BREAKING
January 24, 2025

ကပ်ရောဂါဆိုင်ရာ

အခြေခံပညာ ကျောင်းများ ဘယ်လိုပြန်ဖွင့်ကြမလဲ

diz_admin

June 1, 2020

အခြေခံပညာအထက်တန်းအဆင့်ကို ဇူလိုင်လ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာသည်။ ကျန်အတန်းများဖွင့်မည့်အချိန်ကို တိတိကျကျပြောဆိုထားခြင်း မရှိသော်လည်း အထက်တန်းအဆင့်များဖွင့်ပြီးပါက ကျန်အတန်းများကိုလည်း အဆင့်ဆင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောဆိုထားသည်။ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် လုပ်ဆောင်ရမည့်ကိစ္စနှင့်ပတ်သက်ပြီး မေလ ၂၆ ရက်ကပြုလုပ်သော ပညာရေးဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာန၊ တိုင်းနှင့်ပြည်နယ်မှ ပညာရေးမှူးများပါဝင်သည့် အစည်းအဝေးတွင် ယင်းသို့ပြောကြားထားခြင်း ဖြစ်သည်။ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကမူ အထက်အတန်းအဆင့်ကို နှစ်ပတ်အကြာစမ်းသပ်ဖွင့်လှစ်ပြီး အခြေအနေကောင်းပါက အလယ်တန်းကို ဖွင့်မည်ဖြစ်ကြောင်း၊ အလယ်တန်းဖွင့်ပြီး တစ်ပတ်အကြာတွင် မူလတန်းကို ဆက်ဖွင့်မည်ဖြစ်ကြောင်း မြန်မာနောင်းသတင်းဌာနကို ပြောဆိုထားသည်။ အခြေခံပညာကျောင်း ခြောက်ဆယ်နီးပါး အဆင့်တိုး ကျောင်းအပ်နှံရာတွင်လည်း အသုတ်သုံးသုတ်ခွဲကာ အပ်နှံရမည်ဖြစ်ပြီး ဇူလိုင်လ ၁၃ မှ ၁၇ ရက်အထိကို အထက်တန်းကျောင်းအပ်နှံရေးကာလအဖြစ် သတ်မှတ်ထားကြောင်း မေလ […]

လမ်းများ ခရီးများအကြောင်း

diz_admin

June 1, 2020

အခန်း ၅ ၂၀ဝ၈ ဇွန်လမှာ နယ်သာလန် နိုင်ငံသူ ဂျိုစတန် (Astrid Joosten) ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ယူဂန္ဓာနိုင်ငံကို အလည်သွားပါတယ်။ ဒါဟာ သူတို့ရဲ့ ပထမဆုံးအာဖရိကခရီးမဟုတ်ပါဘူး။ သူတို့ဟာ နှစ်တိုင်း ဥရောပကနေ ခရီးထွက် လေ့ရှိပါတယ်။ မိုဇမ်ဘစ်၊ ဇမ်ဘီယာ၊ မာလီတို့ကို သွားခဲ့ကြပြီးပြီမို့ ယူဂန္ဓာကို သွားတာပါ။ ပုံမှန်ခရီးစဉ်ကတော့တောင်ပေါ် ဂေါ်ရီလာတွေ ကြည့်ဖို့ပါ။ ခရီးစဉ် အတွင်း တစ်နေ့မှာတော့ မာရမ်မာဂမ်ဘို တောထဲက နေရာတစ်ခုကို လေ့လာဖို့ လမ်းပြက ဖိတ်ခေါ်ပါတယ်။ ဒေသခံ တွေက စပါးကြီးမြွေဂူလို့ သိကြတဲ့နေရာ ပါ။ အဲဒီနေရာကို ခရီးသွားအများစု ကတော့ သွားလေ့မရှိပါဘူး။ ဂျိုစတန်တို့ ကတော့ ရောက်တုန်းသွားတာပေါ့ဆိုပြီး သွားပါတယ်။ အလင်းရောင်နည်းတဲ့ ဂူထဲကို အလွယ်တကူဆင်းလို့မရပါဘူး။ […]

