BREAKING
November 24, 2024

ကပ်ရောဂါဆိုင်ရာ

ကိုဗစ်ကာလ အလုပ်ရှာဖွေသူ မြင့်တက်

diz_admin

July 27, 2020

ထားဝယ်မြို့ အာဇာနည်လမ်းမပေါ်ရှိ ဖုန်းအော်ပရေတာ အရောင်းပြခန်း တစ်ခုအရှေ့တွင် ဇူလိုင်လ ၂၁ ရက်က ရာနှင့်ချီသော လူအုပ်တစ်ခု တိုးဝှေ့အလုပ်လျှောက်နေကြသည်။ အဆိုပါ ဖုန်းအော်ပရေတာ၏ မီတာဘေဝန်ဆောင်မှုအသစ်အတွက် ခန့်ထားမည့် ကွင်းဆင်းဝန်ထမ်း ၁၅၀ ဦးအတွက် တိုးဝှေ့အလုပ်လျှောက်နေကြခြင်း ဖြစ်သည်။ စုစုပေါင်းလျှောက်ထားသူ ခြောက်ရာကျော်ရှိကြောင်း အဆိုပါဖုန်းအော်ပရေတာ အရောင်းပြခန်း ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။ အဆိုပါ မီတာဘေဝန်ဆောင်မှုအတွက် အလုပ်လျှောက်သူအချို့ကို မေးမြန်းကြည့်ရာ အလယ်တန်းကျောင်းသူ၊ ကျောင်းသားများ၊ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ၊ မူကြို ဆရာမနှင့် ကျေးလက်နေသူများ စသည်ဖြင့် နယ်ပယ်စုံ နေရပ်စုံမှ ဖြစ်သည်။ လျှောက်လွှာမရတော့သဖြင့် ပြန်သွားရသူများလည်း ရှိသည်။ ထို့အတူပင် အစိုးရဌာနဆိုင်ရာ အလုပ်များအတွက်လည်း အလုပ်လျှောက်ထားသူများ မြင့်တက်လာနေကြောင်း တနင်္သာရီတိုင်း အလုပ်သမားဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်မိုးမိုးသွင်က ပြောသည်။ […]

ကျူစခန်းအချို့ အကူအညီ လိုအပ်နေ

diz_admin

July 25, 2020

ကျူစခန်းအချို့ အကူအညီ လိုအပ်နေကျူးစခန်းဖွင့်ထားသည့်အချိန်ကြာလာသည်နှင့်အမှျ အလှူရှင်များမှာလည်း မရှိသလောက်နည်းပါးလာပြီးတစ်လလှျင် တစ်ဦး၊ နှစ်ဦးခန့်သာ လာရောက်လှူဒါန်းကြတော့ကြောင်း ထားဝယ်ခရိုင်ရေဖြူနှင့် လောင်းလုံးမြို့တို့ရှိ ကျူစခန်းတာဝန်ခံ တို့ကပြောပါတယ်။ Dawei Watch

အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ

diz_admin

July 21, 2020

အွန်လိုင်းစနစ်ဖြင့် သင်ကြားရာတွင် ကျောင်းသားများ ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို ရန်ကုန် တကကသိုလ် မှာ ကျောင်းသား အချို့က ဇွန်လအတွင်းက သုတေသန ပြုခဲ့ကြပါတယ်။ အဲဒီ သုတေသန စစ်တမ်းရလာဒ်တွေ အနှစ်ချုပ်ဖော်ပြထားတာကို University of Yangon Students’ Union Facebook စာမျက်နှာကနေ ရယူဖော်ပြလိုက်ပါတယ်။ Dawei Watch

ကျူဝင်နေသည့် ကိုယ်ဝန်ဆောင်၊ ကလေးနှင့် သက်ကြီးရွယ်အိုများကို ထောက်ပံ့ကြေးပေး

diz_admin

July 21, 2020

တိုင်းအတွင်း ကွာရန်တင်းဝင်နေသည့် ကိုယ်ဝန်ဆောင်မိခင်၊ အသက် ၅ နှစ်အောက်ကလေးနှင့် အသက် ၆၀ နှစ်အထက်ရှိ သက်ကြီးရွယ်အိုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ကြေးပေးခဲ့ကြောင်း သိရသည်။ တစ်ဦးလျှင် ငွေကျပ် သုံးသောင်းစီ ထောက်ပံ့ခြင်းဖြစ်ပြီး လက်ရှိကျူစခန်း ဝင်နေသူများကိုသာ ထောက်ပံ့ခြင်းဖြစ်ကြောင်း တိုင်းလူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်းရှိ ကွာရန်တင်းစင်တာ ၃၉၂ ခုတွင် ကိုယ်ဝန်ဆောင်မိခင် ၄၄ ဦး၊ ၅ နှစ်အောက်ကလေး ၄၁ ဦးနှင့် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို ၁၄ ဦးကို ဇူလိုင် ဒုတိယအပတ်တွင် ထောက်ပံ့ပေးခဲ့ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူက ဆိုသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ မိုးမြင့်

