BREAKING
January 24, 2025

ကပ်ရောဂါဆိုင်ရာ

အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကိုလည်း ကိုဗစ်အလွတ်မပေးပါ

diz_admin

June 15, 2020

ကိုဗစ်နိုင်တင်းကြောင့် တစ်နိုင်တစ်ပိုင်အိမ်တွင်း တံမြက်စည်းလုပ်ငန်းငယ်များ ဝင်ငွေထိုးကျနေသည်မှာ သုံးလခန့်ရှိနေပြီဖြစ်သည်။ အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကို မြိတ်တစ်ဖက်ကမ်း အိမ်ခြေငါးရာ နီးပါးခန့်ရှိသည့် ပထော်ကျေးရွာတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ပထော်ကျေးရွာနေထိုင်သူအချို့သည် ဥယျာဉ်ခြံမြေလုပ်ငန်းလုပ်ကိုင်ကြပြီး အများစုမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ယင်းအပြင် အိမ်တွင်းမိရိုးဖလာ တံမြက်စည်းပြုလုပ်သည့်လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသည့် အိမ်ထောင်စု အနည်းဆုံးငါးဆယ်ခန့်ရှိနေကြောင်း ရွာသူရွာသားများထံမှ သိရသည်။ “အဒေါ်တို့ မပေါက်ဖွားခင် မိဘဘိုးဘွားတွေ လက်ထက်ကတည်းက တစ်ရွာလုံးနီးပါးလုပ်လာကြတဲ့ အလုပ်ပေါ့” ဟု အသက် ၆၂ နှစ်ရှိ တံမြက်စည်းလုပ်သူ ဒေါ်သန်းမြင့်က ပြောပြသည်။ ပထော်ရွာမှပြုလုပ်သည့် တံမြက်စည်းများအား မြိတ်ဒေသတွင်း အသုံးပြုသူများသလို မြိတ်ရှိဖောက်သည်များမှ မောတောင်လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချနေကြကြောင်း တံမြက်စည်းလုပ်ကိုင်သူများက ပြောပြသည်။ ယခုတော့ ကမ္ဘာ့ကပ်ဘေးကိုဗစ်ကြောင့် ပြည်တွင်းယာဉ်အသွားအလာမရှိတော့ဘဲ အိမ်သုံးပစ္စည်းအရောင်းဆိုင်အချို့လည်း ပိတ်ထားရသည်။ ထိုင်းနိုင်ငံသို့ […]

ထားဝယ်ကမ်းနားဈေးသည်တို့၏ ဒုက္ခ

diz_admin

June 15, 2020

လူကြီးတစ်ဦးလဲလျောင်းနားနေရန်မျှသာ အကျယ်အဝန်းရှိသော ဈေးကားသည် ဦးမြင့်အောင်တို့ မိသားစုအတွက် အိပ်ရာဖြစ်သည်။ ထားဝယ်မြို့ကမ်းနားဈေးရှေ့တွင် သူတို့ကားကို ရပ်ထားသည်။ အဖြူရောင် Hijet ဈေးကားအတွင်း ပန်းရောင်ဇာခြင်ထောင်ထဲမှာ အသက်နှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မှောက်လျက်သား နှစ်ခြိုက်စွာအိပ်ပျော်နေသည်။ အချိန်က ည ၁၁ နာရီကျော်နေ ပြီလေ။ ဦးမြင့်အောင်တို့မှာ သရက်ချောင်းမြို့နယ် ပိတိုင်ကျေးရွာမှ နယ်ဈေးသည်များဖြစ်သည်။ကိုဗစ်ကာလ ညမထွက်ရအမိန့်က ဦးမြင့်အောင်တို့ကဲ့သို့သော နယ်ဈေးသည်တွေအတွက် ထားဝယ်မြို့ ကမ်းနားဈေးတွင် ရောင်းကုန်လာဝယ်ရန် အခက်အခဲဖြစ်နေသည်။ နံနက် လေးနာရီမှ တက်လာလျှင် ရွာပြန်ဆင်း ဈေးရောင်းမည့်အချိန် မမီတော့ပေ။ ထိုကြောင့် အချိန်မီဈေးရောင်းနိုင်ရန် ဦးမြင့်အောင်က အသက်ကိုးနှစ်အရွယ်သားကြီးကို ဆွေမျိုးတွေထံအပ်၊ ၂ နှစ်အရွယ် သမီးလေးကိုမူ အတူခေါ်ကာ ညနေ ၁၀ နာရီဝန်းကျင်ကတည်းက ကမ်းနားဈေးတွင် လာအိပ်ရသည်။ မိုးရွာလာလျှင် ကားတွင်အဆင်သင့်တပ်ဆင်ပြီးသာ […]

မိဘ/အုပ်ထိန်းသူ တစ်ဦးတည်းသာ ကျောင်း ကြို/ပို့လုပ်ရမည်

diz_admin

June 15, 2020

ကိုဗစ်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ကျောင်းအကြို/ အပို့ ပြုလုပ်ရာတွင် မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးတည်းသာ သီးသန့် ကြို/ပို့ပြုလုပ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောင်းအကြို/အပို့ လုပ်မည့်သူအားလုံးကို စာရင်းကောက်ယူကာ ဖုန်းနံပတ်ယူထားမည်ဖြစ်ပြီး စာရင်းပေးထားသည့် မိဘ သို့မဟုတ် အုပ်ထိန်းသူကသာ ကျောင်းအကြို/အပို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ်မြင့်စိန်က ပြောသည်။ “တခြားလူရဲ့လာပို့ရင် တစ်ခြား လူကနေ ရောဂါကူးတာတွေ ဖြစ်မှာစိုးလို့၊ နောက်တစ်ခုက ဒီကလေးနဲ့ပက်သက်တဲ့ အကြောင်းအရာကို လာပို့တဲ့သူကိုပဲ ဆက်သွယ်ပြီး ပြောမယ်” ဟု ဒေါ်မြင့်စိန် က ပြောသည်။ ကျောင်းသား၊ မိဘ၊ ဆရာများအနေဖြင့် ကျောင်းသို့ မလာမီ၊ ကျောင်းတက်နေစဉ်နှင့် ကျောင်းလွှတ်ချိန်များတွင် သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို […]