ကိုဗစ်ကို ကျော်ကြည့် ကြရအောင်

diz_admin

June 1, 2020

ကပ်ကြီးမှာ တစ်ချိန်ချိန်တွင် ပြီးသွားနိုင်သည်။ သို့မဟုတ် ခေတ္တခဏ ရပ်ဆိုင်း သွားနိုင်သည်။ သို့မဟုတ် နောက်ထပ် ပုံစံတစ်မျိုးဖြင့်လည်း ထပ်လာနိုင်သည်။ ဝေဖန်စရာများစွာ ရှိလင့်ကစား အစိုးရတာဝန်ရှိသူများ အနေနှင့် ကပ်ကြီး ကြောင့် ဖြစ်လာသည့် ကျန်းမာရေး၊ စီးပွားရေး ပြဿနာများကို နိုင်သမျှ စိတ်အား၊ လူအား၊ ဉာဏ်အားဖြင့် ဖြေရှင်းနေသည်ကို တွေ့ရသည်။ ထိုသို့ ဖြေရှင်းရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိလုပ်ငန်းများ၊ အလှူရှင်များ၏ အကူအညီ အထောက်အပံ့သည်လည်း များစွာ အရေးပါလှသည်။ ထိရောက်သည်လည်း ရှိသည်၊ ချွတ်ယွင်းချက် အားနည်းချက်များစွာလည်း ရှိပါသည်။ ကပ်ကြောင့်ဖြစ်လာသည့် ပြဿနာများကို နောက်မှ လိုက်ရှင်းရမည့် နည်းတူ ကိုဗစ်ကပ်ဘေးကို ကျော်လွန်၍ ဆင်ခြင်တွေးတောကာ ဖြစ်လာနိုင်ဖွယ် အရေးကိစ္စများကို ကြိုပြင်ထားရန် လိုပါသည်။ လယ်သမားများမှာ လယ်ယာလုပ်ငန်းခွင် […]

ထားဝယ် ပထမဆုံး ကိုဗစ်လူနာ နောက်တစ်ကြိမ် ထပ်စစ်ချိန် ပိုးမတွေ့က ဆေးရုံဆင်းခွင့်ပြုမည်

diz_admin

June 1, 2020

မလေးရှားနိုင်ငံမှပြန်လာသည့် ထားဝယ်ကိုဗစ်လူနာတွင် ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးရာ ပိုးမတွေ့ရသည့် အတွက် နောက်တစ်ကြိမ်ထပ်စစ်ဆေးမည်ဖြစ်ပြီး ဒုတိယအကြိမ် ပိုးမတွေ့ ပါက ဆေးရုံမှဆင်းခွင့်ပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ကိုဗစ်လူနာအမှတ် ၁၈၅ ကို ရောဂါပိုးရှိ/မရှိ မေလ ၂၈ ရက်နေ့က နမူပို့စစ်ဆေးရာ ပိုးမတွေ့သည့်အဖြေ ထွက်ကြောင်း ၎င်းက ဆိုသည်။ ထိုကြောင့် ထပ်မံစစ်ဆေးရန် မေလ ၃၀ ရက်နေ့တွင် နမူနာယူပြီး ဓာတ်ခွဲ ခန်းသို့ ပို့ထားကြောင်း ဒေါက်တာ ထွေးမြစိုးက ဆိုသည်။ “နောက်အဖြေလည်း နဂ္ဂတစ် (ပိုးမတွေ့)ဆိုရင်တော့ နောက်နှစ်ရက် နေရင် ပေးဆင်းမယ်။ စောင့်ကြည့် စခန်းကို ပြန်ပို့မယ်ပေါ့နော်”ဟု ဒေါက်တာ ထွေးမြစိုးက ပြောသည်။ […]

ကိုဗစ်ကြောင့် မြိတ်လျှပ်စစ် ဒီဇယ်လောင်စာဖြင့် စဖြန့်မည် ဟုဆို

diz_admin

June 1, 2020

ကိုဗစ်ဂယက်ကြောင့် မြိတ်မြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး တင်ဒါ အောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီက ဒီဇယ်စက်ဖြင့် စတင်ဖြန့်ဖြူး မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ လက်ရှိတွင် ကိုဗစ်ကပ်ဘေးကြောင့်HFOလောင်စာနှင့် ယင်းစက်ကို နိုင်ငံခြားမှဝယ်နှင့် သယ်ယူရန် အခက်ကြုံ နေရခြင်း၊ စက်ရုံမြေနေရာအတွက် အခြား နည်းအသုံးပြုခွင့်မရသေးခြင်း စသည့် အကြောင်းများကြောင့် ယင်းကုမ္ပဏီက ဒီဇယ်အင်ဂျင်ဖြင့် ယာယီ ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ကုမ္ပဏီက မြိတ်မြို့နယ် လျှပ်စစ်အတွက်HFOလောင်စာဖြင့် လျှပ်စစ်တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်ထား ခြင်းဖြစ်သည်။ မီးထိုးလောင်စာဟု အကြမ်းဖျင်း ခေါ်သောHFO မှာ ရေနံစိမ်းကို ချက်လိုက်ပါက အညံ့ဆုံး လောင်စာဆီ အမျိုးအစားဖြစ်ပြီး […]

ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့ခံစားခွင့် တနင်္သာရီတိုင်းရရှိ

diz_admin

June 1, 2020

ကိုရိုနာရောဂါပိုး ကာကွယ်ထိန်း ချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့သုံးစွဲခွင့်ကို တနင်္သာရီတိုင်းသား များ ခံစားခွင့်ရမည်ဖြစ်ကြောင်း တိုင်း ဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေး အတွက် မဟာဓာတ်အားလိုင်း လျှပ်စစ် ယူနစ်ဈေးနှုန်းဖြင့် ပြည်ထောင်စုအစိုးရထံ တွက်ချက်တင်ပြထားရာ ခွင့်ပြု ကြောင်း အကြောင်းကြားလာသည်ဟု ၎င်းက ဆိုသည်။ ထိုယူနစ် ၁၅၀ အခမဲ့ခံစားခွင့် အတွက် ဒေသပေါက်ဈေးနှုန်းအတိုင်း တွက်ချက်ပြီး ငွေကျပ် ၅ ဒဿမ ၈ ဘီလီယံ ပေးရန် တောင်းခံခဲ့ဖူးသော် လည်း ပြည်ထောင်စုက ခွင့်မပြုခဲ့ပေ။ ထိုကြောင့် ယူနစ် ၁၅၀ ကို မဟာ ဓာတ်အားလိုင်း ဈေးနှုန်းအတိုင်းတွက် ချက်ပြီး တောင်းခံမှသာ […]

အခြေခံလူတန်းစား စာရင်းကိစ္စ တိုင်းအစိုးရနှင့် ရပ်/ကျေး အချိတ်အဆက်လွဲ

diz_admin

June 1, 2020

ကိုဗစ်ကာလ ငွေကြေးခံစားခွင့် အတွက် အခြေခံလူတန်းစား စာရင်းကို ကောက်ခံရာတွင် တိုင်းအစိုးရ ပြောကြား ချက်နှင့် ရပ်/ကျေးအချို့တွင် ကောက်ခံ နေသော ပုံစံမှာ အချိတ်အဆက် လွဲချော် နေပြီး စာရင်းကောက်ယူရာတွင်လည်း အငြင်းပွားမှုများ ဖြစ်နေသည်။ တိုင်းအစိုးရအနေဖြင့် အခြေခံ လူတန်းစားစာရင်းကို ကောက်ခံရန် ညွှန်ကြားထားခြင်း မရှိသေးဘဲ ယခင် အခြေခံစားသောက်ကုန် ပေးစဉ်က ကျန်ခဲ့သူများရှိသဖြင့် ပြန်သုံးသပ်ရန် စာရင်းကောက်ခံခိုင်းထားခြင်းမျှသာဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ “ဒီကိစ္စတွေ(အခြေခံလူတန်းစား စာရင်းကောက်သည့်ကိစ္စ)ကို အစိုးရ အဖွဲ့က လမ်းညွှန်ထားခြင်း မရှိသေးဘူး။ သို့သော်လည်းပဲ ပထမတုန်းက အခြေခံ လူတန်းစားတွေ ကျန်ခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေလည်း ရှိတယ်လေ။ အဲဒီဟာတွေကို ပြန်လည်ပြီး သုံးသပ် နိုင်ဖို့အတွက်တော့ စာရင်းပြုစုနေတာတော့ ရှိပါတယ်”ဟု […]

တနင်္သာရီတိုင်း အစိုးရကို စောင့်နေရသည်

diz_admin

June 1, 2020

လူငါးဦးဖြစ်စေ၊ လူငါးဦးထက် ပို၍ဖြစ်စေ စုဝေးခွင့်ပြုသော လုပ်ငန်း များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မေလ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ယင်းတွင် အစိုးရဌာန၊ အဖွဲ့အစည်း၊ စက်ရုံ အလုပ်ရုံများတွင် တာဝန်ထမ်း ဆောင်ခြင်း၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီး သင် စာသင်ကျောင်းများ၊ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ သင်တန်းများလည်း ပါဝင်သည်။ ယင်းတို့ အနက် ပုဂ္ဂလိကကျောင်း များပြန်ဖွင့်ရေး၊ သင်တန်း၊ အစည်းအဝေး များ ကျင်းပခွင့်ပြုရေး တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ တိကျသော ညွှန်ကြားချက် မကျသေးသဖြင့် အခက် တွေ့နေရကြောင်း တိုင်းအတွင်းရှိ ပုဂ္ဂလိက ကျောင်းအချို့ကို စုံစမ်းမေးမြန်းချက် အရသိရသည်။ နေပြည်တော် အခြေစိုက် ကျန်းမာရေး နှင့် […]