ဗုဒ္ဓဘာသာနိုင်ငံများ၏ ကိုဗစ်ပဟေဠိ

diz_admin

July 21, 2020

တရုတ်နိုင်ငံမှ အစပြုကာ အချိန်တို တွင်း၌ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေး ဆိုးကြီး ဖြစ်လာခဲ့သော ကိုဗစ်-၁၉ ရောဂါပိုးသည် အရှေ့တောင်အာရှရှိ ဗုဒ္ဓဘာသာနိုင်ငံအချို့အတွက်မူ ခြွင်းချက် ဖြစ်နေခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ ကိုဗစ်-၁၉ ကိန်းဂဏန်းများသည် ပဟေဠိပင် ဖြစ်သည်။ ရောဂါပိုး စတင်တွေ့ရှိရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အနီးဆုံး၌ ရှိနေ သလို လတ်တလော၌ ကူးစက်ပျံ့နှံ့မှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေသော အိန္ဒိယနှင့်လည်း ဘေးချင်းကပ်ရှိနေ သည့် နိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်မှု နှင့် ယင်းကြောင့် သေဆုံးမှုက မပြောပ လောက်သည့် အရေအတွက်သာ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ ကိုဗစ်-၁၉ ကပ် ရောဂါ အခြေအနေကိုကြည့်လျှင် လက် ဖျားခါလောက်သည့် အနေအထားကို […]

တိုင်းအတွင်း အစိုးရတည်ဆောက်ရေး တင်ဒါလုပ်ငန်းများ သတ်မှတ်ကာလအတိုင်းသာ လုပ်ငန်းအပ်နှံရမည်

diz_admin

July 20, 2020

တိုင်းအတွင်းရှိ အစိုးရတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အတိုင်းသာ လုပ်ငန်းအပ်နှံရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တင်ဒါစီစစ်ရေးကော်မတီ ဥက္ကဋ္ဌဝန်ကြီး ဦးအောင်သူရက ပြောသည်။ ကိုဗစ်ကြောင့် အစိုးရတည်ဆောက် ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရန် တရားဝင်စာထုတ်အကြောင်းကြားထားခြင်း မရှိသကဲ့သို့ ကိုဗစ်ကြောင့် လုပ်ငန်းရပ်ဆိုင်းထားသည့် တည်ဆောက်ရေးလုပ်ငန်းများလည်း မရှိကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။ “ကျွန်တော်တို့ တိုင်းအတွင်းမှာကတော့ အခုလောလောဆယ်ကတော့ ပုံမှန်အတိုင်းပဲ သွားမှာပေါ့” ဟု ဝန်ကြီးဦးအောင်သူရက ဆိုသည်။ နိုင်ငံခြားမှ ပစ္စည်းဝယ်ယူသည့် ကုမ္ပဏီတစ်ခုမှအပ တည်ဆောက်ရေးလုပ်ငန်းနှင့် ပက်သက်ပြီး အချိန်ထပ်တိုးပေးရန် တောင်းဆိုတင်ပြလာသည့် ကုမ္ပဏီများမရှိကြောင်း ဝန်ကြီးက ပြောသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ တည်ဆောက်ရေးလုပ်ငန်းများ အနေဖြင့် သတ်မှတ်ကာလတွင် လုပ်ငန်းမပြီးစီးပါက ရက်လွန်ကြေးပေးဆောင်ရမည်ဖြစ်ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်က တင်ဒါအောင်မြင်ပြီး လုံးဝလာမလုပ်သည့် ကုမ္ပဏီ ၅ ခုကို […]

ကျူစခန်းအချို့ အကူအညီ လိုအပ်နေ

diz_admin

July 20, 2020

ကျူစခန်းအချို့ စေတနာ့ဝန်ထမ်းအပါအဝင် လက်ဆေးရည်၊ သောက်သုံးရေ စသည်တို့ ဝယ်ယူရန်နှင့် လျှပ်စစ်မီတာခ ကုန်ကျစရိတ်များအတွက် အကူအညီ လိုအပ်နေကြောင်း ထားဝယ်ခရိုင်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်း (ကျူစခန်း) အချို့ထံမှ သိရသည်။ ကျူစခန်းဖွင့်ထားသည့်အချိန် ကြာလာသည်နှင့်အမျှ အလှူရှင်များမှာလည်း မရှိသလောက် နည်းပါးလာပြီး တစ်လလျှင် တစ်ဦး၊ နှစ်ဦးခန့်သာ လာရောက်လှူဒါန်းကြတော့ကြောင်း ထားဝယ်ခရိုင် ရေဖြူနှင့် လောင်းလုံးမြို့တို့ရှိ ကျူစခန်းတာဝန်ခံတို့က ပြောသည်။ လူဦးရေ တစ်ရာဝန်းကျင်ရှိ ကျူစခန်းတစ်ခုတွင် သောက်သုံးရေ တစ်ခုတည်းအတွက်ပင် တစ်နေ့ကုန်ကျငွေ ကျပ်ငါးသောင်းခန့်ရှိကြောင်း ရေဖြူ မြို့ (ခ) ရပ်ကွက်ရှိ မီးသတ်ဝန်ထမ်း အိမ်ရာတွင် ဖွင့်လှစ်ထားသည့် ကျူစခန်းတာဝန်ခံ ဦးကျော်မိုးက ပြောသည်။ ကျူဝင်နေသည့် ကိုယ်ဝန်ဆောင်၊ ကလေးနှင့် သက်ကြီးရွယ်အိုများကို ထောက်ပံ့ကြေးပေး “အခုချိန်မှာတော့ အလှူရှင်တွေ လိုအပ်နေပါတယ်။ […]