BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

မွန်တွင် ကိုဗစ်လူနာနှစ်ဦး ယနေ့သေဆုံး၊ မတ်လအတွင်း သေဆုံးသူ ၃၀ ရှိလာပြီ

diz_admin

March 14, 2022

မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများအနက် ယနေ့ (မတ် ၁၄) နှစ်ဦး ထပ်မံသေဆုံးသဖြင့် မတ်လအတွင်း ကိုဗစ်ဖြင့်သေဆုံးသူ ၃၀ အထိရှိလာပြီဖြစ်ကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။ ယနေ့ သေဆုံးသည့် လူနာနှစ်ဦးမှာ အမျိုးသမီးများဖြစ်ပြီး အသက် ၆၀ ကျော်နှင့် ၈၀ ကျော်အရွယ်များ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၎င်းတို့မှာ မော်လမြိုင်နှင့် ကော့ကရိတ်တို့မှ ဖြစ်ကြောင်း အဆိုပါလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အတွင်း၌ မတ်လ ၁ ရက်နေ့မှ ၁၃ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၈၀၀ နီးပါး တွေ့ရှိထားကြောင်း သိရသည်။ မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းခန့်မှစကာ ကိုဗစ်ပိုးတွေ့လူနာ ပြန်လည်တွေ့ရှိခဲ့လာပြီး ဖေဖော်ဝါရီလနှင့် မတ်လမှာ ကိုဗစ်ပိုးတွေ့လူနာ တွေ့ရှိမှု […]

မြိတ်တွင် လူ ၁၂၀ ကျော် ကိုဗစ်ပိုးတွေ့

diz_admin

February 13, 2022

မြိတ်မြို့တွင် တစ်ရက်တည်း ကိုဗစ်ပိုးတွေ့သူ ၁၂၀ ကျော် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်မာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တိုင်းကျန်းမာရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်နေ့အတွက် မြို့နယ်အလိုက် ကိုဗစ် ပိုးတွေ့/သေဆုံး လူနာစာရင်းကို ထုတ်ပြန်ရာတွင် မြိတ်မြို့၌ ကိုဗစ်ပိုး စစ်ဆေးသူ ၃၆၈ ဦးအနက် ၁၂၅ ဦးတွင် ပိုးတွေ့ရှိ ကြောင်း ဖော်ပြထားသည်။ မြိတ်တွင် ကိုဗစ်ပိုးတွေ့သူ ၁၂၅ ဦးအနက် စန္ဒဝတ်ကျေးရွာရှိ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ၌ ပိုးတွေ့ရှိသူ ၄၂ ဦးလည်း ပါဝင်သည်။ ယင်းသတင်းကို Dawei Watch က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖော်ပြပြီးဖြစ်သည်။ ပုသိမ်မြို့ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာအဖွဲ့က မှန်လုံမော်တော်ယာဉ်ကြီးတို့ဖြင့် မြိတ်သဲအင်းဂူသို့ လာရောက်ကြခြင်းဖြစ်သည်။ ထို့အပြင် […]

သရက်ချောင်းမြို့ပေါ်ရှိ ဆိုင် ၃၀ ကျော်ကို ပိတ်ခိုင်း

diz_admin

December 14, 2021

သရက်ချောင်းမြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကုန်စုံဆိုင် စသည်ဖြင့် ဆိုင်ပေါင်း ၃၀ ကျော်ကို ဒီဇင်ဘာလ ၁၁ ရက်တွင် ပိတ်ထားခိုင်းထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။ ကိုဗစ်ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်မထားဘဲ ဖွင့်လှစ်နေသည့် ဆိုင်များကို ပိတ်သိမ်းခိုင်းထားခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ပြုလုပ်ကြပြီး ဆိုင်များလည်း ပိတ်ထားခဲ့ကြသည်။ ယင်းသပိတ်အပြီး နောက်တစ်ရက်တွင် ဆိုင်များပိတ်သိမ်းရန် ညွှန်ကြားချက်ထုတ်ခြင်းမှာ အဆိုပါသပိတ်ကြောင့် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်မှုများရှိနေသည်။ သရက်ချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်ကမူ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရန်နှင့် ကိုဗစ်ကြိုတင်ကာကွယ်ရေးအတွက် ပိတ်သိမ်းခိုင်းခြင်းသာဖြစ်ကြောင်း ပြောသည်။ ညွှန်ကြားစာတွင်လည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရန်အတွက်ဟုသာပါရှိကြောင်း ၎င်းက ဆိုသည်။ “(အသံတိတ်သပိတ်) အဲဒါနဲ့ ဆိုင်မှာ […]

