BREAKING
January 22, 2025

ကပ်ရောဂါဆိုင်ရာ

တစ်နာရီလျှင် အောက်ဆီဂျင် လေးလုံးအထိ ထုတ်နိုင်သည့်စက် ထားဝယ်သို့ ထပ်ရောက်မည်

diz_admin

July 16, 2021

တစ်နာရီစက်လည်ပတ်ပါက အောက်ဆီဂျင် ၄၀ လီတာအိုး လေးလုံးအထိ ထွက်ရှိနိုင်သည့် ရွေ့လျားအောက်ဆီဂျင်စက်တစ်လုံး ထားဝယ်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလူထုအခြေပြု အထောက်အကူပြု အဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။ အဆိုပါရွေ့လျားအောက်ဆီဂျင်စက်ကို ရန်ကုန်မြို့နေ ထားဝယ်သားလုပ်ငန်းရှင်တစ်ဦးက လှူဒါန်းခြင်းဖြစ်ပြီး ဇူလိုင်လကုန်တွင် ရောက်မည်ဟု ခန့်မှန်းထားကြောင်း အထက်ပါအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ စက်ရောက်ရှိလာပါက အလှူရှင်၏ ဆန္ဒအတိုင်း ထားဝယ်ဆေးရုံကြီးဝင်းအတွင်း ထားရှိရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။ “(စက်က) ကွန်တင်နာပုံးနဲ့။ လမကုန်ခင်ရောက်မယ်လို့ ပြောထားတယ်” ဟု အထက်ပါ အတွင်းရေးမှူးအဖွဲ့ဝင်က ဆိုသည်။ အောက်ဆီဂျင်စက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်ကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။ ထားဝယ်မြို့တွင် အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေး၏ ၂၄ နာရီ စက်လည်ပတ်ပါက အောက်ဆီဂျင် […]

တနင်္သာရီတိုင်းအတွင်းနှင့် တိုင်းပြင်သို့ ခရီးသည်တင်ယဉ်များ ပြေးဆွဲခွင့် ကန့်သတ်

diz_admin

July 16, 2021

တနင်္သာရီတိုင်းအတွင်းနှင့် တိုင်းပြင်ပသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်အားလုံး ဇူလိုင်လ ၁၇ ရက်နေ့မှစပြီး ပြေးဆွဲခွင့် မပြုတော့ကြောင်း တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ယင်းကဲ့သို့ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးဦးက ပြောသည်။ “အချိန်ကာလကိုတော့ အကန့်အသတ်မရှိဆိုပြီး သတ်မှတ်ထားပါတယ်။ ရောဂါကူးစက်မှု လျော့ကျလာရင်တော့ ပြန်ဖွင့်ပေးမှာ ပေါ့” ဟု ဦးသန်းစိုးဦးက ဆိုသည်။ ကုန်တင်ယာဉ်၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး စသည့် အခြေအနေအမျိုးမျိုးကြောင့် မဖြစ်မနေသွားလာရမည့်သူများကိုမူ တိုင်းအတွင်းဖြစ်စေ၊ တိုင်းပြင်ပဖြစ်စေ အကန့်အသတ်ဖြင့် သွားလာခွင့်ပေးထားကြောင်း ၎င်းက ပြောသည်။ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး စသည့် မဖြစ်မနေ ခရီးသွာမည်ဆိုပါက ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်၊ ခရိုင် တို့၏ ခွင့်ပြုချက်၊ ကိုဗစ်ကင်းရှင်းကြောင်း […]

