BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

မြိတ်တွင် ဈေး အလုအယက်ဝယ်

diz_admin

September 7, 2021

အမျိုးသားညီညွတ်ရေး အစိုးရက အရေးပေါ်ကြေညာလိုက်ပြီးနောက် မြိတ်ရှိဈေးများနှင့် ဆန်ဆိုင်၊ ကုန်ခြောက်ဆိုင်များတွင် အလုအယက် ဝယ်ယူလျက်ရှိသည်။ စက်တင်ဘာ ၇ ရက်နေ့တွင် ကြေငြာခဲ့ပြီးနောက် နံက် ၉ နာရီခန့်မှစတင်ကာ နေ့လယ် ၁၂ နာရီအထိ ဈေးများတွင် တိုးဝှေ့ဝယ်ယူခဲ့ကြကြောင်း မြို့ခံတို့ကဆိုသည်။ “ဒီပစ္စည်းဘယ်ဈေးလည်း မေးတာ ရောင်းသူက ပြန်တောင် မဖြေနိုင်တော့ဘူး” ဟု အသက် ၄၀ ကျော်ရှိ အမျိုးသမီး ကပြောသည်။ တိုးဝှေ့ဝယ်ယူမှုကြောင့် ဆန်နှင့်ဆီအပါအဝင် ခြေခံစားသောက်ကုန်အချို့လည်း အနည်းငယ်ဈေးတက်သွားသည်ဟု ၎င်းကဆိုသည်။ စက်တင်ဘာလဆန်းမှ စပြီး မြိတ်မြို့ပေါ်ရှိလမ်းများတွင် လူအသွားအလာ နည်းပါးနေခဲ့ပြီး ယနေ့နံက်ပိုင်းတွင် အသွားအလာများပြားခဲ့သည်။ 

သရက်ချောင်းမြို့နယ်တွင် လူငယ် အချို့ အဖမ်းခံရ

diz_admin

September 7, 2021

ထားဝယ်ဒေသ၊ သရက်ချောင်းမြို့၊ မိုးရွှေကုန်းရွာရှိ စာသင်ကျောင်းတွင် ကိုဗစ်လူနာများကို ကြည့်ရှုပေးနေသော လူငယ်အချို့ ဖမ်းဆီးခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ လက်နက်ကိုင်ဆောင်ထားသည့် အရပ်ဝတ်တို့၏ လမ်းပြခေါ်ဆောင်မှုဖြင့် စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းက စာသင်ကျောင်းတွင် လူငယ်သုံးဦးကိုလည်းကောင်း၊ ထိုနောက် လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သွားသော လူငယ်တစ်ဦးကိုလည်းကောင်း ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်သား တစ်ဦးထံမှ သိရသည်။ အဆိုပါလူငယ်သုံးဦးမှာ ကိုဗစ် Test Kit စစ်ပေးခြင်း၊ ကိုဗစ်လူနာများကို ကြည့်ရှုပေးခြင်း၊ အရေးပေါ်လူနာများကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခြင်းများ လုပ်ဆောင်ပေးနေသူများဖြစ်ကြောင်း ဒေသခံရွာသားက ပြောသည်။ ယင်းအပြင် သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာနှင့် မိုးရွှေကုန်းရွာရှိ နေအိမ်အချို့ကို အင်အားနှစ်ဆယ်ကျော်ခန့်ရှိ စစ်တပ်က ကျေးရွာအတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးသည်ဟု ဒေသခံရွာသားက ဆိုသည်။ အလားတူ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင်လည်း […]

