BREAKING
January 23, 2025

ကပ်ရောဂါဆိုင်ရာ

ကိုဗစ်မုန်တိုင်းမိ တံငါရွာ

diz_admin

December 30, 2020

ကိုဗစ်ကပ်ဘေးထဲမှာ ရေလုပ်သားအချို့ဟာ အကြွေနွံထဲနစ်နေကြပါတယ်။ ရေထွက်ကုန်ဈေးတွေ ထိုးကျနေတာကြောင့် မိသားစုစားဝတ်ရေးအတွက် ရှာသမျှ မလုံလောက်ဖြစ်ပြီး အကြွေးတင်လာကြတာပါ။ အဲဒီအကြောင်းကို ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပသျှူးရေရွာက ရေလုပ်သာတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

မွန်တွင် ကိုဗစ်ကူးစက်မှု မြင့်တက်ဆဲ

diz_admin

December 30, 2020

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုသည် ဒီဇင်ဘာလ နောက်ဆုံးအပတ်အထိ မြင့်တက်နေဆဲဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနနှင့် ကိုဗစ် ကူးသရေးစင်တာမှ တာဝန်ရှိသူတို့ထံမှ သိရသည်။ ပြည်နယ်အတွင်း နိုဝင်ဘာလမှ စပြီး ကိုဗစ်ကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာခဲ့ပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာ နှစ်လနီးပါးအတွင်း၌ပင် ရောဂါကူးစက် ခံရသူ ၁၀ဝ၀ နီးပါးအထိ ရှိလာခဲ့သည်။ လက်ရှိတွင် ပိုးတွေ့လူနာအများစု သည် ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့ လူနာနှင့်ထိတွေ့မှုမရှိဘဲ အနံ့ပျောက် လက္ခဏာပြရာမှတစ်ဆင့် ပိုးတွေ့ရှိလာ သည်ဟုလည်း ကျန်းမာရေး တာဝန်ရှိသူ တို့က ပြောသည်။ “အနံ့ပျောက်ပြီးတော့ Fever Clinic မှာ နေ့တိုင်းပေါ့။ အခုဆို တစ်လနီးပါး ရှိပြီး Positive မထွက်တဲ့နေ့မရှိဘူး” ဟု မော်လမြိုင် (Isolative Sawd 3) တာဝန်ခံ ဒေါက်တာသက်ကျော်စိုးက […]

တနင်္သာရီမြို့တွင် ကိုဗစ်လူနာ စတွေ့

diz_admin

December 29, 2020

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ပထမဦးဆုံးအဖြစ် အမျိုးသားတစ်ဦးတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံး၊ မြိတ်၊ ပုလော၊ ကျွန်းစု၊ ဘုတ်ပြင်းနှင့် ကော့သောင်း စသည့် ကိုးမြို့နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ကိုဗစ်လူနာ များရှိနေခဲ့ပြီး တနင်္သာရီမြို့တစ်မြို့သာ ကိုဗစ်ကင်းစင်နေခဲ့ခြင်းဖြစ်သည်။ ကိုဗစ်ပိုးတွေ့ရှိသည့် အမျိုးသားမှာ ပဲခူးတိုင်းဒေသကြီးမှ အလုပ်လုပ်ရန်လာ ရောက်သူတစ်ဦးဖြစ်ကာ တနင်္သာရီ ခန်းမတွင် ကွာရန်တင်းဝင်နေသူဖြစ်သည်။ လက်ရှိတွင် တနင်္သာရီမြို့နယ်ပြည်သူ့ ဆေးရုံ၌ ထားရှိကာ စောင့်ကြည့်ကုသပေး လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပိုးတွေ့သူနှင့် ထိတွေ့ ဆက်စပ်သူတို့အား […]

ကိုဗစ် နှင့် စက်ချုပ်

diz_admin

December 25, 2020

ကိုဗစ်ရိုက်ခတ်မှုကြောင့် ကျား၊ မ လူတန်းစား မရွေးထိခိုက်မှု ရှိပါတယ်။ အဲဒီမှာ အမျိုးသမီးတွေလည်း မလွတ်ပါဘူး။ တနင်္သာရီတိုင်းက ကျေးလက်တောရွာတွေမှာ အမျိုးသမီးတော်တော်များများဟာ စက်ချုပ်၊ အဝတ်ချုပ် အလုပ်လုပ်ကြပါတယ်။ ကိုဗစ်ကြောင့် သူတို့ ဘယ်လို ထိခိုက်မှု ရှိတယ်ဆိုတာကို တင်ပြထားပါတယ်။ မိတ်ဆွေစစ် အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ Dawei Watch က တင်ဆက်ထားတာပါ။

