BREAKING
January 24, 2025

ကပ်ရောဂါဆိုင်ရာ

ကိုဗစ်ရဲ့ ဇစ်မြစ်

diz_admin

July 4, 2020

“ကပ်ဘေးဟာ လူသားတွေ ဂေဟ စနစ်ကို ဖျက်ဆီးရာကနေ လူသားတွေ ဒဏ်ပြန်သင့်တာပါ။” ဒေါက်တာမြင့်ဇော် ရေးသားသော ကိုဗစ်နောက်ကြောင်းပြန် စာအုပ်မှ ထုတ်နုတ်ပြီး Dawei Watch က တင်ဆက်သည်။

အခန်း(၁၂)၊ချောင်းမကြီးထဲမှာ

diz_admin

July 3, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ” စာအုပ်ထဲမှ “အခန်း(၁၂)၊ချောင်းမကြီးထဲမှာ ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။

ထားဝယ်ဆေးရုံမှာ သေးဆုံးသွားသော ကိုဗစ်သံသယရှိသူတွင် ပိုးမတွေ့

diz_admin

July 3, 2020

ဇူလိုင်လ ၁ ရက်နေ့က ထားဝယ်ဆေးရုံမှာ သေဆုံးသွားတဲ့ သံသယလူနာမှာ ရောဂါပိုးမတွေ့ရဘူးလို့ တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ဇူလိုင်လ ၃ ရက်မှာ အတည်ပြုပြောဆိုပါတယ်။အလောင်းကို မီးသဂြိုလ်တဲ့ ဇူလိုင်လ ၂ ရက်မှာပဲ ပိုးမတွေ့ဘူးဆိုတဲ့ ဓာတ်ခွဲအဖြေကို ရခဲ့တာဖြစ်တာပါ။

အခန်း(၁၁)၊ ဘာကိုရွေးမလဲ

diz_admin

July 3, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ” စာအုပ်ထဲမှ “အခန်း(၁၁)၊ ဘာကိုရွေးမလဲ ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။

တနင်္သာရီတိုင်းအတွင်းသို့လာသည့် ပြည်တွင်းခရီးသွားများ ကျူ ဝင်ရန်မလိုတော့

diz_admin

July 3, 2020

တနင်္သာရီတိုင်းအတွင်းသို့ ပြည်တွင်းမှ လာရောက်သူများအနေဖြင့် စောင့်ကြည့်ရေး စခန်း (ကျူ) ဝင်ရန် မလိုအပ်တော့ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ ပြည်တွင်းနေသူများအနေဖြင့် ကျူဝင်ရန်မလို သကဲ့သို့ ထောက်ခံစာလည်း မလိုအပ်တော့ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် ပြည်ပမှ ပြန်လာသူများကမူ မဖြစ်မနေ ကျူဝင်ရမည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့နယ်နေသူများကို Stay Home အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထို့အပြင် တနင်္သာရီတိုင်း ကိုဗစ်အရေးပေါ်တုန့်ပြန်ရေးကော်မတီကလည်း ဇူလိုင်လ ၁ ရက်နေ့တွင် အမိန့်ကြေညာ ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ကြေညာချက်တွင်လည်း ပြည်ပပြန်များသာ ကျူဝင်ရမည်ဟု ဖော်ပြထားပြီး ပြည်တွင်းမှလာသူများနှင့်ပတ်သက်သည့် ညွှန်ကြားချက်တစ်စုံတစ်ရာ မပါရှိပေ။ ထိုကြောင့် […]

အခန်း(၁၀)၊ စိတ်ပျက်ပြားမှု အနုပညာ

diz_admin

July 2, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ” စာအုပ်ထဲမှ “အခန်း(၁၀)၊ စိတ်ပျက်ပြားမှု အနုပညာ ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။

ကိုဗစ်ကုစားရေးအတွက် ကျေးရွာ မတည်ရန်ပုံငွေ ထုတ်ချေးမည်

diz_admin

July 1, 2020

ကိုဗစ်-၁၉ကြောင့် ထိခိုက်မှုရှိသည့် ကျေးရွာများကို စီးပွားရေးကုစားမှုအနေဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းမှ ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးဦးစီးဌာနထံမှ သိရသည်။ လိုအပ်သည့် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများ ရရှိရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်နှင့် မိသားစုဝင်ငွေတိုးရန် ရည်ရွယ်၍ အရင်းမပျောက် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကို ပြုလုပ်ကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူးက ပြောသည်။ အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများ၊ အစုအဖွဲ့ဖြင့် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး ဆောင်ရွက်လိုသော အိမ်ထောင်စုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အလုပ်သမား အိမ်ထောင်စုများ၊ ရေလုပ်ငန်း၊ ကျေးရွာ ကုန်ထုတ်လုပ်ငန်း၊ အသေးစားရောင်းဝယ်ရေးနှင့် အသက်မွေးဝမ်းကြောင်း လုပ် ငန်းများကို ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း တိုင်းဦးစီးမှူးက ဆိုသည်။ အိမ်ခြေ ၅၀ ခန့်ရှိသည့် ကျေးရွာကို ကျပ်သိန်း ၁၀ဝ၊ အိမ်ခြေ ၅၀ မှ […]

မွန်ပြည်သစ်ထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော် ထောက်ပံ့မှု ရရှိရန် တင်ပြထား

diz_admin

July 1, 2020

Covid-19 ကူးစက်ရောဂါကာလအတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စု ၃၀ဝ၀ ကျော် နိုင်ငံတော်မှ ဒုတိယအကြိမ် ထောက်ပံ့မှုရရှိရန် တင်ပြထားသည် မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ နိုင်ငံတော်မှ ဒုတိယအကြိမ် ထောက်ပံ့မည့်အစီအစဉ်တွင် မွန်ပြည်နယ်မှ အိမ်ထောင်စု ၇ သောင်းကျော် ထောက်ပံ့မှုရရှိရန် တင်ပြထားပြီး အဆိုပါ အိမ်ထောင်စုများတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော် ပါဝင်သည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့က ပြောသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ နိုင်ငံတော်မှ ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် လာမည့် ရက်သတ္တ ပတ် ၂ ပတ်အတွင်း ထောက်ပံ့ပေးသွားနိုင်ရန် စီစဉ်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတရုံး က ဇွန်လ ၁၉ ရက်နေ့က […]