ကော့သောင်း မြို့လယ်တွင် ငွေလုယက်မှု ဖြစ်

diz_admin

September 6, 2021

ကော့သောင်းမြို့လယ် တစ်နေရာဖြစ်သည့် မြို့မဈေးအနီးတွင် ငွေလုယက်ခဲ့သူ အမျိုးသားကို ဖမ်းမိပြီဖြစ်ကြောင်း သိရသည်။ ဘတ်ငွေ လဲလှယ်သည့် လုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်မိုးကြည်သည် စက်တင်ဘာလ ၃ ရက်က ဆိုင်ကယ်တစ်စီးဖြင့် အလုပ်ကိစ္စသွားရန်ထွက်လာစဉ် မြို့မဈေးအနီးအရောက်တွင် ငွေလုယက်ခံခဲ့ရကြောင်း မြေးတော်စပ်သူတစ်ဦးက ပြောသည်။ ဆိုင်ကယ်ဖြင့်အနောက်မှ ကပ်လိုက်လာပြီး လုယက်ထွက်ပြေးသွားသည်ဟုဆိုသည်။ ယင်းလုယက်မှုကြောင့် ထိုင်းဘတ်ငွေ တစ်သိန်းငါးသောင်းကျော်၊ မြန်မာကျပ်ငွေ ၁၈၀ သိန်း ပါသွားကြောင်း မြေးဖြစ်သူက ပြောသည်။ စက်တင်ဘာလ ၆ ရက်တွင် ယင်းငွေလုယက်သွားသူ ထွန်းအောင် ခေါ် သားကြီးဆိုသူအား ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းကပြောသည်။ လုယက်ခံရသည့် ပိုက်ဆံများအားလုံး ပြန်မရသေးဘဲ လက်ရှိတွင် မြန်မာငွေ သိန်းတစ်ရာကျပ်ခန့် ပြန်ရကြောင်း ဆိုသည်။ “(ထိုင်း) ဘတ်ငွေတွေတော့ ပြန်မရတော့ဘူး”. ဟု ၎င်းက […]

ထိုင်းတွင် ကိုဗစ်ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးခံစားခဲ့ရသူများ နစ်နာကြေးရ

diz_admin

September 6, 2021

ကိုဗစ်ကာကွယ်ဆေးထိုးခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေ သို့မဟုတ် ပြင်းထန်တဲ့ရောဂါလက္ခဏာ ခံစားခဲ့ကြရသူ ထောင်ချီကို ထိုင်းအစိုးရက နစ်နာကြေးပေးခဲ့ပါတယ်။ အစိုးရအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုခံစားခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့သူပေါင်း ၂၈၇၅ ဦးအတွက် ဘတ်ငွေ သန်း ၁၁၁ ကျော် ကို နစ်နာကြေးပေးပြီးဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးနဲ့လုံခြုံရေးဌာန (NHSO) ရဲ့ အထွေထွေအတွင်းရေးမှူး က ဆိုပါတယ်။ လူနာတစ်ဦးခြင်းစီရဲ့အခြေအနေအပေါ်မူတည်ပြီး NHSO အနေနဲ့ နစ်နာကြေး ပေးသွားဖို့ရှိတယ်လို့ သူက ပြောပါတယ်။NHSO ရဲ့ထုတ်ပြန်ချက်အရ ပုံမှန်ဆေးကုသမှုခံယူဖို့လိုအပ်သူ ၂၆၄၁ ဦးကို ဘတ် တစ်သိန်းစီ တစ်လုံးတစ်ခဲတည်း နစ်နာကြေးပေးခဲ့ပြီးဖြစ်ပါတယ်။ ကိုယ်အင်္ဂါမသန်စွမ်းဖြစ်ခဲ့ရသူ ၁၂ ဦးကိုတော့ ဘတ်နှစ်သိန်းလေးသောင်းစီ ပေးအပ်ခဲ့ပါတယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့သူ ၂၂၂ ဦးရဲ့ မိသားစုဝင်တွေကိုတော့ ဘတ်လေးသိန်းစီ နစ်နာကြေးပေးခဲ့ပါတယ်။ မေလ ၁၉ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးရဲ့ […]

