BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

ရေဖြူ ကိုဗစ်ဆောင် ဒုက္ခ

diz_admin

July 11, 2021

ကိုဗစ်တတိယလှိုင်းဖြစ်လာချိန်တွင် ထားဝယ်ဒေသအတွင်း၌ ကိုဗစ်ပိုးတွေ့လူနာ များပြားလာသည်။ထိုကြောင့် ကိုဗစ်လူနာကုသမည့် ဆေးရုံများအပြင် ယခင်က ကွာရန်တင်းစင်တာ လုပ်ခဲ့ဖူးသည့် နေရာများကိုလည်း ကိုဗစ်လူနာဆေးကုသဆောင်အဖြစ် အသုံးပြုလာခဲ့သည်။ လက်ရှိတွင် ထားဝယ်ကွန်ပြူတာတက္ကသိုလ်နှင့် ရေဖြူမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များနေထိုင်သည့် အဆောင်တွင် ကိုဗစ်လူနာများ ထားရှိသည်။ ထိုအဆောင်များအနက် ရေဖြူမြို့နယ်ရှိ ကိုဗစ်လူနာကုသဆောင်တွင် ဆရာဝန်နှင့် သူနာပြုဆရာမများမရှိခြင်း၊ ရေ၊ အိမ်သာ အဆင်သင့်မရှိခြင်း အစရှိသည့် အခက်အခဲများနှင့် ကြုံတွေ့ရကြောင်း ယင်းအဆောင်နေ ကိုဗစ်လူနာအချို့က ညည်းတွားကြသည်။ ရေဖြူ ကိုဗစ်ကုသဆောင်တွင် လူနာအမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၅ ဦးကို ထားရှိပြီး အခန်းထဲတွင် ရောနှောနေထိုင်ရကြောင်း ပြောဆိုကြသည်။ ထိုကြောင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိနိုင်ရန် ယင်းကုသဆောင်နေ ကိုဗစ်လူနာ အမျိုးသားတစ်ဦးကို Dawei Watch က […]

ထားဝယ်ကမ်းနားဈေး ယာယီပိတ်

diz_admin

July 11, 2021

ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ထားဝယ်မြို့၊ ကမ်းနားဈေးအား ဇူလိုင်လ ၁၀ ရက်မှ စတင်ကာ ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဈေးသူ၊ ဈေးသားများထံမှ သိရသည်။ မျိုးဗီဇ အသွင်ပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ ဖြစ်ပွားမှု များလာသဖြင့် ကမ်းနားပျံကျဈေးကို ယာယီပိတ်ထားရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထားကြောင်း ကမ်းနားဈေးတွင် ဈေးရောင်းနေသူ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။ ကမ်းနားဈေးရှိ ကုန်စိမ်း၊ ကုန်ခြောက်၊ ကုန်စိုအရောင်းဆိုင်များအားလုံးကို ယာယီပိတ်ထားခိုင်းပြီး အပြင်ဘက်တွင် ရောင်းချနေသည့် ကမ်းနားပျံကျဈေးနှင့် ဈေးဆိုင်တန်းကိုမူ ပုံမှန်အတိုင်း ရောင်းချခွင့်ပြုထားသည်။ထားဝယ်စည်ပင်သာယာဈေးကြီးတွင် နေ့စဉ် မရှိမဖြစ် မသုံးလိုသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနှင့် ငါးခြောက်၊ ငရုတ်၊ ကြက်သွန် ကုန်စုံဆိုင်များမှ လွဲ၍ အခြားသော လူသုံးကုန်ပစ္စည်းအရောင်းဆိုင်နှင့် အထည်ဆိုင်များကို […]

