BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

ထားဝယ်မှာစိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ မကြုံစဖူး စျေးကျ

diz_admin

August 5, 2020

ထားဝယ်ဒေသမှာစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်စျေးဟာ ကိုဗစ်ကပ်ဘေးကာလကစပြီး အဆပေါင်းများစွာ ကျဆင်းနေပါတယ်။ ဒီလိုစျေးကျတဲ့အတွက် တောင်သူတွေဟာ တွက်ခြေမကိုက်တော့ဘဲ အခြားလုပ်ငန်းကို ပြောင်းလုပ်ဖို့ စိတ်ကူးနေကြပါပြီ။ ဘယ်လောက်အထိစျေးကျသွားပြီး တောင်သူတွေ ဘယ်လိုအခက်ကြုံနေရတယ်ဆိုတာကို Dawei Watch TV က တင်ဆက်ထားပါတယ်။

ခိုးဝင်ပြန်လာသူများတွင် ဗွေဆော်ဦး ပိုးတွေ့

diz_admin

August 4, 2020

ကော့သောင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက် ကြိုတင်တွက်ဆထားသည့်အတိုင်းဖြစ်လာပြီဖြစ်သည်။ ကော့သောင်းမြို့တွင် ကိုရိုနာရောဂါပိုး တွေ့လူနာရှိလာလေပြီ။ တနင်္သာရီတိုင်းသားများ အများဆုံးရွှေ့ပြောင်းလုပ်ကိုင်နေသည့် ထိုင်းနှင့် မလေးရှားနိုင်ငံတွင် ကိုဗစ်ကူးစက်မှုများနေခြင်း၊ ယင်းအလုပ်သမားများမှာ ကော့သောင်းနယ်စပ်မှ နည်းအမျိုးမျိုးဖြင့် ဝင်လာနေခြင်းတို့ကြောင့် ထိုကဲ့သို့ မှန်းဆထားခြင်းဖြစ်ကြောင်း ဒေါက်တာလင်းထိုက်က ပြောသည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု “နယ်စပ်ကလည်း မိုင်အများကြီးလေ။ ဝင်ပေါက်တွေကအများကြီး။ လုံးဝ မဝင်ရဘူးလို့ ပိတ်ဖို့ကလည်း အခက်အခဲ ရှိတယ်လေ။ အဲဒီထဲမှာ မလေးပြန် ဆိုတာက အန္တရာယ်များတယ်လေ။ မလေးမှာက ဖြစ်ပွားမှုများတာလည်းပါတယ်။ များတဲ့အတွက်ကြောင့် နယ်စပ်ကို မထိန်းနိုင်ရင်တော့ တစ်ချိန်ချိန်မှာ ဒါဖြစ်မယ်ဆိုတာ မှန်းထားပြီးသားပေါ့” ဟု ဒေါက်တာလင်းထိုက်က ပြောသည်။ ဇူလိုင်လ ၂၈၊ ၂၉ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုဗစ်ပိုးတွေ့လူနာသုံး ဦးရှိသည်။ ထိုသူ […]

ကိုဗစ်ကာလ နိဗ္ဗာန်ဆော် တစ်ဖွဲ့ ၁၅ ဦးထက် မပိုရ

diz_admin

August 4, 2020

ဝါတွင်းကာလ ဘုန်းကြီးကျောင်းများ လူများပါက အသုတ်လိုက် သီလပေးရန် မေတ္တာရပ်ခံ ကိုဗစ်ကာလ ဝါတွင်းတွင် နိဗ္ဗာန်ဆော်အဖွဲ့များကို ပုံမှန်အတိုင်း အလှူခံထွက်ခွင့်ပြုမည်ဖြစ်သော်လည်း တစ်ဖွဲ့ ၁၅ ဦးထက် မပိုရန်ကဲ့သို့သော ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ ထားဝယ်ဒေသတွင် ဝါတွင်းကာလ၌ အပတ်စဉ် အဖိတ်နေ့နှင့် အကြိုအဖိတ်နေ့(တောဖိတ်)တို့တွင် နာမည်ကြီးဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများ၏ ဝေယျာဝစ္စအတွက် ဥပါသကာအဖွဲ့ များက အလှူခံထွက်လေ့ရှိသည်။ ထို့အပြင် ရပ်ကွက်/ကျေးရွာအလိုက် ဥပါသကာအဖွဲ့များလည်း ရှိသေးသည်။ လာမည့် ဝါတွင်းကာလတွင် နိဗ္ဗာန်ဆော်အဖွဲ့တွင် လိုက်ပါအလှူခံမည့် ဥပါသကာအရေအတွက်ကို ၁၅ ဦးထက် မပိုစေရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခြား နေရန်၊ နှာခေါင်းစည်းတပ်ဆင်ရန် အစရှိသည့် ကျန်းမာရေးညွှန်ကြားချက်များအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။ “အလှူခံနဲ့ ပတ်သက်ပြီးတော့ […]

