BREAKING
January 24, 2025

ကပ်ရောဂါဆိုင်ရာ

မရပ်နိုင်သေးသည့် ကိုဗစ်ထိန်းချုပ်ရေး မာရသွန်ခရီး

diz_admin

June 8, 2020

ကိုဗစ်ကပ်ရောဂါ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာကတည်းက တိုင်း အတွင်းရှိ စေတနာ့ဝန်ထမ်းများသည် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့ လိုက်သော်လည်းကောင်း ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်းက ရှေ့တန်းမှ တက်တကြွ်ကြွက ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကူးစက် မြန်ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်မှာ သုံးလကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်းအချိန်တွင် အစိုးရက ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် တင်းကျပ်ထား သော စည်းကမ်းချက်အချို့ကို ဖြေလျော့ လိုက်ခြင်းနှင့်အတူ ထားဝယ်မြို့ရှိ ပရဟိတအဖွဲ့အချို့သည်လည်း ကိုဗစ် ထိန်းချုပ်ရေးလုပ်ငန်းတွင် အရှိန်လျှော့ လာပြီဖြစ်သည်။ ဇမ္ဗူသီရိအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ ကဲ့သို့သော ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်း တွင် ရှေ့တန်းမှ ပါဝင်နေသူတို့သည် မေလကုန်ပါက ၎င်းတို့ လုပ်ဆောင်နေ သော လုပ်ငန်းများကို ရပ်နားခြင်း၊ အရှိန်လျှော့လုပ်ဆောင်ခြင်းတို့ကို လုပ် ဆောင်တော့မည်ဖြစ်ကြောင်း ပြောဆို လာကြသည်။ ဇမ္ဗူသိရီအဖွဲ့သည် […]

ကပ်ဘေးအလွန် ခရီးသွားကဏ္ဍ ဘယ်လိုရုန်းထမလဲ

diz_admin

June 8, 2020

ကိုဗစ်ကပ်ဘေးသည် ပြည်သူများ၏ ကျန်းမာရေးသာမက လူမှုစီးပွားဘဝများကို ကိုင်လှုပ်ပစ်လိုက်သည်။ အမျိုးမျိုးသော လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အခြေခံ စဉ်းစား၊ ဆင်ခြင်ချက်များ ရရှိနိုင်ရေး ရည်ရွယ်ကာ ကိုဗစ်အထူး ကဏ္ဍကို ဖွင့်လှစ်လိုက်ပါသည်။ အယ်ဒီတာ လွန်ခဲ့သော နှစ်လကျော် သုံးလခန့် ကစ၍ ကမ္ဘာတစ်ဝန်းရှိ နာမည်ကျော် ကမ်းခြေများ၊ ဈေးဝယ်စင်တာများနှင့် လည်ပတ်စရာ နေရာများအားလုံးလိုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဘေးကြောင့် ပိတ်သွားခဲ့ သည်။ နိုင်ငံခြားသား ခရီးသွားများဖြင့် စည်ကားနေလေ့ရှိသော လမ်းမများမှာလည်း တိတ်ဆိတ်ခြောက်ကပ်လျက်။ မီးခိုးတိတ် စီးပွားရေးလုပ်ငန်းကြီး ဖြစ်သော ခရီးသွားကဏ္ဍ တဟုန်ထိုး ကျဆင်းသွားခြင်းဒဏ်ကို ကမ္ဘာ့နိုင်ငံ အများအပြား ခါးစည်းခံခဲ့ရသည်။ သန်းပေါင်းများစွာသော အလုပ်အကိုင် များ ပျောက်ဆုံးသွားသလို ဒေါ်လာ သန်းထောင်ချီသည့် နိုင်ငံ့ဝင်ငွေများ […]

ကိုဗစ်ကာလ ထိုင်းတွင် အကျဉ်းကျပြီး ပြန်လာသူများကို HIV နှင့် TB ရောဂါစစ်

diz_admin

June 8, 2020

ကိုဗစ်ကာလ ထိုင်းနိုင်ငံတွင် အကျဉ်းကျပြီး ပြန်ဝင်လာသူများကို HIV နှင့် TB ရောဂါစစ်ဆေးပေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ခုခံကျ /ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။ လက်ရှိတွင် ကော့သောင်းနယ်စပ် ဝင်ပေါက်နှင့် မြဝတီနယ်စပ်မှ ဝင်ရောက် လာသည့် အကျဉ်းကျပြီး ပြန်လာသူများ ကို ကိုရိုနာရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး နေသည်။ ယင်းသို့စစ်ဆေးပြီး ကိုရိုနာရောဂါ ပိုးမတွေ့သူများကိုHIV နှင့် TB ကိုပါ စစ်ဆေးပေးနေကြောင်း အထက်ပါ စီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်တင့်ထွန်းက ဆိုသည်။ HIV ပိုးရှိ/မရှိကို အမြန်စစ်ဆေး သည့်ကိရိယာ ဖြင့် စစ်ဆေးမည်ဖြစ်ပြီး TB ရောဂါကိုမူ သလိပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းဖြင့် စစ်ဆေးပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အကျဉ်းကျပြီး […]

