BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

မွန်တွင် နှာခေါင်းစည်းဈေး သုံးဆခန့် ခုန်တက်

diz_admin

July 7, 2021

ကိုဗစ်ကူးစက်မှုနှုန်း များပြားနေသည့် မွန်ပြည်နယ်တွင် ပါးစပ် နှာခေါင်းစည်း Mask ဈေးနှုန်း သုံးဆခန့်အထိ ခုန်တက်သွားကြောင်း နှာခေါင်းစည်းရောင်းချနေသူတို့ထံမှ သိရသည်။ ဇွန်လမတိုင်းခင်က အခုရေ ၅၀ ပါသည့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတစ်ဗူးလျှင် ကျပ်တစ်ထောင်ဝန်းကျင် ပေါက်ဈေးရှိခဲ့သော်လည်း ကိုဗစ်ကူးစက်မှု စများလာသည့် ဇွန်လမှစပြီး နှခေါင်းစည်းဈေး တက်လာကာ ယခုလက်ရှိတွင် တစ်ဗူးလျှင် ကျပ် ၂၅၀၀ နှင့် ၃၀၀၀ အထိ ဈေးပေါက်လျက်ရှိသည်။ ကိုဗစ်ကူးစက်မှုများလာသည်နှင့်အမျှ နှာခေါင်းစည်းဝယ်လိုအား ပြန်များလာကာ ဈေးတက်သွားခြင်းဖြစ်သည်ဟု ဈေးဆိုင်ပိုင်ရှင်တို့က ပြောသည်။ “အဝယ်နည်းတုန်းကဆို ၈၀၀/၉၀၀ အများဆုံးမှ ၁၀၀၀ ပဲရှိခဲ့တယ်” ဟု ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမြင့်က ပြောသည်။ကိုဗစ်ကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက်လာနေသည့်အတွက် နှာခေါင်းစည်းဝယ်လိုအားလည်း များလာနိုင်သဖြင့် လက်ရှိထက် နှာခေါင်းစည်းဈေး ပိုတက်လာနိုင်သည်ဟုလည်း ဈေးဆိုင်ပိုင်ရှင်တို့က […]

တနင်္သာရီတိုင်းတွင် လေးရက်အတွင်း ကိုဗစ်လူနာ ၁၃၀ ကျော်၊ ထားဝယ် ခုန်တက်

diz_admin

July 7, 2021

တနင်္သာရီတိုင်းတွင် လေးရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၆ ဦး ထပ်တိုးလာပြီး ထားဝယ်က မြိတ်ကို ကျော်တက်သွားခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။ ဇူလိုင်လ ၃ ရက်မှ ၆ ရက်နေ့အထိ လေးရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၃၆ ဦးထပ်တိုးလာခြင်းဖြစ်သည်။ထားဝယ်တွင် လေးရက်အတွင်း ကိုဗစ်လူနာသစ် ၄၆ ဦးထပ်တိုးကာ အများဆုံး မြိတ်တွင် လေးရက်အတွင်း ကိုဗစ်လူနာသစ် ၄၃ ဦးဖြင့် ဒုတိယဖြစ်နေသည်။ ထို့အပြင် ကော့သောင်းတွင် လေးရက်အတွင်း ကိုဗစ်လူနာသစ် ၁၈ ဦး၊ ဘုတ်ပြင်းတွင် ၄ ဦး၊ ပုလောတွင် ၁၀ ဦး၊ တနင်္သာရီတွင် ၁ ဦး၊ သရက်ချောင်းတွင် ၈ ဦး၊ လောင်းလုံးတွင် […]