မြိတ်တွင် ကိုဗစ်ဖြင့် သေဆုံးသူတစ်ဦးထပ်တိုး

diz_admin

July 11, 2021

မြိတ်မြို့တွင် ကိုဗစ်နိုင်တီးရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးခဲ့ကြောင်း သိရသည်။ မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသဆောင်တွင် အောင်မင်္ဂလာရပ်ကွက်နေ အသက် ခြောက်ဆယ်သုံးနှစ်ရှိ အမျိုးသားတစ်ဦးမှာ ရောဂါအခံဖြင့် ဇူလှိုင်လ ၁၀ ရက်နေ့က သေဆုံးခဲ့ကြောင်း မြိတ်မြို့ Covid-19 ထိတွေ့သယ်ယူပို့ဆောင်ရေးအဖွဲ့မှ သိရသည်။ မြိတ်တွင် အသက် ၇၀ ကျော်ရှိ အမျိုးသားတစ်ဦး၊ အသက် ၇၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက် ၆၃ နှစ်ရှိ အမျိုးသားတစ်ဦးတို့ ဇွန်လအတွင်း ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့ပြီးဖြစ်သည်။ သေဆုံးသူတို့မှာ ရောဂါအခံရှိနေကြသူများဖြစ်ကြကြောင်း မြိတ်မြို့ Covid-19 ထိတွေ့သယ်ယူပို့ဆောင်ရေးအဖွဲ့မှ သိရသည်။မြိတ်တွင် နေ့တိုင်းနီးပါး ကိုဗစ်ပိုးတွေ့ရှိနေပြီး ဇူလှိုင်လ ၁၀ ရက်နေ့က ပိုးတွေ့သူ ၂၂ ဦးရှိကြောင်း သိရသည်။

တစ်အိမ်လုံး ကိုဗစ်ကူးခံရက အစားအသောက် ဆေးဝါးဝယ်ပေးမည့် ကူညီမှု ထားဝယ်မှာ စတင်

diz_admin

July 11, 2021

အိမ်သားအားလုံး ကိုဗစ်ရောဂါ ကူးစက်ခံရပါက အစားအသောက်နှင့်ဆေးဝါး ဝယ်ယူပို့ဆောင်ပေးမည့် အခမဲ့ကူညီမှုကို ထားဝယ်မြို့တွင် စတင်လုပ်ဆောင်လာသည်။ထားဝယ်မြို့အတွင်း အစားအသောက်နှင့် ဆေးဝါး ဝယ်ယူပို့ဆောင်မည့် အခမဲ့ဝန်ဆောင်မှုကို Dream Journey ကော်ဖီဆိုင်က ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့မှာယူမည်ဆိုပါက Dream Journey ကော်ဖီဆိုင်၏ ၀၅၉ -၂၀၂၃၂၅၇ ထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။အိမ်သားအားလုံး ကိုဗစ်ကူးစက်ခံရပါက အပြင်ထွက်မဝယ်နိုင်ခြင်းကြောင့် ယင်းကဲ့သို့ အခမဲ့ပို့ဆောင်ပေးရန် စီစဉ်ဖြစ်ခဲ့ကြောင်း ယင်းဆိုင်၏ တာဝန်ရှိသူက ဆိုသည်။ ထိုသို့မှာယူရာတွင် မှာသူက အစားအသောက်နှင့် ဆေးဝါးပစ္စည်းတန်ဖိုးအတိုင်းသာ ပြန်ပေးရမည်ဖြစ်ပြီး ဝယ်ယူပို့ဆောင်ခြင်းကိုမူ အခမဲ့ကူညီပေးခြင်းဖြစ်သည်။ “တစ်အိမ်လုံး ဖြစ်နေတာဆိုရင် သူတို့က အပြင်ထွက်ဖို့ အဆင်မပြေဘူး၊ ဒါကြောင့် ကျွန်တော်တို့က သူတို့မှာတာတွေကို လိုက်ဝယ်ပေးပြီး အိမ်ကိုသွားပို့ပေးမယ်ခင်ဗျား” ဟု ယင်းကော်ဖီဆိုင်၏ […]

ပုလောတွင် လေးရက်အတွင်း ကိုဗစ် လူနာ ၄ဝ ကျော်

diz_admin

July 10, 2021

မြိတ်ခရိုင် ပုလောမြို့နယ်တွင် ဇူလိုင်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ လေးရက်အတွင်း ကိုဗစ်နိုင်တီးရောဂါတွေ့ရှိသူ ၄၂ ဦးရှိကြောင်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်အရ ပုလောတွင် ဇူလှိုင်လ ၅ ရက်နေ့က ကိုဗစ်တွေ့သူ ‌၇ ဦး၊ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ၃ ဦးစီ၊ ၈ ရက်နေ့ တွင် ၂၉ ဦး စုစုပေါင်း ၄၂ ဦးရှိကြောင်း တိုင်းကျန်းမာရေးဌာန၏ မြို့နယ်အလိုက် ကိုဗစ်နိုင်တီး လူနာအခြေပြဇယားအရသိရသည်။ ပုလောတွင် ကိုဗစ်တတိယလှိုင်းအဖြစ် ကိုဗစ်ပိုးရှိသူ ၁၂ ဦးအား ဇူလိုင်လ ၂ ရက်နေ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပုလောမြို့အခြေစိုက် မေတ္တာရှင် ပရဟိတအသင်းမှ သိရသည်။ ရောဂါပိုးစတင်တွေ့ရှိခဲ့သည့်နေ့မှ […]

