BREAKING
January 24, 2025

ကပ်ရောဂါဆိုင်ရာ

ပုံမှန် လူနေမှုစံ စနစ်သစ်တစ်ခုသို့ ပြောင်းလဲကြရခြင်း

diz_admin

June 23, 2020

Change to new normal ရယ်လို့ သည်ရက်ပိုင်း လူမှုမီဒီယာတွေမှာရော ကျန်းမာရေး ပညာပေးကြရာမှာပါ ပြောဖြစ်ကြသည်။ ပြောဆိုဆွေးနွေးကြသည့်အကြောင်းက ပုံမှန်ဖြစ်လာမည့် လူနေမှု စံစနစ်သစ်တစ်ခုသို့ မလွဲမသွေ ပြောင်းလဲလာကြရမည့် အနေအထား၊ အကြောင်းအချက် အလက်တွေနဲ့ ဘယ်လိုကူးပြောင်းဖို့ ကြိုးစားကြရမလဲဆိုတာပဲ ဖြစ်သည်။ ကိုဗစ်နိုင်တင်း (Covid 19) ကမ္ဘာ့ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကာလ ခြောက်လအလွန်မှာ ဘဝလူနေမှု ပုံစံသစ်သို့ရွှေ့ကြရမည့် အနေအထားတစ်ရပ် ဖြစ်လာသည်။ ရောဂါ အသစ်၊ တွေ့ရှိမှု အသစ်၊ ကူးစက်ပျံ့နှံ့မှု ပုံစံအဟောင်းနဲ့ ကမ္ဘာ့ကပ်ရောဂါဆိုး ကိုဗစ်ကို ရင်ဆိုင် ထိန်းချုပ်နှိမ်နင်းဖို့ ကြိုးစားကြရင်း လူသားမျိုးနွယ်နဲ့ ကူးစက်ကပ်ရောဂါပိုးနှင့် တိုက်ရမည့်စစ်ပွဲ သရုပ်သဏ္ဌာန်မှာ ရေရှည်စစ်ပွဲ ဖြစ်လို့လာသည်။ RNA (Ribonucleic Acid protein) ကို […]

ကိုဗစ်ကန့်သတ်ချက်ဖောက် ယာဉ်မောင်းကို အရေးယူ

diz_admin

June 22, 2020

ကိုဗစ်ကာလတွင် ခရီးသည်တစ်ဝက်သာ တင်ဆောင်ရမည်ဟု အစိုးရ၏ကန့်သတ်ချက်ကို ရှောင်ကွင်းသည့် ယာဉ်မောင်းတစ်ဦးကို အရေးယူထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ငွေရတနာယာဉ်လိုင်းမှ ခရီးသည်တင်ကားသည် ဇွန်လ ၁၇ ရက်နေ့တွင် တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာမှ ဘုတ်ပြင်းမြို့သို့ ခရီးသည် ငါးဆယ်ရာခိုင်နှုန်းကျော်ကာ တင်ဆောင်လာကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့တင်ဆောင်ပြီး ဘုတ်ပြင်းမြို့ရှိ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရန်အတွက် ဘုတ်ပြင်းမြို့မှ ယာဉ်တစ်စီးကို အကူအညီတောင်းကာ ပိုတင်လာသော ခရီးသည်များကို ကဲ့ယူခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ခရီးသည်များကို သွားကဲ့ယူပြီးတင်ဆောင်လာစဉ် မီးသတ်ဌာနရှေ့ရှိ စစ်ဆေးရေးဂိတ်တွင် ထွေအုပ်နှင့် ရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးစဉ်ဖမ်းမိခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ ကိုဗစ်ကာလအတွင်း တိုင်းကိုဗစ်ကော်မတီက ထုတ်ပြန်ထားသည့်အမိန့်ကို ဖောက်ဖျက်သည့်အတွက် ကျန်းမာရေးဌာနမှ ဆရာဝန်တစ်ဦးက ဘုတ်ပြင်းမြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ […]

