BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

စောင့်ကြည့်စခန်းပို့နေသည့်ကိစ္စ ညွှန်ကြားချက်လိုက်နာရန် တိုင်းအစိုးရ မေတ္တာရပ်ခံ

diz_admin

May 25, 2020

အခြားတိုင်းနှင့်ပြည်နယ်မှ လာရောက်သူများကို စောင့်ကြည့်စခန်းသို့ ပို့ဆောင်နေသည့်ကိစ္စနှင့် ပတ်သက်၍ ညွှန်ကြားချက်အတိုင်းလိုက်နာကြရန် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူက မေတ္တာရပ်ခံလိုက်သည်။ အခြားတိုင်း/ ပြည်နယ်ရှိ ကိုရိုနာရောဂါပိုးမတွေ့သေးသည့်မြို့နယ်မှ လာရောက်ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်ပါရမည်ဖြစ်ကြောင်း တိုင်းအစိုးရက မေလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ထောက်ခံချက်နှင့် ကျန်းမာရေး ထောက်ခံချက်ပါရမည်ဟု ဖော်ပြသည်။ ထို့နောက်တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးကာ လိုအပ်မှသာ စောင့်ကြည့်စခန်းတွင် နေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် ထားဝယ်ခရိုင်ရှိ ရပ်ကျေးအချို့နှင့် ထားဝယ်လေယာဉ်ကွင်းတို့တွင်မူ ရန်ကုန်တိုင်းသို့ အခြားတိုင်းနှင့် ပြည်နယ်မှလာရောက်ပါက မည်သည့်မြို့နယ်ဖြစ်စေ စောင့်ကြည့်စခန်းတွင်နေရမည်ဟုဆိုကာ စခန်းသို့ပို့ဆောင် နေသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကျေးတာဝန်ရှိသူများက စေတနာလွန်ကဲကာ အစိုးရလမ်းညွှန်ချက်နှင့် မကိုက်ညီဘဲ လုပ်ဆောင်နေသည့် အနေအထားဖြစ်သွားသည်ကိုတွေ့ရကြောင်း တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ […]

အခန်း (၁)၊ ပျောက်ဆုံးနေသူများ

diz_admin

May 25, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးထဲက တော်လှန်ရေး” စာအုပ်ထဲမှ “အခန်း (၁)၊ ပျောက်ဆုံးနေသူများ” ကို တင်ဆက်လိုက်ပါသည်။ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။ အခန်း (၂) အာဏာပိုင်များ ကို ဆက်လက်တင်ဆက်ပါမည်။ Dawei Watch

ကမ်းဝေးလှေများ တနင်္သာရီတိုင်းပြင်ပ ရောဂါပိုးမတွေ့သေးသည့်ဒေသတွင်ရပ်နားက စောင့်ကြည့်စခန်းဝင်ရန် မလို

diz_admin

May 25, 2020

ကမ်းဝေးငါးဖမ်းလှေလုပ်ကိုင်နေသည့် ရေလုပ်သားများ တနင်္သာရီတိုင်းပြင်ပ ရောဂါပိုးမတွေ့သေးသည့်ဒေသတွင် ရပ်နားကာလုပ်ငန်းခွင်သိမ်းပြီး နေရပ်ပြန်လာပါက စောင့်ကြည့်စခန်းတွင် နေထိုင်ရန်မလိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ လက်ရှိတွင် ငါးဖမ်းရာသီကုန်ဆုံးတော့မည်ဖြစ်သဖြင့် ကမ်းဝေးငါးဖမ်းလှေများက ၎င်းတို့အခြေစိုက်ရာမြို့တွင် လှေရပ်နားကာ လုပ်ငန်းခွင်သိမ်းကြတော့မည် ဖြစ်သည်။ဝါးတန်းလှေဟုခေါ်သည့် ဝိုင်းကြီးချုပ်လှေအများစုက ရန်ကုန်မြို့တွင်အခြေစိုက်ပြီး ၎င်းတို့လည်း လုပ်ငန်းခွင်သိမ်းရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ဥပမာ ရန်ကုန်တိုင်းအတွင်းရှိ ကြည့်မြင်တိုင်မြို့နယ်တွင် လှေရပ်နားပြီး လုပ်ငန်းခွင်သိမ်းပါက ယင်းရေလုပ်သားများ နေရပ်ပြန်ချိန်တွင် စောင့်ကြည့်စခန်းတွင် နေရန်မလိုအပ်ပေ။ သို့ရာတွင် ငါးဖမ်းလှေရပ်နားသည့် မြို့နယ်ရှိသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်ယူရန်လိုအပ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ အဆိုပါ ငါးဖမ်းလှေများလုပ်ငန်းခွင်နားရန် တနင်္သာရီတိုင်းအတွင်းရပ်နားပါက ယင်းလှေပေါ်ရှိရေလုပ်သားများ စောင့်ကြည့်စခန်းတွင် နေရန်မလိုအပ်ကြောင်း ဦးကျော်မင်းက ဆိုသည်။ ရေယာဉ်မှတ်ပုံတင်ရရှိပါက ကမ်းနီးငါးဖမ်းလိုင်စင် ထုတ်ပေးမည် ရောဂါဖြစ်ပွားနေသည့်ဒေသတွင် လှေရပ်နားပြီး လုပ်ငန်းခွင်သိမ်းသည့် […]