ပုလော အထကတွင် ကိုဗစ်ကျောင်းသားတွေ့၊ အခြေခံပညာကျောင်းများ စပိတ်

diz_admin

July 10, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်လာရတာကြောင့် အခြေခံပညာကျောင်းများအားလုံးကို ဇူလိုင်လ ၉ ရက်မှ ၂၃ ရက်နေ့အထိ ယာယီပိတ်ထားဖို့ တပ်ကောင်စီ က ညွှန်ကြားလိုက်သည်။ တနင်္သာရီတိုင်းတွင် ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိသည့်အနက် ၁၃၅၀ ကျောင်းကိုဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသားတစ်သိန်းနီးပါးခန့် ကျောင်းတက်နေကြသည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။တိုင်းအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများအနက် ပုလောမြို့၊ အ.ထ.က(၂) စာသင်ကျောင်းရှိ Grade-1 နှင့် Grade-7 မှ ကျောင်းသားနှစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူက ပြောသည်။ “ကျောင်းသားကလေးနှစ်ယောက်မှာတော့ကိုဗစ်ဖြစ်တယ်ဆိုပြီး စာရင်းထဲတွေ့တာ၊ ဆရာ၊ ဆရာမတွေမှာတော့ မဖြစ်ဘူး”ဟု ယင်းတာဝန်ရှိသူက ဆိုသည်။ တနင်္သာရီတိုင်းတွင် ယမန်နေ့က တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူ ၈၀ ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိ ဟုဆို

diz_admin

July 8, 2021

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးကို ပထမအသုတ်တွင် လူဦးရေ ၄၇ဝဝဝ ကျော်အား ထိုးပေးထားပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးကို ဒုတိယအသုတ်တွင် ၂၁၀၀ ကျော်အား ကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်း အထက်ပါဌာန၏ တိုးချဲ့ကာကွယ်ဆေး/ကူးစက် ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။ “အခု ဒုတိယအသုတ်ရတဲ့ ကာကွယ်ဆေးကို မြို့နယ် ၉ ခုမှာတော့ ထိုးပြီးနေပြီ၊ ထားဝယ်က မနေ့က စထိုးတယ်၊ တရုတ်နိုင်ငံထုတ်ဆေးပေါ့၊ ဆိုင်နိုဖမ်းလို့ခေါ်တယ်၊ ဆေးတစ်လုံးကို တစ်ယောက်ပဲ ထိုးလို့ရတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။ အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးတစ်လုံးလျှင် လူ ဆယ်ဦးမှ ၁၁ ဦးခန့်အထိ ထိုးနိုင်ပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးတစ်လုံးလျှင် လူတစ်ဦးသာ ထိုး၍ရသည်ဟု ၎င်းက ဆိုသည်။တနင်္သာရီတိုင်းအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေး […]

မြိတ် ကလေးဆေးရုံအရှေ့ရှိ စားသောက်ဆိုင်တွင် ကိုဗစ်လူနာတွေ့

diz_admin

July 7, 2021

မြိတ်မြို့ ကန်ခေါင်းရပ် မိခင်နှင့်ဆေးကုသဆောင်အရှေ့ရှိ The Best စားသောက်ဆိုင်တွင် ဇူလိုင်လ ၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စားသောက်ဆိုင်ရှင်၏ မိသားစုဝင်သုံးဦး တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် ဆိုင်နှင့် နေအိမ်တို့အား Lock Down ချထားကြောင်း ကန်ခေါင်းရပ်နေ ဆိုင်ရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။ မိခင်နှင့် ကလေးဆေးကုသဆောင်ဝင်းရှိ မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် နယ်ကျော်ခရီးသွားသူတို့အား ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးပေးနေပြီး ဝင်းအတွင်း အရန်သားဖွားသင်တန်းကျောင်းလည်း ရှိသည်။ ယင်းအပြင် မြိတ်တွင် ကိုဗစ်ပိုးတွေ့သည့် နေအိမ်အချို့အား အသွားအလာကန့်သတ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မြိတ်တွင် နေ့စဉ်နီးပါး ကိုဗစ်နိုင်တီး လူနာ တွေ့ရှိနေပြီး ဇူလှိုင်လ ၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသူ ၁၃ ဦး၊ ဇူလိုင်လ ၆ […]