BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

ထားဝယ်တွင် နှာခေါင်းစည်မတပ်သူများကို ကြပ်မတ်စစ်ဆေး

diz_admin

September 5, 2020

ထားဝယ်မြို့မှာ နှာခေါင်းစည်းမတပ်တဲ့ လမ်းသွား၊ လမ်းလာသူတွေကို ဌာနဆိုင်ရာတွေ စုပေါင်းပြီး ကြပ်မတ်စစ်ဆေးနေ ပါတယ်။ နှာခေါင်းစည်မပါလာတဲ့သူတွေကို ကျပ်ငါးထောင်နဲ့ညီမျှတဲ့ နှာခေါင်းစည်းတွေရောင်းချပေးပြီး တပ်ခိုင်းတာမျိုးကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ Dawei Watch TV

မွန်ငါးဖမ်းပိုက်ချက်လေလံ ရောင်းချမှု ကိုဗစ်ကြောင့် သိန်းလေးထောင်ခန့်လျော့

diz_admin

September 5, 2020

လာမည့်နှစ် ငါးဖမ်းလုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းရှိ ငါးဖမ်း ပိုက်ချက်များကို လေလံတင်ရောင်းချခဲ့ရာ အခွန်ငွေ ကျပ်သိန်းခြောက်ထောင် ကျော်ရရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးထံမှ သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အတွင်းရှိ ငါးဖမ်းပိုက်ချက် ၁၁၃ ချက်ကို သြဂုတ်လ ၁၁ ရက်နေ့က စတင် လေလံရောင်းချခြင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပေါ် အရေးယူမှုမရှိဟုဆို ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မွန်ပြည်နယ် ငါးဈေးကွက်ပျက်နေသည့် အနေအထားတွင် ငါးလုပ်ငန်းရှင်များ ငါးဖမ်းပိုက်ချက်များကို အပြိုင်အဆိုင်မဝယ်ယူကြသည့်အတွက် လေလံ ရောင်းရငွေလည်း ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင် လျော့နည်းရရှိခဲ့သည်။ “ဒီနှစ်တော့ တရုတ်ပြည် ငါးဈေးကွက်က ပျက်တော့ တင်ဒါဆွဲသူတွေကလည်း အပြိုင်အဆိုင်ဝယ်ဖို့လျှော့ထားကြတယ်။ ကြမ်းခင်းဈေးကို မီရုံလေး ပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ […]

ရေဖြူ ပိုးတွေ့လူနာ ရန်ကုန်တွင်နေထိုင်သူဖြစ်

diz_admin

September 2, 2020

ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်သည့် ကိုဗစ်အတည်ပြုလူနာစာရင်းတွင် ပါဝင်သော ရေဖြူမြို့နယ်မှ လူနာသည် ရန်ကုန်မြို့တွင်နေထိုင်သူဖြစ်ကြောင်း ရေဖြူမြို့နယ် ကုသရေးဦးစီးမှူးက အတည်‌ပြုပြောကြားသည်။ယင်းအမျိုးသားမှာ ရေဖြူမြို့နယ်၊ ကန်ပေါက်ဇာတိဖြစ်ပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ပြန်လာစဉ် နေမကောင်းသဖြင့် စစ်ဆေးရာမှ ကိုဗစ်ရောဂါပိုးတွေ့ရှိခြင်းဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာခင်မျိုးက ပြောသည်။ ကိုဗစ်အတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိရကြောင်း ယနေ့နံနက် ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာခဲ့ရာ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုးနှင့် ရေဖြူမြို့များ ပါဝင်ခဲ့သည်။

ကမ်းခြေနှင့် ရေတံခွန်များ ပြန်ပိတ်မည်

diz_admin

September 2, 2020

ကိုဗစ်ရောဂါ ကူးစက်မှုများနေသည့်အတွက် ကမ်းခြေနှင့် ရေတံခွန်များသို့ လည်ပတ်ခွင့်အား ပြန်လည်ကန့်သတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။ ထိုသို့ ပြန်ပိတ်ရန် သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် ကော်မတီညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ပါတီလေးခုမှ ကိုယ်စားလှယ်လောင်းလေးဦး ရွေးကောက်ပွဲဝင်ခွင့်မရ ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်းရှိ ကမ်းခြေအားလုံးကို မတ်လ ၂၇ ရက်နေ့တွင် လည်ပတ်ခွင့်ပိတ်ခဲ့ပြီးနောက် ဇွန်လဆန်း(၃ရက်နေ့) တွင် ပြန်လည်လည်ပတ်ခွင့်ပြုခဲ့သည်။ သို့ရာတွင် ကိုဗစ်ရောဂါကူးစက်မှုမြင့်လာသည့်အတွက် ပြန်လည်ကန့် သတ်ရန် ကော်မတီတွင် ဆုံးဖြတ်ထားပြီး မကြာခင်ထုတ်ပြန်မည်ဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူး ကြီးကျော်ဇေယျက ဆိုသည်။ အသေးစိတ်အချက်အလက်များကိုမူ သက်ဆိုင်ရာဝန်ကြီးနှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဘယ်နေ့ပိတ်မယ်ဆိုတာတော့ […]

