BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

တိုင်းအစိုးရ၏ ကိုဗစ်အမိန့်ကို အံတုနေဆဲ KTV နှင့် မာဆတ်

diz_admin

September 1, 2020

ကိုဗစ်ကပ်ဘေးကြောင့် KTV ဆိုင်များ ပိတ်ထားရန်နှင့် မလိုက်နာပါက ဥပဒေနှစ်ခုဖြင့် အရေးယူမည်ဖြစ်ကြောင်း တိုင်းအစိုးရက သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် ထားဝယ်မြို့ပေါ်ရှိ KTV ဆိုင်များ ပိတ်လိုက်ကြသော်လည်း မောင်းမကန်ကမ်းခြေရှိ KTV ဆိုင်များနှင့် မာဆတ်(အနှိပ်ခန်း)များမှာ ဖွင့်လှစ်ထားဆဲဖြစ်သည်ကို သြဂုတ်လ၂၆ ရက်ညက တွေ့ရသည်။ ဆေးသမား မိန်းမ တနင်္သာရီအပတ်စဉ်၏ စုံစမ်းချက်အရ မောင်းမကန်ကမ်းခြေမရောက်မီ လမ်းအရှေ့ဘက်တွက် ဖွင့်လှစ်ထားသည့် KTV ဆိုင်များနှင့် ကမ်းခြေရှိ ဟိုတယ်တစ်ခုကဖွင့်ထားသည့် မာဆတ် လုပ်ငန်းတစ်ခုတို့ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ ယခင်ကလည်း KTV များမဖွင့်ရန် တိုင်းအစိုးရက ထုတ်ပြန်ထားသော်လည်း လိုက်နာမှုမရှိဘဲ ထားဝယ်မြို့နှင့် မြိတ်မြို့ရှိ KTV နှင့် မာဆတ်လုပ်ငန်းများ ဖွင့်လှစ်နေခဲ့သည်။ ထိုကြောင့် အစိုးရထုတ်ပြန်ထားသည့် […]

တနင်္သာရီတိုင်းအတွင်း ကိုဗစ် စည်းကမ်းဖောက်သူ နှစ်ရာကျော်ကို အရေးယူ

diz_admin

September 1, 2020

တနင်္သာရီတိုင်းအတွင်း ကိုဗစ် ကပ်ဘေးစတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိ ကိုဗစ်စည်းကမ်းဖောက်ဖျက်သူ နှစ်ရာကျော်ကို အရေးယူခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ တိုင်းအစိုးရက ကိုဗစ်စည်းကမ်းချက်များစတင်ထုတ်ပြန်ချိန်မှ သြဂုတ်လ ၂၄ ရက်နေ့အထိ ကိုဗစ်စည်းကမ်း ဖောက်ဖျက်သူ ၂၃၁ ဦးကို အရေးယူခဲ့ကြောင်း အထက်ပါရုံး၏ စာရင်းအရ သိရသည်။ ထားဝယ်တွင် လမ်းဘေးဆိုင်များ ထပ်ဖွင့်ခွင့်မပြုတော့ဟုဆို ကိုဗစ်ကာလအတွင်း သတ်မှတ် ဦးရေထက်ပိုသည့် လူစုလူဝေးမလုပ်ရန်၊ ထိုင်းနိုင်ငံမှ ပြန်လာပါက တရားဝင် နယ်စပ်ပေါက်မှသာ ဝင်ရန် ၊ KTV ဆိုင်များ ပိတ်ထားရန်စသည့် စည်းကမ်းချက်များအပြင် ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြထားသည်။ အထက်ပါကာလတွင် ညမထွက် ရအမိန့်ဖောက်ဖျက်သည့်အမှု ၁၁၃ မှု၊ တရားမဝင်နယ်စပ်ပေါက်မှ ဝင်လာသည့် အမှု ၆ မှု အပါအဝင် ကျန်းမာရေးစစ် ဆေးမှုကို နှောင့်ယှက်သည့်အမှု၊ […]

နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေး

diz_admin

August 24, 2020

နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေးလူတစ်ဦးချင်း နှာခေါင်းတပ်ခြင်း မတပ်ခြင်း ဆုံးဖြတ်ချက် က အဖိုးအခကြီးပါတယ်။ လူတစ်ဦးချင်းစီသာ နှာခေါင်းစည်း တပ်ကြရင် ကူးစက်မှုနှုန်း ကျလာမယ်၊ အဲဒီ က တစ်ဆင့် တစ်တိုင်းပြည်လုံးရဲ့ စီးပွားရေး ထိခိုက်မှုကိုလည်း သက်သာစေပါတယ်။ အဲဒီသဘောတရားကို ကောက်ယူပြီး အမေရိကန်ပြည်ထောင်စုမှာ တစ်ဦးချင်းစီကသာ နှာခေါင်းစီး တပ်ကြရင် တိုင်းပြည်စီးပွားရေး ဘယ်လောက် သက်သာမလဲ ဆိုတာကို The Economist က တွက်ပြထားပါတယ်။ နှာခေါင်းစည်းတစ်ခုရဲ့ စီးပွား တန်ကြေးက ဘယ်လောက်လဲပေါ့။ အဲဒီအကြောင်း ဒီဗီဒီယို လေးမှာ ရှင်းပြထားပါတယ်။ Dawei Watch TV

ကူးစက်မြန် ဒုတိယလှိုင်း အန္တရာယ်နှင့် ကိုဗစ်ကာလ အားကစားပွဲ

diz_admin

August 24, 2020

မြန်မာရွှေ့ပြောင်းလုပ်သားအများစုမှာ ထိုင်းနိုင်ငံသို့ သွားရောက်ချိန်တွင် တနင်္သာရီတိုင်းနှင့် ထိစပ်နေသည့် ထိုင်း-မြန်မာနယ်စပ်များမှတစ်ဆင့် ဝင်ထွက်သွားလာလေ့ရှိသည်။ ယင်းတို့တွင် ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်နေသည်။ လက်ရှိဖြစ်နေသည့် ရောဂါအနေအထားအရ တနင်္သာရီတိုင်းတွင်းနေ ပြည်သူများက ကိုဗစ်ကူးစက်မှု စိုးရိမ် ရသည့်အခြေအနေ ရှိနေကြောင်း ပူပန်သူများလည်းရှိလာသည်။ ဟိန္ဒားသတ္တုတွင်းတူးခွင့်ရကုမ္ပဏီအား ဆက်လုပ်ခွင့်ပြုမည်ကို ဒေသခံများစိုးရိမ် “စိုးရိမ်နေရတဲ့ပုံစံက ရာနှုန်းပြည့် ပဲဗျ။ အချိန်မရွေး ထဖြစ်နိုင်တယ်လို့တောင် တွေးထားတယ်” ဟု ဦးနိုင်မျိုးသွင် က ဆိုသည်။ ကူးစက်မြန် ဒုတိယလှိုင်းအန္တရာယ်လတ်တလောအနေအထားတွင် ထိုင်းနိုင်ငံသို့ ထီးခီးလမ်းမှတစ်ဆင့် သွားရန် ထားဝယ်အဝေးပြေးဂိတ်သို့ နေ့စဉ် လူသုံးဆယ်ထက်မနည်း လာရောက်နေကြသည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟု ကိုဗစ်ကပ်ဘေးကာကွယ်ရေးကို အစဉ်တစိုက်လုပ်လာသူ ဦးနိုင်မျိုးသွင် က ဆိုသည်။ မကြာမီရက်ပိုင်းတွင် မလွှဲတောင်ဂိတ် အပါအဝင် တိုင်းအတွင်းရှိနေရာ အချို့တွင် စစ်ဆေးရေးဂိတ်များ […]

