှိထားကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။ မေလ၃ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့သည့် ကော့သောင်းမြို့၌ လျှပ်စစ်ဓာတ်အားခနှုန်းထားလျှော့ချ ကောက်ခံနိုင်ရေး အစည်းအဝေးတွင် ကော့သောင်းတွင်မီးပေးနေသည့် KDDPC (ပါချန်ကော့သောင်း ဒေသလုံးဆိုင်ရာ လျှပ်စစ်ထုတ်လုပ် ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုးရေးအများ နှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်) က ယင်းသို့ ညှိနှိုင်းသဘောတူခဲ့ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။ “ဒီ(မေ)လအတွက်တော့ ဆီဈေးကကျသွားပြီဖြစ်တယ်။ ဖြစ်တဲ့အတွက်ကို (တစ်ယူနစ်) ၃၀ဝကျပ်နဲ့ အောက်ကိုကျအောင်လို့ ခေါ်ပြီးမှအစည်းအဝေးထိုင်တာ ဖြစ်တယ်။ ဒီလကတော့ဆီဈေး လည်းကျနေတယ်။ အဲဒီအတွက် ကျပ် ၃၀ဝ ထက်တော့လုံးဝ ကျော်လို့မရဘူး။ ၃၀ဝ အောက်ကျရင်ကျ အဲလိုပုံစံမျိုးပါ” ဟု ဦးဇော်လင်းထွန်းက ပြောသည်။ KDDPC က […]

ရော်ဘာအရနည်း၊ ဈေးထက်ဝက် နီးပါးကျ

diz_admin

May 12, 2020

ယခုနှစ်တွင်မြိတ်ရှိ ရော်ဘာများအရနည်းပြီးဈေးနှုန်းများလည်း ထက်ဝက်နီးပါးကျဆင်းနေကြောင်း ရော်ဘာစိုက်တောင်သူများနှင့် ရော်ဘာအဝယ်ဒိုင်အချို့ထံမှ သိရသည်။ ကိုဗစ်နိုင်တင်းမဖြစ်မီက မှိုင်းခံရော်ဘာအပြား တစ်ပိဿာကျပ်၂၇၀ဝ အထိဈေးပေါက်ခဲ့ပြီး ယခုလတွင်ကျပ် ၁၈၀ဝ သာပေါက်ဈေးရှိတော့ကြောင်း မြိတ်မြို့၊ ကမ်းနားလမ်းရှိရော်ဘာအဝယ် ဒိုင်ပိုင်ရှင်ဦးဖိုးကျော်က ပြောသည်။ “ပြီးခဲ့တဲ့နှစ်ကထက် ရော်ဘာအထွက်နှုန်းနည်းလာသလိုဈေးကလည်း တော်တော်ကျဆင်းသွားတယ်” ဟု ၎င်းက ပြောသည်။ ယခင်နှစ်ထက် ယခုနှစ်နွေရာသီ အပူချိန်ပိုများလာပြီးရော်ဘာ အထွက်နှုန်းကျဆင်းကာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဈေးနှုန်းများလည်းကျဆင်းခဲ့ရကြောင်း မြိတ်မြို့နယ်၊ ရွှေဒူးရွာရှိရော်ဘာ စိုက်တောင်သူကိုကျော်နိုင်က ဆိုသည်။ “အစေးကလည်းလျော့၊ ဈေးက လည်းကျသွားတယ်ဆိုတော့ ငွေကြေးအားဖြင့် ထက်ဝက်လောက်ကွာသွားတာပေါ့” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့်နှစ်က တစ်ညလျှင် ရော်ဘာအရည် ၁၅ ဂါလံဝင်နှစ်ပုံးခန့်ရနေရာမှ ယခုနှစ်တွင်တစ်ပုံးကျော်ကျော်သာ ရရှိတော့ကြောင်းကိုကျော်နိုင်က ပြောပြသည်။ ယင်းအပြင်ည၁၀နာရီမှနံနက် ၄ နာရီအတွင်း ညမထွက်ရဒေသန္တရအမိန့်ကြောင့် ရော်ဘာစိုက်တောင်သူများအတွက် ရော်ဘာအစေးခြစ်ချိန်နည်းပါးလာကြောင်း […]