BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

Dawei Watch TV/ တနင်္သာရီတိုင်းက ပထမဆုံး ကိုဗစ်လူနာ အခြေအနေ

diz_admin

May 18, 2020

တနင်္သာရီတိုင်းက ပထမဆုံး ကိုဗစ်လူနာ အခြေအနေ သူဟာ တနင်္သာရီတိုင်းမှာ ပထမဆုံး တွေ့ရတဲ့ ကိုဗစ်လူနာပါ။ ဒါကြောင့် တနင်္သာရီတိုင်းကတော့ ဘဲဥကွဲသွားပါပြီ။ မလေးရှားက ပြန်လာတဲ့ အမျိုးသားတစ်ဦးမှာ ကိုရိုနာရောဂါပိုး စတွေ့တာ ဖြစ်ပါတယ်။ သူဟာ ထားဝယ်မြို့ ၊ ပိန္နဲတောရပ်ကွက်ဇာတိဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် ရှိပါပြီ။ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV

ရေမီတာတစ်ယူနစ် နှစ်ရာလျှော့ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ သဘောတူ

diz_admin

May 18, 2020

မြိတ်မြို့တွင် ယခုလမှစ၍ ရေတစ်ယူနစ် နှစ်ရာလျှော့ကောက်ရန် ရေပေးဝေနေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ သဘောတူခဲ့ကြောင်း စည်ပင်သာယာရေးကော်မတီနှင့် ရေစက်လုပ်ငန်းရှင်များ ထံမှသိရသည်။ ကိုဗစ်နိုင်တင်းကာလအတွင်း မေ၊ ဇွန်၊ ဇူလိုင် သုံးလအတွက် ရေတစ်ယူနစ်လျှင် နှစ်ရာကျပ်နှုန်းလျှော့ကာကောက်ယူရန် ပုဂ္ဂလိကရေပေးဝေရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းသဘောတူခဲ့ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးမြတ်ကိုကိုက ပြောသည်။ “ကိုဗစ်ကလအတွင်း အလုပ်အကိုင် ရှားပါးနေချိန်လည်းဖြစ်သလို ဆီဈေးလည်းကျနေပြီ ဒါကြောင့် ရေဈေးကိုတော့ ချပေးသင့်တယ်လို့ မေတ္တာရပ်ခံခဲ့တယ်” ဟု ၎င်းကပြောသည်။ နွေရာသီရေမောင်းချိန်ပိုကြာပြီး ဒီဇယ်ဆီပိုကုန်သည်ဟု ရေပေးဝေသူအချို့က အကြောင်းပြခဲ့ကြသော်လည်း နောက်ဆုံးတွင် အားလုံးသဘောတူညီ လက်မှတ်ထိုးခဲ့ကြကြောင်း ဦးမြတ်ကိုကိုက ပြောသည်။ မြိတ်မြို့တွင် လက်ရှိပုဂ္ဂလိက ရေပေးဝေရေးလုပ်ငန်းရှင်များမှ တစ်ယူနစ်လျှင် ကျပ် ၁၀ဝ၀ မှ ကျပ် ၁၅၀ဝ အထိ ကောက်ယူနေကြကြောင်း ရေသုံးစွဲသူများက […]

ကိုဗစ်လွန်မှ မင်္ဂလာဆောင်မည်

diz_admin

May 18, 2020

မင်္ဂလာမဆောင်ခင် အမေးငွေအပ်အတွက် ဖိတ်စာတွေဝေပြီးအချိန် မအေမီသုန်ဦး ရွာထဲတွင် အသံချဲ့စက်ဖြင့်လိုက်လံ သတိပေးနှိုးဆော်သံတစ်ခုကို ကြားလိုက်ရသည်။ ကိုရိုနာဗိုင်းရပ်ကာကွယ်တားဆီးရေးအတွက် မင်္ဂလာဆောင်၊ အလှူနှင့် ဘာသာရေး အခမ်းအနားများ မလုပ်ရဆိုသည့် သတိပေးနှိုးဆော်သံ ဖြစ်သည်။ လူစု၊ လူဝေး မဖြစ်စေရန် မင်္ဂလာဆောင်၊ အလှူကဲ့သို့သော အခမ်းအနားများ မလုပ်ဆောင်ကြရန် တနင်္သာရီတိုင်းအစိုးရအဖွဲ့က မတ်လ ၂၁ ရက်တွင် ညွှန်ကြားစာထုတ်ပြန်လိုက်သည်။ သူမအမေးငွေအပ်မည့်ရက်က မတ် လ ၂၅ ရက်။ထိုနေ့မတိုင်မီ တစ်ရက်အလိုတွင် ကြားလိုက်ရသည့်အသံက သူမ၏အပျော်ကို ဖျက်ဆီးပစ်လိုက်တော့သည်။ “တကယ်ပျော်နေတဲ့ စိတ်တွေ ချက်ခြင်းပျောက်သွားတယ်။ ပျော်ရမယ့်နေ့မှာ မပျော်ရတော့ဘူး” ဟု မအေမီသုန်ဦးက ဆိုသည်။ ဧပြီလ ၁ ရက်နေ့ မင်္ဂလာဆောင်အတွက်လည်း ဖိတ်စာရိုက်၊ အလှပြင်သမားငှားခ၊ အကျွေးအမွေးစာရိတ်စကအတွက် စရံငွေတွေလည်း ပေးထားပြီးသား အခြေအနေ။သို့သော် […]