ကိုဗစ်ကာလ စက်ချုပ်သမ

diz_admin

August 24, 2020

၁၂ လရာသီအလိုက် ပွဲတော်များအပြင် ရာသီအလိုက် ပြုလုပ်ကြတဲ့ အလှူအတန်းနဲ့ မင်္ဂလာဆောင်တွေဆီက လော်စပီကာနဲ့ဖွင့်တဲ့ သီချင်းသံတွေ၊ ဆိုင်းသံ၊ ဗုံသံ၊ အိုးစည်၊ ဒိုးပတ်သံတွေကို ခြိမ့်ခြိမ့်သည်းအောင် အသံကုန်ဖွင့်ကြတာဟာ နှလုံးသားတစ်ခုလုံး တဒုန်းဒုန်းနဲ့ သိမ့်ခနဲ သိမ့်ခနဲ တုန်ခါသွားစေတဲ့ အထိပါပဲ။ အဲသလို ရာသီအလိုက် ပြုလုပ်ကြ တဲ့ ပွဲလမ်းသဘင်နဲ့ အလှူအတန်း၊ သွားလမ်း၊ လာလမ်းတွေမှာ မိတ်သင်္ဂဟ တွေနဲ့ သူအပြိုင် ကိုယ်အပြိုင် ဝမ်းဆက် ကိုယ်စီနဲ့ လှချင်တိုင်းလှနေကြတာကတော့ ကလေး၊ လူကြီး၊ အမျိုးသမီး၊ အမျိုးသား အလွှာပေါင်းစုံက အရွယ်အစုံ ပါပဲ။ ဒီလို ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေဟာ ကိုယ့်ရွာမှာလည်းရှိသလို သူ့ရွာ ကိုယ့်ရွာ အပြန်အလှန်သွားကြရတာလည်း ရှိကြတာမို့ ကိုယ်တက်မယ့်ပွဲနဲ့ကိုက်ညီမယ့် အဝတ်အစားကို ကြိုတင်အပ်ပြီး ချုပ်ကြရတာပါ။ […]

ဝေဒနာ ထောက်ပံ့ကြေး

diz_admin

August 24, 2020

စေတနာဖြင့် လုပ်ဆောင်ခြင်းဖြစ်သော်လည်း ဝေဒနာကြုံရသည့် အဖြစ်မျိုးဆိုက်နေသည်။ အခြေခံ လူတန်းစားများအတွက် အစိုးရက ထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ကြေးနှင့်ပတ်သက်၍ ပေါ်ပေါ်တင်တင်တစ်မျိုး၊ ရင်ထဲတအုံနွေးနွေးဖြင့် ခံစားနေရသူက တစ်ဖုံ၊ တီးတိုးပြောသူကတသွယ် စသည်ဖြင့် ရပ်ရွာအတွင်း လူပြောများသည့် ကိစ္စဖြစ်လာသည်။ နှစ်လောင်းပြိုင်လူသတ်မှု နှစ်လကြာသည်အထိ ပဟေဠိ အချို့က ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို တိုင်ကြားသည်မှ ဆန္ဒပြရန် စီစဉ်သည့်အထိ လုပ်ဆောင်လာကြသည်။ သာဓကအနေဖြင့် လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူး အတိုင်ခံရခြင်းနှင့် လောင်းလုံးမြို့ (က) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဆန္ဒပြရန်အထိ စီစဉ်ခဲ့ကြသည့် ဖြစ်စဉ်များ ဖြစ်သည်။ ပြဿနာ၏ အစကိုဗစ်ထောက်ပံ့ကြေးငွေပေးရမည့် အခြေခံလူတန်းစား သတ်မှတ်ချက်သည် ယင်းပြဿနာ၏ အစဟု ကောက်ချက်ဆွဲနိုင်သည်။ အစိုးရသည် စီးပွားရေးအဆင် မပြေသည့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးကို ကုစားပေးသည့်အနေဖြင့် ကိုဗစ်ထောက်ပံ့ကြေးငွေပေးခြင်း ဖြစ်သည်။ […]