BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

Dawei Watch TV/ ရနောင်း-ကော့သောင်းလမ်းက အိမ်ပြန်ပါရစေ

diz_admin

May 23, 2020

ထိုင်းနိုင်ငံတောင်ပိုင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေက ရနောင်း- ကော့သောင်းလမ်းကနေ အိမ်ကို အမြန် ပြန်ချင်နေကြပါတယ်။ ဒါပေမဲ့ အစိုးရက ပြန်ခွင့်မပြုလို အခက်တွေ့နေကြပါတယ်။ ဒီနေ့ အချို့ ပြန်ခွင့် ရနေပြီ ဖြစ်ပေမဲ့ အဆင့်တွေက များလှပါတယ်။ အချိန်တော်တော်ကြာလည်း စောင့်ရပါတယ်။ Dawei Watch မှ ရိုက်ကူးတင်ဆက်သည်။

Dawei Watch TV/ မေ ၂၂ အဆုံးအဖြတ်

diz_admin

May 20, 2020

မေ ၂၂ အဆုံးအဖြတ် တစ်နှစ်ကျော်အကြာ စစ်ဆေးပြီးနောက် ဒေါက်တာလဲ့လဲ့မော် အမှု အမိန့်ချတော့မည် ဖြစ်သည်။ စုစုပေါင်း အမှု လေးမှုဖြင့် တရားစွဲဆိုထားသည်။ အမှု လေးမှု အကြောင်း အသေးစိတ်ကို ရှင်းလင်း တင်ပြထားပါသည်။ ၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်နေ့တွင် ဒေါက်တာ လဲ့လဲ့မော် အမှု အမိန့်ချတော့မည်ဖြစ်သည်။ မေ ၂၂ အဆုံးအဖြတ်ကား မည်သို့ ဖြစ်မည်နည်း။ ရုပ်သံတွင် ရှုစားနိုင်ပါသည်။ ရိုက်ကူး – Dawei Watch

ပုလောမြို့ရှိ နေအိမ်တစ်ဆောင်အား Lockdown ချ

diz_admin

May 19, 2020

မြိတ်ခရိုင် ပုလောမြို့နယ် အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်တစ်‌ဆောင်အား ဧပြီလ ၇ ရက်နေ့မှစပြီး Lockdown ချထားလိုက်ပြီဖြစ်ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးတို့ထံမှ သိရသည်။ ရန်ကုန်မြို့မှ မြိတ်မြို့သို့ မော်တော်ယာဉ်ဖြင့် ဧပြီလ ၆ ရက်နေ့က ရောက်ရှိလာသည့် အမျိုးသမီးတစ်ဦးမှာ မြိတ်မြို့ရှိ Facility Quarantine ဝင်ရောက်ခြင်းမရှိဘဲ အစ်မဖြစ်သူ၏ နေအိမ်သို့လာရောက်ခဲ့သည့်အတွက် Lockdown ချထားရခြင်းဖြစ်ကြောင်း စည်ပင်ကော်မတီ ဥက္ကဋ္ဌဦးတင်စိုးက ပြောပြသည်။ “Lockdown က နှစ်ဆယ့်တစ်ရက်ပါပဲ” ဟု အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းသူထွန်းက ပြောသည်။ Lockdown ချထားသည့် နေအိမ်တွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦးနှင့် ကလေးနှစ်ဦးတို့နေထိုင်ကြပြီး ၎င်းတို့၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနေကြောင်း အုပ်ချုပ်ရေးမှူး ဦးမင်းသူထွန်းက […]

