BREAKING
January 24, 2025

ကပ်ရောဂါဆိုင်ရာ

Dawei Watch Tv/ကိုဗစ်အကြား နောက်တန်းသမားများ

diz_admin

May 30, 2020

ကိုဗစ်ထိန်းချုပ်တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ ရှေ့တန်းသမားတွေ နောက်ဆံ မတင်းရအောင် သူတို့ တာဝန်ယူထားပါတယ်။အားလုံး အဟာရပြည့်နဲ့ အလုပ်လုပ်နိုင်အောင် ချက်ပြုတ်ကျွေးမွေးပေးနေတဲ့ ထားဝယ်မြို့က စေတနာ့ ဝန်ထမ်းတွေအကြောင်း ရှုစားနိုင်ပါတယ်။အစားအသောက်တွေ စုံလင်လွန်းလို့ Quarantine တောင် ဝင်ချင်သွားမယ်တဲ့လေ။

အခန်း(၆)၊ စိတ်ကူးအမြင်

diz_admin

May 30, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးထဲက တော်လှန်ရေး” စာအုပ်ထဲမှ “အခန်း(၆)၊ စိတ်ကူးအမြင် ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။“အခန်း(၇)) ” ကို ဆက်လက်တင်ဆက်ပါမည်။Dawei Watch TV မှ တင်ဆက်နေသော ရုပ်သံ အစီအစဉ်များကို ပုံမှန် ကြည့်ရှုရန် https://www.youtube.com/channel/UCY_J0i9tFm9KzUACwWIISpwတွင် သွားရောက် Subscribe လုပ်ပေးနိုင်ပါသည်။ Dawei Watch

Dawei Watch TV/တနင်္သာရီ အတွက် လျှပ်စစ် ယူနစ် ၁၅၀ အခမဲ့

diz_admin

May 28, 2020

ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့ တနင်္သာရီသားများ ခံစားခွင့်ရပါပြီ။ ဘယ်လို ပုံစံ ခံစားခွင့်ရမယ်ဆိုတာ ရုပ်သံသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။ Dawei Watch TV

Dawei Watch TV/ကိုဗစ်ဘေးသင့် အလှဖန်တီးရှင်များ

diz_admin

May 28, 2020

ပွဲလမ်းသဘင်များ ရပ်လိုက်ရခြင်းနှင့် အတူ အလှဖန်တီးရှင်များလည်း လုံးလုံး အလုပ်ရပ်နားလိုက်ရပါတယ်။ မင်္ဂလာဆောင်ရာသီအတွက် အားခဲပြီး ပြင်ထားကြတဲ့ သူတို့ရဲ့ လတ်တလော ဖြတ်သန်းနေရမှု၊ အခက်အခဲတွေကို တင်ပြထားပါတယ်။ Dawei Watch TV

အခန်း (၃)၊ ပြည်သူများ

diz_admin

May 27, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးထဲက တော်လှန်ရေး” စာအုပ်ထဲမှ “အခန်း (၃)၊ ပြည်သူများ ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။“အခန်း (၄) ” ကို ဆက်လက်တင်ဆက်ပါမည်။ Dawei Watch

ကိုဗစ်လှိုင်းမိ သမ္ဗန်သမားများ

diz_admin

May 25, 2020

မြိတ်မြို့ ကမ်းနားတစ်လျှောက်ရှိ ဆိပ်ကမ်းများတွင် သမ္ဗန်အစီးရေ နှစ်ရာနီးပါးခန့်ရှိသည့်အနက် အားလုံးသည်ကိုဗစ်ကြောင့် မကြုံဖူးသည့် အကျပ်အတည်းကာလနှင့် ရင်ဆိုင်စီးချင်းထိုးနေကြရသည်။ တစ်နေ့လျှင် ကျပ်တစ်သောင်းမှ ကျပ်နှစ်သောင်းအထိနေ့စဉ် ဝင်ငွေရှိနေကြသည့် မြိတ်မြို့မှ သမ္ဗန်မောင်းသူများ ယခုအခါဝင်ငွေ သုံးပုံနှစ်ပုံအထိ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ မြစ်အတွင်းသို့ လာရောက်ဆိုက်ကပ်နေသည့် ငါးဖမ်းလှေများဝင်ရောက်မှု နည်းပါးလာခြင်း၊ မြိတ်တစ်ဖက်ကမ်းရှိ ဘုရားများသို့ ဧည့်သည်များနှင့် ဒေသတွင်း ဘုရားဖူးများ သွားရောက်မှု ယခုအခါမရှိတော့သလောက် နည်းပါးသွားခြင်း၊ အနီးအနားကျွန်းများသို့ လာရောက် လည်ပတ်ကြသူများ မရှိတော့ခြင်း၊ ပထော်နှင့်ပထက်ကျေးရွာနေ ရွာသူ ရွာသားများ သွားလာသူနည်းပါးလာခြင်းတို့ကြောင့် ယင်းတို့တွင် ဝင်ငွေနည်းသွားကာ ရသလောက်ဝင်ငွေဖြင့် စားသောက်နေကြရကြောင်း ၎င်းတို့က ဆိုသည်။ “တစ်နေ့လုံးမောင်းမှ သုံးလေး ထောင်ပဲရတော့တယ်။ အခြေအနေက မိသားစုထမင်းမငတ်အောင် မနည်းရှာ ဖွေနေရတယ်” ဟု သမ္ဗန်မောင်းသက် ဆယ်နှစ်ကျော်ပြီဖြစ်သည့် […]

