BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

ထားဝယ် သီတဂူ ကိုဗစ် စင်တာ အလှူရှင် ခက်ခဲ

diz_admin

March 30, 2021

ကိုဗစ်လူနာများကို ထားရှိကုသပေးနေသော ထားဝယ်မြို့ရှိ သီတဂူဆေးရုံ ကိုဗစ်စင်တာတွင် အလှူရှင် မရှိတော့ သဖြင့် အခက်အခဲ ကြုံနေရကြောင်း စင်တာ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ကိုဗစ်လူနာများကို ယခင်အစိုးရလက်ထက်တည်းက အလှူရှင်များ၏ ရန်ပုံငွေဖြင့် ချက်ပြုတ်ကျွေးမွေးခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် အလှူရှင်များမရှိခြင်းနှင့် ချက်ပြုတ်ရန်၊ ပို့ဆောင်ပေးရန် ခက်ခဲခြင်းတို့ကြောင့် လူနာများကို ထမင်းမကျွေးနိုင်တော့ကြောင်း ၎င်းက ပြောကြားသည်။ “(ထမင်းဟင်း) ချက်သမားလည်း မနက် ၆ နာရီစားဖို့ သောက်ဖို့အတွက်ကို အနည်းဆုံး မနက် ၄ နာရီလောက်တည်းက ထွက်လာရတယ်။ ပို့ပေးတဲ့သူတွေလည်း ဒီတိုင်းပဲ။ အားလုံးက စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ဖြစ်နေကြတာပေါ့နော်။ တို့ဆီမှာက ပိုက်ဆံက မရှိဘူး၊ အလှူရှင်တွေရှိနေတုန်းကသာ လှူနေတာ၊ အခုက အလှူရှင်လည်း မရှိတော့ဘူး၊ ပိုက်ဆံလည်း မရှိတော့ဘူး” ဟု […]

တိုင်းအတွင်းရှိ အစိုးရဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စထိုး

diz_admin

March 14, 2021

တနင်္သာရီတိုင်းအတွင်းရှိ အစိုးရဝန်ထမ်းများအား မတ်လ ၁၀ ရက်နေ့မှစတင်ကာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့က ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးပေးခဲ့သည့် အိန္ဒိယနိုင်ငံထုတ် (COVISHIELD) ကိုဗီရှီး ဆေးအမျိုးအစားကိုသာ ထိုးပေးနေခြင်းဖြစ်သည်ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောသည်။ “ဘယ်သူဖြစ်ဖြစ် ဝန်ထမ်းဖြစ်ရင် အကုန်ထိုးပေးတယ်၊ CDM လုပ်တဲ့ ဝန်ထမ်းရော၊ CDM မလုပ်တဲ့ဝန်ထမ်းရော ထိုးဖို့ ဆန္ဒရှိရင် လာထိုးနိုင်တယ်” ဟု ဒေါက်တာထွန်းမင်းက ဆိုသည်။ ကိုဗီရှီးကာကွယ်ဆေးကို ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံကြီး၊ မြိတ်ပြည်သူ့ဆေးရုံကြီး၊ ကော့သောင်းပြည့်သူ့ဆေးရုံကြီးအပြင် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအလိုက် ကာကွယ်ဆေးထိုးရန် စီစဉ်ဆောင်ရွက်နေပြီး အချို့မြို့နယ်များတွင် စတင်ထိုးပေးနေပြီဖြစ်သည်ဟု ၎င်းက ပြောသည်။ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများအပြင် ဘုန်းတော်ကြီးများကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်ဟု ဒေါက်တာထွန်းမင်းက ပြောသည်။ […]

