BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

ကိုဗစ်ဂယက်ထိ ဘုတ်ပြင်းကွမ်းသီးစိုက်တောင်သူများ အခက်ကြုံ

diz_admin

October 28, 2020

ကိုဗစ်အကျပ်အတည်းကြောင့် ကွမ်းသီးအဝယ်ဒိုင်များအဝယ်ရပ်နားထားသဖြင့် အခက်တွေ့နေရကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ကွမ်းစိုက်တောင်သူ အချို့ထံမှသိရသည်။ ယင်းသို့ အဝယ်ရပ်နားထားကြသည့်အတွက် စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညှာအရှေ့ရပ်ကွက်တွင်နေသူ ဒေါ်ချစ်သဲကဆိုသည်။ “ကျွန်မတို့မိသားစုမှာတင်ပဲ ဘယ်လောက်ထိခက်ခဲခဲ့လဲဆိုရင် အရင်တစ်ပတ်က ကျွန်မသမီးအငယ်လေး တစ်ယောက်နေမကောင်းဖြစ်တာတောင် ဆေးခန်းပြ ဖို့မတတ်နိုင်ခဲ့ဘူး။ ကျွန်မ အခုပြောနေတာ ကျွန်မမိသားစုအခက်ခဲ ဆိုပေမဲ့ ကျွန်မတို့လိုပဲ အခြားတောင် သူမိသားစုတွေမှာလည်း အခက်အခဲတွေအများကြီးနဲ့ ကြုံနေရတာပါ” ဟု ဒေါ်ချစ်သဲက ပြောသည်။ ယခင်က တောင်သူများမှာ ကွမ်းသီး မပေါ်မီ ကွမ်းသီးအဝယ်ဒိုင်များထံမှ ကြို တင်ငွေများ ထုတ်ယူသုံးစွဲပြီး စားဝတ်နေရေး ဖြေရှင်းလေ့ရှိသည်။ လက်ရှိတွင် ကွမ်းသီးအဝယ်ဒိုင်များက ကြိုတင်ငွေများ ထုတ်ပေးခြင်းမရှိတော့ကြောင်း လေညှာအရှေ့ရပ်ကွက်နေ တောင်သူ ဦးလင်းနိုင်ချစ်က ဆိုသည်။ “အစ်ကိုတို့ရွာမှာတော့ ကြိုတင် ငွေမရှိဘဲ အဆင်ပြေနိုင်တဲ့ တောင်သူတွေဆိုတာ […]

ကုန်ကားသမားတွေ ကိုဗစ်အစစ်ခံပြီးမှ ဆက်သွားခွင့်ရမည်

diz_admin

October 9, 2020

ထားဝယ်ကထွက်မယ့် ကုန်ကားသမားတွေကို ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးနေပါတယ်၊ အဲဒီလိုစစ်ဆေးပြီး ကိုဗစ်ပိုးမတွေ့မှဘဲ ထောက်ခံချက်ပေးပြီး သွားလိုတဲ့ တိုင်းနဲ့ပြည်နယ်ကို သွားခွင့်ပြုနေတာပါ။ တနင်္သာရီတိုင်းထဲကို လာမယ့်ကုန်ကားသမားတွေမှာ ဘာတွေလိုအပ်လဲ၊ တိုင်းထဲက ပြန်ထွက်ရင်ရော ဘာတွေလိုအပ်ပါသလဲ။ နမူနာယူတဲ့နေရာမှာရော ကုန်ကားသမားတွေက ဘာတွေလိုအပ်နေလဲ ၊ဘယ်လိုအခက်အခဲတွေကြုံတွေ့နေရလဲဆိုတာကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။