ကိုဗစ်ကာလ အသေးစားချေးငွေ အတင်းအကျပ်မကောက်ခံရန်ညွှန်ကြား

diz_admin

June 21, 2020

ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အသေးစားချေးငွေများကို အတင်းအကျပ်ကောက်ခံခြင်း မပြုလုပ်ရန်အတွက် အသေးစားငွေရေးကြေးရေး ကြီးကြပ်မှုကော်မတီက ဇွန်လ ၁၄ ရက် ရက်စွဲဖြင့် ညွှန်ကြားစာတစ်စောင် ထုန်ပြန်ထားသည်။ ယခင်က အဆိုပါ အသေးစားချေးငွေလုပ်ငန်းများ လည်ပတ်ခွင့်ကို ယာယီပိတ်ထားခဲ့ပြီးနောက် ကိုဗစ်ထိန်ချုပ်ရေး ဗဟိုကော်မတီက ဖြေလျှော့ပေးခဲ့သည့် လုပ်ငန်းများတွင် အသေးစားငွေချေး လုပ်ငန်းများလည်း ပါဝင်လာခဲ့သည်။ ယင်းသို့ ဖြေလျှော့လည်ပတ်ခွင့်ပြုပြီးနောက် အသေးစားငွေချေးလုပ်ငန်းအချို့သည် လစဉ်အရစ်ကျဆပ်ရသည့် ချေးငွေများကို အတင်းအကျပ်ကောက်ခံ မှုများရှိလာခဲ့ကြောင်း အဆိုပါညွှန်ကြားစာတွင် ဖော်ပြထားသည်။ ထားဝယ်မြို့တွင်လည်း အတင်းအကျပ် ငွေကြေးလိုက်လံကောက်ခံနေသည့် အသေးစားငွေချေးလုပ်ငန်းများရှိနေကြောင်း အဆိုပါလုပ်ငန်းများတွင် ငွေချေးနေသူအချို့က ပြောသည်။ “ဒီရောဂါပြီးလို့ အလုပ်တွေဘာတွေ ဆင်းနိုင်မှ ကျွန်မတို့က (ချေးငွေ) ပြန်ဆပ်နိုင်မယ်ဆိုပြီး ကျွန်မတို့က တင်ပြတယ်။ သူတို့က လက်မခံဘူး။ ဘယ်နေ့ပေးမလဲဆိုတာပဲ မေးနေကြ တယ်” ဟု […]

ဘိုးဘွားငါးထောင်ကျော် ကိုဗစ် ထောက်ပံ့ကြေးရမည်

diz_admin

June 21, 2020

တိုင်းအတွင်းရှိ အသက်ကြီးဘိုးဘွား ငါးထောင်ကျော် (၅၄၃၃ ဦး) ကို ကိုဗစ် ထောက်ပံ့ကြေးကို ယခုဇွန်လအတွင်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လူမူဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။ ဧပြီ၊ မေ၊ ဇွန်လ တို့တွင် အသက် ၈၅ နှစ်နှင့်အထက်ဖြစ်သည့် ဘိုးဘွားတို့က ယင်းထောက်ပံ့ကြေးရမည်ဖြစ်ပြီး တစ်ဦးလျှင် ကျပ်သုံးသောင်းရရှိမည်ဖြစ် ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ပေးမှာကတော့ ဒီလထဲမှာပဲ ပေးမယ်။ မြို့နယ်တွေကို ပိုက်ဆံတွေ ခွဲဝေပြီးတော့ ပို့ထားလိုက်ပြီ။ ကိုဗစ်ထောက်ပံ့ ကြေးကတော့ ဒီတစ်ကြိမ်မှာပါတဲ့ ဘိုးဘွားတွေပဲ ရမှာပေါ့နော်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ အဆိုပါ ကိုဗစ်ထောက်ပံ့ကြေးကို အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့ အကူအညီဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။ ကိုဗစ်ထောက်ပံ့ကြေးရသည့် ဘိုးဘွားတို့သည် […]