ထွက်နှုန်းမြင့်မွေးမြူရေး (သို့) ရောဂါပိုးစက်ရုံများ

diz_admin

May 18, 2020

အခန်း (၃) အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်တောင်ပိုင်းမှာ ၂၀၁၉ ခုနှစ်က တုပ်ကွေး(Dengue) ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ခဲ့ပါတယ်။ ခြင်ဆေးဖြန်းခြင်း အစရှိ တဲ့နည်းလမ်းတွေနဲ့ စစ်ဆင်ရေးသဖွယ် နှိမ်နင်းဖို့ ကြိုးစားကြရပါတယ်။ တကယ် က ဖလော်ရီဒါတောင်ပိုင်းမှာ သွေးလွန် တုပ်ကွေးဖြစ်စေတဲ့ ခြင်တွေရှိနေတာက အသစ်အဆန်းမဟုတ်ပါဘူး။ အသစ်အဆန်း က အဲဒီနှစ်တွေ မတိုင်ခင်ဖြစ်ခဲ့တဲ့ ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပါတယ်။ ဘဏ္ဍာရေးအကျပ်အတည်းနဲ့တွဲပြီး အိမ်ရာအကျပ်အတည်းဖြစ်ပါတယ်။ ဘဏ်တွေကို ငွေအကျေမပေးနိုင်လို့ ရာထောင်ချီတဲ့ အိမ်တွေ ပိတ်သိမ်းပေးရ ပါတယ်။ ဖြစ်ချင်တော့ ဖလော်ရီဒါ တောင်ပိုင်းက အိမ်တွေမှာ ရေကူးကန်တွေ တွဲပါလေ့ရှိပါတယ်။ လူမနေတော့တဲ့ အိမ်တွေရဲ့ ရေကူးကန်ရေစပ်စပ်မှာ ခြင် တွေပေါက်ဖွားရာကနေ မကြုံဘူးတဲ့ တုပ်ကွေးရောဂါဘေး (Unprecedented outbreak of Dengue) ပေါ်ပေါက်ရတာပါ။ […]

ခေါင်းလောင်းသံ ကြားကြပါ၏လော

diz_admin

May 18, 2020

အမျိုးမျိုးသော ကပ်ဘေးများ ဆက်တိုက်လာနေသည်။ ပိုပူလာပြီးရေရှားလာ သည်။ သီးနှံများ ပျက်လာသည်။ ရှေးအစဉ်အဆက် မှတ်သားလာခဲ့သော ရာသီဥတု ဖြစ်စဉ်များ ကမောက်ကမ ဖြစ်လာသည်။ ဥတုဘေးက ကမ္ဘာကြီးကို ဒဏ်ပေးနေသည်မှာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ယခု ကိုဗစ်ကပ်ဘေးသည်ပင်လျှင် ကမ္ဘာကြီး၏ ဂေဟစနစ် ပျက်ယွင်းမှုကြောင့် ဖြစ်လာကြောင်း အသေအချာထောက်ပြနေကြပြီဖြစ်သည်။ ဥတုဘေးက ပိုအားနည်းသော လူ့အသိုင်းအဝိုင်း၊ ပိုဆင်းရဲသော လူ့အသိုင်း အဝိုင်းကို ဘေးသင့်စေသည်။ အထူးသဖြင့် သဘာ၀ကို မှီခိုစားသောက် လုပ်ကိုင် နေရသူများကို ပိုထိခိုက်စေသည်။ လူအများ ပိုနေမြဲ ကျားနေမြဲ နေ၍ မရတော့။ အသက်ရှင်သန်ရပ်တည်ရေး အတွက် နေပုံထိုင်ပုံ၊ အသက်မွေးပုံတွေ၊ စနစ်တွေ ပြောင်းမှ ရတော့မည်ဟူသော ခေါင်းလောင်းသံ ထိုးနေပြီဖြစ်သည်။အနီးစပ်ဆုံး ဥပမာ ပြရလျှင် နွေရာသီတွင် […]