အတိုင်ခံထားရသည့် တီဇစ်အုပ်ချုပ်ရေးမှူးအမှု အဖွဲ့သစ်ဖြင့် ပြန်စစ်

diz_admin

October 1, 2020

ကိုဗစ်ထောက်ပံ့ကြေးငွေအပါအဝင် အခြားငွေကြေးများကို အလွဲသုံးစားလုပ်သည်ဟုဆိုကာ အတိုင်ခံထားရသည့် လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အဖွဲ့အသစ်တစ်ဖွဲ့ဖြင့် ထပ်မံစစ်ဆေးနေကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ ၎င်းကို ရွာသား ၃၀ ဦးက လက်မှတ်ထိုးပြီး သြဂုတ်လ ၇ ရက်က တိုင်ကြားထားခြင်းဖြစ်သည်။ ယင်းတိုင်ကြားချက်ကို မြို့နယ် စည်ပင်သာယာရေးကော်မတီက ဦးဆောင်သည့် အဖွဲ့က စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ ရှိချက်များကို ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှတစ်ဆင့် တိုင်းအစိုးရထံ အဆင့်ဆင့်တင်ပြပြီး အဆုံးဖြတ်ခံယူခဲ့သည်။ ကိုဗစ်စည်းကမ်းဖောက်သည့် စားသောက်ဆိုင်ခုနစ်ဆိုင်ကို အရေးယူ ပထမအကြိမ် စစ်ဆေးတွေ့ရှိချက်များသည် တိကျခိုင်လုံမှုမရှိသဖြင့် နောက်တစ်ကြိမ် စစ်ဆေးရန် ထပ်မံညွှန်ကြားလာသဖြင့် စစ်ဆေးရေးအဖွဲ့အသစ်တစ်ခု ထပ်ဖွဲ့ကာ ထပ်မံစစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ အသစ်ဖွဲ့ထားသည့် စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူး က အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူ […]

ကိုဗစ်-၁၉ ကူးစက်မှုများလာသဖြင့် မွန်တွင် မဲဆွယ်မှုအချို့ ရပ်နား

diz_admin

September 21, 2020

မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမှာ လတ်တလောတွင် များပြားလာနေသောကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ကြ မည့် ကိုယ်စားလှယ်လောင်းတချို့သည် လူထုနှင့် ထိတွေ့ရသည့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းမှုများကို ရပ်နားထားကြသည်ဟု ကိုယ်စားလှယ်လောင်းအချို့ထံမှ သိရသည်။ လတ်တလောတွင် လူမှုကွန်ရက်စာမျက်နှာ (Facebook) မှတဆင့် မဲဆွယ်ရေး လှုပ်ရှားမှုမျိုးကို လုပ်ဆောင်နေသည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ခွန်အောင်မျိုးသိန်း က ပြောသည်။ “ကျွန်တော်တို့ ရွာတွေအထိ စည်းရုံးရေးဆင်းတဲ့အလုပ်တွေတော့ ခဏရပ်နား ထားတာပေါ့လေ” ဟု ၎င်းက ပြောသည်။ ၎င်း၏ မဲဆန္ဒနယ်မြေများဖြစ်သည့် သထုံနှင့် ဘီးလင်းဒေသများတွင် ပိုးတွေ့လူနာများ ရှိလာနေခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသည် နေ့စဉ်နှင့်အမျှ တိုးလာနေသည့်အပြင် သေဆုံးမှုလည်း မြင့်တက်လျက်ရှိသည်။ မွန်ပြည်နယ်တွင်လည်း ကူးစက်ခံရသူ နေ့စဉ်တိုးလာနေပြီး စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းထိ ထုတ်ပြန် […]

ကော့သောင်း ကိုဗစ်ပိုးတွေ့လူနာသုံးဦး ဆေးရုံဆင်းခွင့်ပြု

diz_admin

September 19, 2020

ကော့သောင်းခရိုင်၊ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူ နေကြသည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ သုံးဦးအား စက်တင်ဘာလ ၁၂ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ကြောင်း ယင်းဆေးရုံကြီး၏ ‌ဆေးရုံအုပ် ဒေါက်တာ လင်းထိုက်ထံမှ သိရသည်။ ၎င်းတို့မှာ နေရပ်ပြန်သင်္ဘောသား သုံးဦးဖြစ်ပြီး ဟိုတယ်တွင် ကွာရန်တင်း ဝင်နေကြသူများလည်း ဖြစ်သည်။ သြဂုတ်လ ၃၀ ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ကော့သောင်းခရိုင် ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူခဲ့ ကြခြင်းဖြစ်သည်။ ဆလုံများတောင်းဆိုပါက စံပြကျေးရွာအသစ်တည်ပေးမည်ဟုဆို ၎င်းတို့တွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီဖြစ်ကြောင်း ဆေးရုံအုပ် ဒေါက်တာလင်းထိုက်က ပြောပြသည်။ ဆေးရုံမှ ဆင်းခွင့်ရပြီးနောက် နေအိမ်တွင် စောင့်ကြပ်ကြည့်ရှုခြင်း ခုနစ်ရက်နေထိုင်ရမည်ဖြစ်ရာ ရပ်ဝေး နေသူများဖြစ်ကြသဖြင့် မြို့ပေါ်ရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ကွာရန်တင်းအနေဖြင့် ထားရှိခဲ့ကြောင်း ၎င်းက ပြောပြသည်။ […]