သဘင်၊ ဂီတ၊ မီဒီယာလုပ်ငန်းများ ကိုဗစ်ချေးငွေရမည်

diz_admin

December 23, 2020

ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်မှုရှိသည့် သဘင်၊ ဂီတ၊ ရုပ်ရှင်နှင့် မီဒီယာ လုပ်ငန်းများကို ကိုဗစ်ချေးငွေ ထုတ်ချေးရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းထံမှ သိရသည်။ အဆိုပါလုပ်ငန်းများကို ချေးငွေ ထုတ်ချေးနိုင်ရေး အဆင်သင့်ပြင်ဆင်ထားရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အကြောင်းကြားထားကြောင်း တိုင်းကုန်သည်/စက်မှု အသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။ “နောက်တစ်ပတ်လောက်ထဲမှာ ဒါကိုဆောင်ရွက်ပေးရမယ်ဆိုပြီးပြော တယ်” ဟု ဦးကျော်ကျော်ဦးက ပြောသည်။ ကိုဗစ်ကုစားရေး ချေးငွေထုတ်ချေးခြင်းကို ဒုတိယအကြိမ်အထိ ထုတ်ချေးခဲ့ ပြီးဖြစ်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း၊ ရေထွက် ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်း၊ သွင်းကုန်အစားထိုး ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း […]

တစ်ပူပေါ်နှစ်ပူဆင့်နေတဲ့ ထားဝယ်အိုးလုပ်ငန်း

diz_admin

December 17, 2020

နဂိုကတည်းက ယိုင်နဲ့နဲ့ဖြစ်နေတဲ့ ထားဝယ်ကအိုးလုပ်ငန်းဟာ ကိုဗစ်ကပ်ရောဂါကြောင့် နောက်ထပ်စိန်ခေါ်မှုအသစ်တစ်ခုနဲ့ ရင်ဆိုင်လာရပြန်ပါတယ်။ဒါကြောင့် အိုးလုပ်ငန်းကိုလုပ်ကိုင်နေသူအချို့ဟာ လုပ်ငန်းစွန့်ခွာတဲ့အထိ ဖြစ်လာနေပါတယ်။

ကိုဗစ်လူနာသေဆုံးမှု တိုးလာ

diz_admin

December 17, 2020

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနေ့စဉ်မြင့်တက်လာပြီး သေဆုံးမှုလည်း တိုးလာသည်ဟု မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ဒီဇင်ဘာ ၁၀ ရက်နေ့အထိစာရင်းအရ ကိုဗစ်လူနာ သေဆုံးသူ ၁၇ ဦးရှိ လာပြီး တစ်ရက်တည်းတွင် သေဆုံးသူ သုံးဦးအထိရှိခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူတို့တွင် ယခင်က ကင်ဆာ အစရှိသည့် ရောဂါအခံ ကြီးကြီးမားမားရှိသူတို့သာ သေဆုံးမှုရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဆီးချို၊ သွေးတိုးရှိသူနှင့် ကျောက်ကပ် အားနည်းသူတို့လည်း သေဆုံးမှုရှိလာသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောသည်။ “ဒီရက်ပိုင်းအတွင်းကတော့ ဆီးချိုကြောင့်နဲ့ ကျောက်ကပ်အားနည်းလို့ ပေါ့နော် ရောက်ရောက်ချင်း ဆုံးသွားတာ ၂ ယောက်လောက်ရှိတယ်” ဟု ပြည် နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု- ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။ မွန်ပြည်နယ်တွင် အထူးသဖြင့် မော်လမြိုင်၊ သထုံနှင့် […]

အအေးခန်းစက်ရုံအလုပ်သမား ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

December 9, 2020

လောင်းလုံးမြို့နယ် (ဃ) ရပ်ကွက်တွင် ကွာရန်တင်းဝင်နေသူ အအေးခန်း စက်ရုံအလုပ်သမား ၁၀ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လောင်းလုံး အအေးခန်းစက်ရုံတွင် အလုပ်ဝင်ရန်အတွက် ရန်ကုန်မှလာသူ ၂၂ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ၁၀ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဌာနမှ TMO မြို့နယ်ဆရာဝန် ဒေါက်တာမင်းညွန့်ဝင်း က ပြောသည်။ “စက်ရုံကို အဖွဲ့လိုက်ရောက်လာ ကတည်းက ကျူထားတယ်။ အခုလည်း ကျူထားဆဲပါ။ သူတို့ကိုအလုပ်ပေး မလုပ်သေးပါဘူး။ လောလောဆယ် လောင်းလုံးဆေးရုံကို သယ်နေတုန်းပါ” ဟု ဒေါက်တာမင်းညွန့်ဝင်းက ဆိုသည်။ လက်ရှိတွင် ပိုးတွေ့လူနာများကို လောင်းလုံးမြို့နယ်ပြည်သူ့ဆေးရုံသို့ သယ်ယူနေပြီး လူနာများအားလုံး ကျန်းမာရေးအခြေအနေကောင်းသည်ဟု ဒေါက်တာမင်းညွန့်ဝင်းက ဆိုသည်။ […]