ကိုဗစ်အလှူငွေ ပြည်ထောင်စုကို အပ်ရ၊ လိုအပ်ကပြန်တောင်းပြီး သုံးစွဲဟုဆို

diz_admin

June 21, 2020

ကိုဗစ်ကပ်ဘေးနှင့်ပတ်သက်၍ ပြင်ပအလှူရှင်များက တိုင်းအစိုးရထံ လှူဒါန်းငွေများကို ပြည်ထောင်စုကိုအပ်ရပြီး လိုအပ်ပါက ပြန်လည်တောင်းခံ၍ သုံးစွဲနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောကြားသည်။ တိုင်းအစိုးရကို လာလှူသည့် ငွေကြေးများကို ချက်ချင်းသုံးစွဲခွင့်မရှိဘဲ ငွေအားလုံးကို ပြည်ထောင်စုထံ အပ်နှံရကြောင်း ၎င်းက ဆိုသည်။ “ပြီးတော့မှ ကျွန်တော်တို့က ပြည်ထောင်စုမှာကိုယ့်သုံးချင်တဲ့ဟာကို စနစ်တကျ ပြန်တောင်းယူရပါတယ်။ ဒီငွေကို ဒီမှာတင် သုံးတာမျိုး မဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ ယင်းကဲ့သို့ လုပ်ဆောင်ရန် ယခင်ကတည်းက လမ်းညွှန်ထားကြောင်း ၎င်းက ဆိုသည်။ငွေကြေးမဟုတ်သည့် ပစ္စည်းများလှူဒါန်းလာပါက လိုအပ်နေသည့် ခရိုင်၊ မြို့နယ်များကို စနစ်တကျခွဲဝေပေးကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ လက်ရှိ ထားဝယ်မြို့ရှိ စောင့်ကြည့်စခန်းတွင် လူဦးရေ ၃၀ဝ နီးပါး၊ မြိတ် နှင့် […]

ဧပြီလလျှပ်စစ်ယူနစ်အခမဲ့ခံစားခွင့်အတွက် ငွေမရသေး

diz_admin

June 21, 2020

ကိုရိုနာရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့သုံးစွဲခွင့်ကို တနင်္သာရီတိုင်းသားများခံစားခွင့်ရမည်ဟု အကြောင်းကြားထားသော်လည်း နေပြည်တော်မှ ငွေကြေးမရသေးကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောကြားသည်။ လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေးအတွက် မဟာဓာတ်အားလိုင်း လျှပ်စစ်ယူနစ်ဈေးနှုန်းဖြင့် ပြည်ထောင်စုအစိုးရထံ တွက်ချက်တင်ပြထားရာ ခွင့်ပြုကြောင်း စီမံ/ဘဏ္ဍာဌာနက ခွင့်ပြုပေးမည်ဟု အကြောင်းကြားထားသည်ဟု ဆိုသည်။ သို့ရာတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးတွင် မဆုံးဖြတ်ရသေးသည့်အတွက် ငွေမရသေးကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ “ယူနစ်ကိစ္စကတော့ အဆင်မပြေသေးဘူး။ အပြန်ပြန်အလှန်လှန်ဖြစ်နေတာပေါ့။ စာပို့လိုက် လိုအပ်ချက်ကို ပြန်တောင်းလိုက် ပြန်ပို့လိုက် ဒီလိုဖြစ်နေတာ” ဟု ဦးအောင်သူရက ပြောသည်။ သို့သော် ယနစ် ၁၅၀ ခံစားခွင့်ရရှိရေးမှာ သေချာနေပြီး မည်သည့်အချိန်တွင် ငွေကြေးရရှိမည်ကို မသိနိုင်သေးကြောင်း […]