ကိုဗစ်အလှူငွေကို ကာကွယ်ဆေး ဝယ်ရန်အတွက်သာသုံးမည်

diz_admin

March 2, 2021

အာဏာမသိမ်းမီက အလှူခံထားသည့် ကိုဗစ်အလှူငွေများကို ကာကွယ် ဆေးဝယ်ယူရန်အတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း ထားဝယ်ဒေသ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးလူထုအခြေပြု အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။ NLD အစိုးရ၏ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ကာကွယ်ဆေးဝယ်ယူရန် ရန်ပုံငွေတစ်ရပ် ထူထောင်ထားပြီး အလှူရှင်များ ဖိတ်ခေါ်ထားခဲ့သည်။ အလှူရှင်များအနေဖြင့် သတ်မှတ်ထားသည့် ဘဏ်ငွေစာရင်းအမှတ်များသို့ လှူဒါန်းနိုင်ကြောင်းလည်း ယင်းဗဟို ကော်မတီက ထုတ်ပြန်ခဲ့သည်။ ထိုနောက် ကာကွယ်ဆေးဝယ် မည့်အလှူငွေကို ထားဝယ်ဒေသအထောက် အကူပြုအဖွဲ့ထံ လာလှူနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်ပြီးချိန်မှ အာဏာ မသိမ်းမီအချိန်ထိ အလှူငွေကျပ်သိန်း ၇၉၀ ရရှိထားပြီး လက်ရှိတွင် ဘဏ်နှစ်ခုတွင် ခွဲအပ်ထားကြောင်း အထက်ပါ ကော်မတီက ထုတ်ပြန်ထားသည်။ အထက်ပါ အလှူငွေအား ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးကိစ္စမှအပ အခြားကိစ္စတွင် အသုံးပြုမည်မဟုတ်ကြောင်း အထက်ပါကော်မတီ၏ […]

ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေး အလှူငွေ သိန်း ၇၀ဝ ကျော်ရ

diz_admin

February 10, 2021

ထားဝယ်ခရိုင်တွင် ကိုဗစ်ကာကွယ် ဆေးဝယ်ရန် လာရောက်လှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်း ၇၅၀ ရရှိ ထားပြီဖြစ်ကြောင်း COVID-19 ထိန်းချုပ် ကာကွယ်ရေးလူထုအခြေပြုအထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။ ထားဝယ်ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် လာရောက်လှူဒါန်းသည့်ငွေ အနည်းဆုံး ကျပ်ထောင်ဂဏန်းမှ အများဆုံး ကျပ်သိန်း ၅၀ ခန့်အထိ လှူဒါန်းကြသည် ဟု အထက်ပါအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။ “လာလှူသူတွေကိုတော့ လိုက်ပြီး တော့ယူပေးလိုက်တယ်ပေါ့။ သက်သက်မဲ့တော့ သွားပြီးတော့ လာလှူကြ ဘာကြဆိုတော့ သွားပြီးတော့ မတိုက်တွန်းချင်ဘူး။ အခုလည်း စီးပွားရေးအရလည်း အားလုံးကို အကျပ်အတည်းတွေလည်း ရှိနေတယ်ပေါ့နော်။ အဲဒီလိုမျိုးဆိုတော့ ဆန္ဒရှိသူ လာလှူကြပေါ့နော်” ဟု ဦးကျော်ကျော်ဦးက ဆိုသည်။ နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာကွယ် […]

မြိတ်တွင် ကိုဗစ်ကာကွယ်ဆေး အလှူငွေ ကျပ်သိန်းပေါင်း သုံးထောင်နီး ပါးရ

diz_admin

February 10, 2021

ကိုဗစ်နိုင်တီး ကာကွယ်ဆေး ဝယ်ယူ ရရှိရေးအတွက် အလှူငွေများစတင် လက်ခံခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ကျပ်သိန်းပေါင်း သုံးထောင်နီးပါးရရှိထားကြောင်း မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီထံမှ သိရသည်။ ကိုဗစ်နိုင်တီး ကာကွယ်ဆေးဝယ်ယူရေးအတွက် မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီနှင့် မြိတ်ဒေသကိုဗစ်နိုင်တီး ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အထောက်အကူပြုကော်မတီတို့မှ ငွေကျပ်သိန်းတစ်ရာမတည်ခဲ့ပြီး အလှူငွေ များအား လက်ခံပေးလျက်ရှိရာ ဇန်နဝါရီ လ ၂၈ ရက်နေ့အထိ စုစုပေါင်းရရှိငွေ ကျပ်သိန်းပေါင်း ၂၉၀ဝ ကျော် ရရှိထား ပြီး ဖြစ်ကြောင်း သိရသည်။ “ဆေးဝါးဒါနတစ်ခုဖြစ်တော့ ထည့်ကြတာ” ဟု မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်း ကော်မတီ၏ […]