တနင်္သာရီမြို့တွင် ကိုဗစ်ပိုးတွေ့သူများလာ၊ မြို့ပေါ်လမ်းအချို့အား ပိတ်ချ

diz_admin

September 6, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ကိုဗစ်နိုင်တီးကူးစက်ရောဂါပိုးတွေ့ရှိသူများလာပြီး မြို့ပေါ်ရှိ လမ်းတစ်ချို့အား စက်တင်ဘာလ ၄ ရက်နေ့မှစပြီး lock down သတ်မှတ်ခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့ပေါ် ချောင်းကြီးရပ်ကွက်ရှိ ရွှေလိပ်ပြာလမ်း၊ တိုးချဲ့ ၂ လမ်းနှင့် မဂ္ဂင်လမ်း တို့အား ၁၄ ရက်အကြာ စောင့်ကြပ်ကြည့်ရှူရန် Lockdown သတ်မှတ်လိုက်ခြင်းဖြစ်သည်။ “လမ်းသုံးလမ်းမှာ လမ်းမကြီးတစ်လမ်းပဲ အသွားအလာပေးထားတယ်” ဟု ရွှေလိပ်ပြာလမ်းနေ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ပိတ်ချထားသည့် လမ်းသုံးလမ်းတွင် အိမ်ခြေတစ်ရာဝန်းကျင်ခန့်ရှိကြောင်း အထက်ပါ အမျိုးသားက ပြောပြသည်။ အဆိုပါ လမ်းအတွင်းနေသူတို့မှ အရေးကိစ္စတစ်ခုခုကြောင့် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရန် ရှိပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးသည့် အဝင်/အထွက်သွားလာခွင့် ကတ်ပြားဖြင့် တစ်အိမ်လျှင် တစ်ဦးသာ သွားလာခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ […]

ထားဝယ်တွင် ဧည့်စာရင်း ဆက်တိုက်စစ်

diz_admin

September 3, 2021

ထားဝယ်တွင် အရပ်ဝတ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်များအတွင်း ဧည့်စာရင်း ဆက်တိုက်စစ်ဆေးနေကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။ ရဲတပ်ဖွဲ့ဝင် ဆယ်ဦးကျော်ခန့်ပါဝင်သည့် အဖွဲ့သည် စက်တင်ဘာ ၁ ရက်နေ့က ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် လိုက်လံစစ်ဆေးခဲ့ပြီး ယနေ့ စက်တင်ဘာ ၂ ရက်နေ့တွင် ဘုမ္မော်ရပ်ကွက်တွင် လိုက်လံစစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဧည့်စာရင်းလိုက်လံစစ်နေသည့် အဖွဲ့တွင် လက်နက်အင်အားအပြည့်အစုံ၊ ရဲဝတ်စုံဝတ်ထားသူများပါသလို အချို့မှာ အရပ်ဝတ်များ ဝတ်ဆင်ထားသည်ဟု ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်တွင်နေထိုင်သူ အသက် ၁၉ နှစ်ခန့်ရှိ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ “တစ်အိမ်တက် တစ်အိမ်ဆင်း စစ်တယ်။ ပြီးရင် ဘီဒိုတွေဘာတွေကို သူတို့ကိုယ်တိုင် ဖွင့်ပြီးစစ်တယ်၊ ပြီးရင် အိမ်ထောင်စုစာရင်းတောင်းတယ်၊ အိမ်ထောင်စုစာရင်းထဲကလူတွေကို မေးတယ် ဒီလူရှိလား၊ ပြီးရင် ဒီလူတွေ ဘာအလုပ်အကိုင်လုပ်လဲဆိုမေးတယ်၊ အလုပ်သွားတယ်ဆိုပြောရင်လည်း […]