ကိုဗစ်ထောက်ပံ့ကြေးကိစ္စ အတိုင်ခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအမှု ခရိုင်ဆုံးဖြတ်ချက် စောင့်ဆိုင်း

diz_admin

September 2, 2020

လောင်းလုံးမြို့နယ်တွင် အခြေခံ လူတန်းစား ထောက်ပံ့ကြေးငွေကိစ္စဖြင့် အတိုင်ခံထားရသည့် တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် (က) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးကိစ္စ စစ်ဆေးပြီးဖြစ် ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးထံမှ သိရသည်။ တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးကိစ္စ စစ်ဆေးချက်များကို ထားဝယ်ခရိုင်အုပ် ချုပ်ရေးမှူးထံသို့ သြဂုတ်လ ၂၇ ရက်က တင်ပြထားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ “ခရိုင်က အဖွဲ့ဖွဲ့ပြီး စစ်ဆေးပါ ဆိုလို့ စစ်ဆေးပြီးတော့ တွေ့ရှိချက်တွေ တင်ပါဆိုလို့ မနေ့(သြဂုတ် ၂၇ ရက်)က တင်ပေးလိုက်ပြီ” ဟု ၎င်းက ဆို သည်။ တီဇစ်အုပ်ချုပ်ရေးမှူးသည် ကိုဗစ်ကာလ အခြေခံလူတန်းစားများကို ထောက်ပံ့ပေးသည့် ငွေကြေးနှင့် အခြားငွေကြေးများကို အလွဲသုံးစားလုပ်သည်ဟုဆိုကာ ကျေးရွာသား ၃၀ […]

ကိုဗစ်ဒုတိယလှိုင်း တော်လှန်ရေး

diz_admin

September 2, 2020

မြန်မာနိုင်ငံကို ခြိမ်းခြောက်လာနေသည့် ကိုဗစ်ဒုတိယလှိုင်းအား တန်ပြန် တုံ့ပြန်ရန် တနင်္သာရီတိုင်းအစိုးရက ပြင်ဆင်ပြီ။ ကိုဗစ်ကပ်ဘေးစတင်ဖြစ်ပွားချိန်က ကန့်သတ်ထားသည့် ကမ်းခြေလည် ပတ်ခွင့်ကို ကန့်သတ်ခြင်းအပါအဝင် အခြားစည်းကမ်းချက်များကို ပြန်လည်ကြပ်မတ်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်း ရေးမှူးက ပြောကြားသည်။ အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ လက်ရှိတွင် ကိုဗစ်ကပ်ဘေးက မြန်မာနိုင်ငံတွင် ဒုတိယလှိုင်းအသွင်ဖြစ်လာပြီး ကူးစက်သူ များပြားလာသည်။ ထိုသို့သော အခြေအနေတွင် ကိုဗစ်ကပ်ဘေးကာလအစက တိုင်းအစိုးရက ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များကို လိုက်နာမှု ကျဆင်းသွားရာ သက်ဆိုင်ရာ တာဝန်ရှိဝန်ထမ်းများက ကြပ်မတ်ရမည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ က ဆိုသည်။အစိုးရက ယခင်ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များမှာ လက်ရှိ အချိန်အထိ အသက်ဝင်နေဆဲလည်း ဖြစ်သည်။ “အမိန့်တွေက ထုတ်ပြန်ထားပြီး […]

တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး ရခိုင်တွင် စေတနာ့ဝန်ထမ်းလုပ်ရန် စာရင်းပေးထား

diz_admin

September 1, 2020

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်နေသည့် ရခိုင်ပြည်နယ်သို့ စေတနာ့ဝန်ထမ်းအဖြစ်သွားရောက်တာဝန် ထမ်းဆောင်ရန် တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး စာရင်းပေး ထားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှပြောရေးဆို ခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများ နှင့် ကျန်းမာရေးကြီးကြပ်(၂) ဆရာ၊ ဆရာမများက လက်ရှိစာရင်းပေးထားပြီး ကုသရေးဦးစီးဌာနမှ စာရင်းကိုမူ လတ်တလော မရရှိသေးကြောင်း ဒေါက်တာထွေးမြစိုးက ပြောသည်။ မည်သည့်အချိန်တွင် သွားရောက် ရမည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။ အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ သြဂုတ်လ ၂၈ ရက် မနက်ပိုင်းအထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည် ပြုလူနာ ၂၁၇ ခန့်ဦးရှိပြီး အခြားတိုင်းနှင့် […]