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအတွက် ကိုဗစ်ချေးငွေလျှောက်လွှာ အသေးစားငွေချေးလုပ်ငန်းများတွင် ရယူနိုင်

diz_admin

August 4, 2020

ကိုဗစ်ကာလအတွင်း ထိခိုက်မှုရှိသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကျပ်သိန်း ၁၀ဝ အထိချေးနိုင် အစီအစဉ်အတွက် လျှောက်လွှာများကို အသေးစားငွေရေးကြေးရေး(အသေးစား ငွေချေး)လုပ်ငန်းများတွင် ရယူနိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်မှုရှိသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များက ချေးငွေ ၃၅ သိန်းမှ ကျပ်သိန်း ၁၀ဝ အထိ ချေးယူနိုင်မည်ဖြစ်သည်။ ငွေထုတ်ချေးရာတွင် အတိုးနှုန်း ၂ ရာခိုင်နှုန်းသတ်မှတ်ထားပြီး ချေးငွေ၏ သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။ ချေးငွေဆိုင်းငံ့ကာလမှာ သုံးလဖြစ်ပြီး ကျန်သည့် ကိုးလတွင် သုံးလတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။ ငွေထုတ်ချေးရာတွင် မတည်ရင်းနှီးငွေ ကျပ်သိန်း ၅၀ ရှိသည့် ဆိုင်ငယ်များကို အများဆုံး ကျပ် ၃၅ သိန်း၊ […]

ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ

diz_admin

August 1, 2020

ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ ကိုဗစ်ကာလ ကမ်းခြေနဲ့ ရေတံခွန်တွေသွားရင် သတိပြုဖွယ်ရာတွေ ရှိပါတယ်။

ကိုဗစ်ကာလ ကနဦးကျောင်းဖွင့်ရက်

diz_admin

August 1, 2020

နှာခေါင်းစည်းတွေ၊ မျက်နှာကာတွေနဲ့ ကိုဗစ်ကာလ ကနဦးကျောင်းဖွင့်ကာလတွေမှာတော့ တနင်္သာရီတိုင်းထဲက အထက်တန်းကျောင်းသား တစ်သောင်းခွဲလောက်ဟာ ကျောင်းတက်ခွင့်မရသေးပါဘူးလို့ တိုင်းပညာရေးမှူးရုံးထံကနေ သိရပါတယ်။ Dawei Watch TV

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ

diz_admin

August 1, 2020

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ Dawei Watch

ကိုဗစ်ကာလအလှူငွေ ကျပ်သိန်း ခြောက်ရာကျော်ရရှိ

diz_admin

July 27, 2020

တနင်္သာရီတိုင်းအစိုးရကို လာလှူထားသည့် ကိုဗစ်အလှူငွေ ကျပ်သိန်းခြောက်ရာကျော်ရရှိထားကြောင်း တိုင်းအစိုးရ အဖွဲ့အတွင်းရေးမှူးက ပြောကြားသည်။ ကိုဗစ်ကပ်ဘေးအတွက် ကုမ္ပဏီလုပ်ငန်းရှင်များ၊ စေတနာရှင်အသင်းအဖွဲ့များက တိုင်းအစိုးရထံ လှူဒါန်းကြခြင်း ဖြစ်သည်။ အဆိုပါ စေတနာရှင်များလှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်းပေါင်း ၆၀၉ သိန်းကျော်နှင့် ကျန်းမာရေးသုံးပစ္စည်းများ လာလှူထားကြောင်း တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်က ဆိုသည်။ ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရ၏ တစ်နှစ်တာလုပ် ဆောင်ချက် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းကနေသင်ယူဖို့ တကကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ တိုင်းအစိုးရလက်ခံရရှိသည့် အလှူငွေများကို ပြည်ထောင်စုထံတင်ပြရပြီး တိုင်းအစိုးရအနေဖြင့် တိုက်ရိုက်သုံးစွဲခွင့်မရှိကြောင်း ၎င်းက ပြောသည်။ “ဗဟို (ပြည်ထောင်စု) ကနေမှ ဒါကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သုံးစွဲနေပါတယ်” ဟု ဦးခင်မောင်ကျော်က ဆိုသည်။ ကျန်းမာရေးသုံးပစ္စည်းများကို […]