တိုင်းတွင်းယာဉ်လိုင်းများ လူ တစ်ဝက်တင်၊ ဈေးတိုးကောက်စနစ်ဖြင့် ပြေးဆွဲခွင့်ပြု

diz_admin

May 25, 2020

တိုင်းတွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်းများကို ခရီးသည်လျှော့တင်ပြီး ဈေးတိုးကောက်သည့်စနစ်ဖြင့် ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းလုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနထံမှ သိရသည်။ ယာဉ်တစ်စီးလျှင် ခရီးသည်တစ်ဝက် တင်ဆောင်ခွင့်ရမည်ဖြစ်ပြီး ဈေးနှုန်းမှာ ခရီးအနီး/အဝေးပေါ်မူတည်ပြီး တစ်ဦးလျှင် ကျပ် ၅၀ဝ မှ ကျပ် ၂၅၀ဝ အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။ တိုးမြှင့်လိုက်သည့် ဈေးနှုန်းများမှာ သက်ဆိုင်ရာခရိုင် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေး၊ လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယကက) အဖွဲ့ဝင်များက အဆိုပြုထားသော ဈေးနှုန်းများဖြစ်ကြောင်း အထက်ပါဌာနတိုင်းဦးစီးမှူး ဒေါ်သက်သက်ဦးက ပြောသည်။ “ခရီးသည်ကတော့ အရင်ဆယ်ယောက်ဆိုရင် ငါးယောက်တင်ရမယ်။ နှုန်းထားကတော့ အများကြီး တက်မသွားပါဘူး။ ယကက တွေက အဆိုပြုထားတဲ့ နှုန်းထားတွေပဲပေါ့” ဟု ၎င်းက ပြောသည်။ ရန်ကုန်-ထားဝယ် တိုင်းပြင်ပ ယာဉ်လိုင်းများကိုမူ မေလကုန်အထိ ပြေးဆွဲခွင့် ပိတ်ထားဆဲဖြစ်သည်။ […]

စနစ်ကို ဆန်းစစ်ကြရအောင်

diz_admin

May 25, 2020

အခန်း (၄) “မီးလောင်နေတဲ့အခါ မီးသတ်သမား တွေကို လုံလောက် တဲ့လက်နက်ကိရိယာ ပေးရင် အတော်အတန် အပျက်အစီး လောက်နဲ့မီးငြိမ်းအောင်လုပ်လို့ ရတယ်။ ဒါပေမဲ့ အရှည်သဖြင့် အတွက်ကတော့ မီးဘေးကာ ကွယ်ရေးစည်းမျဉ်းစည်းကမ်း တွေချတာ။ အထိန်းအကွပ်တွေ လုပ်ရမှာ ပါ။ ပြည်သူက ဘေးထွက်ဆိုးကျိုးတွေကို ထမ်းနေရပြီး စီးပွားရေးလုပ်ငန်းကြီးတွေ က အမြတ်ရနေတဲ့စနစ်ကို မထိန်းနိုင်ရင် နောင်လာမယ့်အနာဂတ်မှာ ကြုံရမယ့် ကပ်ဘေးတွေကို ရှောင်လွှဲဖို့ ခက်ပါ လိမ့်မယ်” ကပ်ဘေးနဲ့ပတ်သက်ပြီး ရေတို ရေရှည်ဘာတွေစဉ်းစားဖို့လို သလဲဆိုတာ နဲ့ ပတ်သက်ပြီး ရော့ဘ်ဝဲလေ့က အထက်ပါ အတိုင်း ပြောပါတယ်။ မကြာခင်က သူ့ရဲ့ဆောင်းပါးတစ်ပုဒ်ကိုလည်း ခုလို တည့်တည့်ခေါင်းစဉ်တပ်ပါတယ်။ “အရင်းရှင်စနစ်ဟာ ရောဂါ ဖြစ်ပေါ် ရာ အဓိကနေရာပဲ- Capitalism is […]

