BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

မြိတ်တွင် ကွာရန်တင်းဝင်သူငါးဦး နေအိမ်ရောက်မှ ကိုဗစ်ပိုးတွေ့

diz_admin

November 30, 2020

ကိုဗစ်ရောဂါရှိသူနှင့် ထိတွေ့ ဆက်စပ်သူတို့အား စောင့်ကြပ်ကြည့် ရှုသော မြိတ်တက္ကသိုလ်ဝင်းရှိ ပုလဲမာန် အဆောင်တွင် ကွာရန်တင်းဝင်သူ ငါးဦးမှာ နေအိမ်သို့ပြန်ရောက်ပြီးမှ ကိုဗစ် ပိုးတွေ့ရှိခဲ့ကြောင်း ယင်းအဆောင်ထံမှ သိရသည်။ ပုလဲမာန်အဆောင်မှ ကွာရန်တင်း ၁၄ ရက်ပြည့်ပြီး ကိုဗစ် ဓာတ်ခွဲခန်း အဖြေမထွက်မီ နိုဝင်ဘာလ ၂၆ ရက် ညပိုင်းအချိန်တွင် နေအိမ်သို့ပြန်ခွင့် ပြုခဲ့ကြောင်း ယင်းအဆောင် တာဝန်ခံ ဦးတင်ဇော်က ပြောပြသည်။ ကွာရန်တင်းစင်တာမလုံလောက်သဖြင့် ပထမအကြိမ်အဖြစ် RDT test kit ဖြင့် ရောဂါရှိ/ မရှိအား စစ်ဆေးပေးပြီး ရောဂါမတွေ့ရှိမှ နေအိမ်သို့ ပြန်လွှတ် လိုက်ခြင်းဖြစ်ကြောင်း ပုလဲမာန်အဆောင် ကွာရန်တင်းစင်တာ တာဝန်ခံ ဦးတင်ဇော်က ပြောပြသည်။ “ဆက်စပ်ထိတွေ့သူတွေ များလာတော့ လွှတ်လိုက်တာ” ဟု ၎င်းက […]

ရွေးကောက်ပွဲပြီးနောက် မြိတ်တွင် ပိုးတွေ့လူနာဦးရေ ခုန်တက်လာသဖြင့် ဆေးရုံသစ်ဖွင့်ရ

diz_admin

November 24, 2020

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ပြီးမြောက်ပြီးနောက် မြိတ်မြို့တွင် ကိုဗစ် ပိုးတွေ့လူနာ ဆတိုး၍ များပြားလာနေသည့်အတွက် ဆေးရုံသစ်တစ်ခုကို နိုဝင်ဘာ ၂၀ ရက်နေ့က ထပ်တိုးဖွင့်လှစ် ခဲ့ရသည်။ ရွေးကောက်ပွဲမဖြစ်ခင်က တစ်နေ့လျှင် ပိုးတွေ့လူနာ တစ်ဦးစနှစ်ဦးစ ရှိခဲ့ရာမှ ရွေးကောက်ပွဲပြီးနောက်တွင် တစ်နေ့လျှင် ၁၀ ဦးကျော်အထိရှိလာပြီး တစ်ပတ်အတွင်း ပိုးတွေ့လူနာ ၆၀ ဦးကျော် ရှိလာကြောင်း မြိတ်ခရိုင်ပြည်သူ့ကျန်းမာ ရေးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ ရွေးကောက်ပွဲမတိုင်မီ စက်တင်ဘာလ ၁၃ ရက်နေ့မှ နိုဝင်ဘာ ၈ ရက် အထိ နှစ်လဝန်းကျင်တွင် ပိုးတွေ့လူနာ ၉၀ ကျော်သာ ရှိခဲ့သည်။ လက်ရှိမြိတ်မြို့တွင် ပိုးတွေ့လူနာ ၁၆၀ နီးပါးရှိလာပြီး Lock Down ချထားခြင်းခံရသည့် ဗင်းတေ့ကုမ္ပဏီမှ […]

မွန်တွင် ကိုဗစ်ကူးစက်မှု ပြန်များလာ

diz_admin

November 23, 2020

မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်လူနာ ပြန်များလာကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရ သည်။ ပြည်နယ်အတွင်း အထူးသဖြင့် သထုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ပိုးတွေ့လူနာအရေအတွက် သိသိသာသာ မြင့်တက်လာကြောင်း ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် သထုံမြို့နယ်အတွင်း ကိုဗစ်ကူးစက်ခံထားရသူ ၁၈၀ ကျော်ရှိနေပြီး လူနာနှင့် ထိတွေ့ထားသူ ၄၀ဝ ကျော်ရှိသည်ဟု သထုံမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းဦးက ပြောသည်။ “နိုဝင်ဘာလ ဒုတိယအပတ် လောက်ကနေစပြီးတော့ ရောဂါကူးစက်မှုတွေက ဆက်တိုက်တွေ့ရှိလာတာဖြစ်တယ်။ အနံ့မရသူတွေက များတယ်” ဟု ၎င်းက ပြောသည်။ ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် အနံ့မရသူများ၊ ရောဂါလက္ခဏာ ပြသူများအနေနှင့် နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။ […]

ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ်

diz_admin

November 23, 2020

ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်တွင် သောင်တင်နေသူများအနက် ၁၇၁ ဦးကို ပထမသုတ်အဖြစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ခေါ်ယူခဲ့ကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး ထားဝယ် ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။ နေရပ်ပြန်ရန်စာရင်းပေးသွင်းထားသူ ၂၇၀ ဦးအနက် ၁၇၁ ဦးကို မော်တော်ယာဉ် ရှစ်စီးဖြင့် ပြန်လည်ခေါ်ယူခြင်း ဖြစ်သည်။ ပထမအသုတ်တွင် ပါဝင်သူများမှာ ထားဝယ်ခရိုင်မှ ၉၅ ဦးနှင့် သံဃာ ၅ ပါး၊ မြိတ်ခရိုင်မှ ၆၆ ဦးနှင့် ကော့သောင်း ခရိုင်မှ ငါးဦးတို့ ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မှ ပြန်လာမည့် ကားစရိတ်အား လှူဒါန်းသူရှိသည့်အတွက် အခငွေကြေးပေးရန် မလိုကြောင်း ထားဝယ်ဒေသလူထုအခြေပြုအထောက် အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦး က ဆိုသည်။ ပိတ်မိနေသူများ ထားဝယ်ပြန် […]

မှေးမှိန်နေသည့် ကိုဗစ်ကန့်သတ် ချက်များ

diz_admin

November 17, 2020

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်ချိန်က အစိုးရက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များမှာ လက်ရှိတွင် လိုက်နာမှုအားနည်းပြီး မှေးမှိန်နေသည်။ ကိုဗစ်ကပ်ဘေး တားဆီးနိုင်ရေးအတွက် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို စက်တင်ဘာလ ၁၇ ရက်နေ့က တားမြစ်ထားသည်။ လက်ရှိတွင် လက်ဖက်ရည်ဆိုင် အချို့တွင် ဆိုင်ထိုင်စားသောက်သည့်ပုံစံဖြင့် ပေါ်ပေါ်တင်တင်ရောင်းချနေ ကြသည်။ အဆိုပါ စည်းကမ်းချက် စတင်သတ်မှတ်ချိန်က ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ်မှုများရှိခဲ့သော်လည်း လက်ရှိတွင် အရေးယူဆောင်ရွက်မှု မရှိတော့ပေ။ ယင်းကဲ့သို့ ကိုဗစ်စည်းကမ်း သတ်မှတ်ချက် ဖောက်ဖျက်မှုများကို အရေးယူတားဆီးရန် သက်ဆိုင်ရာ မြို့နယ်စည်ပင်၊ အုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သည့် မြို့နယ်ကိုဗစ်ကော်မတီ များတွင် တာဝန်ရှိကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ “မျက်နှာလိုက်ခြင်း၊ […]

ရန်ကုန်သောင်တင်နေသူများ အိမ်ပြန်နိုင်ရေး ရောင်ခြည်

diz_admin

November 16, 2020

ကိုဗစ်ကပ်ဘေး ကန့်သတ်ချက်များကြောင့် ရန်ကုန်တွင် သောင်တင်နေသည့် ထားဝယ်သားများအိမ်ပြန်နိုင်ရေး ရောင်ခြည်သမ်းလာသည်။ ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်းပြင်း ထန်လာသည့် အောက်တိုဘာလဆန်းတွင် တိုင်းကျော်ခရီးသွားလာခွင့်ကို စတင်ကန့်သတ်ခဲ့သည်။ ထိုကြောင့် ရန်ကုန်ရောက် တနင်္သာရီတိုင်းသားများမှာ ရန်ကုန်မြို့တွင် ပိတ်မိ နေခဲ့ကြသည်။ သောင်တင်နေသည့် တိုင်းသားအချို့မှာ စားဝတ်နေရေး အခက်အခဲကြုံ လာသည့်အတွက် စက်ဘီးစီးပြီး တစ်ကိုယ်တော် ခိုးပြန်လာသည်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ကုန်တင်ကားဖြင့် ခိုးလာလိုက်သည့် ဖြစ်စဉ်များလည်း ရှိလာသည်။ ထိုအခြေအနေတွင် ကိုဗစ်ထိန်းချုပ် ကာကွယ်ရေး လူထုအခြေပြုအထောက် အကူပြုအဖွဲ့(ထားဝယ်ဒေသ)က သောင်တင်နေသည့် တိုင်းသားများကို ပြန်ခေါ်ရန် စီစဉ်လာသည်။ ယင်းကဲ့သို့ ပြန်ခေါ်နိုင်ရန်အတွက် လက်ရှိတွင်ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကိုလည်း ထုတ်ပြန်ခဲ့သည်။ နေရပ်ပြန်လိုသည့် လူဦးရေစာရင်း ကိုသိနိုင်မှသာ အခြားသော ညှိနှိုင်းမှုနှင့် ကွာရန်တင်းစခန်းကဲ့သို့ လိုအပ်သည့် အစီအမံများ […]

ရန်ကုန်မှ ထားဝယ်သို့ ခရီးသည် ခိုးတင်ခဲ့သည့် ယာဉ်နောက်လိုက်တွင် ကိုဗစ်တွေ့

diz_admin

November 10, 2020

ရန်ကုန်မြို့မှ ထားဝယ်သို့ ခရီးသည်ခိုးတင်လာသည့် ကုန်တင်ကား စပယ်ယာတွင် ကိုဗစ်ပိုးတွေ့ခဲ့ပြီး ခိုးလိုက် လာသူသုံးဦးတွင် ပိုးမတွေ့ခဲ့ကြောင်း ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ အဆိုပါကားဖြင့် ဖောင်းတော ကျေးရွာနေသူတစ်ဦး၊ ကံပေါက်ဆီအုန်း ခြံတွင် နေမည့်သူတစ်ဦးနှင့် ထားဝယ်မြို့တွင် နေထိုင်သူတစ်ဦးတို့က နိုဝင်ဘာလ ၁ ရက်နေ့တွင် တစ်ဦးလျှင် ငွေကျပ်တစ် သိန်းနှစ်သောင်းနှုန်းဖြင့် လိုက်လာခဲ့ ခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကုန်တင်လာသည့်မှန်လုံကားမောင်းသူနှင့် ယာဉ်နောက်လိုက်အား နမူနာစစ်ဆေးရာ ယာဉ်နောက်လိုက်တွင် ကိုဗစ်ပိုးတွေ့ ခဲ့သည်။ ထို့နောက် အဆိုပါ ခိုးလိုက်လာသူ သုံးဦးကို စစ်ဆေးရာ ကိုဗစ်ပိုးမတွေ့ခဲ့ကြောင်း ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ခရိုင် အုပ်ချုပ်ရေးမှူးထံ တင်ပြထားပြီး မည်ကဲ့သို့ ဆက်လက်အရေးယူမည်ကို မသိရသေး ကြောင်း၎င်းက […]

ကိုဗစ်ကပ်ဘေးကြောင့် ကော့သောင်းတွင် ဖုန်းရောင်းအား ထက်ဝက်ကျ

diz_admin

October 30, 2020

ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေး အကျပ်အတည်းဖြစ်သည့်အတွက် ကော့သောင်းမြို့တွင် ဖုန်း(ဟန်းဆက်)ရောင်းအား ထက်ဝက်ခန့်ကျဆင်းသွားကြောင်း ဖုန်းလုပ်ငန်းရှင်များအသင်းနှင့် ဖုန်းဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ ကိုဗစ်ဒုတိယလှိုင်းမဖြစ်မီက တစ်လလျှင် ဖုန်းဟန်းဆက်အရေအတွက် ၃၀ လုံးခန့် ရောင်းရပြီး လက်ရှိတွင် ၁၅ လုံးခန့်သာ ရောင်းရတော့ကြောင်း ချိုချိုဖုန်းဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။ လက်ရှိတွင် ပြည်သူများအနေနှင့်လည်း အလုပ်အကိုင်များ ဆုံးရှုံးမှုကြောင့် စားဝတ်နေရေးအတွက်ပင် ပူပန်နေရာ ဖုန်းအတွက် ငွေကြေးသုံးစွဲရန် မလွယ်ကူကြောင်း ဇွဲသစ်ဖုန်းဆိုင်မှ ဆိုင်ရှင်အမျိုးသား က ပြောသည်။ ကိုဗစ်ဂယက်ထိ ဘုတ်ပြင်းကွမ်းသီးစိုက်တောင်သူများ အခက်ကြုံ “ရောင်းအားက တစ်ဝက်လောက် ကျသွားတယ်။ ကိုဗစ်ပြီး လုပ်ငန်းတွေ ပြန်လည်ပတ်မှပဲ အဆင်ပြေမယ်” ဟု ၎င်းက ဆိုသည်။ ယခင်ကိုဗစ်မတိုင်မီက ဖုန်းရောင်း အားသွက်ခဲ့ပြီး ကိုဗစ်ကာလတွင် ရောင်းအားကျဆင်းသွားကြောင်း ဖုန်းလုပ်ငန်း ရှင်အသင်းဥက္ကဋ္ဌကလည်း […]