အိမ်မှာ မလွတ်လပ်တော့သော အခါ-လူငယ်တို့အတွက် ရွေးချယ်စရာ

diz_admin

October 1, 2021

မျှော်လင့်ချက်ဖြင့် ပြန်လာကြသည်။ သို့သော် ထိုမျှော်လင့်ချက်ကို ပြိုပျက်သွားပြီဟု သေချာသွားသောအခါ တကျော့ပြန် ခရီးပြန်ထွက်ရပြန်သည်။ အချို့က စီးပွားရေးကြောင့်၊ အချို့က မတည်ငြိမ်သော ဝန်းကျင်ကြောင့်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှ အသက် ၂၀ ကျော်အရွယ် ကိုကောင်းဆက် (အမည်လွှဲ) ကတော့ စီးပွားရေးကြောင့် အပြင် မတည်ငြိမ်သော ဝန်းကျင်ကြောင့်လည်း ပါသည်။ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ဖူးသော ကိုကောင်းဆက်ကို ထင်သလို ဖမ်းဆီးမှုများမှ ရှောင်ရှားနိုင်ရန် မိဘများက ဖိအားပေးခဲ့သည်။ ထိုကြောင့် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် အကြောင်းဖန်လာသည်။ “ကျွန်တော့်အိမ်က အန္တရာယ်ကင်းအောင်ဆိုပြီး သွားဖို့ ပြောလွန်းလို့ လာခဲ့ရတာ”ဟု ကိုကောင်းဆက်က ပြောသည်။ စစ်အာဏာမသိမ်းမီက ပိုမိုပွင့်လင်းလာသော အခွင့်အလမ်းများကြောင့် အမျိုးမျိုးသော မျှော်လင့်ချက်များဖြင့် ပြည်တော်ပြန်လာကြသော ရွှေ့ပြောင်း […]

လောင်းလုံးရှိ ကျေးရွာအချို့၏ ကိုဗစ်စင်တာအချို့ အပိတ်ခံရ

diz_admin

September 16, 2021

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်စင်တာအချို့အား လာရောက်ပိတ်ခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။ စုံစမ်းမေးမြန်းချက်အရ လောင်းလုံးမြို့နယ်ရှိ ဝေဒီ၊ ရေဖြူ၊ ကဒက်ကြီး ကျေးရွာသုံးရွာရှိ ကိုဗစ်စင်တာကို ပိတ်ရန်အတွက် ရဲနှင့် စစ်သားများ ရွာအတွင်းလာရောက်စစ်ဆေးစဉ် မှာသွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကျေးရွာတို့သည် ကျေးရွာစာသင်ကျောင်းတွင် ကိုဗစ်စင်တာများဖွင့်လှစ်ထားရှိပြီး လူနာများအား ထားရှိကုသပေးလျက်ရှိသည်။ ရေဖြူကိုဗစ်စစ်တာအား စက်တင်ဘာလ ၂၄ ရက်မတိုင်မီ ပိတ်ရန်မှာထားခဲ့ပြီး ဝေဒီကိုဗစ်စင်တာတွင်မူ မနက်ဖြန် စက်တင်ဘာလ ၁၆ ရက်မတိုင်မီ ပိတ်ရန် မှာထားခဲ့သည်ဟုဆိုသည်။ “အခုကိုဗစ်လူနာတွေကို စာသင်ကျောင်းကနေ ရွှေ့ပြောင်းနေကြတယ်” ဟု ဝေဒီကျေးရွာက ဒေသခံတစ်ဦးက ယမန်နေ့ ညနေပိုင်းက ပြောကြားသည်။ လောင်းလုံးမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာမင်းညွန့်ဝင်းကမူ ကျေးရွာကိုဗစ်စင်တာများ ပိတ်သိမ်းခိုင်းသည့်ကိစ္စအား ကျန်းမာရေးဌာနအနေဖြင့် သိရှိခြင်းမရှိဟုဆိုသည်။ ပန်းဒလဲကျေးရွာ […]

ထားဝယ်တွင် စားသောက်ကုန်ဈေး ပိုတက်

diz_admin

September 7, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စက်တင်ဘာ ၇ ရက် မနက်ပိုင်းက နိုင်ငံတော်ကိုအရေးပေါ်ကြေညာပြီး တော်လှန်ရန် လှုံ့ဆော်လိုက်ပြီးနောက် ထားဝယ်တွင် စားသောက်ကုန်ဈေးနှုန်းများ ပိုတက်လာကြောင်း ဒေသခံအချို့နှင့် ကုန်စုံဆိုင်ရောင်းချသူအချို့ထံမှ စုံစမ်း သိရှိရသည်။ ထိုင်းဘတ်ငွေဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးများတက်လာသဖြင့် ပြီးခဲ့သည့် နှစ်ပတ်ကတည်းက စားသောက်ကုန်ပစ္စည်းများ ဈေးတရိပ်ရိပ်တက်ရာမှ ယနေ့နံနက်ပိုင်းမှစတင်ကာ ကုန်ဈေးနှုန်းများ ပိုတက်လာကြောင်း ကုန်ပစ္စည်းရောင်းချသူအချို့နှင့် ထားဝယ်ဒေသခံအချို့က ပြောသည်။ စားသောက်ကုန်များတွင် ပြည်တွင်းထွက်သည့် ငရုတ်၊ ကြက်သွန်ဈေးများ မတက်သော်လည်း ထိုင်းဘက်ကတင်သွင်းသည့်ပစ္စည်းများအားလုံး ပစ္စည်းတန်ဖိုး အနည်းအများအလိုက် အမယ်တစ်မျိုးလျှင် ငွေတစ်ရာကျပ်မှ ခြောက်ထောင်၊ ခုနှစ်ထောင်ဂဏန်းထိ ဈေးတက်သည်ဟု ထားဝယ်မြို့၊ ကမ်းနားဈေးရှိ ကုန်မျိုးစုံအရောင်းဆိုင်မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ကုန်ပစ္စည်းဈေးတာက ငွေဈေးကြောင့်တက်တာ။ ကျန်တဲ့ဟာတွေတော့ ပုံမှန်ပဲ၊ ယိုးဒယားပစ္စည်းလောက်ပဲ ဈေးတက်တယ်” ဟု […]