လေးပစ်ခံရသူ ရွာသားလေးဦး

diz_admin

September 18, 2020

လေးပစ်ခံရသူ ရွာသားလေးဦး တပ်သိမ်းစွန့်လွှတ်မြေကို သွားခုတ်ထွင် ရှင်းလင်းမိလို့ ရွာသားတွေ တရားစွဲခံလိုက်ပါတယ်။ ထားဝယ်ဒေသ၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာသား လေးဦး တရားစွဲခံခဲ့ရတာပါ။

မြိတ်တွင် နှာခေါင်းစည်းအခုရေ တစ်သိန်း အခမဲ့ဖြန့်ဝေ

diz_admin

September 18, 2020

မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Face Mask)အခုရေ တစ်သိန်းအား စက်တင်ဘာလ ၁၁ ရက်နေ့မှစပြီး ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးနေကြောင်း ကရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးဦးထံမှ သိရသည်။ အဆိုပါ နှာခေါင်းစည်းများအား ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသည့် ငွေဇင်ယော်၊ ခိုင်ဇင်ယော်၊ ခိုင်လင်းစိုးနှင့် သီတာအေး စသည့် ငါးဖမ်းစက်လှေအုပ်စုတို့မှ လှူဒါန်း ပေးထားခြင်းဖြစ်သည်။ ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင် နှာခေါင်းစည်းများအား အခမဲ့ ဖြန့်ဝေပေးခဲ့သော်လည်း တပ်ဆင်မှု နည်းပါးနေဆဲဖြစ်ကြောင်း ကရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးစိုးဦးက ပြောပြသည်။ ကရုဏာအသင်းအနေဖြင့် စက်တင်ဘာလအစမှ စပြီး ယာဉ်နှင့် လူသွားလာများသည့် လမ်းဆုံလမ်းခွများ၊ ဈေးတို့တွင် နှာခေါင်းစည်းစုစုပေါင်း အခုရေရှစ်သောင်းနီးပါးအား ပေးဝေခဲ့ပြီးဖြစ်သည်။ အလှူရှင်များမှ လှူဒါန်းထားသည့် နှာခေါင်းစည်းအခုရေ တစ်သိန်းအနက် ကျန်ရှိနေသည်များကို […]

ရွေးကောက်ပွဲ ခြေရာ

diz_admin

September 16, 2020

ကိုဗစ်ကပ်ဘေး အကြား ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ရွေးကောက်ပွဲ နီးလာပါပြီ။ ရေ၊ လေ၊ မြေ သယံဇာကို အဓိက အမှီပြု လုပ်ကိုင်စားသောက်တဲ့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ အဲဒီ သယံဇာတတွေကို ဘယ်လို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲသလဲဆိုတဲ့ အပေါ်မှာ မှီတည်နေပါတယ်။ မြန်မာ့ အဓိက ပြဿနာတွေကလည်း သယံဇာတတွေကို ဘယ်လို စီမံသလဲဆိုတဲ့ အပေါ်မှာ အခြေပြု ဖြစ်ပွားနေတာပါ။ ဒီတော့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဒီအပေါ်မှာ ဘယ်လို ကိုင်တွယ်ကြမလဲ။ တနင်္သာရီတိုင်းထဲနဲ့ တိုင်းပြင်ပက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို Dawei Watch က စကားဝိုင်း ဆွေးနွေးမေးခွန်းထုတ်ပွဲတွေ ဆက်တိုက် ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ရွေးကောက်ပွဲ ကာလ တစ်လျှောက် ၁၀ ပတ် […]