ကော့သောင်းတွင် ရွေ့လျားပုံစံဖြင့် ကိုဗစ်ရောဂါ စစ်

diz_admin

September 2, 2021

နယ်စပ်မြို့ဖြစ်သည့်အတွက်ကြောင့် အထူးအစီအစဉ် အနေဖြင့် ကော့သောင်းမြို့တွင် ရွေ့လျားစနစ်ဖြင့် စက်တင်ဘာလ ၁ ရက်မှစပြီး ကိုဗစ်ရောဂါပိုး စစ်ဆေးပေးနေကြောင်း သိရသည်။ ကိုဗစ်ရောဂါအဖြစ်များသည့် ရပ်ကွက်များထံသို့ မော်တော်ယာဉ်ဖြင့်သွားရောက်ပြီး စစ်ဆေးပေးခြင်းဖြစ်ကြောင်း ကော့သောင်းဆေးရုံအုပ် ဒေါက်တာ လင်းထိုက်ကပြောသည်။ တစ်ပတ်ခန့်အကြာ စစ်ဆေးပေးမည့် ယင်းအစီအစဉ်မှ လူပေါင်းသုံးထောင်ခန့်ကို စစ်ဆေးပေးရန် လျာထားကြောင်း ဒေါက်တာလင်းထိုက်က ပြောသည်။ “တစ်နေ့ကို အများကြီးတော့ မစစ်နိုင်ဘူး။ ရာသီဥတုအနေအထားကလည်းရှိသေးတယ်။ ပြီးတော့ တစ်ဖက်မှာ ကိုဗစ်ကာကွယ်ဆေးကလဲ ထိုးနေရသေးတယ်ဆိုတော့လေ” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ ရွေ့လျားပုံစံဖြင့် စစ်ဆေးခြင်းကို အခမဲ့ပြုလုပ်ပေးခြင်းဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူများအား ကိုဗစ်လူနာထားရှိသည့် စင်တာများသို့ ခေါ်ယူထားရှိကုသရမည်ဖြစ်ကြောင်း ဆိုသည်။ ကျန်းမာရေးဌာန၏ စက်တင်ဘာလ ၂ ရက်အထိစာရင်းအရ ကော့သောင်းမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ တစ်ထောင်ကျော်ရှိပြီး လက်ရှိ ဆေးကုသမှုခံယူနေသူ ၆၄ […]

မြိတ်တွင်ကိုဗစ်ကြောင့် သေဆုံးမှုလျော့ကျ

diz_admin

August 31, 2021

မြိတ်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုလျော့ကျလာကြောင်း နာရေးကူညီမှုပရဟိတအသင်းများ ထံမှ သိရသည်။ မြိတ်မြို့တွင် သြဂုတ်လ‌အစောပိုင်းကသေဆုံးမှုမြင့်တက်ခဲ့သော်လည်း လက်ရှိတွင် သိသိသာသာ လျော့ကျလာသည်ဟု နာရေးကူညီနေသည့် ပရဟိတအသင်းတာဝန်ရှိသူများက ပြောသည်။ “အခုက သိသိသာသာ လျော့ကျလာတာ သုံးရက်လောက်တော့ ရှိပြီပေါ့”ဟု ဂရုဏာနာရေးကူညီမှုအသင်းမှ ကိုထိုက် ကပြောသည်။ မြိတ်မြို့တွင် ဇူလိုင်လအထိ ပိုးတွေ့လူနာ သေဆုံးမှု တစ်နေ့လျှင် သုံးဦးခန့်သာရှိခဲ့ရာမှ သြဂုတ်လအစောပိုင်းတွင် သေဆုံးသူ ဆယ်ဂဏန်းအထိမြင့်တက်လာခဲ့သည်။ အဆိုပါ အရေအတွက်မှာ ဆေးရုံနှင့်နေအိမ်များတွင် သေဆုံးသည့် ပမာဏဖြစ်သည်။ လက်ရှိတွင်မူ သေဆုံးမှု ထက်ဝက်နီးပါး လျော့ကျ ကြောင်း ၎င်းတို့ထံမှ သိရသည်။ “မနေ့ကဆို ဆေးရုံရော ရပ်ကွက်ပါပေါင်းမှ ခြောက်ဉီးပဲရှိတော့တယ်”ဟု ကိုထိုက် ကပြောသည်။ မြိတ်မြို့တွင် သြဂုတ်လ ၂၁ ရက်နေ့မှစပြီး ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရန် […]