ကိုဗစ်အန္တရာယ်ကြားတွင် လူစု၊ လူဝေးဖြင့် ကလေးများ ကာကွယ်ဆေးထိုးနေရ

diz_admin

July 7, 2021

ကလေးကို လက်ဆွဲသူကဆွဲ၊ ချီထားသူကချီကာ ကာကွယ်ဆေးထိုးခွင့်ရရန် စောင့်ဆိုင်းနေကြသည့် ရာချီသော လူစု၊ လူဝေး တစ်ခု ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၏ အရှေ့ မြေကွက်လပ်ပေါ်တွင် တိုးဝှေ့တန်းစီနေကြသည်။မနက် ၇ နာရီတွင် ထုတ်ပေးသည့် တိုကင်ရရှိရန် လာရောက် တန်းစီနေခြင်းဖြစ်သည်။ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း မြို့နယ်စုံမှ ဒေသခံများထိုနေရာတွင် တန်းစီနေကြသည်။ဇူလိုင်လ ၅ ရက်မှ ၇ ရက်အထိသာ ကလေးများကို ပုံမှန်ကာကွယ်ဆေးထိုးပေးမည်ဆိုသည့် သတင်းကြောင့် ယင်းကဲ့သို့ လူအများအပြား လာရောက်စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ကလေးမိဘအချို့က ပြောဆိုကြသည်။ “ကာကွယ်ဆေးလာထိုးတာ ဒုက္ခသည်စခန်းကို ရောက်သွားသလိုပဲ။ ကားကြီး၊ ကားငယ်နဲ့ ဝက်ဝက်ကွဲပဲ လူတွေတိုးနေကြတာ။ အနည်းဆုံးမရှိဘူးဆိုရင် လူထောင်နဲ့ချီရှိတယ်” ဟု လောင်းလုံးမြို့နယ်မှ ဆေးလာထိုးသည့် ကလေးမိခင်တစ်ဦးက ဆိုသည်။ကလေးငယ်များ ထိုးနှံရသည့် […]

ထိုင်းတွင် ကိုဗစ် ကူးစက်မှု စံချိန်တင်တက်၊ ကာကွယ်ဆေးနှင့် ပစ္စည်း မလုံလောက်မှု ကြုံနိုင်

diz_admin

July 5, 2021

ထိုင်းနိုင်ငံတွင် ဇူလိုင်လဆန်းပိုင်း၌ ကိုဗစ်ရောဂါတွေ့ရှိသူ လူနာ ဆက်တိုက်မြင့်တက်လာပြီးနောက် ကာကွယ်ဆေး ပြတ်လပ်နေပြီး ကုသရေး ပစ္စည်းကိရိယာ မလုံလောက်မှုများနှင့် ကြုံလာနိုင်ကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် စနေနေ့က ၆၂၀၀ ဦး၊ တနင်္ဂနွေနေ့က ၆၁၆၆ ဦးတို့တွင် ပိုးတွေ့ခဲ့ခြင်း ဖြစ်သည်။ အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိ ကုသရသည့် လူနာအရေအတွက်လည်း ပြီးခဲ့သည့် နှစ်ပတ်အတွင်း တိုးလာခဲ့သည်။ ကူးစက်ခံရသူ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်မှာ ဘန်ကောက်မြို့တော်တွင်ဖြစ်ပြီး ဘန်ကောက်တွင် အထူးသီးသန့်ဆောင်များ အမြန် စီစဉ်ရန် လိုနေပြီဖြစ်ကြောင်း မြို့တော် အာဏာပိုင်များက ပြောဆိုထားသည်။ ထိုင်းနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု နှောင့်နေးမှုကြောင့် ထိုင်း ဝန်ကြီးချုပ် ပရာယုကို ဝေဖန်မှုများ ရှိနေသည်။ ကာကွယ်ဆေးထိုးနှံရန် အရေးကြီးဆုံး အုပ်စုတွင် […]

ထားဝယ်တွင် အောက်ဆီဂျင်ဝယ်သူ များလာသည်ဟုဆို

diz_admin

July 5, 2021

ထားဝယ်တွင် အောက်ဆီဂျင်ဝယ်သူ များလာကြောင်း ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ အောက်ဆီဂျင်အရောင်းဆိုင်ပိုင်ရှင် အမျိုးသားက ဆိုသည်။ ကိုဗစ် တတိယလှိုင်းပြန်ဖြစ်လာချိန်တွင် အောက်ဆီဂျင်ဗူးကို အိမ်တွင်ဆောင်ကာ အသုံးပြုသူများရှိလာပြီး ဇွန်လဆန်းမှစတင်ကာ ယခင်ကထက် ၃၀ ရာခိုင်နှုန်းကျော် ပိုရောင်းရလာသည်ဟု အထက်ပါဆိုင်မှ အမျိုးသားက ဆိုသည်။ “အရင်တုန်းကဆို တစ်နေ့ကို တစ်စုံကို ရောင်းမရဘူး။ အောက်ဆီဂျင်ကို အရင်တုန်းက အိမ်သုံးအနေနဲ့ သုံးလေ့သုံးထမရှိဘူး၊ အခုမှသာ အိမ်သုံးအနေနဲ့ လာဝယ်နေကြတယ်၊ အရင်တုန်းကတော့ ကိုဗစ်အတွက်မဟုတ်ဘဲ အဆုတ်အားနည်းသူတွေ၊ နှလုံးအားနည်းသူတွေဆေးရုံကနေ ညွှန်ကြားချက်နဲ့ သုံးနေကြတာပဲ ရှိတယ်” ဟု ဆိုင်ပိုင်ရှင်အမျိုးသားက ဆိုသည်။ ကိုဗစ်ဖြစ်ချိန်တွင် အောက်ဆီဂျင်ပြတ်လပ်မည်စိုးသဖြင့် နေအိမ်တွင် မီးသတ်ဆေးဗူးဆောင်သလို ဆောင်ထားရန် အိမ်သုံးအတွက် ဝယ်ယူလာကြသူများရှိလာသည်ဟု ၎င်းက ပြောသည်။ ရန်ကုန်စက်ရုံတွင် အောက်ဆီဂျင်တပတ်ခန့်ပြတ်မည်ဟုဆိုသဖြင့် လတ်တလော မှာယူရန်အခက်အခဲရှိနေသော်လည်း […]