ကျူ ဝင်နေသူများကို အကဖြင့် ဖျော်ဖြေမည်

diz_admin

May 19, 2020

ထားဝယ်မြို့ပေါ်တွင် ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့် စခန်းဝင်နေသူများကို မြူးကြွသည့် တေးသီချင်းဖြင့်သီဆိုကာ ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးဖြစ်သော Physical Fitness Dance ဖြင့် လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ယင်းအစီအစဉ်ကို ထားဝယ်မြို့ပေါ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများတွင် တစ်လတာ အလှည့်ကျစနစ်ဖြင့် လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း အထက်ပါဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။ “ဒီအထဲမှာ ၂၁ ရက်လုံး နေနေတဲ့သူတွေဆိုတော့ သူတို့ရဲ့ စိတ်ပျော်ရွင်မှုအတွက် ကိုယ်လက်လှုပ်ရှားမှုဖြစ်အောင်ဆိုပြီးတော့ လိုက်လုပ်ပေးတာ။ စိတ်လက်ပျော်ရွှင်ပြီး ခန္ဓာကိုယ် လန်းလန်းဆန်းဆန်းဖြစ်အောင် လုပ်ပေးတဲ့သဘောပေါ့” ဟု ဦးမောင်မောင်မြင့်က ပြောသည်။ မေလ ၁၃ ရက်က ထားဝယ်တက္ကသိုလ်တွင် အသွားအလာကန့်သတ်ထားသူများကို ဖျော်ဖြေခဲ့ပြီး မေလ ၁၄ ရက်တွင် သီတဂူဆေးရုံတွင်ဖျော်ဖြေခဲ့ကြောင်း ၎င်းကပြောသည်။ တိုင်းအတွင်းရှိ အသွားအလာကန့်သတ် […]

မွန်ငါးလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း

diz_admin

May 19, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်ငါးလုပ်ငန်း၈၀ ရာခိုင်နှုန်း ခန့်ရပ်ဆိုင်းထားရကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ထံမှ သိရသည်။ မွန်ပြည်နယ်မှ ထွက်ရှိသည့်ငါးများကို တရုတ်ဈေးကွက်သို့ ၈၀ရာခိုင်နှုန်းကျော်တင်ပို့ရောင်းချနေပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံက ငါးအဝယ်လျော့ကျသွားခဲ့သည်။ “တရုတ်ပြည်နယ်အနေနဲ့က အရင်တုန်းကငါးတွေကို ဈေးကောင်းပေးဝယ်ခဲ့တာမှန်ပေမယ့် အခုလိုအချိန်မျိုးမှာ ဈေးသက်သာတဲ့နေ့စဉ်စားသုံးတဲ့ ငါးမျိုးဝယ်တာမျိုးတွေဖြစ်သွားတော့ လုပ်ငန်းတွေအတော်များများဟာ ရပ်ဆိုင်းသွားရတယ်” ဟု မွန်ပြည်နယ်ငါးလုပ်ငန်း အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးအောင်သက်ဌေးက ပြောသည်။ လက်ရှိအနေအထားအရ မွန်ပြည်နယ်မှငါးတန်ချိန် ရာနှင့်ချီပြီးအအေးခန်းနှင့် ကွန်တိန်နာပေါ်တွင်ပိတ်မိနေကြောင်း ဦးအောင်သက်ဌေးက ဆက်ပြောသည်။ ပြည်နယ်အတွင်းမှထွက်သည့် ငါးများပြည်ပသို့တင်ပို့ ရောင်းချနိုင်ခြင်းမရှိသည့်အတွက် ငါးဈေးနှုန်းလည်း ထက်ဝက်ခန့်ကျဆင်းသွားသည်ဟု ငါးလုပ်ငန်းရှင်တို့က ပြောသည်။ လတ်တလောဖြစ်ပွားနေသည့် ကူးစက်ရောဂါကြောင့် အလှူအတန်းများ၊ ပွဲလမ်းသဘင်များ ကျင်းပခွင့်မရှိတော့အတွက်ကြောင့် ပြည်တွင်းငါးဈေးကွက်တွင်လည်း ငါးအရောင်းအဝယ်ကျဆင်းသွားကြောင်း မော်လမြိုင်အခြေစိုက် ငါးဒိုင်တို့ထံမှသိရသည်။ တရုတ်နိုင်ငံအနေဖြင့် မွန်ပြည်နယ်မှထွက်ရှိသည့် ငါးတန်ချိန်ထောင်ချီ နှစ်စဉ်နှစ်တိုင်း ဝယ်ယူလေ့ရှိပြီး ငါးသလောက်၊ […]