ထားဝယ် ကညနရုံးဝန်ထမ်း တစ်ဆယ်ကျော်တွင် ကိုဗစ်ပိုးတွေ့၍ ရုံးယာယီပိတ်

diz_admin

July 14, 2021

တနင်္သာရီတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးဝန်ထမ်းတစ်ဆယ်ကျော် ကိုဗစ်ကူးစက်ခံရသည့် အတွက် ရုံးကိုယာယီပိတ် ထားကြောင်း ယင်းဌာနထံမှ သိရသည်။ ရုံးဝန်ထမ်းနှစ်ဦးတွင် ကိုဗစ်ပိုးတွေ့သည့်အတွက် ဝန်ထမ်းအားလုံးကို ဇူလိုင်လ ၁၃ ရက်နေ့လယ်က စစ်ဆေးလိုက်ရာ နောက်ထပ်ဆယ်ဦးတွင် ကိုဗစ်ပိုးတွေ့ရကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။ အရင်ဆုံး ပိုးတွေ့သော ဝန်ထမ်းနှစ်ဦးမှာ ဖျားနာသည့် လက္ခဏာပြနေသည့် အတွက် ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကိုဗစ်ပိုးတွေ့သည့်အတွက် ထားဝယ်မြို့ရှိ ကညနဌာန၏ ရုံးလုပ်ငန်း အားလုံးကို ဇူလိုင်လ ၁၄ ရက်နေ့မှစတင်ကာ ယာယီရပ်နားထားကြောင်း ၎င်းက ပြောသည်။ “လာတဲ့ပြည်သူတွေကိုလည်း ကူးမှာကြောက်တော့ တိုင်းကောင်စီကို တင်ပြပြီးတော့ ခေတ္တရပ်ဆိုင်းထားတယ်ခင်ဗျား” ဟု တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။ ယာယီရပ်နားသည့်အချိန်ကာလကို ယာယီအားဖြင့် […]

ကိုဗစ်ကာကွယ်ဆေး ဆီနိုဗက် ၏ အကျိုးအကြောင်း အဆိုးအကောင်း

diz_admin

July 13, 2021

ဘေဂျင်းအခြေစိုက် တရုတ်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Sinovac Biotech က ထုတ်လုပ်တာဖြစ်လို့ ဆီနိုဗက် (Sinovac) ကာကွယ်ဆေးလို့ အလွယ်ခေါ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ အခုတလော ဆီနိုဗက် ကာကွယ်ဆေးနဲ့ပတ်သက်လို့ လူပြောသူပြောများလျှက်ရှိပါတယ်။ တရုတ်နိုင်ငံထုတ်ဖြစ်တာရယ်၊ ကာကွယ်ဆေးရဲ့ အာနိသင်နဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒေသတွင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဆီနိုဗက် ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံထားပြီးဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်း ၇၀၀ လောက် ကိုဗစ်ပိုးကူးစက်ခံခဲ့ရပါတယ်။ ဒီအရေအတွက်ဟာ ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးရဲ့ ၆ ရာခိုင်နှုန်း – ၇ ရာခိုင်းနှုန်းလောက် ရှိပါတယ်။ ကိုဗစ်ကာကွယ်ကုသရေးမှာ ရှေ့တန်းက တိုက်ပွဲဝင်နေသူတွေဖြစ်တာကြောင့် စိုးရိမ်စရာကောင်းတာလည်း အမှန်ပဲဖြစ်ပါတယ်။ သတင်းဆောင်းပါးတစ်ပုဒ်မှာတော့ ထိုင်းနိုင်ငံမှာ အယ်လ်ဖာနဲ့ ဒယ်လ်တာ မျိုးဗီဇနှစ်ခုပေါင်း ဗိုင်းရပ်စ်ပိုး မျိုးကွဲသစ်တစ်မျိုးကိုလည်း ထပ်မံတွေ့ရှိနေရတယ်လို့ ဆိုပါတယ်။ ဆီနိုဗက် […]