ကိုဗစ်ဖြစ်တာ အပြစ်လား

diz_admin

May 25, 2020

တနင်္သာရီတိုင်းတွင် မလေးရှားနိုင်ငံ မှ ပြန်လာသူ အသက် ၄၆ နှစ် အရွယ်ရှိ အမျိုးအသားတစ်ဦးထံတွင် ကိုဗစ်ရောဂါ စတင်တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၁၈ ရက် နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။ အဆိုပါ အမျိုးသားမှာ လောင်းလုံး မြို့နယ်၊ ထားဝယ်တက္ကသိုလ်တွင် အသွား အလာ ကန့်သတ်ထားသူ ဖြစ်သည်။ မလေးရှားပြန်ဟုဆိုလျှင် မြန်မာရွှေ့ ပြောင်းလုပ်သား တနည်းအားဖြင့် မလေးရှားတွင် အလုပ်လုပ်ကိုင်ပြီး နေရပ် ဇာတိသို့ ပြန်လာသည့် မြန်မာတစ်ဦး ဖြစ်ကြောင်း အထူးပြောစရာ လိုမည် မထင်ပါ။ ရွှေ့ပြောင်းလုပ်သားများသည် ကိုယ့် ဒေသ ရပ်ရွာတွင် အလုပ်အကိုင်ရှားမှု ကြောင့် နိစ္စဓူဝ ရင်ဆိုင်နေရသည့် စား၊ ဝတ်၊ ‌နေရေး အရေးသုံးပါးကို ဖြေရှင်းရန် […]

‘လူသတ်လက်နက်ဖြစ်နေတယ်’

diz_admin

May 25, 2020

ကိုဗစ်ကပ်ကြားက Facebook ဗိုင်းရပ်စ် ရန်ကုန်တိုင်း အင်းစိန်မှပြန်လာပြီး ထားဝယ်မြို့ အ.ထ.က (၂) တွင် အသွား အလာကန့်သတ်ထားသူတစ်ဦး ကိုယ်အပူချိန် မြင့်တက်သဖြင့် ထားဝယ်ဆေးရုံကြီးသို့ တင်ပို့လိုက်ပြီ ဆိုသည့် အကြောင်းအရာ တစ်ခု မေလ ၁၁ ရက်က ဆိုရှယ်မီဒီယာ Facebook ပေါ်တွင်ပျံ့နှံ့လာခဲ့သည်။ ထောင်နှင့်ချီသော Facebook သုံးစွဲသူတို့က ယင်းအကြောင်းအရာကို ထပ်ဆင့်ကူးယူ ဖြန့်ချိကြပြီး ထားဝယ် တွင် လူပြောများသော အကြောင်းအရာ တစ်ခုဖြစ်လာခဲ့သည်။ ယင်းအကြောင်းအရာကို ထပ်ဆင့် မျှဝေသူတို့သည် တစ်ဦးတစ်ယောက် ထိခိုက်ပါစေဆိုသည့် ခံယူချက်မျိုး မရှိနိုင်ဟု ယေဘုယျ ကောက်ချက်ချ နိုင်သော်လည်း ဆိုရှယ်မီဒီယာပေါ် အတင် ခံရသူတို့ဘက်တွင်မူ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းတို့ ဖြစ်ပေါ်နေကြသည်ကိုမူ ၎င်းတို့ သိနိုင် ကြမည် […]

ထားဝယ်က ကိုဗစ်ပိုးတွေ့လူနာ အခြေအနေ

diz_admin

May 25, 2020

တနင်္သာရီတိုင်း၏ ပထမဆုံး ကိုဗစ် ပိုးတွေ့လူနာ (အမှတ် ၁၈၅) သည် မလေးရှားနိုင်ငံက ပြန်ရောက်လာသူ ဖြစ်သည်။ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် အလူမီနီယံတံခါး ပေါက်လုပ်ငန်းမှာ လုပ်ကိုင်နေသူ ဖြစ်သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလခန့်တွင် အလုပ်ပြီးချိန် ဈေးဝယ်ထွက်ရင်း မလေးရှားရဲတွေက သူ့ကိုဖမ်းဆီးခြင်း ခံခဲ့ရသည်။ ယင်းနောက် တရားမဝင် နေထိုင်မှုဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် လေးလ ချမှတ်ခံခဲ့ရကြောင်း လူနာအမှတ် ၁၈၅ က ပြောသည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ထောင်မှ လွတ်မြောက်ခဲ့ပြီး ထိန်းသိမ်းရေး စခန်းတစ်ခုတွင် မေလအထိ နေထိုင်ခဲ့ ရသည်။ ထောင်နှင့် ထိန်းသိမ်းရေးစခန်း တွင် နေထိုင်စဉ်က နိုင်ငံပေါင်းစုံမှ လူပေါင်းမြောက်များစွာနှင့် ထိတွေ့ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကို […]