BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

ကိုဗစ်ရိုက်ချက်ထိ ဧည့်လမ်းညွှန်‌ ပလာတာ လုပ်ရောင်း

diz_admin

September 16, 2020

ကိုဗစ်ကပ်ဘေးက လူတန်းစားအလွှာစုံအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ ဒီလိုသက်ရောက်မှုရှိတဲ့ထဲမှာ ခရီးသွားလုပ်ငန်းကတော့ အထိနာဆုံးလို့ဆိုရမှာပါ။ ကိုဗစ်ဖြစ်ပြီးနောက်မှာ ခရီးသွားလုပ်ငန်းက လုံးဝရပ်ဆိုင်းသွားခဲ့ရတာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းရပ်ဆိုင်းသွားတဲ့အတွက် ဧည့်လမ်းညွှန်တွေဟာ အလုပ်လက်မဲ့တွေဖြစ်သွားရပါတယ်။ အခုချိန်မှာတော့ ဧည့်လမ်းညွှန်တွေက ဝမ်းရေးအတွက် နီးစပ်ရာ အလုပ်အကိုင်တွေကို လုပ်ကိုင်နေကြရပါတယ်။ ဒေသဧည့်လမ်းညွှန်တစ်ယောက်ဖြစ်တဲ့ ကိုတင်နိုင်တစ်ယောက်လည်း ကိုဗစ်ရိုက်ချက်ကြောင့် အခုဆိုရင် လမ်းဘေးမှာ ပလာတာလုပ်ရောင်းပြီး ဝမ်းရေးကို ဖြေရှင်းနေရပါတယ်။ သူဘာကြောင့် ပလာတာလုပ်ရောင်းနေရတယ်ဆိုတဲ့အကြောင်းနဲ့ ဧည့်လမ်းညွှန်နဲ့ပတ်သက်လို့ ဘဝကိုဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။ Dawei Watch TV

ကိုဗစ်ကြောင့် ကညနလုပ်ငန်းအားလုံး ဒုတိယအကြိမ်ထပ်နား

diz_admin

September 15, 2020

ကိုဗစ်ကပ်ဘေးကြောင့် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းအားလုံးကို စက်တင်ဘာလ ၁၄ ရက်နေ့မှစကာ ယာယီရပ်နားလိုက်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ပြောကြားသည်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့် တက်နေသည့်အတွက် ယာယီရပ်နား လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တကယ်လို့ ပြန်ဖွင့်ရင်လည်း ကြိုတင်အကြောင်းကြားမယ်” ဟု ဦးထင်ပေါ်က ပြောသည်။ ယင်းကဲ့သို့ ဌာနဝန်ဆောင်မှု လုပ်ငန်းများ ပိတ်ထားချိန်တွင် ယာဉ်လိုင်စင်ရက်လွန်ဒဏ်ကြေး၊ ယာဉ်မောင်းလိုင်စင် သက်တမ်းလွန်ဒဏ်ကြေးကိစ္စတို့နှင့်ပတ်သက်၍ နစ်နာမှုမရှိစေရန် ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကပ်ဘေးစဖြစ်ချိန်က ကညန ရုံးလုပ်ငန်းများကို မတ်လ ၂၃ ရက်မှ ဇွန်လဆန်းအထိ ယာယီရပ်နားခဲ့ဖူးသည်။ ထိုကဲ့သို့ ရပ်နားချိန်တွင် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် ရက်လွန်ဒဏ်ကြေးမကောက်ခံဘဲ ဖြေလျှော့ပေးခဲ့သည်။ တိုင်းကညနဌာန၏ စာရင်းအရ တိုင်းအတွင်း ယာဉ်မောင်းလိုင်စင် စုစုပေါင်း […]

ကိုဗစ်ရောဂါ ရှိ ၊ မရှိကို တိုင်းအတွင်းမှာပင် စစ်ဆေးနိုင်ပြီ ဟုဆို

diz_admin

September 14, 2020

ကိုဗစ်ရောဂါ ရှိ ၊ မရှိကို တိုင်းအတွင်းမှာပင် စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။ ထားဝယ်နှင့် မြိတ် ဆေးရုံများတွင် ကိုဗစ်စစ်ဆေးသည့်စက်များကို စက်တင်ဘာလ ၃ ရက်နေ့က စတင်လည်ပတ်နေပြီး ကော့သောင်းဆေးရုံရှိ ကိုဗစ် စစ်ဆေးစက်မှာ ပြီးခဲ့သည့်နှစ်ရက်ခန့် ကပင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနက တိုင်းအတွင်းရှိ ခရိုင်ဆေးရုံတစ်ရုံလျှင် ကိုဗစ် စစ်ဆေးသည့် စက်တစ်လုံးစီကို ချပေးထားကြောင်း သိရသည်။ မြိတ်ဆေးရုံကြီးတွင် ကိုဗစ်ပိုး စစ်ဆေးနိုင်တော့မည် ယင်းစက်တစ်လုံးလျှင် တစ်ရက်အတွင်း ဓာတ်ခွဲနမူနာ ရှစ်ခုမှ ၁၀ ခု အထိ စစ်ဆေးနိုင်ပြီး လက်ရှိတွင် နမူနာ ခြောက်ခုနှုန်း စစ်ဆေးမည်ဖြစ်သည်။ ထိုသို့ စစ်ဆေးပါက တိုင်းအတွင်းတွင် […]

ကိုဗစ်ကန့်သတ်ချက်အချို့ ထပ်တိုး

diz_admin

September 14, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ဘေး ကူးစက်မှု မြင့်တက်လာချိန်တွင် တနင်္သာရီတိုင်းအတွင်းအတွင်လည်း ကိုဗစ်ကန့် သတ်ချက်စည်းကမ်းများကို ထပ်မံတိုး မြှင့်လိုက်သည်။ ယခင်က တိုင်းအတွင်းသို့လာ ရောက်ပါက ကိုဗစ်ဖြစ်ပွားမှုများသည့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်း Stay at Home (နေအိမ်တွင်သာနေ ထိုင်ရန်) သတ်မှတ်ထားသည့် မြို့နယ် အချို့မှ လာသူများကိုသာ စောင့်ကြည့်စခန်းတွင် သတ်မှတ်ရက်အတိုင်းနေထိုင်ရန် သတ်မှတ်ထားသည်။ ပြည်တွင်းလေကြောင်းလိုင်းများ အားလုံး စက်တင်ဘာလကုန်ထိ ယာယီရပ်ဆိုင်း သို့ရာတွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ မည်သည့် မြို့နယ်မှ လာရောက်သည်ဖြစ်စေ တနင်္သာရီတိုင်းသို့ ဝင်ရောက်လာသူ အားလုံးအား စောင့်ကြည့်စခန်းတွင် ၁၄ ရက်ကြာနေထိုင်ရန် စက်တင်ဘာလ ၈ ရက်နေ့တွင် တိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။ စောင့်ကြည့်စခန်းတွင် နေထိုင်စဉ် ကိုဗစ်ရောဂါရှိ/ မရှိ နှစ်ကြိမ်ဓာတ်ခွဲစစ် […]