ကိုဗစ်ကြောင့် မော်လမြိုင် ရတနာထွန်းပွဲရုံတန်း ယာယီပိတ်

diz_admin

July 13, 2021

ကိုဗစ်ကူးစက်မှု မြင့်တက်လာနေသဖြင့် မော်လမြိုင် ဈေးကြိုရပ်ရှိ ရတနာထွန်းပွဲရုံတန်းကို ယာယီပိတ်ထားလိုက်ပြီးဖြစ်ကြောင်း ပွဲရုံတန်းမှ ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကူးစက်မှုမြင့်တက်နေသောကြောင့် ရတနာထွန်းပွဲရုံတန်းနယ်မြေအတွင်းရှိ ဆိုင်ခန်းများအားလုံး ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ ယာယီပိတ်ထားရန် သက်ဆိုင်ရာက စာထုတ် ညွှန်ကြားထားသည်ဟု ပွဲရုံတန်းထံမှ သိရသည်။ ပွဲရုံတန်းကို တစ်ပတ်ကြာ ပိတ်သည့်အတွက် ကုန်စည်စီးဆင်းမှု မထိခိုက်နိုင်သော်လည်း ရက်ရှည်ပိတ်ခံရမည်ဆိုပါက ကုန်စည်စီးဆင်းမှု ရပ်တန့်သွားနိုင်မည်ကို ကုန်သည်များက စိုးရိမ်နေကြသည်။ “တစ်ပတ်ဆိုတော့ ပြဿနာမရှိဘူး၊ တကယ်လို့ အကြာကြီးပိတ်မယ်ဆိုရင် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားနိုင်တယ်” ဟု ရတနာထွန်းပွဲရုံတန်းမှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။ မော်လမြိုင် ရတနာထွန်းပွဲရုံသည် မွန်ပြည်နယ်အပြင် အခြားတိုင်းနှင့် ပြည်နယ်အချို့တို့နှင့်လည်း ကုန်စည်ရောင်းဝယ်မှုရှိသည်ဟုလည်း ကုန်သည်များက ပြောသည်။ မွန်ပြည်နယ်အတွင်း ဆက်တိုက်မြင့်တက်လာသည့် ကိုဗစ်ကူးစက်မှုနှုန်းကို […]

စက်ရုံအတွက် ဝယ်ထားသည့် အောက်ဆီဂျင်အိုးခွံများ ယနေ့ရောက်မည်

diz_admin

July 13, 2021

ထားဝယ်ဈေးကွက်တွင် အောက်ဆီဂျင်ပြတ်လပ်နေပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဈေးကွက်တွင် အောက်ဆီဂျင်ပြတ်လပ်နေသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ကြောင်း ဧရာဝတီဘဏ်အနီးရှိ အောက်ဆီဂျင် ရောင်းချသည့် ဆိုင်ပိုင်ရှင် အမျိုးသားက ပြောသည်။ “ရန်ကုန်မှ မဟုတ်ဘူး၊ တရုတ်ပြည်လည်း မှာမရဘူး၊ ယိုးဒယားကိုလည်း မှာမရဘူး၊ အိန္ဒိယကိုလည်း မှာမရ။ ဘယ်မှာလည်း မှာ မရဘူးဖြစ်နေတယ်။ ဘယ်မှာလည်း ပစ္စည်းမရှိဘူး” ယင်း အမျိုးသားက ဆိုသည်။ ကိုဗစ်တတိယလှိုင်း ကူးစက်ဖြစ်ပွားမှုမြင့်မားလာသဖြင့် ရန်ကုန်နှင့် အခြားမြို့များတွင် အောက်ဆီဂျင်ဝယ်ယူမှုမြင့်တက်လာပြီး စက်ရုံများနှင့် အရောင်းဆိုင်များတွင် အောက်ဆီဂျင်လုံလောက်မှုမရှိဘဲ ဖြစ်လာခြင်းဖြစ်သည်။ ပြည်တွင်းစက်ရုံများနှင့် နိုင်ငံခြားမှ တင်သွင်းရန် ခက်ခဲခြင်းတို့ကြောင့် ဈေးကွက်အတွင်း ပြတ်လပ်သွားခြင်းဖြစ်ကြောင်း ပိန္နဲတောရပ်ကွက် ရေးလမ်းရှိ အောက်ဆီဂျင်အိုး ရောင်းချနေသည့် အမျိုးသားတစ်ဦးက ပြောသည်။ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးရှိ ပြည်တွင်းစက်ရုံများအပြင် […]