ပူစည်ဖောင်းထဲက ဘ၀

diz_admin

May 18, 2020

ကျွန်တော့်ဘ၀တွင် ကျွန်တော့်ကို ပူစည်ဖောင်းဟု အခေါ်ခံရမည်ဟု ဘယ် တုန်းကမှ မတွေးခဲ့မိဖူး။ ယခုတော့ လူ တွေက ကျွန်တော့်ကို လမ်းတွင် နှုတ်ဆက် လျှင်ဖြစ်စေ၊ လျှပ်ချောစာ (အီးမေးလ်)မှ နှုတ်ဆက်လျှင်ဖြစ်စေ၊ ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ပြောကြလျှင်ဖြစ်စေ ပူစည် ဖောင်းနှင့် တင်စား၍ ပြောကြသည်။ ဥပမာ “နေကောင်းပါသလား”၊ “မာပါစ”ဟု မမေးဘဲ “ဟဲလို ပူစည်ဖောင်းလေး အခြေအနေဘယ်လိုလဲ”ဟု မေးသည်။ တကယ်တော့လည်း ပူစည်ဖောင်း နှင့် တင်စားခံရသည်က ကိုယ်တစ်ယောက် တည်း မဟုတ်။ နယူးဇီလန်နေ မနုဿ အထွေထွေ အားလုံးတို့သည် ပူစည်ဖောင်း အဖြစ်သို့ ရောက်နေကြခြင်း ဖြစ်သည်။ ကိုဗစ်နှင့်ပတ်သက်သည့် သတင်း များဖတ်လျှင် ကျန်းမာရေးသတိပေးချက် များတွင် အောက်ပါအတိုင်းရေးထားသည် ကို တွေ့ရပေမည်။ […]

ကိုဗစ်ကြောင့် ဌာနဘဏ္ဍာငွေ ကျပ်သိန်းပေါင်း တစ်သောင်းခွဲနီးပါး အစိုးရထံပြန်အပ်

diz_admin

May 18, 2020

ကိုဗစ်ကပ်ဘေး ဂယက်ကြောင့် တိုင်းအစိုးရအဖွဲ့၏ဘဏ္ဍာရန်ပုံငွေ ခွဲဝေရာတွင်ပါဝင်သည့် ဌာန၊ အဖွဲ့ အစည်း ၂၆ ခုမှ ကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်ကျော်ကို တိုင်း အစိုးရထံ ပြန်အပ်စေခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနထံမှ သိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေမှ ပြန်အပ်စေခဲ့ပြီး ယင်းငွေကို ကိုဗစ်ရောဂါဂယက်နှင့် အခြား သဘာ၀ဘေးများတွင် ကျခံသုံးစွဲမည် ဖြစ်ကြောင်း ရ/သုံးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေလင်းထက်က ဆိုသည်။ တိုင်းအစိုးရအဖွဲ့ဘဏ္ဍာငွေခွဲဝေ ရာတွင် စည်ပင်သာယာရေးအဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အစရှိသည့် ဌာန အဖွဲ့အစည်း ၂၆ ခု ပါဝင်သည်။ ယင်းဌာန၊ အဖွဲ့အစည်းများ၏ လစာစရိတ်၊ ဝန်ထမ်းနိုင်ငံခြားသွားသည့် […]

ကိုဗစ် အသုဘ

diz_admin

May 18, 2020

အသက် ၈၄ ကျော်ပြီဖြစ်သည့် ဒေါ်ကျင်လှ၏ အသုဘအခမ်းအနားကို တစ်ရက်တည်းထားကာ သင်္ဂြိုဟ်လိုက် သဖြင့် တူဖြစ်သူဦးဝင်းကြိုင် စိတ်မကောင်းလှ။ ဦးဝင်းကြိုင်တို့နေထိုင်သည့် သရက် ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာ၏ ထုံးစံအရဆိုလျှင် ယခုကဲ့သို့ သက်ကြီး ဝါကြီးတို့ သေဆုံးလျှင် အနည်းဆုံး ၃ ရက်ခန့်တော့ ထားကြသည်။ အဝေး ရောက် သားသမီး မြေးမြစ်များကို လူစုံ အောင် စောင့်ကြသည်။ ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်ဆွေများကို အကြောင်းကြား မှာခေါ်ကြသည်။ ယခုမူ ဒေါ်ကျင်လှ၏ သားများကို မှာခေါ်စောင့်ဆိုင်းရန် အသာထား၊ တနင်္သာရီမြို့နယ်မှ ဆွေမျိုးများကိုပင် လာရောက်ရန် မဖိတ်ကြားနိုင်ခဲ့။ “အခုကတော့ တစ်ရက်ပဲ ထားပြီး သင်္ဂြိုဟ်လိုက်တယ်။ ထားထားလည်း ဘာထူးမလဲ၊ လာလို့လည်း မရကြဘဲ ကိုး။ ကိုယ့်မိသားစုနဲ့ ရွာထဲက အသိ […]