မြိတ်ဒေသထွက် ငှက်သိုက် ရောင်းအား ထိုးကျ

diz_admin

May 25, 2020

ကိုဗစ်ရောဂါဂယက်ကြောင့် မြိတ်ဒေသတွင် လုပ်ငန်းရှင်အများစု ငှက်သိုက်ရောင်းအား ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း မြိတ်ငှက်သိုက်ရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ သိရသည်။ မြိတ်ပင်ရင်းတွင် ရောင်းအားထက်ဝက်ကျော်ကျသွားသကဲ့သို့ ရန်ကုန်ရှိ ဆိုင်ခွဲတွင်လည်း ထက်ဝက်ကျော်ကျဆင်းခဲ့ရကြောင်း မြိတ်ကမ်းနားလမ်းရှိ သဘာဝငှက်သိုက်လုပ်ငန်းမှ သိရသည်။ ကိုဗစ်ရောဂါဂယက် စတင်မရိုက်ခတ်မီက ငှက်သိုက်ကို ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့ကြီးများမှ မှာယူသူ အများအပြားရှိခဲ့သော်လည်း လက်ရှိတွင် ပုံမှန်ရောင်းအား၏ ၃၀ ရာခိုင်နှုန်းသာ ရောင်းချရတော့ကြောင်း မြိတ်မြို့၊ ဗန္ဓုလလမ်းရှိ မီမီ သဘာဝငှက်သိုက် လုပ်ငန်းပိုင်ရှင် ကိုပြည့်ဖြိုးခန့်က ပြောသည်။ “တစ်ကျပ်သား နှစ်ကျပ်သားပဲ ဝယ်ယူသူက များတယ်။ အများကြီး မရောင်းရတော့ဘူး” ဟု ၎င်းက ပြောသည်။ လတ်တလော အခြေအနေအရ ငှက်သိုက်များစားသုံးသူထံ ပို့ဆောင်ရေးခက်ခဲသည့်အတွက် ၇၀ ရာခိုင်နှုန်းခန့် […]

တိုင်းလွှတ်တော်တွင် ကိုဗစ်အကြောင်း လုံးဝမပြော

diz_admin

May 25, 2020

ကိုဗစ်ကပ်ရောဂါအကြားတွင် ကျင်းပနေသည့် တိုင်းလွှတ်တော်အစည်းအဝေး လေးရက်စလုံးတွင် ကိုဗစ်ကပ်ရောဂါနှင့် ပတ်သက်ပြီး တိုင်းအစိုးရက ကိုင်တွယ်ဖြေရှင်းနေသည့်ကိစ္စအကြောင်းကို ဆွေးနွေးပြောဆိုခြင်း မရှိပေ။ မြေပြင်တွင်မူ တိုင်းအစိုးရ၏ ကိုဗစ်ကပ်ရောဂါကိုင်တွယ် လုပ်ဆောင်ပုံကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်ခံနေရသည်။ လက်ရှိတွင် တိုင်းအစိုးရသည် ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနေဆဲအခြေအနေသာဖြစ်သောကြောင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ မေးခွန်းထုတ်ရန်မဖြစ်နိုင်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ လွှတ်တော်အနေဖြင့် အစိုးရထံ ကိုဗစ်ကပ်ရောဂါကိစ္စနှင့်ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်ကို ပို့ထားပြီးဖြစ်ကာ နှစ်ဘက်ဆွေးနွေးလုပ်ဆောင်နေကြောင်း ဦးခင်မောင်အေးက ပြောသည်။ “လုပ်နေဆဲကာလ ဖြစ်တယ်။ လုပ်လည်း လုပ်ထားတာကို သိထားပြီး ဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်မှာ မေးခွန်းမေးလို့ မရဘူး။ လွှတ်တော် ဥပဒေအရ။ အဲဒါကြောင့် လွှတ်တော်မှာတော့ မေးခွန်း မမေးတော့ဘူး” ဟု ဦးခင်မောင်အေးက ပြောသည်။ ကိုဗစ်ကြားက တိုင်းလွှတ်တော် တိုင်းလွှတ်တော်အစည်းအဝေးကို […]