Home Stay နေသူများကို ဈေးဝယ်ပြီး အခမဲ့ပို့ပေးမည့် ကူညီသူများ ထပ်ပေါ်လာ

diz_admin

July 13, 2021

ကိုဗစ်ကပ်ဘေးကြောင့် Home Stay နေအိမ်တွင်နေထိုင်သူများအတွက် ဈေးဝယ်ပြီး အခမဲ့ပို့ပေးမည့် ကူညီသူများ ထားဝယ်မြို့တွင် ထပ်ပေါ်လာခဲ့သည်။ ကိုဗစ်ကူးစက်ခံရသူများ၊ ထိတွေ့ဆက်စပ်သူများနှင့် ကိုဗစ်ကူးစက်ခံရမည်စိုး၍ အပြင်မထွက်ဘဲ နေအိမ်တွင်သာ နေထိုင်လို သူများအတွက် ဈေးဝယ်ပြီး အခမဲ့ပို့ပေးရန် စီစဉ်နေကြောင်း သိရသည်။ ထားဝယ်မြို့ရှိ ရွှေဝယ်-A ဒေသထွက် စားစရာများနှင့် ရေထွက်ပစ္စည်းအမျိုးမျိုး အိမ်အရောက် ရောင်းဝယ်ရေးလုပ်ငန်းက ဇူလိုင်လ ၁၅ ရက်နေ့ နောက်ပိုင်းတွင် လုပ်ဆောင်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။ Dream Journey ကော်ဖီဆိုင်ကလည်း မိသားစုအားလုံး ကိုဗစ်ကူးစက်ခံရသူများကို အစားအသောက်နှင့် ဆေးဝါး ဝယ်ယူပို့ဆောင်မည့် အခမဲ့ဝန်ဆောင်မှုကို ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင်လုပ်ဆောင်နေသည်။ လက်ရှိတွင် ရွှေဝယ်-A လုပ်ငန်းအနေဖြင့် ဈေးဝယ်ယူပို့ဆောင်ပေးရန် အသေးစိတ်စီစဉ်နေဆဲဖြစ်ပြီး နောက်ပိုင်းတွင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ […]

ကိုဗစ် ဒယ်တာမျိုးစိတ်က ဆွဲနုတ်လိုက်တဲ့ ထိုင်းခရီးသွားအိပ်မက်

diz_admin

July 12, 2021

ကိုဗစ်ကူးစက်မှု တကျော့ပြန်မြင့်တက်လာခြင်းက နိုင်ငံခြားခရီးသွားဧည့်တွေကို လာရောက်လည်ပတ်ခွင့်ပြုမယ့် ထိုင်းနိုင်ငံရဲ့ ရက် ၁၀၀ စီမံကိန်းအပေါ် မရေရာမှုတွေ ဖြစ်စေပါတယ်။ ဒီတစ်ပတ် အင်္ဂါနေ့တစ်ရက်တည်း ကိုဗစ်ကူးစက်ခံရသူပေါင်း ၇၀၀၀ နဲ့ သေဆုံးသူပေါင်း ၇၅ ယောက်အထိ ရှိခဲ့ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအတွက် အမြင့်ဆုံးစံချိန်လည်း ဖြစ်ခဲ့ပါတယ်။ မနှစ်ကတော့ ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရာမှာ အောင်မြင်မှုရခဲ့ပါတယ်။ အနိမ့်ဆုံးခုဂဏန်းအထိ ရောက်အောင် ဆောင်ရွက်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံအနေနဲ့ ကူးစက်ပျံ့ပွားမှုနှုန်းမြင့်တဲ့ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲသစ် ဒယ်တာကြောင့် သူ့ရဲ့ကနဦးအစီအစဉ်တွေကို ယာယီရပ်ဆိုင်းထားရဖွယ် ရှိနေပါတယ်။ ရောဂါကူးစက်မှု အဆမတန်မြင့်တက်လာခြင်းက နိုင်ငံရဲ့ကျန်းမာရေးစနစ်ကြီးတစ်ခုလုံးကို ဝန်ပိလာနေစေပါတယ်။ လက်ရှိအချိန်မှာ ကိုဗစ်လူနာများလွန်းနေတာကြောင့် ဆေးရုံအများစုမှာ ကုတင်အလွတ်မရှိလောက်အောင်အထိ ကြုံနေရပါတယ်။ ယခုလအစောပိုင်းက လေဆိပ်ကြီးတစ်ခုရဲ့ ဥမင်(Terminal) တစ်ခုကို အထူးကြပ်မတ်ကုသဆောင်(ICU)ပါတဲ့ ယာယီဆေးရုံအဖြစ် […]