မွန်တွင် တစ်မနက်အတွင်း ကိုဗစ်လူနာ ၅ ဦး သေဆုံး
diz_admin
July 3, 2021မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများအနက် ဇူလိုင်လ ၃ ရက်နေ့ တစ်မနက်တည်းတွင် အတည်ပြုလူနာ ၅ ဦး သေဆုံးသွားကြောင်း သိရသည်။ သေဆုံး ကိုဗစ်အတည်ပြုလူနာများသည် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၅၀ ကျော် အမျိုးသား ၂ ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်သည်ဟု ကူညီပေးနေသည့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်လူနာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့နံနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၁၅ ဦး သေဆုံးသွားခဲ့ပြီးဖြစ်သည်။ ကနဦးက သေဆုံးလူနာများသည် ရောဂါအခံရှိသည့် အသက် ၅၀ နှစ်နှင့်အထက် အသက်ကြီးသူများသာဖြစ်သော်လည်း ယခုအခါ လူလတ်ပိုင်းအရွယ်လူနာလည်း သေဆုံးလာသည်။ “အခြေအနေကတော့ ကူးစက်မှုနှုန်းမြန်ပြီး […]