ထားဝယ်တွင် ကိုဗစ်လူနာတွေ့သည်ဟုဆိုကာ ထိတွေ့ဆက်စပ်မှုရှိသူများကို ဓာတ်ခွဲရန်ပြင်

diz_admin

September 11, 2020

ထားဝယ်၊ စက်တင်ဘာ ၁၁ Dawei Watch ရန်ကုန်မြို့မှလာသည့် အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့သည်ဟုဆိုကာ ၎င်းနှင့်ထိတွေ့ဆက်စပ်မှုရှိသူများကို ဓာတ်ခွဲနမူနာစစ်ရန် ပြင်ဆင်နေကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ထားဝယ်မြို့၊ ကညုံရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၉ နှစ်အရွယ် အမျိုးသား၏ နမူနာကို ထားဝယ်ဆေးရုံကြီးရှိ ကိုဗစ်ရောဂါပိုးစစ်ဆေးသည့်စက်ဖြင့် စစ်ဆေးရာ ကိုဗစ်ရောဂါရှိကြောင်း အဖြေထွက်သည်ဟု ထားဝယ်ခရိုင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ၎င်းကို ပြောဆိုခဲ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။ ထိုကြောင့် ၎င်းနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူများ၏ နမူနာကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် စစ်ဆေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။ သင်္ဘောသားဟောင်းတစ်ဦးဖြစ်သည့် အဆိုပါအမျိုးသားမှာ ၎င်း၏ ဦးလေးတော်စပ်သူ ရန်ကုန်မြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေသည့်အတွက် လူနာစောင့်အဖြစ် သွားရောက်လုပ်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။ ယင်းနောက် စက်တင်ဘာလ […]

ယာဉ်မောင်းလိုင်စင်အသစ် လုပ်ပေးမှု ရပ်နား

diz_admin

September 11, 2020

ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်များလာသဖြင့် ယာဉ်မောင်းလိုင်စင်အသစ်များ ပြုလုပ်ပေးနေမှုကို စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ ရပ်နားလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန(ကညန) ထံမှ သိရသည်။ ယာဉ်မောင်းလိုင်စင်အသစ်လုပ်ရာတွင် လူစုလူဝေးဖြစ်စေသည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သင်တန်းကို ရပ်ဆိုင်းရန် ညွှန်ကြားလာသည့်အတွက် လိုင်စင်အသစ်မလုပ်ပေးတော့ ကြောင်း ကညနဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။ ဖုန်းကုမ္ပဏီဝန်ထမ်းတစ်ဦး ငွေကျပ် သိန်းတစ်ရာကျော်လိမ်လည် သို့သော် ယာဉ်လိုင်စင်သက်တမ်း တိုးခြင်းများကိုမူ မပိတ်သေးကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကပ်ဘေးစဖြစ်ချိန်က ကညန ရုံးလုပ်ငန်းများကို မတ်လ ၂၃ ရက်မှ ဇွန်လဆန်းအထိ ပိတ်ခဲ့ပြီး ယာဉ်မောင်း လိုင်စင်အသစ် လုပ်ခြင်းကို သြဂုတ်လ ၄ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့သည်။ ယင်းနောက် လက်ရှိတွင် ကိုဗစ်ဒုတိယလှိုင်းဖြစ်လာသည့်အတွက် ပြန်ပိတ် လိုက်ခြင်းဖြစ်သည်။ […]

ကော့သောင်းကိုဗစ်ပိုးတွေ့ သုံးဦးနှင့် ထိတွေ့ မှုရှိခဲ့သူ ၄၀ ဦးကျော်တွင် ပိုးမ‌တွေ့

diz_admin

September 8, 2020

ကော့သောင်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် သုံးဦးနှင့် ထိတွေ့မှုရှိ ခဲ့သူ ၄၀ ဦး‌ကျော်တွင် ရောဂါပိုးမတွေ့ ရှိကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းထိုက်ထံမှ သိရသည်။ ကော့သောင်းမြို့တွင် ဟိုတယ် ကွာရန်တင်းဝင်နေသည့် နေရပ်ပြန် သင်္ဘောသားသုံးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သြဂုတ်လ ၃၀ ရက်နေ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ အဆိုပါ ကိုဗစ်ပိုးတွေ့သူတို့နှင့် ထိတွေ့မှု ရှိခဲ့သည့် ဟိုတယ်ဝန်ထမ်းများနှင့် သင်္ဘောသားတို့၏ ဓာတ်ခွဲနမူနာ လေးဆယ်ကျော်နှင့် ကွာရန်တင်းစခန်းဝင်သူတို့၏ စုစုပေါင်း ဓာတ်ခွဲနမူနာ ၄၀၁ ခုအား အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ စက်တင်ဘာလ ၂ ရက်နေ့က ပေးပို့ ခဲ့ခြင်း ဖြစ်သည်။ “ကျန်းမာရေးဝန်ထမ်းတွေလည်း ပါတယ်။ […]