တောင်သူလယ်သမားများ ကိုဗစ်ချေးငွေရမည်

diz_admin

June 21, 2020

တောင်သူလယ်သမားများကို ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် လယ် ၁ ဧကလျှင် ငွေကျပ် ၅၀ဝဝဝ ထပ်ချေးပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ကိုဗစ်-၁၉ ကြောင့် လယ်ယာစိုက်ပျိုး ရေးကဏ္ဍတွင် ထိခိုက်မှုများရှိနိုင်ခြင်း၊ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်စေရန်နှင့် ငွေကြေးလည်ပတ်မှု အဆင်ပြေစေရန်အတွက် တောင်သူလယ်သမားများကို ချေးငွေထုတ်ချေးခြင်းဖြစ်ကြောင်း အထက်ပါဘဏ်မှ တိုင်းမန်နေဂျာဒေါ်မိုးမိုးလွင်က ပြောသည်။ ချေးငွေကို မိုးစပါးချေးငွေနှင့်အတူ ထုတ်ချေးနိုင်ပြီး မိုးစပါးချေးငွေထုတ် ချေးပြီးသူများအနေဖြင့် ထပ်မံ၍လာရောက် ထုတ်ချေးနိုင်ကြောင်း ဒေါ်မိုးမိုးလွင်က ပြောသည်။ ယင်းသို့ ချေးငွေထပ်တိုးချေးပေးသည်မှာ လယ်သမားများအတွက် ကောင်းမွန်ပြီး လယ်ယာလုပ်ငန်းအတွက်များစွာ အထောက်အကူဖြစ်သည်ဟု သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာမှ လယ်သမားဦးမောင်အေးက ပြောသည်။ ချေးငွေကို ဇူလိုင်လတွင် စတင်ထုတ်ချေးနိုင်မည်ဖြစ်ပြီး မိုးစပါးချေး ငွေပြန်ဆပ်သည့်ကာလနည်းတူ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နောက်ဆုံးထား […]

ကိုဗစ်ကပ်ဘေးအကြား နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်မှ သင်ခန်းစာများ

diz_admin

June 15, 2020

ကိုဗစ်ကပ်ဘေးက ရှုပ်ထွေးစွာ တည်ဆောက်ထားသော ကမ္ဘာ့အခင်းအကျင်းအများအပြားကို ရပ်တန့် ဖျက်ဆီးလိုက်သည်။ ယင်းတို့တွင် ကမ္ဘာ့အစားအသောက် ဈေးကွက်ကြီးလည်း တစ်ခုအပါအဝင် ဖြစ်သည်။ကမ္ဘာအစားအသောက်ထုတ်လုပ်ရေးဈေးကွက်ကြီးမှာ လွန်စွာရှုပ်ထွေးပြီး အဆင့်များစွာဖြင့် လည်ပတ်နေသည်။ မွေးမြူစိုက်ပျိုးချိန်မှ လူတို့၏ ထမင်းစားခန်းအတွင်းရောက်သည်အထိ အဆင့်များစွာရှိသည်။ နိုင်ငံပေါင်းများစွာမှ လုပ်ငန်းများ၊ လယ်သမားများ၊ သယ်ယူ ပို့ဆောင်ရေး၊ ဖြန့်ချိရေး၊ အရောင်းမြှင့်တင်ရေးစသည့် အမျိုးမျိုးသော လုပ်ငန်း ကဏ္ဍများ ပါဝင်နေသည်။ ကားထုတ်လုပ်သည်နှင့်ပင်တူသည်ဟု အချို့ကတင်စားကြသည်။ ဥပမာ ကားတစ်စီးကို ဂျပန်တွင် ထုတ်စေကာမူ သူ့တွင်ပါဝင်သော အစိတ်အပိုင်းများမှာ နိုင်ငံပေါင်းစုံ၊ နေရာပေါင်းစုံမှ လာနိုင်သည်။ အစားအသောက် ထုတ်လုပ်ဖြန့်ချိရေး လမ်းကြောင်းတွင်လည်း ထိုသို့ဖြစ်သည်။ ဥပမာ ယူကရိန်းက ဂျုံကို တူရကီမှ အနံ့အရသာရောကြိတ်ကာ နောက်ဆုံးတွင် တရုတ်နိုင်ငံတွင် ခေါက်ဆွဲထုတ်ခြင်း မျိုးဖြစ်သည်။ ယင်းတွင် မွေးမြူစိုက် […]