မွန်တွင် လူစုလူဝေးလုပ်သူကို ထောင်ဒဏ် ၉ လထိ ပြစ်ဒဏ်ချမှတ်

diz_admin

May 19, 2020

လူစုလူဝေး ဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းကို ထောင်ဒဏ် ၉ လ ကျခံစေရန် ကျိုက်မရောမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည့်အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဧပြီလ ၁ ရက်က တရားစွဲဆိုခဲ့ပြီး မေလ ၁၂ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ ဖောက်ဖျက်လျှင် ပုံမှန်အားဖြင့်ချက်ချင်း ပြစ်ဒဏ်ချမှတ် အရေးယူလေ့ရှိသော်လည်း ယခုဖြစ်စဉ်တွင်ဦးဇော်မင်းက ရှေ့နေငှားပြီးအမှုရင်ဆိုင်ခဲ့သည့်အတွက် တစ်လကျော်ကြာဖြစ်သွားသည်ဟု ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။ “အဲဒါကြောင့် (အမှုက) ကြာသွားတာ သက်သေတွေလည်း များတယ်” ဟု ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်က ပြောသည်။ […]

ကိုဗစ်ရိုက်ချက်ထိ အလှဖန်တီးရှင်များ

diz_admin

May 19, 2020

စီးပွားရေးအခြေအနေကလည်း မဆိုး။ လထပ်နှစ်ဖြစ်နေသည့် အခြေအနေများကြောင့် ယခုနှစ် မင်္ဂလာဆောင်ရာသီတွင် အလုပ်အပ်သူများလိမ့်မည်ဟု သူတို့မျှော်လင့်ထားခဲ့ကြသည်။ သို့သော် ထင်သလိုဖြစ်မလာခဲ့ပါ။ ထိုသို့မျှော်လင့်ထားသူများက မင်္ဂလာဆောင်အခမ်းအနားများတွင် သတို့သား၊ သတို့သမီးကိုလှပအောင် မိတ်ကပ်လိမ်းခြယ်ဖန်တီးပေးရသည့် အလှဖန်တီးရှင်များပင်ဖြစ်သည်။ သူတို့က သတို့သားသတို့သမီးကို မိတ်ကပ်အလှပြုပြင်ပေးခြင်း၊ အခမ်းအနားများ လှပဆန်းသစ်စေရန် ဖန်တီးပေးခြင်းများအတွက် မင်္ဂလာဆောင်တစ်ပွဲလျှင် ပွဲအခင်းအကျင်းအပေါ်မူ တည်ကာ ဝန်ဆောင်ခ ငွေကျပ်ငါးသိန်းဝန်းကျင်မှ သိန်းနှစ်ဆယ်ဝန်းကျင်အထိ သတ်မှတ်ထားကြသည်။ သို့သော် အလှဖန်တီးရှင်များ၏ မျှော်လင့်ချက်ကို ကိုရိုနာဗိုင်းရပ်ပိုးက ရိုက်ချိုးလိုက်သည်။ကိုရိုနာဗိုင်းရပ်စ်ပိုးဂယက်ကြောင့် စီးပွားရေးလုပ်ငန်းများအထိနာနေချိန်တွင် အလှဖန်တီးရှင်များ၏ အလှပြုပြင်ရေးလုပ်ငန်းများလည်း အကြီးအကျယ်ထိခိုက်ခဲ့ကြသည်။ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်နိုင်ရန် မင်္ဂလာဆောင်ပွဲများအပါအဝင် အခမ်းအနားပွဲလမ်းသဘင်များမလုပ်ရန် အစိုးရကတားမြစ်လိုက်ခြင်းကြောင့် အလှဖန်တီးရှင်များ၏ လုပ်ငန်းများလည်း လုံးဝရပ်ဆိုင်းသွားခဲ့ရသည်။ မင်္ဂလာဆောင်ရန် ကြိုတင်ရက်ချိန်း ယူထားသူများသည်လည်း ဖျက်လိုက်ကြသည်။ အချို့မှာလည်း တရားရုံးတွင်လက်မှတ်ထိုးကာ အကျဉ်းရုံးမင်္ဂလာဆောင်လိုက်ကြတော့သည်။ ကိုရိုနာဂယက်ကြောင့် စီးပွားရေးထိခိုက်သူများထဲတွင် […]

Dawei Watch Tv/ကိုဗစ်ကြားက တိုင်းလွှတ်တော်

diz_admin

May 18, 2020

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ တနင်္သာရီတိုင်းမှာ ပထမဆုံး ကိုဗစ်လူနာစတွေ့တဲ့ နေ့ပါ။ တိုင်းဒေသကြီး လွှတ်တော်ကို ကိုဗစ်ကပ်ဘေးအကြား စတင်ကျင်းပနေတာပါ။ သတင်းနှင့်ရိုက်ကူး – ကျော်သူစိုးDawei Watch TV