အိမ်တွင်းအောင်း အောင့်လုံးကွဲလေပြီ

diz_admin

June 8, 2020

ကိုရိုနာကပ်ဆိုးကြီးအတွင်း တားမြစ်ကန့်သတ်ချက်များကြောင့် သော်လည်းကောင်း၊ ကိုယ့်အသိစိတ်ဖြင့် ကိုယ်သော်လည်းကောင်း အိမ်တွင်းအောင်း နေခဲ့ကြသည်။ ကိုရိုနာကာလအစတွင် မြို့ပေါ် လမ်းမကြီးများတွင်ပင် ကား၊ ဆိုင်ကယ် အတော်ပင် ပါးနေခဲ့သည်။ အရေးကြီး ကိစ္စ၊ စားသောက်စရာ ဝယ်ခြမ်းရေးကိစ္စ အချို့ကြောင့် မထွက်မဖြစ် အပြင်ထွက် ပါကလည်း ကိစ္စပြီးသည်နှင့် အိမ်တန်း ပြန်ကြသည်ချည်းသာ။ ထိုအစကာလတွင် အပန်းဖြေခရီး ထွက်ရန် မည်သူမျှ စိတ်မကူးကြ။ ထိုသို့ စိတ်ကူး ပြောဆိုမိလျှင်ပင် အတူနေ မိသားစုဝင်များက ကန့်ကွက်ကြလိမ့်မည်။ အားအားယားယား လမ်းသလားနေ လျှင် ပတ်ဝန်းကျင်က အပြစ်ဖို့ကြမည်။ ထို့ကြောင့် အစိုးရ ကမ်းခြေများ မပိတ်သေးသည့်တိုင် လူအသွားများသည့် ကမ်းခြေများတွင် လူရှင်းလွန်းနေတော့ သည်။ လူတိုင်းအပြင်ထွက်ကာ လွတ်လပ်စွာ အရူးထခွင့်ရသည့် သင်္ကြန်ရက်များ တွင်ပင် လမ်းပေါ်တွင် […]

တိုင်းအတွင်းရှိ အလုပ်သမား တစ်ထောင်ကျော်ကို လူမှုဖူလုံရေးကြေး ပေးမည်

diz_admin

June 8, 2020

တိုင်းအတွင်း လူမှုဖူလုံရေးကြေး ထည့်ဝင်ထားသူများအနက် ပိတ်ထား သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမား တစ်ထောင်ကျော် (၁၂၄၅) ဦးကို လူမှုဖူလုံရေးကြေး ပေးမည်ဖြစ် ကြောင်း တနင်္သာရီတိုင်း လူမှုဖူလုံရေးရုံး ထံမှ သိရသည်။ ကိုဗစ်ကာလတွင် ပိတ်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၉၈ ရုံမှ လူမှုဖူလုံရေးကြေးထည့်ဝင်ထားသည့် အလုပ်သမားများကို လစာငွေ၏ ၄၀ ရာခိုင်နှုန်းကို ပြန်လည်ပေးဆောင်မည် ဖြစ်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “လက်ရှိကတော့ ထောက်ပံ့ရန်ရှိတဲ့ စာရင်းတွေကို တင်ထားဆဲပဲ ရှိသေး တယ်။ အကုန်လုံး အသေးစိတ်အချက် အလက် မှန်ကန်ရင် ရမှာပေါ့” ဟု တာဝန်ရှိသူက ပြောသည်။ ပိတ်ထားကြောင်း တင်ပြလာသည့် စက်ရုံ၊ အလုပ်ရုံ၊ […]

တနင်္သာရီတိုင်း ကိုဗစ်ရောဂါ ကင်းစင်ပြီ

diz_admin

June 8, 2020

ထားဝယ်မြို့တွင် တစ်ဦးတည်း သော ပိုးတွေ့ လူနာအမှတ် (၁၈၅) ကို ဇွန်လ ၆ ရက်တွင် ဆေးရုံက ဆင်းခွင့် ပြုလိုက်ပြီဖြစ်သောကြောင့် လတ်တ လော တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထွေးမြစိုးက ပြောသည်။ ယင်းလူနာတွင် ပိုးတွေ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန က ကြေညာပြီး နောက်ထပ်နှစ်ကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့သဖြင့် ဆေးရုံက ဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာ ထွေးမြစိုးက ပြောသည်။ “တနင်္သာရီတိုင်းက အရောင်ပြောင်း သွားတာပေါ့လေ”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ဆေးရုံက ဆင်းခွင့်ပြုလိုက်သော လူနာအမှတ် ၁၈၅ သည် အမှတ်(၃) အထက်တန်းကျောင်းတွင် […]

ကျောင်းမဖွင့်မီ ကလေးတွေကို သင်ပေးစရာများ

diz_admin

June 5, 2020

ကျောင်းမဖွင့်မီ ကလေးတွေကို သင်ပေးစရာများ၊ ဆုပြည့် ပညာရေး ဝန်ဆောင်မှု ဘော်ဒါနှင့် Dawei Watch တို့ ပူးပေါင်း တင်ဆက်သည်။

အခန်း(၈)၊ ရှေ့ခရီးနှင့် အခန်း(၉)ခြေလှမ်းများ

diz_admin

June 5, 2020

အခန်း(၈)၊ ရှေ့ခရီးနှင့် အခန်း(၉)ခြေလှမ်းများ————————————- ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးထဲက တော်လှန်ရေး” စာအုပ်ထဲမှ “အခန်း(၈)၊ ရှေ့ခရီးနှင့် အခန်း(၉)ခြေလှမ်းများ ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။