ထီးခီးနယ်စပ်မှ ဝင်လာသူများကို လက်မခံတော့

diz_admin

June 15, 2020

ကိုဗစ်ထိန်းချုပ်ရေးဟုဆိုကာ တရားမဝင်ပြန်တော်ပြန်လာသူများကို အရေးယူရေးကိစ္စပြည်ထောင်စု၏ အဖြေမရမမီ ဇွန်လ ၁၄ ရက်နေ့မှစကာ ထီးခီးနယ်စပ်ဂိတ်မှ ဝင်လာသူများကို လက်ခံမည်မဟုတ်တော့ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။ “အရေးယူမယ့်အပိုင်းကတော့ အစိုးရအဖွဲ့ကိုလည်း တင်ပြရမှာပေါ့နော်” ဟု ၎င်းကပြောသည်။ တရားမဝင်နယ်စပ်ဝင်ပေါက်မှဝင်လာပြီး မြန်မာနိုင်ငံအတွင်းရောက်နှင့်ပြီးသူများကို ပြန်လွှတ်/ မလွှတ်ကိုမူ တိုင်းအစိုးရအဖွဲ့ထံ တင်ပြရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။ နေရပ်ပြန်များပြန်ဝင်လာသည့် အရေးကိစ္စနှင့် ပတ်သက်သည့် ညွှန်ကြားချက်များမှာ မရှင်းလင်းဘဲ ဝိဝါဒကွဲလွဲနေသည့်အတွက် ပြန်လည်တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။ မေလ ၁ ရက်နေ့တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်နှင့် ဇွန်လ ၁၀ ရက်နေ့တွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသိပေးကြေညာချက်တို့က ဒွိဟဖြစ်နေသည့်အတွက် […]

အခန်း(၂)၊ ကြုံနေရတဲ့ အလွမ်းဇာတ်

diz_admin

June 14, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ” စာအုပ်ထဲမှ “အခန်း(၂)၊ ကြုံနေရတဲ့ အလွမ်းဇာတ် ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။” အခန်း(၃) ” ကို ဆက်လက်တင်ဆက်ပါမည်။

အခန်း(၁)၊ ရေခဲတောင်ဈာပန

diz_admin

June 12, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ” စာအုပ်ထဲမှ “အခန်း(၁)၊ ရေခဲတောင်ဈာပန ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။

Dawei Watch TV/မလွှဲတောင် ဘေးကလွတ်ပြီ

diz_admin

June 12, 2020

ခရီးသည်များ၏ မလွှဲတောင် ဒုက္ခ ဘေးက ကင်းတော့မှာပါ။ ဒီညကစပြီး ခရီးသည်တင်ကားတွေကို မလွှဲတောင်ဂိတ်မှာ အချိန်မရွေး ဖြတ်သန်းခွင့်ရတော့မှာပါ။ အပြည့်အစုံကို ရုပ်သံသတင်းမှာ ရှုစားနိုင်ပါတယ်။

ကိုဗစ်လှိုင်းမိ သဗ္ဗန်သမား ရာချီကို အစားအသောက် ထောက်ပံ့

diz_admin

June 8, 2020

မြိတ်နှင့် ကျွန်းစုမြို့နယ်ရှိ ကိုဗစ်လှိုင်းမိ သဗ္ဗန်ကူးတို့လှေ မောင်းသူနှစ်ရာနီးပါးအား ဆန်၊ ဆီ၊ ငါးသေတ္တာအပါအဝင် အခြေခံစားသောက်ကုန်ငါးမျိုး ထောက်ပံ့မှုရရှိခဲ့ကြောင်း သိရသည်။ ဇွန်လ ၃ ရက်နေ့ ကျွန်းစုလွှတ် တော်ကိုယ်စားလှယ်များ၊ ကျွန်းစု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အလှူရှင်တစ်ချို့၏ ထည့်ဝင်ငွေများဖြင့် သဗ္ဗန်ကူးတို့လှေမောင်းသူ ၁၆၀ ကျော်အား ကျွန်းစုမြို့နယ်၊ ပထက်ကျေးရွာရှိ အထက်တန်းကျောင်းတွင် ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။ ကိုဗစ်နိုင်တင်းကာလအတွင်း ခရီးသွားလာသူ နည်းပါးလာသည့်အတွက် သဗ္ဗန်ကူးတို့သမားများ၏ ဝင်ငွေသည်လည်း ထက်ဝက်ကျော်ခန့်ကျဆင်းသဖြင့် အများစုမှာ စားဝတ်နေရေး အခက်အခဲကြုံလျက်နေကြောင်း မေလ ၂၅ ရက်ထုတ်ဝေသည့် တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည်။ “အခြေခံလူတန်းစားတွေဖြစ်တဲ့ သဗ္ဗန်ကူးတို့သမားတွေ စားဝတ်နေရေး အခက်အခဲရှိနေတယ်ဆိုတာ သတင်းတွေမှာလည်း ဖတ်ရတယ် ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်ပင်ပြီးတော့ အလှူရှင်တွေနဲ့ လှူရခြင်းဖြစ်တယ်” ဟု ကျွန်းစုမြို့နယ် အမျိုးသား […]