တနင်္သာရီတိုင်းအတွင်း ပါဆယ်စနစ် ပြန်သတ်မှတ်

diz_admin

July 4, 2021

ကိုဗစ်ကပ်ဘေးကူးစက်မှုမြင့်တက်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များတွင် ပါဆယ်သာ ရောင်းချရန် ပြန်သတ်မှတ်လိုက်သည်။ ဆိုင်ထိုင်စားသောက်ခြင်းအား တားမြစ်ကန့်သတ်ရန် တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွန်လ ၃ ရက်နေ့တွင် သက်ဆိုင်ရာခရိုင်များကို ညွန်ကြားခဲ့ခြင်းဖြစ်သည်။ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဇူလိုင်လ ၅ ရက်နေ့တွင် စတင်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဉီးက ဆိုသည်။ “မနက်ဖြန်ကစပြီး ထုတ်ဖြစ်မယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်တနင်္သာရီတိုင်းအတွင်း ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၈၄ ဦးရှိကြောင်း တိုင်းဒေသကြီးကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။ကိုဗစ်ကပ်ဘေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပွားချိန်ကလည်း ဆိုင်များတွင် ပါဆယ်သာရောင်းချရန် ကန့်သတ်ခဲ့ဖူးသည်။ သို့ရာတွင် ယင်းအချိန်က လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အချို့ လိုက်နာမှု […]

မြိတ် Fever Clinic ပြန်ဖွင့်မည်

diz_admin

July 3, 2021

လတ်တလောဖြစ်ပေါ်နေရသည့် ကိုဗစ်ကူးစက်ရောဂါအခြေအနေတို့ကြောင့် ဇူလိုင်လ ၅ ရက်နေ့မှ စ၍ အခမဲ့ ဆေးကုခန်း ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း မြိတ်မြို့ သံဃာ့ဆေးရုံရှိ အနံ့ပျောက်၊ ဖျားနာ လူနာများအတွက် အခမဲ့ဆေးကုပေးသည့် Fever Clinic က ထုတ်ပြန်ပြောဆိုလိုက်သည်။ အဆိုပါ ဖျားနာဆေးကုခန်းအား ပြီးခဲ့သည့် မေလ တတိယအပတ်မှစပြီ ယာယီပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်သည်။ ဖျားနာဆေးကုခန်းအား အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ သုံးရက်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Fever Clinic အား မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ စေတနာ့ဝန်ထမ်းဆရာဝန်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြိတ်နှင့် ပရဟိတ စေတနာ့ဝန်ထမ်း အဖွဲ့များ ပူးပေါင်းကာ […]

တနင်္သာရီတိုင်းတွင် ဆယ်ရက်အတွင်း ကိုဗစ်လူနာ ၁၃၀ ကျော်တိုး

diz_admin

July 3, 2021

တနင်္သာရီတိုင်းတွင် ဆယ်ရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၈ ဦးတိုးလာကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ဇွန်လ ၂၃ ရက်မှ ဇူလိုင် ၂ ရက်နေ့အထိ ကိုဗစ်လူနာသစ် တစ်ရာ့သုံးဆယ်ကျော် တိုးလာခြင်းဖြစ်သည်။ ထားဝယ်တွင် ဆယ်ရက်အတွင်း ကိုဗစ်ပို့တွေ့လူနာသစ် ၃၅ ဦး၊ သရက်ချောင်းတွင် ၁၅ ဦး၊ ရေဖြူတွင် ၁ ဦး၊ မြိတ်တွင် ၄၂ ဦး၊ ဘုတ်ပြင်းတွင် ၁၁ ဦး၊ ကော့သောင်းတွင် ၁၉ ဦး၊ ပုလောတွင် ၁၂ ဦး၊ ကျွန်းစုတွင် ၃ ဦးရှိပြီး တနင်္သာရီမြို့နယ်နှင့် လောင်းလုံးမြို့နယ်တွင် ကိုဗစ် ဓာတ်ခွဲအတည်ပြု လူနာသစ် မရှိကြောင်း အထက်ပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇူလိုင်လ ၂ […]