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် ၁၁ ဦးတိုး

diz_admin

February 8, 2021

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၁ ဦးတိုးလာကြောင်း တိုင်းဒေသကြီးပြည် သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းတွင် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၇၆၇ ဦးရှိပြီး ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အတည်ပြုလူနာ ၇၇၈ ဦးရှိလာပြီး ဆေးရုံတက်ကုသနေသူ ၁၃ ဦးရှိကြောင်း အထက်ပါဌာနက ထုတ်ပြန်ထားသည်။ တစ်ပတ်အတွင်း အတည်ပြုလူနာ သစ် ၁၁ ဦးတိုးလာခြင်းဖြစ်ပြီး ယခင် အပတ်များကထက် ကိုဗစ်အတည်ပြု လူနာသစ်တွေ့ရှိမှုများနည်းလာသည်။ တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ်တွေ့ရှိမှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေ ဆိုသူနှင့် လက်ခံဖြေကြားသူမရှိပါ။ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၄၀၉၂၇ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၁၂၆၃၈၄ ဦးနှင့် သေဆုံးသူလူနာမှာ […]

တိုင်းအစိုးရအဖွဲ့ဝင်များကို ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်ထိုးပေးမည်

diz_admin

February 3, 2021

တိုင်းအစိုးရအဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကိုဗစ် ကာကွယ်ဆေး ဒုတိယအသုတ်ထိုးပေး မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ တိုင်းအစိုးအဖွဲ့ဝင်များကို ကိုဗစ် ကာကွယ်ဆေးထိုးပေးမည်ဟု သိထားသော်လည်း ပြည်သူအများအား ထိုးပေးမည့် အစီအစဉ်ကိုမူ မသိရသေးဟု အထက်ပါဌာနမှ ဒေါက်တာထွန်းမင်း က ပြောသည်။ “သေချာတာကတော့ အစိုးရအဖွဲ့ ဝင်တွေကို ထိုးပေးမယ်၊ ပြည်သူတွေကတော့ ပါတာပေါ့။ ဒါပေမယ့် ဘယ်သူ့ ကို ထိုးပေးမလဲဆိုတာ မသိသေးဘူး” ဟု ဒေါက်တာထွန်းမင်းက ဆိုသည်။ ကိုဗစ်ကာကွယ်ဆေး ဒုတိယ အသုတ်ထိုးမည့် ကိစ္စနှင့် ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့များအပါအဝင် ပြည်သူများတွင် မည်သည့်အုပ်စုကို ဦးစားပေး ကဏ္ဍအလိုက် ထိုးပေးမည်ဆိုသည့် ညွှန်ကြားချက်များ ရောက်မလာသေးဟု ၎င်းက ပြောသည်။ ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့်သူများအား အလုပ်အကိုင်အလိုက် […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေး မနက်ဖြန် စထိုးမည်

diz_admin

January 26, 2021

တနင်္သာရီတိုင်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၂၆၀၀ ခန့်ကို ကိုဗစ်ကာကွယ်ဆေး မနက်ဖြန် (ဇန်နဝါရီ ၂၇) စထိုးပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ထမ်းများကို သင်တန်းများပေးနေပြီး သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးပေးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောသည်။ “မနက်ဖြန် ပြည်သူ့ကျန်းမာ၊ ကုသရေး၊ တိုင်းရင်းဆေး၊ FDA တို့ဘာတို့ ထိုးမယ်၊ ကျန်တာ သူ့ညွှန်ကြားချက်လာလိမ့်မယ်” ဟု ဒေါက်တာထွန်းမင်းက ပြောသည်။ ကိုဗစ်ကာကွယ်ဆေးကို သက်ဆိုင်ရာမြို့နယ်များသို့ ဖြန့်ဝေထားပြီးဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ထိပ်တန်းအရာရှိကြီးများကို မည်သည့်နေ့တွင် ထိုးပေးရမည်ကို မသိရသေးဟု ၎င်းက ဆိုသည်။ ကာကွယ်ဆေကို ရက်သတ္တပတ် လေးပတ်ခြား၍ နှစ်ကြိမ် ထိုးနှံရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် ကိုဗစ်ရှီး […]